5th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ NUGPay မိသားစု ရဲ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွက် ထောက်ပို့ငွေ ပေးပို့ပြီးပြီလို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးအသိပေး

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှအတွင်းဝန်၊ ဒုတိယအတွင်းဝန်နဲ့အဖွဲ့မှသယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ (TAB-NR) များနှင့် အစည်းအဝေး ကျင်းပ

📌 ၃။ Federal Health Professional Council တွင် Federal SAMA ကို လျှောက်ထားနိုင်ရုံသာမက ဆမသက်တမ်းတိုးလိုသူများကိုပါ Federal SAMA ထုတ်ပေးမယ်

📌 ၄။ ကရင်နီပြည်ရဲ (KSP) မှခေါ်ယူထိန်းသိမ်းစစ်ဆေးခဲ့သော ကျောင်းဆရာ/ဆရာမ () ဦးတို့အား ပြန်လည်လွှတ်ပေး

📌 ၅။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန် အသင့်ရှိနေကြတယ်လို့ Yesagyo PDF ထုတ်ပြန်

📌 ၆။ သထုံမြို့နယ် ထုံးဘိုလေးရွာအား အကြမ်းဖက် စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီးမသန်စွမ်းတစ်ဦးအပါအဝင်အရပ်သားသုံးဦးကို မီးရှို့သတ်ဖြတ်ခဲ့

📌 ၇။ ရွှေဆံညှပ်နဲ့ရွှေနားကပ်များချွတ်၍ ဒေသခံပြည်သူများက ဂဠုန်ပြောက်ကျားတပ်ဖွဲ့မြိုင်ကို တော်လှန်ရေးမှာ လိုအပ်နေသည့်နေရာများမှာ အသုံးပြုရန်လှူဒါန်း

📌 ၈။ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြား ကင်းပုန်းဝပ်ပြန်လာတဲ့ စကစတပ်များကို မိုင်းဆွဲတိုက်ခိုက်ရာ နေရာတင် ငါးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUGPay မိသားစု ရဲ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွက် ထောက်ပို့ငွေ ပေးပို့ပြီးပြီလို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးအသိပေး


NUGPay မိသားစု ရဲ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွက် ထောက်ပို့ငွေ ပေးပို့ပြီးပြီလို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးအသိပေးပြောပါတယ်။ ဇူလိုင် ရက်နေ့ လူမှုကွန်ရက်စာမျက်နှာမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး မင်းဇေယျာဦးကရေးသားပြောပါတယ်။


"NUGPay မိသားစု ရဲ့ ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈ နာရီအတွင်း နတ်ပေး စမ်းသပ်ရင်း ထောက်ပို့ငွေ စုစုပေါင်း DMMK 4634899 နှင့် ညီမျှသော ထိုင်းဘတ် 76231.89 ကို COBRA စစ်ကြောင်းသို့ ဇူလိုင် ရက်နေ့တွင် ထောက်ပို့ ပြီးစီးပြီ ဖြစ်ပါကြောင်း NUGpay အသုံးပြုသူ မိသားစုများထံသို့ မျှဝေတင်ပြပါတယ်"လို့ဆိုပါတယ်။ ကရင်ပြည်နယ် ဝေါလေရှိ ဥကရစ်ထ စခန်းဟာ စကစတပ်များရဲ့ဗျူဟာကျတဲ့တပ်စခန်းတစ်ခုဖြစ်ကာ လက်ရှိမှာ စကစတပ်များ အကျအဆုံးများပြားလျက်ရှိနေပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှအတွင်းဝန်၊ ဒုတိယအတွင်းဝန်နဲ့အဖွဲ့မှသယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ (TAB-NR) များနှင့် အစည်းအဝေး ကျင်းပ


အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှအတွင်းဝန်၊ ဒုတိယအတွင်းဝန်နဲ့အဖွဲ့မှသယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ (TAB-NR) များနှင့် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဇူလိုင် ရက်နေ့မှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ ဖွဲ့စည်းပြီးဖြစ်သည့် သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့  အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့တာပါ။


တွေ့ဆုံဆွေးနွေးရာတွင်ကြားကာလသယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ အရေးပေါ်လုပ်ထုံးလုပ်နည်း၊ သဘာဝဘေးအန္တရာယ်နှင့် စစ်ဘေးဒဏ်ခံရသောဒေသများတွင် ပြန်လည်ထူထောင်ရေး အရေးပေါ် လိုအပ်ချက်အတွက် သစ်တောထွက်ပစ္စည်းများ ထုတ်ယူသုံးစွဲခွင့် ညွှန်ကြားချက်များကို တင်ပြခဲ့ပြီး မြို့နယ်အဖွဲ့များဘက်မှလည်း မြေပြင်တွင် သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းဆိုင်ရာ အခက်အခဲများ၊ အတွေ့အကြုံများတင်ပြကာ ဝန်ကြီးဌာနဘက်မှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါတယ်။ လက်ရှိအထိ ဖွဲ့စည်းပြီး သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့  (၁၃) ဖွဲ့ရှိပြီး ဖြစ်ပါတယ်။ အစည်းအဝေးသို့ ဝန်ကြီးဌာနနှင့် မြို့နယ်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့တို့မှ စုစုပေါင်း (၂၃) ဦးတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ Federal Health Professional Council တွင် Federal SAMA ကို လျှောက်ထားနိုင်ရုံသာမက ဆမသက်တမ်းတိုးလိုသူများကိုပါ Federal SAMA ထုတ်ပေးမယ်


Federal Health Professional Council တွင် Federal SAMA ကို လျှောက်ထားနိုင်ရုံသာမက ဆမသက်တမ်းတိုးလိုသူများကိုပါ Federal SAMA ထုတ်ပေးမယ်လို့ဆိုပါတယ်။ ဇူလိုင် ရက်နေ့မှာ Federal Health Professional Council ကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။


"အလုပ်သင်ဆရာဝန်တနှစ်ဆင်းပြီး၍ သက်ဆိုင်ရာဆေးတက္ကသိုလ်ယာယီကောင်စီများမှ ယာယီဘွဲ့လက်မှတ်ရရှိပြီးသူများသည် Federal Health Professional Council တွင် Federal SAMA ကို လျှောက်ထားနိုင်ပါတယ်။ ဆမသက်တမ်းတိုးလိုသူများကိုပါ Federal SAMA ထုတ်ပေးရန်ဆုံးဖြတ်လိုက်ပါတယ်"လို့ဖော်ပြပါတယ်။ ဆေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီက မကြာသေးမီကထုတ်ပြန်ရာတွင် ဘွဲ့ကြို ၊ဘွဲ့လွန်များကို ယာယီဘွဲ့လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။


========================


📌📌 ၄။ ကရင်နီပြည်ရဲ (KSP) မှခေါ်ယူထိန်းသိမ်းစစ်ဆေးခဲ့သော ကျောင်းဆရာ/ဆရာမ () ဦးတို့အား ပြန်လည်လွှတ်ပေး


ကရင်နီပြည်ရဲ (KSP) မှခေါ်ယူထိန်းသိမ်းစစ်ဆေးခဲ့သော ကျောင်းဆရာ/ဆရာမ () ဦးတို့အား ပြန်လည်လွှတ်ပေးလိုက်တယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ရက်နေ့မှာ ကရင်နီပြည်ရဲ (KSP) မှ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။


"ဇွန်လ ၂၄ ရက်နေ့တွင်ကရင်နီပြည်ရဲ (KSP) မှခေါ်ယူထိန်းသိမ်းစစ်ဆေးခဲ့သော ကျောင်းဆရာ/ဆရာမ () ဦးတို့အား ပြန်လည်လွတ်ပေးလိုက်ကြောင်း အသိပေးအပ် ပါတယ်"လို့ဆိုပါတယ်။


ကရင်နီပြည်ရဲ (KSP)နှင့် အခြားအဖွဲ့အစည်းများဟာ ပြည်နယ်အတွင်းရှိ ကလေးငယ်များ၏ ပညာရေးကို အလေးထားသဖြင့် စစ်ပွဲကာလအတွင်း ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရန် ခွင့်ပြုထားတာ်လို့လည်းဖော်ပြပါတယ်။ သို့သော် စာသင်ကျောင်းများဖွင့်လှစ်မည်ဆိုပါက သက်ဆိုင်ရာနယ်မြေအတွင်းရှိ ကာကွယ်ရေးအဖွဲ့အစည်းများထံသို့ ဆက်သွယ်အကြောင်းကြားအသိပေးပြီး ခွင့်ပြုချက်ရယူ ပေးကြပါရန် တောင်းဆိုအပ်ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန် အသင့်ရှိနေကြတယ်လို့ Yesagyo PDF ထုတ်ပြန်


အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန် အသင့်ရှိနေကြတယ်လို့ Yesagyo PDF ထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင် ရက်နေ့မှာ Yesagyo PDF က တရားဝင်ဆိုခဲ့ပါတယ်။


"အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန် အသင့်ရှိနေကြသော Yesagyo PDF မှ တပ်ရင်းမှူး/ဒုတပ်ရင်းမှူးနှင့် တပ်ရေးအရာရှိကြီးများအပါအဝင် ရဲဘော်များ / တပ်စိတ်မှူးများ /တပ်ခွဲမှုးများ အားလုံး အာဏာရှင်တော်လှန်ရေးအတွက် နေ့စဥ်နဲ့အမျှ စုဖွဲ့လေ့ကျင့်နေကြပါတယ်"လို့ဖော်ပြပါတယ်။


Yesagyo People`s Defence Force ဟာ စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေသော တော်လှန်အေင်အားစု အဖွဲ့လည်းဖြစ်ပါတယ်။


========================


📌📌 ၆။ သထုံမြို့နယ် ထုံးဘိုလေးရွာအား အကြမ်းဖက် စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီးမသန်စွမ်းတစ်ဦးအပါအဝင်အရပ်သားသုံးဦးကို မီးရှို့သတ်ဖြတ်ခဲ့


သထုံမြို့နယ် ထုံးဘိုလေးရွာအား အကြမ်းဖက် စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီးမသန်စွမ်းတစ်ဦးအပါအဝင်အရပ်သားသုံးဦးကို မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ ဇူလိုင် ရက်နေ့မှာ ကေအဲန်ယူ ဗဟိုကသတင်းမှန်ကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။


ဇွန်လ (၂၅) ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်များမှ ကေအဲန်ယူ-သထုံမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ ထုံးဘိုလေးကျေးရွာအား မီးတင်ရှို့ခဲ့ပြီး လူနေအိမ် (၆၁) လုံး မီးလောင်ပြာကျခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းလည်း မီးရှို့ခဲ့တယ်လို့ဖော်ပြပါတယ်။ အပြင်ရွာသား () ဦး၏ အရိုးအစအနများကို မီးလောင်ထားသော လူနေအိမ် () လုံး၏  ပြာများထဲ၌ တွေ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ခံရခြင်းဖြစ်နိုင်ကြောင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ်ရဲ့သတ်ဖြတ်ခြင်းခံရသောသူများမှာ အသက် (၃၉) နှစ်အရွယ်ရှိ ခြေထောက်တစ်ဖက်မရှိသူ (မသန်စွမ်း) စောဆာမူး၊ အသက် (၅၅) နှစ်အရွယ်ရှိ စောမောင်လူပျိုနှင့် သက်တော် (၅၄) နှစ်ရှိ ဦးပဇင်း တီးထို့ပဝီးတို့ဖြစ်ပြီး ၎င်းတို့ဆွေမျိုးသားချင်းများမှ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေသည်မှာ ဇွန်လ (၂၅) ရက်နေ့ကတည်းကဖြစ်တယ်လို့ဆိုပါတယ်။


ကေအဲန်ယူ-သထုံမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းသို့ နယ်မြေကျူးကျော်ကာ ထုံးဘိုလေးကျေးရွာအားမီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများကိုသတ်ဖြတ်ခြင်း စတဲ့လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သော အာဏာသိမ်းစစ်ကောင်စီ တပ်များမှာ တပ်မ (၄၄) နှင့် တပ်မ (၂၂) လက်အောက်ခံတပ်များအပြင် (BGF)နှင့် အခြားသော တပ်ရင်းလက်အောက်ခံများပါဝင်ခဲ့ပါတယ်။


========================


📌📌 ၇။ ရွှေဆံညှပ်နဲ့ ရွှေနားကပ်များချွတ်၍ ဒေသခံပြည်သူများက ဂဠုန်ပြောက်ကျားတပ်ဖွဲ့မြိုင်ကို တော်လှန်ရေးမှာ လိုအပ်နေသည့်နေရာများမှာ အသုံးပြုရန်လှူဒါန်း


ရွှေဆံညှပ်နဲ့ ရွှေနားကပ်များချွတ်၍ ဒေသခံပြည်သူများက ဂဠုန်ပြောက်ကျားတပ်ဖွဲ့မြိုင်ကို တော်လှန်ရေးမှာ လိုအပ်နေသည့်နေရာများမှာ အသုံးပြုရန်လှူဒါန်းလိုက်ပါတယ်။ ဇူလိုင် ရက်နေ့မှာ မကွေးတိုင်း၊မြိုင်မြို့နယ်အခြေစိုက် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ဂဠုန်ပြောက်ကျားတပ်ဖွဲမြိုင်ကို ဒေသခံပြည်သူများက ရွှေထည်ပစ္စည်းများချွတ်လှူခဲ့တာပါ။ တော်လှန်ရေးမှာအသုံးပြုဖို့ ရွှေထည်ပစ္စည်းများလှူဒါန်းမှုကို ဂဠုန်ပြောက်ကျားတပ်ဖွဲ့မြိုင်က စနစ်တကျလက်ခံယူခဲ့ပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ စကစတပ်များဟာ မကွေးတိုင်းကိုနယ်မြေစိုးမိုးမှုရရန် အသည်းအသန်ကြိုးစားနေရပါတယ်။


========================


📌📌 ၈။ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြား ကင်းပုန်းဝပ်ပြန်လာတဲ့ စကစတပ်များကို မိုင်းဆွဲတိုက်ခိုက်ရာ နေရာတင် ငါးဦးသေဆုံး


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြား ကင်းပုန်းဝပ်ပြန်လာတဲ့ စကစတပ်များကို မိုင်းဆွဲတိုက်ခိုက်ရာ နေရာတင် ငါးဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ရက်နေ့ နံနက် နာရီ ၃၀ မိနစ်အချိန်စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြား လမ်းခုလတ်တစ်နေရာတွင် ကင်းပုန်ဝပ်ရာမှ ပြန်လာသော စစ်အုပ်စုကို မဟာမိတ်ညီနောင်များမှမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား () ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ စစ်ဆင်ရေးကိုမြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ Farmers Revolution Force (CHU) Chaung U Local Defence Force တို့ပါဝင်ခဲ့ကြပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment