၂၀၂၂ စက်တင်ဘာလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံမျက်နှာမထောက်၊ ပြည်သူ့မျက်နှာမထောက် ထင်ရာစိုင်း စီမံလုပ် ဆောင်နေမှုတွေကြောင့် စီပွားရေးတွေ ပြိုလဲမယ်ဆိုတာ ခန့်မှန်းထားတယ်လို့ဝန်ကြီးချုပ်ဆို
📌 ၂။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ Loikaw People Defense Force ကို ငွေကျပ် ဆယ်သိန်း ပေးအပ်လှူဒါန်း
📌 ၃။ ပြည်သူ့ခုခံတွန်းလှန်စစ်တစ်နှစ်ပြည့် Radio NUG မှာကာကွယ်ရေးဝန်ကြီး ဦးရည်မွန် မိန့်ခွန်းပြောမယ်
📌 ၄။ သံအမတ်ကြီးဦးကျော်မိုးထွန်းသည်သာ ပြည်သူ့အသံ ပြည်သူ့ဆန္ဒလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဆို
📌 ၅။ Spring Yangon Investment အိမ်ရာစီမံကိန်းကို NUG Pay (DMMK) နှင့်လည်း ပေးချေနိုင်
📌 ၆။ တောကျီးကန်းစစ်ဆင်ရေးအနေနဲ့ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဘောလုံးကွင်းပျံကျစျေးအနီးတွင် စျေးကောက်ကောက်ကာ ကင်းပတ်လာသော စကစတပ်နဲ့ပျူ ငါးဦးစလုံးသေဆုံး
📌 ၇။ စစ်ကိုင်းမြို့နယ် တောင်ကြားရွာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ပစ်ခတ်တိုက်ခိုက်
📌 ၈။ စကစတပ်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ သြဂုတ်လအတွင်း ထိတွေ့တိုက်ပွဲများမှာ စကစတပ်က အယောက်လေးဆယ်ကျော်သေဆုံး
📌 ၉။ စီးပွားရေးတစ်ခုတည်းသာကြည့်ကာ တော်လှန်ရေးကို နေသာသလိုနေပြီး ရသလိုလုပ်ဆောင်နေကြသော ကုမ္ပဏီများကို စီးပွားရေးအရ အရေးယူပိတ်ဆို့ အပြစ်ပေးမယ်လို့ သပိတ်ကျင်းမြို့နယ်အခြေပြု ၁၂၂၂ တပ်ရင်းကြေညာ
📌 ၁၀။ Project_Skywalk စီမံချက်မှာ လူတိုင်းပါဝင်ကူညီဖို့ ဒေါက်တာတေဇာဆန်းတိုက်တွန်းပြောကြား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံမျက်နှာမထောက်၊ ပြည်သူ့မျက်နှာမထောက် ထင်ရာစိုင်း စီမံလုပ် ဆောင်နေမှုတွေကြောင့် စီပွားရေးတွေ ပြိုလဲမယ်ဆိုတာ ခန့်မှန်းထားတယ်လို့ဝန်ကြီးချုပ်ဆို
အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံမျက်နှာမထောက်၊ ပြည်သူ့မျက်နှာမထောက် ထင်ရာစိုင်း စီမံလုပ် ဆောင်နေမှုတွေကြောင့် စီပွားရေးတွေ ပြိုလဲမယ်ဆိုတာ ခန့်မှန်းထားတယ်လို့ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုပါတယ်။ သြဂုတ်လ ၃၀ ရက် ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က ထည့်သွင်းပြောပါတယ်။
"အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံမျက်နှာမထောက်၊ ပြည်သူ့မျက်နှာမထောက် ထင်ရာစိုင်း စီမံလုပ် ဆောင်နေမှုတွေကြောင့် စီပွားရေးတွေ ပြိုလဲမယ်ဆိုတာ ခန့်မှန်းထားတယ်၊ အကြမ်းဖက်စစ်ကောင်စီက အရင်လို အာဏာရှင်တွေလိုပဲ ပြည်သူတွေ ကြပ်တည်းရင် နိုင်ငံရေးကို ထင်သလို ချယ်လှယ်လို့ရမယ် အထင်နဲ့ ပြည်သူတွေကို ဒုက္ခမျိုးစုံ ဖန်တီးပေးနေတယ်။ အကောင်းကြီးရှိနေတဲ့ တိုင်းပြည်ဟာ ၂ နှစ် မပြည့်မီအချိန်မှာ အလွန်ဝမ်းနည်းစရာကောင်းလောက်အောင်ကြုံတွေ့ခဲ့ရတဲ့ အဖြေဟာ အကြမ်းဖက် စစ်ကောင်စီပဲဖြစ်တယ်။ ပြည်သူတွေ အချင်းချင်း ယုံယုံကြည်ကြည်နဲ့ လက်တွေမြဲအောင် ချိတ်ပြီး ရုန်း ကန်ရမှာဖြစ်တယ်၊ အစိုးရအဖွဲ့တွေကလည်း ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက ကြိုးစားရင်း ပြည်သူတွေ နဲ့ အတူရုန်းကန်နေတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ ပြည်တွင်းရွှေစျေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းဟာ စံချိန်တင်မြင့်တင်နေပြီး စကစကနေ ထိန်းမရဘဲ ကုန်စျေးနှုန်းများအဆမတန်ကြီးမြင့်လျက်ရှိပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ Loikaw People Defense Force ကို ငွေကျပ် ဆယ်သိန်း ပေးအပ်လှူဒါန်း
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ Loikaw People Defense Force ကို ငွေကျပ်ဆယ်သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။ သြဂုတ်လနောက်ဆုံးပတ်မှာ Loikaw People Defense Force ကကအသိပေးဆိုပါတယ်။
"ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ လှူဒါန်းသော အလှူငွေ တစ်ဆယ်သိန်းကျပ် အား မိမိတို့ Loikaw People Defense Force မှ လက်ခံရရှိပါတယ်" လို့ ဆိုပါတယ်။ အဆိုပါ လှူဒါန်းငွေကျပ် ဆယ်သိန်းကို အခြားအဖွဲ့အစည်းအတွက်ပါ မျှဝေကူညီသွားမယ်လို့ Loikaw People Defense Force မှသတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ပြည်သူ့ခုခံတွန်းလှန်စစ်တစ်နှစ်ပြည့် Radio NUG မှာကာကွယ်ရေးဝန်ကြီး ဦးရည်မွန် မိန့်ခွန်းပြောမယ်
ပြည်သူ့ခုခံ တွန်းလှန်စစ် ကြေညာတဲ့ တစ်နှစ်ပြည့် Radio NUGမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် မိန့်ခွန်းပြောမယ်လို့သတင်းရရှိပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ နွေဦးတော်လှန်ရေးနဲ့ပတ်သက်လို့ မိန့်ခွန်းပြောကြားမှာဖြစ်ပြီးတော့ ပြည်သူလူထုဆီကို သတင်းစကားများပါးမှာလည်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ စစ်ရေးအရရော နိုင်ငံတကာ သံတမာန် မျက်နှာစာမှာပါ အထိနာကျရှုံးလျက်ရှိပါတယ်။
========================
📌📌 ၄။ သံအမတ်ကြီးဦးကျော်မိုးထွန်းသည်သာ ပြည်သူ့အသံ ပြည်သူ့ဆန္ဒလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဆို
သံအမတ်ကြီးဦးကျော်မိုးထွန်းသည်သာ ပြည်သူ့အသံ ပြည်သူ့ဆန္ဒလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။ သြဂုတ်လအတွင်း ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးက လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။
"ဒို့သံအမတ်ကြီးဦးကျော်မိုးထွန်းသည်သာ ပြည်သူ့အသံ ပြည်သူ့ဆန္ဒ ပြည်သူ့နှလုံးသား လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ United Nations အဖွဲ့အစည်းသည် မကြာမှီ (၇၇) ကြိမ်မြောက် အထွေထွေညီလာခံအား စတင်တော့မှာဖြစ်ပါတယ်။
ထိုညီလာခံမှတဆင့် Credentials Committee ကိုဖွဲ့စည်းကာ မြန်မာနိုင်ငံမှမည်သူ့ကို UN တွင်အမြဲတန်းကိုယ်စားလှယ်အဖြစ် ရှေ့ဆက်ပြီးခန့်အပ်မယ်ကို ဆုံးဖြတ်မှာလည်းဖြစ်ပါတယ်။
========================
📌📌 ၅။ Spring Yangon Investment အိမ်ရာစီမံကိန်းကို NUG Pay (DMMK) နှင့်လည်း ပေးချေနိုင်
Spring Yangon Investment အိမ်ရာစီမံကိန်းကို NUG Pay (DMMK) နှင့်လည်း ပေးချေနိုင်တယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့မှာ EOD က အသိပေးဆိုပါတယ်။ ရောင်းချမည့်မြေကွက် အရေအတွက်မှာ နွေဦးရိပ်မွန် @Min Dhammaပေ ၆၀ x ပေ ၈၀ - အကွက် ၁၀၀၊ နွေဦးမော်ကွန်းသစ် @Thanthuma ပေ ၆၀ x ပေ ၈၀ - အကွက် ၂၀၀၊ နွေဦးမော်ကွန်းသစ် @Thanthuma ပေ ၄၀ x ပေ ၆၀ - အကွက် ၄၀၀ တို့ ဖြစ်ပါတယ်။ ဝယ်ယူလိုတဲ့ မြေကွက်တန်ဖိုး၏ ၄၀% ကို တော်လှန်ရေး ကာလအတွင်း ပေးချေပြီး၊ ကျန် ၆၀% ကို တော်လှန်ရေးလွန် ကာလ၊ စီမံကိန်း ပြင်ဆင်ချိန်တွင် ပေးချေရမှာ ဖြစ်ပါတယ်။ စတင်ရောင်းချချိန်မှ ၃ လ အတွင်း ၃ ကြိမ်ထိ အရစ်ကျ ငွေပေးချေ နိုင်ကာ နောက်ဆုံး ငွေချေရက်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက် ဖြစ်ပါတယ်။ ဝယ်ယူသူ ၃ ဦးအထိ အများဆုံး စပ်တူ ဝယ်ယူနိုင်ပြီး ငွေပေးချေရမည့် အကြိမ်ကတော့ အများဆုံး ၃ ကြိမ်သာဖြစ်ရမယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ တောကျီးကန်းစစ်ဆင်ရေးအနေနဲ့ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဘောလုံးကွင်းပျံကျစျေးအနီးတွင် စျေးကောက်ကောက်ကာ ကင်းပတ်လာသော စကစတပ်နဲ့ပျူ ငါးဦးစလုံးသေဆုံး
တောကျီးကန်းစစ်ဆင်ရေးအနေနဲ့ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဘောလုံးကွင်းပျံကျစျေးအနီးတွင် စျေးကောက်ကောက်ကာ ကင်းပတ်လာသော စကစတပ်နဲ့ပျူ ငါးဦးစလုံးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၃၁ ရက်မှာ Phoenix အထူးပြောက်ကျားတပ်ဖွဲ့က စစ်ရေးသတင်းကိုဆိုပါတယ်။
"သြဂုတ်လ (၂၉ ) နေ့ မနက် ၇:၃၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဘောလုံးကွင်းပျံကျစျေးအနီးတွင် စျေးကောက်ကောက်ကာ ကင်းပတ်လာသော ပျူခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စခ၊ ပခ (၅) ကောင်ကို မိမိတို့ မြို့ပြစစ်ဆင်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ မှ သုတ်သင်ရှင်းလင်းခဲ့ပြီး (၅) ကောင်စလုံးကို အဝီဇိသို့ စက္ကန့်ပိုင်းအတွင်း အရောက်ပို့ဆောင်ပေးခဲ့တယ်"လို့ဆိုပါတယ်။
သိမ်းဆည်းရရှိသော လက်နက်များမှာ MA 4 (၁)လက်၊ MA 1 (၁)လက်၊ AK-47 (၁)လက်၊ ကာဘိုင် (၂)လက် နှင့်အတူ MA ကျည်ဘောက် (၅) ခု၊ ၄၀ မမ ဗုံးသီး (၄)လုံး၊ အီနာဂါ (၅)လုံး ၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်း (၂) လုံးသိမ်းဆည်းရရှိခဲ့ပါတယ်။ ပူပေါင်းမြို့ပြအထူးစစ်ဆင်ရေးကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင် PDF၊ Black Wolf People’s Defense Force (MDY)၊ People's Defense Force – Mandalay၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ - ရေစကြိုတို့ ပါဝင်ပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းမြို့နယ် တောင်ကြားရွာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းမြို့နယ် တောင်ကြားရွာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဩဂုတ် ၃၁ ရက်မှာ တံတားဦးမှ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ နံနက် ၉:၄၂ နာရီအချိန်မှာ ယခင်ရက်က တောင်ကြားရွာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာများကို ၆ ချက်ခန့်ပစ်ခတ်ခဲ့ပါတယ်။
ဒါ့အပြင်ကြွယ်ပုံရွာကနေ စကစတပ်နှင်ပျူစောထီးအဖွဲ့က တောင်ကြားရွာကိုနံနက် ၇:၃၀ နာရီလောက်က လက်နက်ကြီးနဲ့ ၇ ချက်ထုခဲ့ပါတယ်။ တောင်ကြားရွာက မီးလောင်ပျက်စီးခြင်းမရှိသေးတဲ့ လူနေအိမ်တွေကို ထပ်မံမီးရှို့ခဲ့တယ်။ ဩဂုတ်လ ၂၉ ရက်နေ့ကလည်း စကစတပ်နှင့် ကြွယ်ပုံရွာပျူတွေ မီးရှို့မှု့ကြောင့် အိမ်ခြေ ၁၃၀ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
========================
📌📌 ၈။ စကစတပ်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ သြဂုတ်လအတွင်း ထိတွေ့တိုက်ပွဲများမှာ စကစတပ်က အယောက်လေးဆယ်ကျော်သေဆုံး
စကစတပ်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တို့ သြဂုတ်လအတွင်းထိတွေ့တိုက်ပွဲများမှာ စကစတပ်က အယောက်လေးဆယ်ကျော် သေဆုံးခဲ့ပါတယ်။ ဩဂုတ်လ (၃၁) ရက်မှာ စစ်ရေးသတင်းကို MDY PDF က ဖော်ပြအသိပေးပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် အကြမ်းဖက်စကစတပ်များအကြား ပြင်ဦးလွင် မြို့နယ် နှင့် နောင်ချိုမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။ သြဂုတ်လ(၂၄)ရက်နေ့၌ စကစဘက်မှ တပ်မ (၁၀၁)လက်အောက်ခံ ခလရ(၂၅၃) ၊ စကခ(၁)လက်အောက်ခံ ခမရ(၅၀၂) နှင့် ခမရ(၅၀၅) တပ်ရင်းများသည် မနက်(၈)နာရီခန့်တွင် လက်နက်ကြီးများနှင့် စတင်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ပွဲအတွင်း စကစ စစ်ကြောင်းအား မိမိတို့တပ်ဖွဲ့ဝင်များမှ အဆင့်ဆင့်ပိတ်ဆို့ ထား ခဲ့ရာ အထိအခိုက် အကျအဆုံးများလာသဖြင့် ညနေ(၄)နာရီခန့်တွင် စကစမှ ရဟတ်ယာဥ်များဖြင့် လာရောက်ပစ်ခတ် ဗုံးကြဲမှုများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ တိုက်ပွဲတွင် စကစဘက်မှ (၂၀)ခန့် ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားသည်ဟု မြေပြင်သတင်း များအရ သိရပါတယ်။
သြဂုတ်လ (၂၉) ရက်နေ့ ညနေ(၆)နာရီခန့်တွင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ တပ်ဖွဲ့ဝင်များ မိုင်းကွင်းဖော်၍ နေရာယူထားသောနေရာသို့ စကစ စစ်ကြောင်း ဝင်ရောက်လာ သောကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွင် လက်ဦးမှုရရှိသောကြောင့် စကစတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများခဲ့ပြီး (၁၉) ယောက်ကျော်ခန့် ကျဆုံး၍ အပြင်းအထန် ဒဏ်ရာရရှိသူ(၄၀)ခန့်အထိ ရှိနိုင်ကြောင်း သတင်းရရှိပါတယ်။ သြဂုတ်လ (၃၀) ရက်နေ့ မနက်ပိုင်း တွင်လည်း စကစစစ်ကြောင်းအား ထပ်မံမိုင်းဆွဲခဲ့ပြီး စကစ တပ်ဖွဲ့ဝင် (၃) ဦး ကျဆုံးခဲ့ပါတယ်။
========================
📌📌 ၉။ စီးပွားရေးတစ်ခုတည်းသာကြည့်ကာ တော်လှန်ရေးကို နေသာသလိုနေပြီး ရသလိုလုပ်ဆောင်နေကြသော ကုမ္ပဏီများကို စီးပွားရေးအရ အရေးယူပိတ်ဆို့ အပြစ်ပေးမယ်လို့ သပိတ်ကျင်းမြို့နယ်အခြေပြု ၁၂၂၂ တပ်ရင်းကြေညာ
စီးပွားရေးတစ်ခုတည်းသာကြည့်ကာ တော်လှန်ရေးကို နေသာသလိုနေပြီး ရသလိုလုပ်ဆောင်နေကြသော ကုမ္ပဏီများကို စီးပွားရေးအရ အရေးယူပိတ်ဆို့ အပြစ်ပေးမယ်လို့ သပိတ်ကျင်းမြို့နယ်အခြေပြု ၁၂၂၂ တပ်ရင်းက ကြေညာလိုက်ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့မှာသပိတ်ကျင်း မြို့နယ်အတွင်းရှိ ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများအပေါ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၁၂၂၂ တပ်ရင်းသည် သပိတ်ကျင်းမြို့နယ်၊ စဥ့်ကူးမြို့နယ် အခြေပြု တပ်ရင်းဖြစ်သည့်အလျောက် မိမိတို့ရဲ့ နယ်မြေအား လွတ်မြောက်နယ်မြေ ပြန်ရရန်ကြိုးပမ်းလျက်ရှိပါတယ်။ သပိတ်ကျင်းမြို့နယ်နှင့် စဥ့်ကူးမြို့နယ်သည် သဘာဝ သယံဇာတ ရွှေသတ္တု တူးဖော်ရေးများကို အဓိကထားလုပ်ကိုင်သည့် မြို့နယ်များဖြစ်သည့်အတွက် မြို့နယ်နှစ်ခုအတွင်း လုပ်ကိုင်လျက်ရှိသောရွှေလုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများဖြစ်တဲ့ မြို့နယ် PDF များကို လက်နက်ဝယ်ယူရေး အကူအညီပေးရန် တောင်းဆိုတယ်" လို့ ဆိုပါတယ်။
စကစ နှင့် ပူးပေါင်း၍ အခွန်ပေးလုပ်ဆောင်နေသည်ကို သိရှိပြီးဖြစ်တယ်လို့ ဖော်ပြထားသလို စီးပွားရေးတစ်ခုတည်းသာကြည့်ကာ တော်လှန်ရေးကို နေသာသလိုနေပြီး ရသလိုလုပ်ဆောင်နေကြသော ကုမ္ပဏီများကို မြို့နယ် PDF များ၏ တော်လှန်ရေးတိုက်ပွဲတွင် တတ်အားသရွေ့ မပါဝင်လာပါက Thabeikkyin PDF နှင့် Singu PDF အဖွဲ့များ၏ စီးပွားရေးအရ အရေးယူပိတ်ဆို့ အပြစ်ပေးခြင်းများ ရရှိခံစားရမယ်လို့ဆိုထားပါတယ်။
========================
📌📌 ၁၀။ Project_Skywalk စီမံချက်မှာ လူတိုင်းပါဝင်ကူညီဖို့ ဒေါက်တာတေဇာဆန်းတိုက်တွန်းပြောကြား
Project_Skywalk စီမံချက်မှာ လူတိုင်းပါဝင်ကူညီဖို့ ဒေါက်တာတေဇာဆန်းတိုက်တွန်းပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၃၁ ရက် လူမှုကွန်ရက်မှာ ဒေါက်တာတေဇာဆန်းက ရေးသားပြောပါတယ်။
"အခုဆို Drone တွေရဲ့ ငွေကြေးတန်ဖိုးကလည်း ခေါင်ခိုက်နေတယ်ဆိုတာလည်း အားလုံး အသိပါပဲ။ ဒီ Project Skywalk စီမံချက်ဟာ ကျနော်တို့ PDF သူရဲကောင်းများအတွက် မြေပြင်မှာ အမှန်လိုအပ်နေတဲ့ Drone တွေ များများစားစား ထောက်ပံ့ တပ်ဆင်ပေးနိုင်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်တာလို့ သိရပါတယ်။ဒီစီမံချက်ကနေ ရရှိဖို့ မျှော်မှန်း အလှူငွေပမာဏက အမေရိကန်ဒေါ်လာ (၁) သန်းလို့ သိရပါတယ်။ အလွန်အကျိုးရှိမယ့် လုပ်ငန်းပါဗျာ။ ပြည်သူ့အားကို အများကြီး လိုအပ်ပါသည်ခင်ဗျား။ ကိုင်း၊ ဝိုင်းကြ ဝန်းကြဦးစို့"လို့ဆိုပါတယ်။
Project Skywalk ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြုလုပ်တာဖြစ်ပြီး ကာကွယ်ရေး ဒုဝန် ကြီး နိုင်ကောင်းရွက် ဦးဆောင်ကာ ဘဏ္ဍာရေးနဲ့ ပြည်သူ့ဆက်ဆံရေး အဖွဲ့တို့ ဦးစီးလုပ်ဆောင်တာဖြစ်ပါတယ်။ Project Skywalk ကနေ အမေရိကန်ဒေါ်လာ တစ်သန်း အနည်းဆုံး ရန်ပုံငွေရဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ စနစ်ကျတဲ့ chain of command တစ်ခုအောက်မှာ အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ဒီပရော့ဂျက်က ဦးတည်ရည်ရွယ်ဆောင်ရွက်တယ်လို့ သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment