25th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၂၅ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စကစတပ်ဖွဲ့ဝင်များနဲ့ ရဲတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြား

📌 ၂။ Kaung For You စာသင်ကျောင်းက အဆက်အသွယ်ရရှိတဲ့ဆရာ၊ဆရာမတွေကို လုံခြုံတဲ့နေရာရောက်အောင် အမျိုးသားညီညွတ်ရေးအစိုးရက စတင်ဆောင်ရွက်နေ

📌 ၃။ PDF Kalay တပ်ရင်းအတွက် ငွေကျပ် ၁၀ သိန်း ဒုဝန်ကြီးအိသဉ္ဇာမောင် ထောက်ပံ့ကူညီ

📌 ၄။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီဝက်ဘ်ဆိုဒ် လွှင့်တင်

📌 ၅။ လုပ်ငန်းခွင် ဝင်နေသော Grade 11 ကျောင်းသား ကျောင်းသူများအတွက် ညပိုင်း အထူးတန်းခွဲကိုကြားကာလအခြေခံပညာရေးကျောင်း(သင်္ဃန်းကျွန်း) IBEST ကဖွင့်လှစ်

📌 ၆။ မန္တလေးမောသစ် ရွှေဆိုင်ကို scoopy ဆိုင်ကယ်နဲ့လူနှစ်ဦးသေနတ်ဖောက်ကာ ဓားမြတိုက်၍ ရွှေထည်များယူဆောင်သွား

📌 ၇။ အင်းတော်မြို့နယ် နားရခေါင်ရွာရှိ စကစတပ်များလာသမျှ ကားများကို တစ်စီးလျင်တစ်သောင်းနှုန်းနဲ့ပိုက်ဆံကောက်စားနေ

📌 ၈။ ပခုက္ကူ- မြိုင်လမ်း နယ်မြေလုံခြုံရေးအတွက် Reaper Column စစ်ကြောင်းအဖွဲ့မှ လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်

📌 ၉။ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း အရပ်သားတစ်သောင်းခြောက်ထောင်ကျော် စစ်ဘေးရှောင်နေရ

📌 ၁၀။ တောင်ငူမြို့ အမြန်လမ်းအနောက်ဘက်မြပင်ကူးရွာ နှင့် သရက်ပင်ကုန်းရွာကြား စစ်ကြောင်းထိုးလာတဲ့ စကစတပ် စစ်ကြောင်းအား ကာကွယ်ရေးတပ်တိုက်ခိုက်၍ ငါးဦးသေ၊လေးဦးထိခိုက်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စကစတပ်ဖွဲ့ဝင်များနဲ့ ရဲတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြား


စကစတပ်ဖွဲ့ဝင်များနဲ့ရဲတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြားလိုက်ပါတယ်။ဇူလိုင်လအတွင်း မှာ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"စစ်သားနဲ့ရဲသားများ လက်နက်ချအလင်းဝင်ပါ။ ပြည်သူနှင့် ERO နှင့် PDF နှင့်ပူးပေါင်းပါ"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ CDM တပ်နဲ့ရဲ အင်အား တစ်သောင်းကျော်အထိရှိလာပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ စကစတပ်သားများကို ဆုကြေး ၃၅ သိန်းမှ သိန်း ၆၀ အထိပေးအပ်ချီးမြှင့်လျက်ရှိပါတယ်။


========================


📌📌 ၂။ Kaung For You စာသင်ကျောင်းက အဆက်အသွယ်ရရှိတဲ့ဆရာ၊ဆရာမတွေကို လုံခြုံတဲ့နေရာရောက်အောင် အမျိုးသားညီညွတ်ရေးအစိုးရက စတင်ဆောင်ရွက်နေ


Kaung For You စာသင်ကျောင်းက အဆက်အသွယ်ရရှိတဲ့ဆရာ၊ဆရာမတွေကို လုံခြုံတဲ့နေရာရောက်အောင် အမျိုးသားညီညွတ်ရေးအစိုးရက စတင်ဆောင်ရွက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဇူလိုင်၂၃ ရက် ပြည်သူမှ ပြည်သူသို့ အစီအစဥ်မှာ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကပြောကြားခဲ့ပါတယ်။


"အရေးကြီးဆုံးကတော့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့ လုံခြုံရေးပါ။ ဒါ Kaung For You ဆိုတဲ့သတင်းစပြီးထွက်လာကတည်းက ငွေတောင်းတယ်ဆိုတဲ့သတင်းတွေထွက်ကတည်းက ဒေတာ အချက်အလက်တွေဖျက်ခိုင်းထားတယ်။ အခုလည်း ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့လုံခြုံရေးကို ဦးစားပေးဆောင်ရွက်နေတယ်။အခုဆို ဆက်သွယ်ရမယ့် အရေးကြီးဖုန်းနံပါတ်ရှိတယ်။ ဒါကိုဆက်သွယ်ပြီး ဘေးကင်းတဲ့နေရာ၊လုံခြုံတဲ့နေရာရောက်အောင် အစီအစဥ်စတင်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် Kaung For You ကျောင်းမှ သတင်းအချက်အလက်များပေါက်ကြားခြင်းအား အမျိုးသားညီညွတ်ရေးအစိုးမှလည်းကော်မတီဖွဲ့ကာစုံစမ်းစစ်ဆေးနေပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာ စကစကသတင်းထုတ်ပြန်ခဲ့ရာ Kaung For You ကျောင်းက ဆရာကောင်းသိုက်စိုးအပါ အဝင် CDM ဆရာ () ဦးကို ဖမ်းဆီးခဲ့ပါတယ်။


========================


📌📌 ၃။ PDF Kalay တပ်ရင်းအတွက် ငွေကျပ် ၁၀ သိန်း ဒုဝန်ကြီးအိသဉ္ဇာမောင် ထောက်ပံ့ကူညီ


PDF Kalay တပ်ရင်းအတွက် ငွေကျပ် ၁၀ သိန်း ဒုဝန်ကြီးအိသဉ္ဇာမောင် ထောက်ပံ့ကူညီခဲ့ပါတယ်။ ဇူလိုင်၂၄ ရက်မှာ PDF Kalay တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။


"ဒုဝန်ကြီး Ma Ei Thinzar Maung အား ကျွန်တော်တို့ pdf kalay တပ်ရင်း မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ"လို့ PDF kalay တပ်ရင်း က ရဲဘော်တစ်ဦးကဆိုပါတယ်။ ဒုဝန်ကြီးအိသဉ္ဇာမောင် အနေနဲ့တော်လှန်ရေးအင်အားစုများအတွက်မကြာခဏာရန်ပုံငွေရှာဖွေပေးခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုလည်းလုပ်ဆောင်လျက်ရှိနေပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီဝက်ဘ်ဆိုဒ် လွှင့်တင်


အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီဝက်ဘ်ဆိုဒ် လွှင့်တင်လိုက်တယ်လို့သတင်းရရှိပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ မှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကသတင်းထုတ်ပြန်ခဲ့ပါတယ်။


"အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သတင်းပြန်ကြားရေးနှင့် လူထုဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုအားကောင်းစေရန်အတွက် တရားဝင်ဝက်ဘ်ဆိုဒ် (nucc-federal.org) ကို လွှင့်တင်လိုက်ပါတယ်"လို့ဖော်ပြပါတယ်။


ဇွန်လအတွင်းမှာလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ လူမှုကွန်ရက် စာမျက်နှာ လွှင့်တင်ခဲ့ပါသေးတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သတင်းပြန်ကြားရေးနှင့် လူထုဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုအားကောင်းစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ တရားဝင် Facebook စာမျက်နှာကို လွှင့်တင်လိုက်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ လုပ်ငန်းခွင် ဝင်နေသော Grade 11 ကျောင်းသား ကျောင်းသူများအတွက် ညပိုင်း အထူးတန်းခွဲကိုကြားကာလအခြေခံပညာရေးကျောင်း(သင်္ဃန်းကျွန်း) IBEST ကဖွင့်လှစ်


လုပ်ငန်းခွင် ဝင်နေသော Grade 11 ကျောင်းသား ကျောင်းသူများအတွက် ညပိုင်း အထူးတန်းခွဲကိုကြားကာလအခြေခံပညာရေးကျောင်း(သင်္ဃန်းကျွန်း) IBEST ကဖွင့်လှစ်ပါတယ်။ ဇူလိုင် ၂၄ ရက်နေ့မှာ ကျောင်းသားသစ်များခေါ်ယူခဲ့ပါတယ်။


"လုပ်ငန်းခွင် ဝင်နေသော Grade 11 ကျောင်းသား ကျောင်းသူများအတွက် ညပိုင်း အထူးတန်းခွဲဖွင့်ပါမယ်"လို့ ဆိုထားပါတယ်။ အထူးတန်းခွဲအတွက်လျှောက်ထားရန်ဖောင်များကို ကြားကာလအခြေခံပညာရေးကျောင်း(သင်္ဃန်းကျွန်း) IBESTလူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။


========================


📌📌 ၆။ မန္တလေးမောသစ် ရွှေဆိုင်ကို scoopy ဆိုင်ကယ်နဲ့လူနှစ်ဦးသေနတ်ဖောက်ကာ ဓားမြတိုက်၍ ရွှေထည်များယူဆောင်သွား


မန္တလေးမောသစ် ရွှေဆိုင်ကို scoopy ဆိုင်ကယ်နဲ့ လူနှစ်ဦးသေနတ်ဖောက်ကာ ဓားမြတိုက်၍ ရွှေထည်များယူဆောင်သွားပါတယ်။ ဇူလိုင် ၂၄ ရက် 125*59လမ်း ()ဈေးမြောက်ဘက်ရှိမောသစ် ရွှေဆိုင်ကို လာရောက်ဓားမြတိုက်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။ သေနတ်အတိုများကိုင်ဆောင်ထားတဲ့လူနှစ်ယောက်ဟာ ရွှေဆိုင်ကောင်တာကိုရိုက်ခွဲ၍ ရွှေထည်များယူဆောင်သွားပြီး ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့လည်းဆိုပါတယ်။ အဆိုပါခြောက်လှန့်ပစ်ခတ်မှုကြောင့်ဆိုင်ဝန်ထမ်းတစ်ဦးခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၇။ အင်းတော်မြို့နယ် နားရခေါင်ရွာရှိ စကစတပ်များလာသမျှ ကားများကို တစ်စီးလျင်တစ်သောင်းနှုန်းနဲ့ပိုက်ဆံကောက်စားနေ


စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နားရခေါင်ရွာရှိ စကစတပ်များလာသမျှ ကားများကို တစ်စီးလျင်တစ်သောင်းနှုန်းနဲ့ပိုက်ဆံကောက်စားနေတယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၂၄ ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။


"အင်းတော်မြို့နယ် နားရခေါင်ရွာရှိစကစတပ်များ လာသမျှကားတွေဆီက ပိုက်ဆံတွေလိုက်တောင်းနေပါတယ်။ မနက်ကတည်းကတောင်းနေတာပါ။ ကားတစ်စီးကို တစ်သောင်းတောင်းပါတယ်။ မပေးရင် ကားသော့ဖြုတ်သိမ်းကွာဆိုပြီး ပြောပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာ ခရီးသွားပြည်သူများ ဂရုပြုရန် အင်းတော် တော်လှန်ရေးအင်အားစုကနှိုးဆော်ထားပါတယ်။


========================


📌📌 ၈။ ပခုက္ကူ- မြိုင်လမ်း နယ်မြေလုံခြုံရေးအတွက် Reaper Column စစ်ကြောင်းအဖွဲ့မှ လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်


ပခုက္ကူ- မြိုင်လမ်း နယ်မြေလုံခြုံရေးအတွက် Reaper Column စစ်ကြောင်းအဖွဲ့မှ လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဇူလိုင်၂၄ ရက် နံနက်ပိုင်း ပခုက္ကူ- မြိုင်လမ်းပိုင်းကိုစစ်ဆေးခဲ့တယ်လို့ Earthquake People's Defence Force ကဖော်ပြပါတယ်။


"ယနေ့ ၂၄ ရက်၊ လ၊ ၂၀၂၂ ခုနှစ် (နံနက်ပိုင်း) အချိန်တွင် ပခုက္ကူ- မြိုင်လမ်း နယ်မြေလုံခြုံရေးအတွက် Reaper Column စစ်ကြောင်းအဖွဲ့မှ လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ထိုကဲ့သို့ စစ်ဆေးရခြင်းမှာ ပြည်သူလူထုများ လမ်းခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန် ဖြစ်ပါတယ်"လို့ဆိုပါတယ်။ Reaper Column စစ်ကြောင်းအဖွဲ့ဟာ ယမန်နေ့က ထုတ်ပြန်ခဲ့သော ရည်ရွယ်ချက်များကို စတင်အကောင်အထည်ဖော်နေပြီး နယ်မြေစိုးမိုးမှု ပိုမိုရရှိရန်  ဆက်လက် တိုက်ပွဲဝင်သွားပါမယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း အရပ်သားတစ်သောင်းခြောက်ထောင်ကျော် စစ်ဘေးရှောင်နေရ


ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း အရပ်သားတစ်သောင်းခြောက်ထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၂၄ ရက်နေ့မှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဗဟိုကသတင်းထုတ်ပြန်ပါတယ်။ကျေက်ကြီးမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်မှ ၂၀၂၂ ခုနှစ်၊ မေလမှစ၍ ယခုအချိန်အထိ ကျေးရွာတွင်းသို့ ဒရုန်းနှင့်လေယာဉ်ဖြင့် လက်နက်ကြီး () လုံးနှင့် လက်နက်ကြီးဖြင့် (၁၂၃) လုံး ကျေးရွာအတွင်းသို့ပစ်ချခဲ့ပါတယ်။


အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်တဲ့ ကျေးရွာပြည်သူလူထုများနှင့် လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည့် ကျေးရွာပြည်သူလူထု စုစုပေါင်း () ဦးရှိပြီး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိခဲ့သည့် ကျေးရွာပြည်သူလူထု စုစုပေါင်း (၁၂) ဦးရှိခဲ့ပါတယ်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သည့် ကျေးရွာပြည်သူလူထု စုစုပေါင်း (၃၄) ဦးတို့ ရှိပြီး  စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း (၁၆၀၃၆) ဦးရှိနေပြီလို့ KNU ဗဟိုကဆိုပါတယ်။


========================


📌📌 ၁၀။ တောင်ငူမြို့ အမြန်လမ်းအနောက်ဘက်မြပင်ကူးရွာ နှင့် သရက်ပင်ကုန်းရွာကြား စစ်ကြောင်းထိုးလာတဲ့ စကစတပ် စစ်ကြောင်းအား ကာကွယ်ရေးတပ်တိုက်ခိုက်၍ ငါးဦးသေ၊လေးဦးထိခိုက်ဒဏ်ရာရ


တောင်ငူမြို့ အမြန်လမ်းအနောက်ဘက်မြပင်ကူးရွာ နှင့် သရက်ပင်ကုန်းရွာ ကြားစစ်ကြောင်းထိုးလာတဲ့ စကစတပ် စစ်ကြောင်းအား ကာကွယ်ရေးတပ်တိုက်ခိုက်၍ ငါးဦးသေ၊လေးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင်၂၄ ရက်ညနေ :၄၀ အချိန်ခန့်အချိန်တောင်ငူမြို့ အမြန်လမ်းအနောက်ဘက်မြပင်ကူးရွာ နှင့် သရက်ပင်ကုန်းရွာ ကြားစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းအမှတ် (၃၅၀၁) တပ်ခွဲ () ကဆိုပါတယ်။


"ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဇူလိုင် ၂၄ ရက်နေ့ ညနေ :၄၀ အချိန်ခန့်အချိန်တွင် တောင်ငူမြို့ အမြန်လမ်းအနောက်ဘက်မြပင်ကူးရွာ နှင့် သရက်ပင်ကုန်းရွာ ကြားစစ်ကြောင်းထိုးလာတဲ့စကစ အအ ၄၀ ခန့် အားတောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းအမှတ် (၃၅၀၁) တပ်ခွဲ () ကတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ကာကွယ်ရေးတပ်ကင်းရှည် ကင်းပုန်း မှ ရှော့တိုက်ပြောင်း၊ လက်နက်ငယ်များ နှင့် ပစ်ခတ် ပြီး လက်ဦးမှု ရယူကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်။ ကနဦးသတင်းအရ ရန်သူ ဦးခန့်သေဆုံးပြီး ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။


#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment