22nd AUG 2022 - Evening Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ယနေ့ဆင်နွှဲနေသော ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းသစ်ကိုရေးထိုးမယ့် တော်လှန်ရေးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်

📌 ၂။ ဒုက္ခသည်တွေကို စစ်ကောင်စီကရန်သူလိုသဘောထားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်

📌 ၃။ ယခုအချိန်အထိ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ CDM အင်အား သိန်းနဲ့ချီ ရှိနေတုန်းပဲလို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း အသိပေးပြောကြား

📌 ၄။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် Suangdawn ကုတင် (၅၀) ဆံ့ ဆေးရုံဖွင့်လှစ်

📌 ၅။ အကြမ်းဖက် စစ်တပ်ဟာ စီးပွားရေးကို မလုပ်တတ်ရုံမက တိုင်းပြည်ကိုပါ သူခိုးစျေးနဲ့ရောင်းချခဲ့တယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ထုတ်ဖော်ပြောကြား

📌 ၆။ ယနေ့မနက် PDf gangaw တပ်ခွဲစခန်းနဲ့စခန်းရှိ ရိက္ခာ များအားစကစတပ်က မီးရှို့ဖျက်ဆီး

📌 ၇။ ယင်းမာပင်မြို့နယ်ကပိုင်ကျေးရွာနှင့် သီးကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ကာအရပ်သား ဦး သတ်ဖြတ်ထားခဲ့

📌 ၈။ အမေ့လက်ဆောင်၊ အမေ့ယပ်တောင် Campaign မှလက်မှတ်ပေါင်း နှစ်သောင်းကျော် ရောင်းချရထားပြီးတော့အမေရိကန်ဒေါ်လာ သိန်းကျော် ရရှိထား

📌 ၉။ NUG အစိုးရ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျေးရွာစာသင်ကျောင်းဖွင့်လှစ်နိုင်ရန် သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးအဖွဲ့နဲ့ရဲဘော်များ ကျောင်းနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ယနေ့ဆင်နွှဲနေသော ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းသစ်ကိုရေးထိုးမယ့် တော်လှန်ရေးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်


ယနေ့ဆင်နွှဲနေသော ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းသစ်ကိုရေးထိုးမယ့် တော်လှန်ရေးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သြဂုတ်လအတွင်းကျင်းပတဲ့ တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ အထူးစစ်ပညာသင်တန်းဆင်းပွဲသို့ပေးပို့တဲ့သဝဏ်လွှာမှာ ဝန်ကြီးကထည့်သွင်းပြောကြားခဲ့တာပါ။


"ယနေ့ဆင်နွှဲနေသော ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းသစ်ကိုရေးထိုးမယ့် တော်လှန်ရေးဖြစ်တယ်။ဒီတော်လှန်ရေးမှာ ပါဝင်ခွင့်ရခြင်းဟာ ငါတို့အားလုံးအတွက် ဂုဏ်ယူစရာဖြစ်တယ်။ဒီတော်လှန်ရေးအောင်မြင်တဲ့အထိ ဆင်နွှဲရန်မှာ ငါတို့အားလုံးရဲ့တာဝန်ဖြစ်တာကို မှတ်ယူရမယ်။ အခုအခါ PDF ဟာ မြန်မာပြည်သူများရဲ့မျှော်လင့်ချက်ဖြစ်တယ်။ PDF ဟာ ပြည်သူ့တော်လှန်ရေးရဲ့အသက် ဝိညာဥ်ဖြစ်လာတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၂။ ဒုက္ခသည်တွေကို စစ်ကောင်စီကရန်သူလိုသဘောထားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်


ဒုက္ခသည်တွေကို စစ်ကောင်စီကရန်သူလိုသဘောထားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်ပါတယ်။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန မှ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အမေ့လက်ဆောင်အမေ့ယပ်တောင် Campaign မှာ ပြောကြားခဲ့ပါတယ်။


"ဒုက္ခသည်တွေကို စစ်ကောင်စီက ရန်သူလိုသဘောထားတာဖြစ်တယ်။ ရန်သူလို သဘောထားတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ကူညီတဲ့အခါ ကျနော်တို့ကိုလည်း ရန်သူလိုပဲသဘောထားတယ်။ကျနော်တို့က တကယ်တော့ လူသားချင်းစာနာစိတ်နဲ့ဘယ်လိုပဲ ကူညီ၊ကူညီ ကျနော်တို်က ရန်သူနဲ့အမြဲ ရင်ဆိုင်ပြီးတော့ ပြည်သူ့ဒုက္ခကို ကိုယ့်ဒုက္ခလိုသဘောထားပြီးကူညီနေရတာဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၃၁.၄၉) သန်းကို NUG အစိုးရက ထောက်ပံ့ပေးရာတွင် စစ်ကိုင်းတိုင်း၊ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးတို့ကို အများဆုံးထောက်ပံ့မှုပြုလုပ်နိုင်ခဲ့ပါတယ်။


========================


📌📌 ၃။ ယခုအချိန်အထိ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ CDM အင်အား သိန်းနဲ့ချီ ရှိနေတုန်းပဲလို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း အသိပေးပြောကြား


ယခုအချိန်အထိ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ CDM အင်အားသိန်းနဲ့ချီရှိနေတုန်းပဲလို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကသြဂုတ်လအတွင်းမှာ တော်လှန်ရေးအခြေအနေနဲ့ပတ်သက်လို့ အသိပေးပြောထားပါတယ်။


"အခုထိ CDM အင်အားစုက အားကောင်းဆဲပါ။ သူတို့တစ်တွေဟာ တော်လှန်ရေးမှာ ရရာအလုပ်၊ ကျရာကဏ္ဍမှာ ပါဝင်နေ ကြတုန်း။ စကစထုတ်ပြန်ချက်တွေအရတော့ ထောင်ဂဏန်းပဲ Non တွေပြန်ဖြစ်ကြတယ်။ သေချာတာက CDM အင်အား သိန်းချီရှိနေတုန်းပါ။ ခိုင်မာတဲ့စိတ်တွေနဲ့ တော်လှန်နေကြတုန်း။ နိုင်ငံတကာ မီဒီယာတွေက တော်လှန်ရေးအစမှာ စကစကို ပြည်သူ့တော်လှန်ရေးသမားတွေမတိုက်နိုင်ဘူး။ စကစရဲ့ ဖြိုခွင်းနှိပ်စက်မှု အောက်မှာ ခဏလေးနဲ့ ပျောက်ကွယ်သွားမယ်လို့ မှန်းဆတွက်ချက်ခဲ့ကြတယ်။ အခုတော့ NUG နဲ့ PDF တွေကို စကစဘယ်လိုမှ မနိုင်နိုင်တော့ဘူးဆိုပြီး ပြောင်းပြောလာကြပြီ။ ဒါဟာတော်လှန်ရေးခရီး အောင်မြင်မှုတစ်ခုပါပဲ"လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းအများဆုံးပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် Suangdawn ကုတင် (၅၀) ဆံ့ ဆေးရုံဖွင့်လှစ်


ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် Chin National Organization (CNO) ကျန်းမာရေးဌာနမှ ကြီးမှူးသည့် Suangdawn ကုတင်(၅၀)ဆံ့ ဆေးရုံဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၀)ရက် နံနက်(၁၀)နာရီက ကျင်းပခဲ့ပါတယ်။


အဆိုပါအခမ်းအနားမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်း ဦးဆောင်၍ ချင်းအမျိုးသားအလံအလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲ‌ဘော်များအား အလေးပြုခြင်း၊ ချင်းအမျိုးသားသီချင်းသီဆိုကာ ဒေသခံဆရာတော်မှ ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့ကာ  CNO အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် ICNCC မှ ပေးပို့သည့်သဝဏ်လွှာကို CNO တွဲဖက်အတွင်းရေးမှူး() ဆလိုင်းဂျိုးဆက်မှ ဖတ်ကြားခဲ့ပါတယ်။


ယခုဖွင့်လှစ်သည့် ဆေးရုံဟာ ၂၀၂၁ ခုနှစ် CNO/CNDF ဖွဲ့စည်းခဲ့သည့်အချိန်မှ စတင်ပြီး ဆေးကုသပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ဆေးရုံအဖြစ်သို့တိုးချဲ့ကာ PDF-kalay ဆရာဝန်များနှင့် ပူးပေါင်းလက်တွဲပြီး ဒဏ်ရာရရဲဘော်များကို ခွဲစိတ်ကုသခြင်း၊ ကလေး မီးဖွားပေးခြင်းနှင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဝန်ဆောင်မှု ပေးအပ်လျက်ရှိပါတယ်။


========================


📌📌 ၅။ အကြမ်းဖက် စစ်တပ်ဟာ စီးပွားရေးကို မလုပ်တတ်ရုံမက တိုင်းပြည်ကိုပါ သူခိုးစျေးနဲ့ရောင်းချခဲ့တယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ထုတ်ဖော်ပြောကြား


အကြမ်းဖက် စစ်တပ်ဟာ စီးပွားရေးကို မလုပ်တတ်ရုံမက တိုင်းပြည်ကိုပါ သူခိုးစျေးနဲ့ရောင်းချခဲ့တယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လစဥ်ဆွေးနွေးပွဲ () - “တော်လှန်ပြည်သူတို့ သိသင့်တဲ့ ဓာတ်သတ္တုကဏ္ဍအကြောင်းအရာများဆွေးနွေးပွဲမှာ ဒုဝန်ကြီးအိသဉ္ဇာမောင်က ပြောကြားခဲ့ပါတယ်။


"နံပါတ်တစ် ပြောရရင် စစ်တပ်က တကယ်ကို စီးပွားရေးမလုပ်တတ်ဘူး။ဘညခို့မလုပ်တတ်သလဲဆိုရင် တစ်သက်လုံးသူက ခိုးလာတာဖြစ်တယ်။စီးပွားရေးမလုပ်တတ်တော့ တိုင်းပြည်ကို သူခိုးနည်းနဲ့ရောင်းစားတာပေါ့။ရောင်းစားတာကိုမှ သူခိုးစျေးနဲ့ပဲရောင်းတာ။ကျောက်စိမ်းကိုအရည်အသွေးကောင်းအောင်သူမလုပ်မတတ်ဘူး။နည်းပညာမရှိဘူး"လို့ ဆိုပါတယ်။ ဒါ့အပြင် ကျောက်စိမ်းထွက်ရာဒေသများမှာ စစ်သားနဲ့ရဲ အုပ်ချုပ်ရေးမှူးဖြစ်ချင်သူအလွန်ပေါကာ လာဘ်ပေးလာဘ်ယူ လုပ်ရန် လွယ်ကူ၍ဖြစ်ကြောင်း လမ်းပိုင်းတွင် ဂိတ်များထား၍ ပိုက်ဆံထိုင်တောင်းလေ့ရှိကြောင်း ဒုဝန်ကြီးက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၆။ ယနေ့မနက် PDf gangaw တပ်ခွဲစခန်းနဲ့စခန်းရှိ ရိက္ခာ များအားစကစတပ်က မီးရှို့ဖျက်ဆီး


ယနေ့မနက် PDf gangaw တပ်ခွဲစခန်းနဲ့စခန်းရှိ ရိက္ခာ များအားစကစတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ပိုင်းမှာ စကစတပ်က ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။


"ယနေ့မနက် 10:00 AM အချိန် PDf gangaw တပ်ခွဲ 12 စခန်းနဲ စခန်းရှိ ရိက္ခာများအား မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင်အောင်မြင်ရွာသို့ စကစတပ်ဘက်မှ လက်နက်ကြီးများ စစ်လက်များ ပစ်ခတ်ဝင်ရောက်သဖြင့် လူနေအိမ်များကို ကျည်များထိမှန်ခဲ့တယ်လို့ PDF-GANGAW-တောင်ပိုင်း   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖော်ပြပါတယ်။


========================


📌📌 ၇။ ယင်းမာပင်မြို့နယ်ကပိုင်ကျေးရွာနှင့် သီးကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ကာအရပ်သား ဦး သတ်ဖြတ်ထားခဲ့


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ကပိုင်ကျေးရွာနှင့် သီးကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ကာအရပ်သား ဦး သတ်ဖြတ်ခံရတယ်လို့ သတင်းရရှိပါတယ်။ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာမှ စစ်ကြောင်းဟာ  August ၁၈ ရက်နေ့ ညနေ နာရီဝန်းကျင်မှစ၍ ၂၀ ရက်နေ့အထိ ကပိုင်ရွာနှင့်သီးကုန်းရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များထံကသိရပါတယ်။


အဆိုပါ စကစတပ်များမီးရှို့ဖျက်ဆီးခဲ့မှုမှာ အိမ်ထောင်စု ၁၂၁ စုခန့် မီးလောင်ဆုံးရှူံးခဲ့ပြီး အိမ်ထောင်စု စုလျှင် လူနေအိမ်၊ မီးဖိုဆောင်နှင့် သီးနှံသိုလှောင်ရုံအပါအဝင် အဆောက်အဦး လုံးအနည်းဆုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ မီးလောင်ဆုံးရှုံးမှုတွင်   အပြစ်မဲ့ပြည်သူများ၏  အိုးအိမ်စည်းစိမ်များ အပါအဝင်အသက်မွေးဝမ်းကျောင်း   ပြုရာတွင်အသုံးပြုသော  လယ်ယာသုံးစက်ပစ္စည်းများ မီးစက်ရေစက်များပါမီးလောင်ပျက်စီးခဲ့တာပါ။ ကပိုင်ကျေးရွာနှင့် သီးကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်စီးမှုတွင် အပြစ်မဲ့ ပြည်သူ ဦးကို စစ်အကြမ်းဖက်အုပ်စုက သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၈။ အမေ့လက်ဆောင်၊ အမေ့ယပ်တောင် Campaign မှလက်မှတ်ပေါင်း နှစ်သောင်းကျော် ရောင်းချရထားပြီးတော့အမေရိကန်ဒေါ်လာ သိန်းကျော် ရရှိထား


အမေ့လက်ဆောင်၊ အမေ့ယပ်တောင် Campaign မှလက်မှတ်ပေါင်း နှစ်သောင်းကျော်  ရောင်းချထားရပြီးတော့ အမေရိကန်ဒေါ်လာ သိန်းကျော် ရရှိထားပါတယ်။ သြဂုတ်လအတွင်းမှာ အမေ့လက်ဆောင်၊ အမေ့ယပ်တောင် Campaign မှအသိပေးဆိုပါတယ်။


"အမေ့လက်ဆောင်၊ အမေ့ယပ်တောင် Campaign ကို ဩဂုတ်လ (၂၄) ရက်နေ့အထိ လက်မှတ်များရောင်းချသွားမယ်လို့ တရားဝင်ကြေငြာထားပြီးဖြစ်ပါတယ်။ ဩဂုတ်လ (၂၆)ရက်နေ့မှာ ရောင်းချပြီးသွားတဲ့ လက်မှတ်နံပါတ်တွေထဲကမှ လက်မှတ်နံပါတ်တစ်ခုတည်းကိုသာ မဲနှိုက်ရွေးချယ်သွားမှာဖြစ်ပြီး ကံထူးသွားတဲ့သူတစ်ဦးတည်းကိုသာ အမေ့ယပ်တောင်လေးကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ဩဂုတ်လ () ရက်နေ့ကနေ ယနေ့အချိန်ထိ ဒီ Campaign မှာ ပါဝင်ကြတဲ့ နိုင်ငံတကာက Fundraiser တွေဆီကနေတဆင့် လက်မှတ်ပေါင်း သောင်းကျော် ရောင်းချထားပြီးဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ သိန်းကျော် ရရှိထားပြီးဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင် လတ်တလော မှားယွင်းထွက်ပေါ်လာတဲ့ အမေ့ယပ်တောင်ကို သိန်း (၅၀) နဲ့ လေလံအောင်သွားကာ ဒေါ်လာ ,၆၀၀ ရရှိတာတွေ အရောင်းပိတ်လိုက်ပြီ ဆိုတာတွေဟာ သတင်းမှားတွေ ပြန့်နှံ့နေတာပဲဖြစ်ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ NUG အစိုးရ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျေးရွာစာသင်ကျောင်းဖွင့်လှစ်နိုင်ရန် သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးအဖွဲ့နဲ့ရဲဘော်များ ကျောင်းနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်


NUG အစိုးရ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျေးရွာစာသင်ကျောင်းဖွင့်လှစ်နိုင်ရန် သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးအဖွဲ့နဲ့ရဲဘော်များ ကျောင်းနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးကအသိပေးဆိုပါတယ်။


"မနေ့က NUG က ကျေးရွာတစ်ရွာမှာ စာသင်ကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက်  ကျေးရွာ စာသင်ကျောင်း တစ်ခုအား B.H.S.R.F တပ်ဖွဲ့နှင့် NK PDF တို့ ပူးပေါင်းပြီး ကျောင်းသန့်ရှင်းရေးလုပ်ကိုင် ဆောင်ရွက်ခဲ့ကြပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းက သုံးဆယ့်ခြောက်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့အုပ်ချုပ်ရေးကိုဖော်ဆောက်လျက်ရှိပြီး ပညာရေး၊ကျန်းမာရေး၊အုပ်ချုပ်ရေးစနစ်များကိုပါထူထောင်လျက်ရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment