5th JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် အနေနဲ့ ပြည်သူလူထု ဆန္ဒမပါဘဲ ယင်းထွက်ပေါက်အတွက် ၂၀၂၃ ရွေးကောက်ပွဲကို မရရအောင် လုပ်ဆောင်ဖို့ ကြံရွယ်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော

📌 ၂။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ကစိုးမိုးနိုင်တဲ့ဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းများ အတော်အသင့် ခရီးရောက်ခဲ့ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအသိပေးပြောကြား

📌 ၃။ အကြမ်းဖက် စစ်တပ်က ခိုးယူထားတဲ့ အရာတွေကို အလွှဲအပြောင်းလုပ်နိုင်ဖို့ နိုင်ငံတကာ ဘဏ်စနစ်ကို အသုံးပြုနေတာတွေပါ ရပ်တန့်ပစ်ရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးပြော

📌 ၄။ အဖွဲ့ချုပ်ရုံးခန်း အဆောက်အဦများအတွင်းသို့ ခွင့်ပြုချက်မရှိပဲ ကျူးလွန်ဝင်ရောက်လာသူများကို တရားဥပဒေကြောင်းအရ လည်းကောင်း၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအရလည်းကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်

📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရဟာ နေဝင်မှာမဟုတ်ဘဲ ပန်းတိုင်ဝင်မဲ့အစိုးရဖြစ်တယ်လို့ ဦးမင်းကိုနိုင်ဆို

📌 ၆။ လွိုင်ကော် PDF တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်  မိသားစု‌တွေကိုကူညီထောက်ပံ့ကာ၊ရဲဘော်များကို အိမ်ပြန်နှုတ်ဆက်ခွင့်ပေး



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် အနေနဲ့ ပြည်သူလူထု ဆန္ဒမပါဘဲ ယင်းထွက်ပေါက်အတွက် ၂၀၂၃ ရွေးကောက်ပွဲကို မရရအောင် လုပ်ဆောင်ဖို့ ကြံရွယ်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော


အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် အနေနဲ့ ပြည်သူလူထု ဆန္ဒမပါဘဲ ယင်းထွက်ပေါက်အတွက် ၂၀၂၃ ရွေးကောက်ပွဲကို မရရအောင် လုပ်ဆောင်ဖို့ ကြံရွယ်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။ ဇူလိုင် ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။


" အာဏာသိမ်းမင်းအောင်လှိုင် အနေနဲ့လည်း ပြည်သူလူထု ဆန္ဒမပါဘဲ ယင်းထွက်ပေါက်အတွက် ၂၀၂၃ ရွေးကောက်ပွဲကို မရရအောင် လုပ်ဆောင်ဖို့ ကြံရွယ်နေပါတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို လိုလားသော နိုင်ငံရေးပါတီများ အနေဖြင့်လည်း မင်းအောင်လှိုင် ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို မပါဝင်ဘဲလူထုဆန္ဒအတိုင်း ရပ်တည်ကြဖို့ လိုအပ်ပါ တယ်။ တော်လှန်ရေးအောင်မြင်ဖို့ အချိန်က အင်မတန် တန်ဖိုးကြီးလှ ပါတယ်"လို့ပြောပါတယ်။ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီဘက်ကကြေညာထားကာ လက်ရှိမှာမဲစာရင်းအတွက် လူဦးရေ စာရင်းများပြုစုနေတယ်လို့သိရပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ကစိုးမိုးနိုင်တဲ့ဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းများ အတော်အသင့် ခရီးရောက်ခဲ့ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအသိပေးပြောကြား


စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ကစိုးမိုးနိုင်တဲ့ဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းများ အတော်အသင့် ခရီးရောက်ခဲ့ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအသိပေးပြောကြားလိုက်ပါတယ်။ ဇူလိုင် ရက်နေ့ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။


 " ကျနော်တို့အနေနဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စစ်ကိုင်း၊ မကွေးနယ်ဘက် တွေကစိုးမိုးနိုင်တဲ့ဒေသတွေမှာ  စနစ်တကျ အုပ်ချုပ်စီမံနိုင်အောင် ဆောင်ရွက်ခဲ့ကြတာ အတော်အသင့် ခရီးရောက်ခဲ့ပြီး ဖြစ်ပါတယ်။ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းကြရာမှာ သံတမန်ရေး၊ စစ်ရေး၊ နိုင်ငံရေး၊ လူထုရဲ့ ညီညွတ်မှုအင်အား စတဲ့ကဏ္ဍစုံ ဘက်ပေါင်းစုံ ကနေ ဆောင်ရွက်နေကြရတာဖြစ်ပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍဟာဆိုရင်လည်း ဟန်ချက်ညီညီ လိုက်ပါဆောင်ရွက်နိုင်ဖို့ အင်မ တန် အရေးကြီးတယ်ဆိုတာ ဝန်ကြီးများအားလုံးလည်း သိရှိနားလည်ပြီး ဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


"တော်လှန်ရေး အပြီးသတ် အောင်မြင်နိုင်ဖို့အတွက်ဆိုရင် ကျနော်တို့ ဆောင်ရွက်နေတဲ့ လုပ်ဆောင်မှုတွေဟာ တခုနဲ့ တခု ချိတ်ဆက်နေကြတယ်ဆိုတာ အားလုံးလည်း အသိပဲဖြစ်ပါတယ်။ ဒီလိုချိတ်ဆက်ဆောင်ရွက်နေကြ ရတာမို့ ကဏ္ဍတခု မှာ လုပ်ဆောင်မှုအားနည်းသွားတယ်ဆိုရင် ကျန်တဲ့ကဏ္ဍများမှာပါ အကျိုးသက် ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတာ ကိုလည်း သတိပြုကြဖို့ လိုအပ်ပါလိမ့်မယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကထပ်လောင်းပြောပါတယ်။ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့ က နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင် ဖွဲ့စည်းရန်ကိစ္စ အတည်ပြုရန်တို့တင်ပြခဲ့ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် စစ်တပ်က ခိုးယူထားတဲ့ အရာတွေကို အလွှဲအပြောင်းလုပ်နိုင်ဖို့ နိုင်ငံတကာ ဘဏ်စနစ်ကို အသုံးပြုနေတာတွေပါ ရပ်တန့်ပစ်ရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးပြော


အကြမ်းဖက် စစ်တပ်က ခိုးယူထားတဲ့ အရာတွေကို အလွှဲအပြောင်းလုပ်နိုင်ဖို့ နိုင်ငံတကာ ဘဏ်စနစ်ကို အသုံးပြုနေတာတွေပါရပ်တန့်ပစ်ရမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။ ဇူလိုင် ရက်နေ့ CNN သတင်းဌာန မှာ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကရေးသားဖော်ပြတဲ့ ဆောင်းပါးမှာထည့်သွင်းပြောကြားခဲ့တာပါ။


"မြန်မာနိုင်ငံမှာ အခုအချိန်အထိ လူတစ်ဦးချင်းအပေါ် ပိတ်ဆို့အရေးယူမှုကို အများဆုံး အသုံးပြုနေကြပါတယ်။ ရေနံကနေ ရရှိနေတဲ့ငွေတွေပိတ်ဆို့ဖို့၊ စစ်တပ်က ခိုးယူထားတဲ့ အရာတွေကို အလွှဲအပြောင်းလုပ်နိုင်ဖို့ နိုင်ငံတကာ ဘဏ်စနစ်ကို အသုံးပြုနိုင်‌နေသေးတာ၊ ဒီငွေတွေနဲ့ လက်နက်တွေကို ၀ယ်ယူနေတာတွေကို တားမြစ်ဖို့ ပိုပြီး လုပ်နိုင်ပါတယ်။ လုပ်ရပါမယ်"လို့ဝန်ကြီကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ၄င်းနောက် နိုင်ငံတော်ပိုင် ကျောက်စိမ်းနဲ့ သဘာဝဓာတ်ငွေ့၊ရေနံ့ စတဲ့သယံဇာတ အရင်းအမြစ်များကို တရားမဝင် ရောင်းချလွှဲပြောင်းခဲ့ကြပါတယ်။


========================


📌📌 ၄။ အဖွဲ့ချုပ်ရုံးခန်း အဆောက်အဦများအတွင်းသို့ ခွင့်ပြုချက်မရှိပဲ ကျူးလွန်ဝင်ရောက်လာသူများကို တရားဥပဒေကြောင်းအရ လည်းကောင်း၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအရလည်းကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်


အဖွဲ့ချုပ်ရုံးခန်း အဆောက်အဦများအတွင်းသို့ ခွင့်ပြုချက်မရှိပဲ ကျူးလွန်ဝင်ရောက်လာသူများကိုတရားဥပဒေကြောင်းအရ လည်းကောင်း၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအရလည်းကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ကြေညာပါတယ်။ ဇူလိုင် ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီကသတင်းထုတ်ပြန်ချက်အမှတ် (/၂၀၂၂) ကိုထုတ်ပြန်ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များအား မတရားဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရုံးချုပ် (ဗဟိုရုံးချုပ်) နှင့်ပတ်သက်၍ (..၂၀၂၂)ရက်နေ့၊ (၂၁:၀၀) နာရီ အချိန်တွင် တပ်နှင့်ရဲပူးပေါင်းအဖွဲ့ဝင်များမှ သော့ဖျက်ဝင်ရောက် စီးနင်းရှာဖွေခဲ့ပြီး ပါတီ၏စာရွက်စာတမ်းများကို ယူဆောင်သွားခြင်း (၂၆..၂၀၂၁) ရက်နေ့ နံနက် (:၀၀) နာရီအချိန်တွင် ဟိုက်ဂျက်ကားတစ်စီးဖြင့် မီးကွင်းပစ်ကာ လာရောက်မီးရှို့သွားခြင်းနှင့် (၁၇..၂၀၂၁) ရက်နေ့ (၂၁:၃၀) နာရီအချိန်တွင် ဗုံးဖြင့်လာရောက်ပစ်ခတ်ခဲ့ခြင်းစသည့် ဥပဒေမဲ့လုပ်ရပ်များ ဖျက်ဆီးဖောက်ခွဲမှုလုပ်ရပ်များကို ကျူးလွန်ဖောက်ဖျက်ခြင်းခံခဲ့ရပါတယ်လို့ဖော်ပြပါတယ်။


ထို ဥပဒေမဲ့ကျူးကျော်ဝင်ရောက် ဖျက်ဆီးမှုများကို ဥပဒေနှင့်အညီအရေးယူပေးရန် ဗဟန်းမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားအမှုဖွင့်ထားသည်ကို အရေးယူဆောင်ရွက်ခြင်းမရှိသည့်အပြင် တိုင်ကြားသော ဗဟိုကော်မတီဝင် များဖြစ်ကြသည့် ဦးဘမျိုးသိန်းနှင့် ဦးစိုးလေး(ခေါ်) ဦးစိုးဝင်းတို့အား မတရားအမှုဆင်ဖမ်းဆီး ထောင်ချခြင်းခံခဲ့ရ ပါတယ်။ ဤသို့ ဌာနချုပ်ရုံးအဆောက်အဦအား တရားဥပဒေ၏အကာအကွယ်မဲ့မှုကို အခွင့်ကောင်းယူ၍ အဖွဲ့ချုပ်မှ တရားဝင်တာဝန်ပေး အပ်ခန့်ထားခြင်းမရှိသူများမှလည်း အဖွဲ့ချုပ်ရုံး အဆောက်အဦအတွင်းသို့ အကြောင်း အမျိုးမျိုးပြလျက် ဝင်ရောက်ရန်ကြံစည်ကြိုးပမ်းခြင်းများလည်း ရှိနေကြောင်း သိရှိရပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့် သော ပါတီရုံးများနှင့်အဖွဲ့ဝင်များကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေချိန်၌ ပြည်သူ့ ဆန္ဒနှင့် သွေဖီဆန့်ကျင်လျက် အဖွဲ့ချုပ်ရုံးများအား နည်းမျိုးစုံဖြင့်အကြောင်းပြ၍ ရုံးခန်းအဆောက်အဉီများဖွင့်လှစ်ရန် ကြံစည်ကြိုးပမ်းနေကြသူများ၏ လုပ်ရပ်အား (လုံးဝ)ခွင့်ပြုခြင်းမရှိ ခွင့်မပြု ပါကြောင်းနှင့် အဖွဲ့ချုပ်ရုံးခန်း အဆောက်အဦများအတွင်းသို့ ခွင့်ပြုချက်မရှိပဲ ကျူးလွန်ဝင်ရောက်လာပါကလည်း တရားဥပဒေကြောင်းအရ လည်းကောင်း၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအရလည်းကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း သတိပေးကြေညာအပ်ပါတယ်လို့ထုတ်ပြန်ထားပါတယ်။ ၂၀၂၂ ခုနှစ် ဂျူလိုင်လ () ရက်နေ့အထိ ကောက်ယူရရှိထားသော စာရင်းများအရ ဗဟိုရုံးချုပ်အပါအဝင် စုစုပေါင်း (၁၀၆) ကြိမ် ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရဟာ နေဝင်မှာမဟုတ်ဘဲ ပန်းတိုင်ဝင်မဲ့အစိုးရဖြစ်တယ်လို့ ဦးမင်းကိုနိုင်ဆို


ဇူလိုင်လအတွင်း ရန်ကုန် ခေတ်သစ်သတင်းဌာနနဲ့မေးမြန်းရာမှာ ဦးမင်းကိုနိုင်ကအခုလိုပြောကြားခဲ့ပါတယ်။ "NUG အစိုးရမှာ ကမ္ဘာကြီးကဘယ်လို ဆက်ဆံသလဲဆိုတာကြည့်လိုက် အပေါင်းလက္ခဏာ တက်လာတာကြီးပဲနော်။ ပို၍ပို၍ လက်ခံလာတယ်။ ပူးပေါင်းဆောင်ရွက်လာတယ်။အနုတ်ဆိုတာလုံးဝမရှိဘူး ကျနော်တို့ဘက်မှာ နောက်ထပ်လို အပ်တဲ့ ကိရိယာတွေသာရဦးမယ်ဆိုရင် လက်ထဲရောက် လာမယ်ဆိုရင်  ထပ်တိုးဦးမယ့်အင်အားစုကြီးကရှိတယ်။ အကန့်အသတ်မဲ့လောက်အောင် များတယ်။ တော်လှန်ရေးအင်အားစု စိုးမိုးထားနိုင်တဲ့နယ်မြေတွေမှာ လုပ်နိုင်စွမ်းတွေကိုကြည့် အခုဆိုရင် ပြည် နယ်တွေမှာ အတိုင်ပင်ခံကောင်စီတွေဖွဲ့ထားပြီးပြီ"လို့ ဦးမင်းကိုနိုင်ကဆိုပါတယ်။


ဒါ့အပြင် နွေဦးတော်လှန်ရေးတွင် ဥပဒေပြုရေးတွင် CRPH ရှိ၍ NUCC လည်းရှိနေကြောင်း၊အုပ်ချုပ်ရေးအာဏာတွင် မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ကာကွယ်ရေးတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ရှိနေပြီလို့ဆိုပါတယ်။


"အုပ်ချုပ်ရေးအာဏာမှာဆိုရင် ပအဖ ရှိ တယ်။  ပြည်သူ့ကာကွယ်ရေးရှိတယ်၊ပြီးတဲ့အခါကြတော့ ပြည်နယ်အလိုက်ကောင်စီတွေရှိတယ်။ တရားစီရင်ရေးထိ ဆောင်ရွက်နေပြီ။ ဒါတွေဆက်သွားနေတာ ဒီထက်ထင်သာမြင်သာရှိဖို့တော့လိုတယ်။ အဲဒါတွေက နောက်ဆုတ်သွားဖို့တော့ မရှိဘူး။ ကျနော်တို့က ပန်းဝင်မှာဖြစ်တယ်။ နေဝင်မှာမဟုတ်ဘူးဗျ"လို့ ဦးမင်းကိုနိုင်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၆။ လွိုင်ကော် PDF တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်  မိသားစု‌တွေကိုကူညီထောက်ပံ့ကာ၊ရဲဘော်များကို အိမ်ပြန်နှုတ်ဆက်ခွင့်ပေး


လွိုင်ကော် PDF တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရဲဘော်တစ်ဦးချင်းဆီရဲ့ မိသားတစ်စုကို ဆန်တစ်အိတ်၊ဆီတစ်ပုံးကူညီထောက်ပံ့ကာ မိသားစုနဲ့ရဲဘော်များကို အိမ်ပြန်နှုတ်ဆက်ခွင့်ပေးခဲ့ပါတယ်။ ဇူလိုင် ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ် - လွိုင်ကော်က တရားဝင်ထုတ်ပြန်ပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ် - လွိုင်ကော် () နှစ်ပြည့်ပြီ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရဲဘော်တစ်ဦးရဲ့ မိသားတစ်စုကို ဆန်တစ်အိတ်၊ဆီတစ်ပုံး၊ခေါက်ဆွဲခြောက် တစ်ဖာကူညီထောက်ပံ့ပေးတဲ့ အစီစဉ်တစ်ရပ်ကို ကျွန်တော်တို့ လွိုင်ကော် PDF က ပြုလုပ်ခဲ့ပါတယ်။ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ တာဝန်ထမ်းဆောင်ဆဲ စတဲ့ ရဲဘော်များအားလုံးရဲ့ မိသားစုများအားလုံးကို ကူညီပံ့ပိုးခဲ့တာဖြစ်ပြီး အိမ်မပြန်ရတာ ကြာပြီဖြစ်တဲ့ ရဲဘော်များကိုလည်း ပစ္စည်းတွေ ပို့ရင်း အိမ်ပြန်လို့ မိဘတွေကို ပြန်နှုတ်ဆက်ခွင့် ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။ အိမ် မရောက်တာ ကြာပြီဖြစ်တဲ့ ရဲဘော်တွေဟာ သူတို့အိမ်ရိပ်ကို ခဏ ခိုလှုံခွင့်ရခဲ့ကြတယ်။ လွိုင်ကော် PDF တစ်နှစ်ပြည့်အတွက် ဆုတောင်းပေးကြ၊ စာလွှာပေးပို့ကြတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို ကျေးဇူးအထူးတင်ကြောင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၇။ ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာတွင် နေထိုင်သော အသက် ၆၃ နှစ်အရွယ် မသန်စွမ်းတစ်ဦးကို အကြမ်းဖက် စစ်တပ်က ဦးခေါင်းကိုပစ်ခတ်သတ်ဖြတ်ခဲ့


ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာတွင် နေထိုင်သော အသက် ၆၃ နှစ်အရွယ် မသန်စွမ်းတစ်ဦးကို အကြမ်းဖက် စစ်တပ်က ဦးခေါင်းကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဇူလိုင် ရက်နေ့မှာ AAPP က ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည် နယ် ဖလမ်းမြို့ဘက်သို့ တက်လာသော စစ်အုပ်စု တပ်ဖွဲ့ဟာ ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာတွင် နေထိုင်သော အသက် ၆၃ နှစ်အရွယ် မသန်စွမ်းတစ်ဦးဖြစ်သည့် ဒေါ်တီာလ်ကပ်ကို ဇွန်လ ၃၀ ရက်နေ့က ပစ်သတ်ခဲ့ပါတယ်။ ဇူလိုင်လ ရက်နေ့တွင် ဦးခေါင်းတွင် သေနတ်ဒဏ်ရာရရှိထားသော ဒေါ်တီာလ်ကပ်ရဲ့ ရုပ်အ လောင်းကို ဒေသခံများမှ တွေ့ရှိရကြောင်း သိရှိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၅၇) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၈။ စစ်ကောင်စီတပ်များ လေကြောင်းတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ဦး ကျဆုံးကြောင်း ရက္ခိုင့်တပ်တော် (AA) ထုတ်ပြန်


ဇူလိုင် ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ () ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်၊ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် () စီးဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ လာရောက် တိုက်ခိုက်ကာ ထိုင်းနိုင်ငံလေကြောင်းပိုင်နက်ထဲ တိုက်လေယာဥ်ဝင်သွားခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)ကထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စခန်းအတွင်း ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံတို့ ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။


========================


📌📌 ၉။ ပုံတောင် TIGER PDF မှ ဇွန်လ အတွင်း လက်နက်ကြီးပြောင်းရှည် နှစ်လက်နဲ့ လက်နက်အသစ်အဆန်းများထုတ်လုပ်


ပုံတောင် TIGER PDF မှ ဇွန်လ အတွင်း လက်နက်ကြီးပြောင်းရှည် နှစ်လက်နဲ့ လက်နက်အသစ်အဆန်းများထုတ်လုပ်ခဲ့ပါတယ်။ ဇူလိုင်လ အတွင်းမှာ ပုံတောင် TIGER PDF မှ လက်နက်ကြီးများထုတ်လုပ်အောင်မြင်ကြောင်းဖော်ပြပါတယ်။


"ကျွန်ုပ်တို့ပုံတောင် TIGER PDF မှ ဇွန်လ ထုတ်လုပ်မှုတွင် လက်နက်ကြီးပြောင်းရှည် () လက်နှင့် အဖူး (၉၄) ဖူး၊ စလစ် (၁၁) လုံး၊ ရှေ့ထွက်(၁၄) လုံး၊ အတွဲလိုက်ရှော့ဒုံး () လက်နှင့် အဖူး (၂၇) ဖူး ထုတ်လုပ်မှုကိုပြည်သူလူထုအားတင်ပြအပ်ပါတယ်"လို့ဆိုပါတယ်။ (ပုံတောင် TIGER. PDF ) ဟာ ပြည်သူလူထုလှူဒါန်းမှုများဖြင့်တိုက်ခိုက်ရေး၊ထုတ်လုပ်ရေးနှင့်အခြားတော်လှန်ရေးနှင့်ပတ်သတ်သောကဏ္ဍအသီးသီးကို ဟန်ချက်ညီညီလှုပ်ရှားနေလျက်ရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment