30th JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဆစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ ပြည်သူများအတွက် နည်းပညာ၊လက်နက် ခဲယမ်းနှင့်ငွေကြေးများကူညိီပေးကြဖို့ နိုင်ငံတကာကို ယာယီသမ္မတတောင်းဆို

📌 ၂။ ငွေတိုက်စာချုပ်ဝယ်ယူသူများကို ယာယီသမ္မတကြီး ဒူဝါရှီးလကိုယ်တိုင် လက်မှတ်ထိုးထားပေးတဲ့ ပို့စကတ်များဘွန်းဝယ်ကြသူတိုင်းကို အမှတ်တရအနေနဲ့ဂုဏ်ပြုပေးအပ်မယ်

📌 ၃။ လူ့တန်ဖိုးဟာလူနဲ့လူ့လောက အကျိုးကို သယ်ပိုးနိုင်မှုနဲ့တိုင်းတာရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၄။ ပြည်သူတွေသိလိုသမျှကို ဇူလိုင် ၃၁ ရက် ညပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးများဖြေကြားပေးသွားမယ်

📌 ၅။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မိုးကြိုးပြင်မြောက်ရွာ၊ တုံရွာ၊ ဖောင်းတကားရွာတို့ရှိ ရွာသားများအား အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့မှတ်တမ်းများ NUG အစိုးရဖော်ထုတ်ပြသ

📌 ၆။ တိုင်းရင်းသားဒေသများအတွက် အမျိုးသားညီညွတ်ရေးအစိုးရက အမေရိကန်ဒေါ်လာသန်းနဲ့ချီ ကူညီထောက်ပံ့နေတယ်လို့ဆို

📌 ၇။ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နဲ့ ရေဒီယို NUG ဝိုင်းတော်သားများတွေ့ဆုံ

📌 ၈။ ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၇၈) ခုထက်မနည်းရှိလာ

📌 ၉။၁၄ အင်းလျား EOD ရှယ်ယာရောင်းကုန်သွားပြီ"


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဆစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ ပြည်သူများအတွက် နည်းပညာ၊လက်နက် ခဲယမ်းနှင့်ငွေကြေးများကူညိီပေးကြဖို့ နိုင်ငံတကာကို ယာယီသမ္မတတောင်းဆို


ဖက်ဆစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ ပြည်သူများအတွက် နည်းပညာ၊လက်နက် ခဲယမ်းနှင့်ငွေကြေးများကူညိီပေးကြဖို့ နိုင်ငံတကာကိုယာယီသမ္မတ ဒူဝါလရှီးလကတောင်းဆိုပြောကြားလိုက်ပါတယ်။ ဇူလိုင်၂၈ ရက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက အရေးပေါ် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောပါတယ်။


"လူသားကို တန်ဖိုးထားသော ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကို လေးစာစွာဖြင့် တောင်းဆိုလိုပါတယ်။ဖက်ဆစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ ပြည်သူများအတွက် နည်းပညာ၊လက်နက် ခဲယမ်းနှင့်ငွေကြေးများကို ထိရောက်စွာ ကူညီပံပိုးပေးကြဖို့ အလေးအနက်တောင်းဆိုလိုပါတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့အစိုးရဖြစ်လို့ တရားဝင်အသိအမှတ်ပြုဖို့ကိုလည်း ယာယီသမ္မတ ဒူဝါလရှီးလကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ ငွေတိုက်စာချုပ်ဝယ်ယူသူများကို ယာယီသမ္မတကြီး ဒူဝါရှီးလကိုယ်တိုင် လက်မှတ်ထိုးထားပေးတဲ့ ပို့စကတ်များဘွန်းဝယ်ကြသူတိုင်းကို အမှတ်တရအနေနဲ့ဂုဏ်ပြုပေးအပ်မယ်


ငွေတိုက်စာချုပ်ဝယ်ယူသူများကို ယာယီသမ္မတကြီး ဒူဝါရှီးလကိုယ်တိုင် လက်မှတ်ထိုးထားပေးတဲ့ ပို့စကတ်များဘွန်းဝယ်ကြသူတိုင်းကို အမှတ်တရအနေနဲ့ ဂုဏ်ပြုပေးအပ်မယ်လို့ ဇူလိုင် ၃၀ ရက်နေ့မှာ ယူနိုက်တက်ဘွန်းကနေ ဖော်ပြပါတယ်။


"ဘွန်းဝယ်ကြသူများဟာ တော်လှန်ရေးကိုမောင်းနှင်နေတဲ့ အားတွေထဲ အင်မတန်ကြီးမားလှတဲ့ အားကြီးတစ်ခုဖြစ်ပါတယ်။ယာယီသမ္မတကြီး ဒူဝါရှီးလကိုယ်တိုင် အသိအမှတ်ပြုကျေးဇူးတင်စကားပြောကြားပြီး လက်မှတ်ထိုးထားပေးတဲ့ ပို့စကတ်လေးကို ဘွန်းဝယ်ကြသူတိုင်းကို အမှတ်တရအနေနဲ့ဂုဏ်ပြုပေးအပ်ဖို့ စီစဉ်ထားပါတယ်ခင်ဗျာ"လို့ဆိုပါတယ်။ ဩဂုတ်လအတွင်း ဘွန်းဝယ်ယူကြသူတိုင်း တော်လှန်ရေးရဲ့ ဂုဏ်ပြုလက်ဆောင်ပို့စကတ်လေးတစ်ခုစီ ရရှိကြမှာဖြစ်ပါတယ်။ အထူးငွေတိုက်စာချုပ်များကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရကစတင်ရောင်းချခဲ့ပြီးလက်ရှိမှာ အမေရိကန်ဒေါ်လာ ၃၈ သန်း ဖိုးအထိရောင်းချပြီးဖြစ်ပါတယ်။


========================


📌📌 ၃။ လူ့တန်ဖိုးဟာလူနဲ့လူ့လောက အကျိုးကို သယ်ပိုးနိုင်မှုနဲ့တိုင်းတာရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


လူ့တန်ဖိုးဟာလူနဲ့လူ့လောက အကျိုးကို သယ်ပိုးနိုင်မှုနဲ့တိုင်းတာရမယ်လို့ ဇူလိုင် ၃၀ ရက်နေ့ လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကရေးသားပြောပါတယ်။


"လူ့တန်ဘိုးဆိုတာအဆင်းလှခြင်းလည်း မဟုတ်ဘူး။အသက်ရှည်ခြင်းလည်း မဟုတ်ဘူး။ အနာရောဂါကင်းခြင်းလည်း မဟုတ်ဘူး။ ရှင်သန်ခွင့်လေးရတဲ့အချိန်မှာ လူပီသစွာလူနဲ့လူ့လောက အကျိုးကို ဘယ်လောက်သယ်ပိုးနိုင်ခဲ့သလဲဆိုတာနဲ့ပဲ တိုင်းတာရမှာပါ" လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ပြည်သူလူထုတစ်ရပ်လုံးဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု နွေဦးတော်လှန်ရေးမှာ လူအား၊ ငွေအားစိုက်ထုတ်ကာပါဝင်လျက်ရှိပါတယ်။


========================


📌📌 ၄။ ပြည်သူတွေသိလိုသမျှကို ဇူလိုင် ၃၁ ရက် ညပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးများဖြေကြားပေးသွားမယ်


အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးများက ဇူလိုင် ၃၁ ရက် နာရီ ၃၀ အချိန်မှာ ပြည်သူတွေသိလိုတဲ့ NUG အစိုးရ၏ လုပ်ဆောင် ချက်များကို ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ ပြည်သူတွေသိလိုသမျှကို ပြောပြလို့ရတဲ့ အခြေအနေထဲကနေ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ ဦးလွင်ကိုလတ်နှင့် ဒေါက်တာဇော်ဝေစိုးတို့က ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အစီအစဉ်မှာ သိချင်တာတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ comment box ကပဲဖြစ်ဖြစ် Messages box ကပဲဖြစ်ဖြစ် မေးခွန်းများ ပေးပို့ထားနိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၅။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မိုးကြိုးပြင်မြောက်ရွာ၊ တုံရွာ၊ ဖောင်းတကားရွာတို့ရှိ ရွာသားများအား အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့မှတ်တမ်းများ NUG အစိုးရဖော်ထုတ်ပြသ


ဆားလင်းကြီးမြို့နယ်အတွင်းရှိ မိုးကြိုးပြင်မြောက်ရွာ၊ တုံရွာ၊ ဖောင်းတကားရွာတို့ရှိ ရွာသားများအား အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့မှတ်တမ်းများကို NUG အစိုးရကဖော်ထုတ်ပြသခဲ့ကြောင်း ဇူလိုင်လ နောက်ဆုံးပတ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။


ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မှ၂၆ ရက်နေ့ အတွင်းဆားလင်းကြီးမြို့နယ်အတွင်းရှိ မိုးကြိုးပြင်မြောက်ရွာ၊ တုံရွာ၊ ဖောင်းတကားရွာတို့ရှိ ရွာသားများစုစုပေါင်း၇ဦးသတ်ဖြတ်ခံရပြီး ၁ဦးမှာလိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရကာ ၄င်းဖြစ်ရပ်များကိုအကြမ်းဖက် စစ်တပ်က စကစတပ်များကျူးလွန်ခဲ့ခြင်းဖြစ်ပါတယ်။ မအိစိကွေး (အမည်လွဲ) ဟာ သီးသန့်ခန်းထဲသို့ () နာရီ ကြာခေါ်ထားခြင်းခံရပြီး လိင်ပိုင်း ဆိုင်ရာ ကျူးလွန်ခံထားရဖွယ်ရှိကြောင်းယူဆတယ်လို့လူ့အခွင့်ရေးရာဝန်ကြီဌာနကထုတ်ပြန်ပါတယ်။


========================


📌📌 ၆။ တိုင်းရင်းသားဒေသများအတွက် အမျိုးသားညီညွတ်ရေးအစိုးရက အမေရိကန်ဒေါ်လာသန်းနဲ့ချီ ကူညီထောက်ပံ့နေတယ်လို့ဆို


တိုင်းရင်းသားဒေသများအတွက် အမျိုးသားညီညွတ်ရေးအစိုးရက အမေရိကန်ဒေါ်လာသန်းနဲ့ချီ ကူညီထောက်ပံ့နေတယ်လို့ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကဆိုပါတယ်။ ဇူလိုင်၂၉ ရက် ညပိုင်းမှာ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ရေဒီယို NUG ကိုပြောပါတယ်။


"တချို့က ပြစ်တင်ဝေဖန်ကြတယ်။ NUGဘာလုပ်နေလဲ။ NUG မလုပ်ရကောင်းလားဆိုပြီးတော့။ အမှန်က ကျနော်တို့ စစ်ဘေးရှောင်တွေကို ထောက်ပံတာ။PDF တွေအတွက်ထောက်ပံတာ၊ နောက်တိုင်းရင်းသားနယ်မြေတွေကိုပေးရတာတွေရှိပါတယ်။ တချို့က အခြေအနေအရ မကြေညာတာရှိတယ်။တကယ်က အမေရိကန်ဒေါ်လာ သန်းနဲ့ချီပေးထားတယ်။ တချို့တိုင်းရင်းသားနယ်မြေတွေကတော့ အမေရိကန်ဒေါ်လာသိန်းနဲ့ချီပေါ့။ တကယ်ကို ထောက်ပံ့ကူညီနေတာပါ"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ KNU အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့လည်း ထိတွေ့ဆက်ဆံလျက်ရှိပါတယ်။


========================


📌📌 ၇။ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နဲ့ ရေဒီယို NUG ဝိုင်းတော်သားများတွေ့ဆုံ


ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကရေဒီယို NUG ဝိုင်းတော်သားများကို ဇူလိုင်၂၉ ရက် နာရီ ၃၀ အချိန်မှာ ရင်းနှီးပွင့်လင်းစွာတွေ့ဆုံခဲ့ကြပါတယ်။ ထိုသို့တွေ့ဆုံရာမှာ ပြည်ထောင်စုဝန်ကြီးက ရေဒီယိုပိုင်းဆိုင်ရာအတွက် အစိုးရသတင်းအချက်အလက် များ အချိန်မြန်မြန်စီးဆင်းနိုင်ရေးအတွက် သတင်းများကို တရားဝင်ရရှိနိုင်ရေးနဲ့ တော်လှန်ရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ရေဒီယို ဝိုင်းတော်များရဲ့ လုပ်ငန်းခွင်အခက်အခဲနဲ့အကြောင်းအရာများကို နားထောင်ခဲ့ပါတယ်။ ထို့နောက် ရေဒီယိုဝိုင်းတော်သားများကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို တော်လှန်ရေးအသိနဲ့ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါတယ်။


========================


📌📌 ၈။ ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၇၈) ခုထက်မနည်းရှိလာ


ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၇၈) ခုထက်မနည်းရှိလာတယ်လို့သတင်းရရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇွန်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၇၈) ခုထက်မနည်းရှိလာခဲ့ပါတယ်။ စကစတပ်များစစ်အာဏာရှင်ဆန့်ကျင်ရေးပါဝင်လှုပ်ရှားသူများနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များရဲ့နေအိမ်ကိုအဓိကပစ်မှတ်ထားသိမ်းဆည်းလာပါတယ်။ အိမ်များကို ချိတ်ပိတ်ရုံသာမက ဖျက်ဆီးမှုများပါရှိတယ်လို့လည်းရေဦးအမတ် ဦးမြင့်ထွေးကဆိုပါတယ်။


========================


📌📌 ၉။၁၄ အင်းလျား EOD ရှယ်ယာရောင်းကုန်သွားပြီ"


"ကမ္ဘာကပါ အံ့အားသင့်ရလောက်အောင် အောက်တန်းကျ သိမ်ဖျင်းယုတ်မာတဲ့ စစ်အာဏာရှင်နဲ့ အဖွဲ့ကို ရွံရှာစက်ဆုပ် မုန်းတီးကြပါသော မြန်မာပြည်သူအပေါင်းရဲ့  သောင်းသောင်းဖျဖျ အားပေးဝယ်ယူမှုကြောင့် တော်လှန်ရေးရန်ပုံငွေအတွက် အထောက်အပံ့အကြီးကြီး ဖြစ်နေတဲ့ ၁၄ အင်းလျား EOD ရှယ်ယာတွေ အားလုံး ရောင်းကုန်သွားပါပြီခင်ဗျာ" လို့ ဇူလိုင် ၃၀ ရက်နေ့မှာ End of Dictator Ship က ကြေညာလိုက်ပါတယ်။

EOD ရှယ်ယာ မရလိုက်သူများအနေနဲ့ အဲ့ဒီအတွက် ရည်စူးထားတဲ့ငွေတွေကို တော်လှန်ရေး အောင်မြင်ရေး နောက်ထပ် အထောက်အပံ့ အကြီးအကျယ်ပေးနေတဲ့ ငွေတိုက်စာချုပ် (ဘွန်း) တွေ ဝယ်ယူရာမှာသုံးကြဖို့ မေတ္တာရပ်ခံလိုပါကြောင်းနဲ့ အဲဒီလိုမှ မဟုတ်ရင် နောက်ထပ် EOD ပရောဂျက် အသစ်တွေ ထပ်လာဦးမှာမို့ မင်းအောင်လှိုင်ရဲ့ ၁၄ အင်းလျား အိမ်တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ဖို့ အခွင့်အရေး မရလိုက်တာကို စိတ်မကောင်းမဖြစ်ကြဘဲ မိမိတို့ရဲ့ ထက်သန်မြင့်မြတ်တဲ့ တော်လှန်ရေး ထောက်ပံ့ငွေများကို အသင့်ပြင်ထားပြီး EOD ပရောဂျက် အသစ်လာတာနဲ့  ဝယ်ယူအားပေး စေလိုပါကြောင်း ထုတ်ပြန်ထားပါတယ်ရှင်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment