30th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၃၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်တပ်၊ BGF နှင့် ပြည်သူ့စစ်များ အတူရပ်တည်၍ နီးစပ်ရာ PDF နဲ့ ERO တပ်စခန်းများမှာ လက်နက်နဲ့တကွ အမြန်ဆုံးပူးပေါင်းရန်ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စောဘလှသိန်းနှင့် မြန်မာ့ဒီမိုကရေစီအရေးကိုအားပေးသည့် လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဌ မစ္စတာ မဆဟရု နာကဂဝါတို့တွေ့ဆုံ

📌 ၃။ ပြည်သူလူထုတစ်ရပ်လုံးပါဝင်တဲ့လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲဇူလိုင် ၃၁ နေ့ မနက်ပိုင်း ကျင်းပမယ်

📌 ၄။ Click to donate က ဇူလိုင်လ၂၇ ရက်နေ့က တစ်ရက်တည်း youtube တစ်ခုထဲကနေ သိန်းငါးဆယ်ရရှိတယ်လို့ဆို

📌 ၅။ မတရားတဲ့ သေဒဏ်စီရင်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကိုဆန့်ကျင်ရေး၊ တရားမျှတမှု ရရှိရေးတို့ကို ထိုင်းနိုင်ငံ မဲဆောက်မှာဆန္ဒပြတောင်းဆို

📌 ၆။ မုံရွာစီးပွားရေးဘဏ်ကို ဗုံးပစ်တိုက်ခိုက်ရာ စကစတပ်သား နှစ်ဦး ပွဲချင်းပြီးသေဆုံး

📌 ၇။ YDF Htilin စစ်သမီးရဲဘော်များ ကျည်ဖိုးရဖို့ နေ့စားကောက်စိုက်ဆင်း

📌 ၈။ ဘောလခဲ BPDF ကို ရေတပ်မှ စစ်ဗိုလ်တစ်ဦးအလင်းဝင်ခိုလှုံ

📌 ၉။ မြောင်းမြမြို့နယ်၊ ကံ့ကော်မြိုင်ရပ်ကွက်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးရဲ့ နေအိမ်ကို စကစတပ်များမှ ဝင်ရောက် ရှာဖွေရာ မတွေ့၍ မိသားစုဝင်များကိုဓားစာခံအဖြစ်ဖမ်းဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်တပ်၊ BGF နှင့် ပြည်သူ့စစ်များ အတူရပ်တည်၍ နီးစပ်ရာ PDF နဲ့ ERO တပ်စခန်းများမှာ လက်နက်နဲ့တကွ အမြန်ဆုံးပူးပေါင်းရန်ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


"အကြမ်းဖက် စစ်တပ်၊ BGF နှင့် ပြည်သူ့စစ်များ အတူရပ်တည်၍ နီးစပ်ရာ PDF နဲ့ ERO တပ်စခန်းများမှာ လက်နက်နဲ့တကွ အမြန်ဆုံးပူးပေါင်းရန်ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင် ၂၈ ရက် မှာ ကျင်းပတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောပါတယ်။


"အကြမ်းဖက် စစ်တပ်၊ BGFနှင့် ပြည်သူ့စစ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံသားများခင်ဗျား။မိမိတို့ရဲ့ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ဖို့အချိန်ရောက်ပါပြီ။အာဏာရှင်စနစ်ကိုဒုက္ခပေါင်းများစွာကြားက တော်လှန်နေကြတဲ့ ပြည်သူလူထုနဲ့ အတူရပ်တည်ဖို့အချိန်တန်ပါပြီ"လို့ ဆိုပါတယ်။ ဒါ့အပြင် အလင်းဝင်လာတဲ့သူများကို NUG အစိုးရအနေနဲ့ ပြည်သူလူထုကိုယ်စားအမြဲတမ်းကြိုဆိုနေမှာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကထပ်လောင်းပြောပါတယ်။ လက်ရှိမှာ CDM တပ်နဲ့ရဲဟာ သောင်းနဲ့ချီရှိလာပြီဖြစ်ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စောဘလှသိန်းနှင့် မြန်မာ့ဒီမိုကရေစီအရေးကိုအားပေးသည့် လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဌ မစ္စတာ မဆဟရု နာကဂဝါတို့တွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စောဘလှသိန်းနှင့် မြန်မာ့ဒီမိုကရေစီအရေးကိုအားပေးသည့် လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဌ မစ္စတာ မဆဟရု နာကဂဝါတို့တွေ့ဆုံခဲ့ပါတယ်။ ဇူလိုင်၂၉ ရက် မွန်းလွဲ () နာရီမှစတင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စောဘလှသိန်းနှင့် မြန်မာ့ဒီမိုကရေစီအရေးကိုအားပေးသည့် လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဌ မစ္စတာ မဆဟရု နာကဂဝါ၊ အထွေထွေ အတွင်းရေးမှူး မစ္စတာ မိချိဟရု အိရှိဘရှိ တို့ တွေ့ဆုံကြပါတယ်။


တွေ့ဆုံမှုမှာ-အမျိုးသားညီညွတ်ရေးအစိုးနှင့် ချိတ်ဆက် ဆောင်ရွက်မှု ကိစ္စ၊လူဝင်မှုကြီးကြပ်ရေးနှင့် မြန်မာနိုင်ငံသားများအရေးကိစ္စ အတွက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန သို့တောင်းဆိုထားသည့်အချက်များအား ဝန်ကြီးဌာနမှ ပြန်လည်အကြောင်းပြန်သည့် ကိစ္စရပ်များ၊ နိုင်ငံရေးအကျဉ်းသား ဦးအား သေဒဏ်ပေးသည့် ကိစ္စ၊ ဝန်ကြီးချုပ်ဟောင်းမစ္စတာအာဘေး၏ စျာပနအခမ်းအနားအား အကြမ်းဖက်စစ်ကောင်စီအား လက်မခံရန်ကိစ္စတို့ကိုပြောကြားခဲ့ပါတယ်။ ဒါ့အပြင်သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်စားပြုခွင့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၃။ ပြည်သူလူထုတစ်ရပ်လုံးပါဝင်တဲ့လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲဇူလိုင် ၃၁ နေ့ မနက်ပိုင်း ကျင်းပမယ်


ပြည်သူလူထုတစ်ရပ်လုံးပါဝင်တဲ့လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲဇူလိုင် ၃၁ နေ့ မနက်ပိုင်း ကျင်းပမယ်လို့သတင်းရရှိပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့်လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲများကို နိုင်ငံအနှံ့ ပြုလုပ်သွားကြမှာဖြစ်ပါတယ်။


ဇူလိုင် ၃၁ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုများအနေဖြင့် မိမိတို့စုဝေးရန် အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင် စုဝေးကြပြီး 


- တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါတယ်။


- တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါတယ်။


- တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်း တို့သည် ဤမြေ၌ တည်ပါစေသတည်း။


- တရားတဲ့သူသာ နိုင်ကြေးဟေ့


သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆို၍ သစ္စာအဓိဋ္ဌာန်ပြုကြမှာဖြစ်ပါတယ်။


ပြည်သူများစုဝေးရာတစ်နေရာရာသို့ ရောက်ရှိရန် အခက်အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်း တို့ဖြင့်လူထု့သစ္စာအဓိဋ္ဌာန်ပြုပွဲကို ပါဝင်အားဖြည့်နိုင်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ Click to donate က ဇူလိုင်လ၂၇ ရက်နေ့က တစ်ရက်တည်း youtube တစ်ခုထဲကနေ သိန်းငါးဆယ်ရရှိတယ်လို့ဆို


Click to donate က ဇူလိုင်လ၂၇ ရက်နေ့က တစ်ရက်တည်း youtube တစ်ခုထဲကနေ သိန်းငါးဆယ်ရရှိတယ်လို့ဆိုပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မှာ Click to donate ကဖော်ပြခဲ့ပါတယ်။


"၂၇ ရက်နေ့က တစ်ရက်ထဲ youtube တစ်ခုထဲကနေ သိန်းငါးဆယ်လောက်ရလိုက်ပါတယ်ခင်ဗျာ။ နောက်ပြီး ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ချန်နယ်ရဲ့ကြည့်နှုန်းက ဆယ်သိန်းကျော်ဖြစ်ပါတယ်။ ပြန်ကျမသွားစေပဲ တောက်လျှောက်ထိမ်းထားရင် youtube ချန်နယ်တစ်ခုထဲကနေ တစ်လကိုသိန်းထောင်ကျော်ရနိုင်ပါတယ်ခင်ဗျာ"လို့ ဆိုပါတယ်။


Click to donateဟာ တော်လှန်ရေးအတွက် ပြည်သူလူထု ကလစ်နှိပ်အားပေးမှုနဲ့ ရန်ပုံငွေရှာဖွေပေးနေတာဖြစ်ပါတယ်။


"ထိမ်းထားပေးကြပါခင်ဗျာ။ထိမ်းထားပေးကြပါလို့ အထူးတောင်းဆိုပါတယ်။ နေ့စဉ်ဝင်ကြည့်ပေးကြပါ။ ဒီလောက်ထိတက်ထားပြီးမှ ပြန်ကျရင်တော့ ချန်နယ်ပိတ်ခံရနိုင်တာမို့လို့ ထိမ်းထားပေးကြပါလို့တောင်းဆိုတာပါခင်ဗျာ" လို့ Click to donate ကဆိုပါတယ်။


========================


📌📌 ၅။ မတရားတဲ့ သေဒဏ်စီရင်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကိုဆန့်ကျင်ရေး၊ တရားမျှတမှု ရရှိရေးတို့ကို ထိုင်းနိုင်ငံ မဲဆောက်မှာဆန္ဒပြတောင်းဆို


မတရားတဲ့ သေဒဏ်စီရင်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကိုဆန့်ကျင်ရေး၊ တရားမျှတမှု ရရှိရေးတို့ကို ထိုင်းနိုင်ငံ မဲဆောက်မှာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဇူလိုင် ၂၉ ရက် မဲဆောက်စျေးရုံနဲ့စျေးပတ်ဝန်းကျင်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနဲ့ မြန်မာပြောင်းရွေ့စက်ရုံ/အလုပ်ရုံ အထွေထွေအလုပ်သမားများကဦးဆောင်ခဲ့ပါတယ်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ရဲ့ ပုံတွေကိုင်ဆောင်ထားပြီး အကြမ်းဖက်စစ်ကောင်စီ ဆန့်ကျင်ရေး၊ တရားမျှတမှု ရရှိရေးတို့အတွက်ဆန္ဒပြသူများကဟစ်ကြွေး တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ မြန်မာလုပ်သားထောင်နဲ့ချီတက်ရောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါသေးတယ်။


========================


📌📌 ၆။ မုံရွာစီးပွားရေးဘဏ်ကို ဗုံးပစ်တိုက်ခိုက်ရာ စကစတပ်သား နှစ်ဦး ပွဲချင်းပြီးသေဆုံး


မုံရွာစီးပွားရေးဘဏ်အား Aung San Generation Monywa မှ ဇူလိုင်လ၊ ၂၉ ရက်နေ့ ညနေ နာရီ ၁၀ မိနစ်က ဗုံး() လုံးပစ်ကာကျွေးမွေးဧည့်ခံခဲ့ပါတယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စကစတပ်သားနှစ်ဦး ပွဲချင်းပြီးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းသတင်းရရှိပါတယ်။ Non-CDM ဝန်ထမ်း အသေအဆုံး မသိရှိရသေးဘူးလို့ဆိုပါတယ်။ ယခုတိုက်ခိုက်မှုဟာ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့အား ကြိုးပေးသေဒဏ်ချခြင်းအတွက် သွေးကြွေးပြန်ယူခြင်းဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ YDF Htilin စစ်သမီးရဲဘော်များ ကျည်ဖိုးရဖို့ နေ့စားကောက်စိုက်ဆင်း


YDF Htilin စစ်သမီးရဲဘော်များ ကျည်ဖိုးရဖို့ နေ့စားကောက်စိုက်ဆင်းနေကြရတယ်လို့ ဇူလိုင်၂၉ ရက်နေ့မှာ YDF Htilin က သတင်းထုတ်ပြန်ဖော်ပြပါတယ်။ တော်လှန်ရေးဟာ အဆင့်တက်လာတယ်။ တော်လှန်ရေးဟာ ပေးဆပ်မှုတွေ များလာတယ်။ပြည်သူတွေလည်း ပင်ပန်းကြတယ်။ရဲဘော်တွေလည်း ပိုတိုက်ချင်ကြတယ်။ 


စားစရာမရှိရင် နေပါစေ ... တိုက်စရာကျည်ပဲ ရှိဖို့လိုတယ်ဆိုတဲ့ ရဲဘော်တွေရဲ့စကား။ အခုတော့ စစ်သမီးတွေ ကောက်စိုက်လိုက်ပြီး ကျည်ဖိုးရှာချင်ကြတယ်တဲ့။လေ့ကျင့်ရေးပြီးလို့ ပင်ပန်းနေလည်း မနေသာဘူး" လို့ ဆိုပါတယ်။ YAW DEFENCE FORCE (Htilin) ဟာ စစ်အာဏာရှင် စနစ်ကိုခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


========================


📌📌 ၈။ ဘောလခဲ BPDF ကို ရေတပ်မှ စစ်ဗိုလ်တစ်ဦးအလင်းဝင်ခိုလှုံ


စစ်ကောင်စီ‌ ရေတပ်မှ ဗိုလ်ကြီး တစ်ဦးဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) ထံသို့ ဆက်သွယ်ကာ CDM ပြုလုပ်လာခဲ့တယ်လို့ဆိုပါတယ်။ ဇူလိုင် ၂၉ ရက်မှာ ဘောလခဲ BPDF ကသတင်းထုတ်ပြန်ပါတယ်။ ဗိုလ်ကြီးဟာ စကစ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊သန်လျင်မြို့၊ ရန်ကုန်တိုင်း မှ ထွက်ခွာလာခြင်းဖြစ်ပြီး ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) ထံသို့ Job For Kayah မှတဆင့် ဆက်သွယ်ကာ လာရောက်ခိုလှုံလာခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ ဗိုလ်ကြီးမှာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) မှ အစစအရာရာစီစဉ်မှုဖြင့် ယခုတွင်မူ လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်‌ရှိနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၉။ မြောင်းမြမြို့နယ်၊ ကံ့ကော်မြိုင်ရပ်ကွက်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးရဲ့ နေအိမ်ကို စကစတပ်များမှ ဝင်ရောက် ရှာဖွေရာ မတွေ့၍ မိသားစုဝင်များကိုဓားစာခံအဖြစ်ဖမ်းဆီး


မြောင်းမြမြို့နယ်၊ ကံ့ကော်မြိုင်ရပ်ကွက်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးရဲ့ နေအိမ်ကို စကစတပ်များမှ ဝင်ရောက် ရှာဖွေရာ မတွေ့၍ မိသားစုဝင်များကိုဓားစာခံအဖြစ်ဖမ်းဆီးသွားခဲ့ပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်အစောပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံ့ကော်မြိုင်ရပ်ကွက်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦး၏ နေအိမ်ကို  စစ်သားများမှ ဝင်ရောက်စီးနင်း၍ ရှာဖွေရာ မတွေ့သောကြောင့် နေအိမ်အတွင်း၌ရှိသည့် မခင်သက်နွယ်၊ ကိုရဲခေါင်စိုးနှင့် ကိုမန်းကြီးတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း AAPPကဆိုပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၈၂၀) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၃၆၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၇၇) ဦးရှိပြီဖြစ်ကာ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင်  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၉) ဦးရှိပြီဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment