1st SEP 2022 - Evening Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ Federal Wings ရဲ့ Fundraising Program ကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းရဲ့ညွှန်ကြားမှုနဲ့စတင်

📌 ၂။ ချက်နိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 မှာ လူ့အခွင့်ရေးရာဝန်ကြီး မြန်မာအရေး တင်ပြဆွေးနွေး

📌 ၃။ မင်းအောင်လှိုင်နဲ့ အာဏာရူးအုပ်စုတွေ အာဏာလုယူပြီးပြီးနောက်ပိုင်း ဆုတ်ယုတ်လာတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝဟာ ခက်ခဲကျပ်တည်းမှုဆီကို ဦးတည်လာနေပြီလို့ ဒုဝန်ကြီး ဂျာထွယ်ပန်ဆို

📌 ၄။ Project Skywalk က ရလာတဲ့ ဘတ်ဂျက်ငွေနဲ့ နဲ့ NUG က ဒရုန်းတပ် တည်ဆောက်မယ်

📌 ၅။ နွေဦးရိပ်မွန်နဲ့ နွေဦးမော်ကွန်းသစ် အိမ်ရာစီမံကိန်းများ စပ်တူဝယ်ယူနိုင်တဲ့အခွင့်အရေးအပြင် နိုင်ငံခြားသားများပါ ဝယ်ယူခွင့်အပြည့်အဝပေးထား

📌 ၆။ လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာသော ရဲတပ်သားအား ဂုဏ်ပြုငွေ ကျပ်သိန်း (၇၀) ဖြင့် ခမ်းနားစွာ ဂုဏ်ပြု

📌 ၇။ မုံရွာ အရာတော် လမ်းပိုင်းတစ်နေရာမှာ ပဒေသာမိုင်းငါးလုံးနဲ့ စကစတပ်များကို ဖောက်ခွဲတိုက်ခိုက်လို့ နှစ်ဦးသေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ Federal Wings ရဲ့ Fundraising Program ကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းရဲ့ညွှန်ကြားမှုနဲ့စတင်


Federal Wings ရဲ့ Fundraising Program ကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းရဲ့ညွှန်ကြားမှုနဲ့ စတင်ပြီလို့ သတင်းရရှိပါတယ်။ စက်တင်ဘာ ရက်နေ့မှာ Federal Wings ဒရုန်းတပ်ဖွဲ့က အသိပေးဆိုပါတယ်။

"Federal Wings ရဲ့ Public Fundraising Program စတင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။Federal Wings ရဲ့ Drone တွေကို စစ်ဆင်ရေးနယ်မြေဒေသအနှံ့မှာ တပ်ဖြန့်ထားနိုင်ဖို့နဲ့ လတ်တလောတပ်ဖြန့်ထားတဲ့ Drone တွေရဲ့ စစ်ဆင်ရေးတွေမှာသုံးစွဲဖို့အတွက် အသီးအနှံတွေ လုံလောက်စွာ ဖြည့်တင်းနိုင်ဖို့တွေအတွက် အဓိကရည်ရွယ်ပြီး Fundraise လုပ်ရခြင်းဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ယခုစတင်တဲ့ Federal Wings ရဲ့ Fundraising Program ကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းရဲ့ညွှန်ကြားမှုနဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) က ဦးစီးပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်။

"​Federal ပြည်ထောင်စုကိုတည်ထောင်နိုင်ဖို့အတွက် Federal ရဲ့ အတောင်ပံ (Wings) တွေ အဖြစ်နဲ့ ပါဝင်ပေးကြပါ" လို့ ဆိုထားပါတယ်။


========================


📌📌 ၂။ ချက်နိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 မှာ လူ့အခွင့်ရေးရာဝန်ကြီး မြန်မာအရေး တင်ပြဆွေးနွေး


ချက်နိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 မှာ လူ့အခွင့်ရေးရာဝန်ကြီး မြန်မာအရေး တင်ပြဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ သြဂုတ်လ ၃၁ ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးဆိုပါတယ်။

"ချက်နိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 ကတော့ ယူကရိန်းအရေးကို အဓိကထား ဆွေးနွေးတဲ့ပွဲပါ။ချက်ဝန်ကြီးချုပ်နဲ့ ယူကရိိန်းသမတရဲ့ အဖွင့်စကားတွေ ချက်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပိုလန်၊ ဂျာမဏီ၊ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရပ်တည်ချက်တွေက အားတက်ဖို့ကောင်းလှပါတယ်။ မြန်မာနိုင်ငံအရေးအတွက် အကောင်းဆုံးတင်ပြဆွေးနွေးပါ့မယ်" လို့ ဆိုပါတယ်။ Forum 2000 မှာ ယူကရိန်းအရေးအဓိကဖြစ်ပေမဲ့ မြန်မာ့အရေးအတွက်ပါ တင်ပြခွင့်ရတဒ့ဖိုရမ်လည်းဖြစ်ပါတယ်။

"နွေဦးတော်လှန်ရေးဟာ သွေးအေးမသွားဘူး။  ရက်စက်ယုတ်မာမှုတွေကို တွန်းလှန်နေတဲ့ မြန်မာ့ ပြည်သူတွေကို ယူကရိန်းပြည်သူတွေအပေါ် အားပေးထောက်ခံသလို အားပေးကူညီကြဖို့ တောင်းဆိုဖြစ်ပါမယ်"လို့ဝန်ကြီး ကဆိုပါတယ်။


========================


📌📌 ၃။ မင်းအောင်လှိုင်နဲ့ အာဏာရူးအုပ်စုတွေ အာဏာလုယူပြီးပြီးနောက်ပိုင်း ဆုတ်ယုတ်လာတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝဟာ ခက်ခဲကျပ်တည်းမှုဆီကို ဦးတည်လာနေပြီလို့ ဒုဝန်ကြီး ဂျာထွယ်ပန်ဆို


မင်းအောင်လှိုင်နဲ့ အာဏာရူးအုပ်စုတွေ အာဏာလုယူပြီး ပြီးနောက်ပိုင်း ဆုတ်ယုတ်လာတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဟာခက်ခဲကျပ်တည်းမှုဆီကို ဦးတည်လာနေပြီလို့ ဒုဝန်ကြီး ဂျာထွယ်ပန်က စက်တင်ဘာ ရက်နေ့မှာ လူမှုကွန်ရက်က ရေးသားပြောလိုက်ပါတယ်။

"မင်းအောင်လှိုင်နဲ့ အာဏာရူးအုပ်စုတွေ အာဏာလုယူပြီး ပြီးနောက်ပိုင်း ဆုတ်ယုတ်လာတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝဟာ ဒီရက်ပိုင်းအတွင်း ကျပ်ငွေတန်ဖိုး ပြင်းထန်စွာ ထိုးကျမှုတွေနဲ့ ပိုပြီးခက်ခဲကျပ်တည်းမှုဆီကို ဦးတည်လာနေပါပြီ။ ဒီလိုခက်ခဲလာတဲ့ကာလမှာ တစ်ယောက်နဲ့တစ်ယောက် ခေါင်းပုံဖြတ်မှုတွေကင်းဝေးပြီး၊ ကိုယ်ချင်းစာတရားတွေနဲ့ ဖေးမကူညီပြီး အခက်အခဲကို ကြံ့ကြံ့ခံကျော်ဖြတ်ရမှာပါ" လို့ ဆိုပါတယ်။

ဒီလို အဘက်ဘက်ကနေ ထိန်းမရအောင် ထိုးကျနေမှုတွေ အမြန်ရပ်တန့်နိုင်ဖို့  တော်လှန်ရေး အမြန်အောင်မြင်မှ ဖြစ်မှာဖြစ်ပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ ဒီထက်ပိုပြီး ပါဝင်ကြဖို့နဲ့ ပြည်တွင်းကလူတွေခက်ခဲနေချိန်မှာ ပြည်ပက ထောက်ပို့တွေ ပိုပြီး အားထည့်ကြဖို့ ဒုဝန်ကြီးဂျာထွယ်ပန်က ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၄။ Project Skywalk က ရလာတဲ့ ဘတ်ဂျက်ငွေနဲ့ နဲ့ NUG က ဒရုန်းတပ် တည်ဆောက်မယ်


Project Skywalk ကရလာတဲ့ ဘတ်ဂျက်ငွေ နဲ့ NUG က ဒရုန်းတပ် တည်ဆောက်မယ်လို့ စက်တင်ဘာ ရက်နေ့မှာ Project Skywalk က အသိပေးဆိုပါတယ်။

"အခု Project Skywalk ကနေ ရလာမယ့် ဘတ်ဂျက်ဟာ ဒရုန်းတပ်အဖြစ် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ဖို့ပဲ။ တခြားဘဏ္ဍာရေးအတွက် လုံးဝမပါဘူး၊ ဒရုန်းအတွက် သီးသန့်ဖြစ်ပါတယ်။ စခန်းအရောက် ပါဆယ်ပို့ဖို့ ဝိုင်းကူပေးကြရအောင်" လို့ ဆိုထားပါတယ်။

Project Skywalk  ဒရုန်းစစ်ဆင်ရေး project ဟာ လက်ရှိမှာ နယ်မြေအလိုက် ဒရုန်းအဖွဲ့တွေက စစ်ကောင်စီဘက်ကို ကြီးကြီးမားမား ခြိမ်းခြောက်ထားနိုင်နေပြီလို့လည်း captain zero က ဆိုပါတယ်။ လက်ရှိမှာ project skywalk နဲ့ချိတ်ဆက်လုပ်ဆောင်လျက်ရှိတဲ့ ဒရုန်းအဖွဲ့များမှာ Force for Federal Democracy, Falcon Wings, People Force, ABCD, Butterfly, Golden Eagle နဲ့ Mandalay PDF တို့အပြင် တိုင်းနဲ့ပြည်နယ်အလိုက် တခြား Drone Team များလည်း ပါဝင်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ project skywalk ပရော့ဂျက်ဟာ မြန်မာနိုင်ငံတဝန်းမှာ ရှိနေတဲ့ ဒရုန်းအဖွဲ့တွေကို ချိတ်ဆက်ပြီး စနစ်ကျတဲ့ chain of command တစ်ခုအောက်မှာ အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ဦးတည်ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ နွေဦးရိပ်မွန်နဲ့ နွေဦးမော်ကွန်းသစ် အိမ်ရာစီမံကိန်းများ စပ်တူဝယ်ယူနိုင်တဲ့အခွင့်အရေးအပြင် နိုင်ငံခြားသားများပါ ဝယ်ယူခွင့်အပြည့်အဝပေးထား


နွေဦးရိပ်မွန်နဲ့ နွေဦးမော်ကွန်းသစ် အိမ်ရာစီမံကိန်းများကို စက်တင်ဘာလ ရက်နေ့မှာ စတင်ရောင်းချနေပြီဖြစ်ပြီး စပ်တူဝယ်ယူနိုင်တဲ့ အခွင့်အရေးအပြင် နိုင်ငံခြားသားများပါ ဝယ်ယူခွင့်ပေးထာတဲ့ အိမ်ရာစီမံကိန်းများ ဖြစ်တယ်လို့ EOD က ဖော်ပြအသိပေးပါတယ်။

"ဝယ်ယူသူ ဦးအထိ အများဆုံး စပ်တူ ဝယ်ယူနိုင်ပါတယ်။ ငွေပေးချေရမည့် အကြိမ်ကတော့ အများဆုံး ကြိမ်သာ ဖြစ်ပါမယ်။ ဝယ်ယူသူ ဦး - ဦး စပ်တူ ဝယ်ယူပါကမြေပိုင်ဆိုင်မှု အာမခံ စာချုပ်  တွင် မြေပိုင်ဆိုင်သူ အားလုံး၏ နာမည်များကို ဖော်ပြပေးပါမယ်။

နိုင်ငံခြားသားများလည်း  ဝယ်ယူနိုင်ပါတယ်။ တော်လှန်ရေးအလွန်ကာလတွင် နွေဦးရန်ကုန် မြေကွက်များအား နိုင်ငံခြားသား ပိုင်ဆိုင်မှု ခွင့်ပြုသည့် သီးသန့် အမိန့်ဒီဂရီ ဥပဒေများ ပြဌာန်းပေးပါမယ်" လို့လည်း ဆိုပါတယ်။

ရောင်းချမည့်မြေကွက် အရေအတွက်မှာ  

(က) နွေဦးရိပ်မွန် @Min Dhamma မှာ ပေ ၆၀ x ပေ ၈၀ - အကွက် ၁၀၀

() နွေဦးမော်ကွန်းသစ် @Thanthuma မှာ ပေ ၆၀ x ပေ ၈၀ - အကွက် ၂၀၀ နဲ့ 

() နွေဦးမော်ကွန်းသစ် @Thanthuma မှာ ပေ ၄၀ x ပေ ၆၀ - အကွက် ၄၀၀ တို့ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာသော ရဲတပ်သားအား ဂုဏ်ပြုငွေ ကျပ်သိန်း (၇၀) ဖြင့် ခမ်းနားစွာ ဂုဏ်ပြု


လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာသော ရဲတပ်သားအား The Youth Force (Saw & Kyaukhtu) မှ ဂုဏ်ပြုငွေ ကျပ်သိန်း (၇၀) ဖြင့် ခမ်းနားစွာ ဂုဏ်ပြုခဲ့ကြောင်း စက်တင်ဘာ ရက်နေ့မှာ The Youth Force (Saw & Kyaukhtu) က အသိပေးဖော်ပြပါတယ်။

ဆောမြို့ ရဲစခန်းမှ ရဲတပ်သား ကိုဉာဏ်မင်းဟာ ၁၃..၂၀၁၇ ခုနှစ်တွင် ရဲတပ်သားတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့တွင် ဗုံးသီး () လုံး၊ ကျည် (၃၀၀) တောင့်၊ G3 တစ်လက် နဲ့ ကျည်ဘောက် () ခုဖြင့် The Youth Force (Saw&Kyaukhtu) ထံတွင်  ခိုလှုံ၍ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၇။ မုံရွာ အရာတော် လမ်းပိုင်းတစ်နေရာမှာ ပဒေသာမိုင်းငါးလုံးနဲ့ စကစတပ်များကို ဖောက်ခွဲတိုက်ခိုက်လို့ နှစ်ဦးသေ


စစ်ကိုင်းတိုင်း မုံရွာ-အရာတော် လမ်းပိုင်းတစ်နေရာမှာ ပဒေသာမိုင်းငါးလုံးနဲ့ စကစတပ်များကို ဖောက်ခွဲတိုက်ခိုက်လို့ နှစ်ဦးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့က သံချပ်ကာ ကားတစ်စီးဖြင့်တက်လာသော်လည်း သတင်းစီးဆင်းမှု နောက်ကျ သဖြင့်လွတ်မြောက်သွားခဲ့သော်လည်း ဒုတိယကားတစ်စီးမှာ မိုင်းမိခဲ့တယ်လို့ God Of Monywa People Defence Force ကဆိုပါတယ်။

"ယမန်နေ့ကမုံရွာ - အရာတော်လမ်းပိုင်းတစ်နေရာ၌ မုံရွာမှအရာတော် သို့ သံချပ်ကာ ကားတစ်စီးဖြင့် တက်လာသော်လည်း သတင်းစီးဆင်းမှု နောက်ကျ သဖြင့် လွတ်မြောက်သွားခဲ့ပါတယ်။ မိနစ် အချိန်ကြာမြင့်ပြီးနောက် ခွေးကားတစ်စီးထပ်တက်လာ‌သောကြောင့် သေချာပြုစုထားသော အုန်းသီး () လုံးအား ကျွေးမွေးခဲ့ရာ ထိုနေရာပင် ကားထိုးရပ်သွား၍ စကစတပ်များ အထိနာပြီး ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပါတယ်။ မုန့်ဟင်းခါးပွဲ () ပွဲ၊ အတိအကျ ရရှိ၍ မနူးမနပ်ပွဲရေ များနိုင်တယ်လို့ ကျွန်ုပ်တို့ ရဲဘော်များ၏ မျက်မြင် ပြောဆိုချက်အရ သိရှိရပါတယ်" လို့ ဆိုပါတယ်။ စစ်ဆင်ရေး အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၏ တပ်ရင်း () တပ်ခွဲ () မှ God Of Monywa People Defence Force, Red Eagle People Defence Force နှင့် ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment