22nd AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၂၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမေ့လက်ဆောင်အမေ့ယပ်တောင် Campaign မှ ရရှိလာမယ့် အလှူငွေများကိုမီးရှို့ဒဏ်ခံပြည်သူများအတွက် နေအိမ်များပြန်လည်တည်ဆောက်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၂။ စစ်ကောင်စီ အင်အားတော်တော်ချိနဲ့နေပြီဖြစ်လို့ တော်လှန်အင်အားစုများ သွေးမကွဲဖို့လိုတယ်လို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို

📌 ၃။ လက်နက်များနှင့်အတူ CDM ဝင်ရောက် ပူးပေါင်းလာသည့် တပ်သား () ဦးအား NUG အစိုးရမှ ထောက်ပံ့ပေးသည့် ဂုဏ်ပြုငွေများအား ချီးမြှင့်ပေးခဲ့

📌 ၄။ -မှတ် ဇာတ်လမ်းတိုအဖွဲ့သားများထံမှ ထောက်ပို့ငွေကျပ်သိန်းငါးဆယ်ကျပ်အား မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့လက်ခံရရှိ

📌 ၅။ Spring Yangon ရဲ့ စီမံကိန်း တွေထဲမှာ ရန်ကုန်မြို့တော်ရဲ့ အကောင်းဆုံး မြေနေရာတွေဖြစ်တဲ့ ရွှေတိဂုံဘုရားနဲ့ ကန်တော်ကြီး တဝိုက်က စစ်တပ်ပိုင်မြေတွေပါဝင်တယ်လို့အသိပေး

📌 ၆။ ဝေဟင်ကနေပျံသန်းဖို့ Project Skywalk ရဲ့ Skywalker ​တွေက ဟန်ချက်ညီညီနဲ့အဆင်သင့်ဖြစ်နေပြီလို့ဆို

📌 ၇။ YDF PMR အဖွဲ့မှပစ်စင်ပေါ်တင်ပစ်တဲ့ ရော့ကတ်ကို ထုတ်လုပ်အောင်မြင်ပြီးနောက်ပိုင်း P2( AP2) လက်နက်ကြီးထပ်မံထုတ်လုပ်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေ့လက်ဆောင်အမေ့ယပ်တောင် Campaign မှ ရရှိလာမယ့် အလှူငွေများကိုမီးရှို့ဒဏ်ခံပြည်သူများအတွက် နေအိမ်များပြန်လည်တည်ဆောက်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား


အမေ့လက်ဆောင်အမေ့ယပ်တောင် Campaign မှ ရရှိလာမယ့် အလှူငွေများကိုမီးရှို့ဒဏ်ခံပြည်သူများအတွက် နေအိမ်များပြန်လည်တည်ဆောက်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားပါတယ်။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန မှ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အမေ့လက်ဆောင်အမေ့ယပ်တောင် Campaign မှ ရရှိလာမယ့် အလှူငွေများကို အသုံးချမယ့်အစီအစဥ်ကို သြဂုတ်လအတွင်းပြောပါတယ်။


"မိမိတို့ရဲ့အိုးအိမ်တွေကို အများဆုံးမီးရှို့ခံရတဲ့စစ်ကိုင်း၊မကွေး၊ ချင်းနဲ့ကရင်နီပေါ့။ ဒီဒေသမှာရှိတဲ့ ပြည်သူတွေဆီ အထောက်အပံ့တွေရောက်အောင်ထောက်ပံ့မှာဖြစ်ပါတယ်။ ကြိုတင်စာရင်းကောက်ရလို့ ပြီးခဲ့တဲ့လအလယ်အထိပေါ့ မြို့နယ်ပေါင်းခြောက်ဆယ့်ငါးမြို့နယ်မှာ အိမ်ပေါင်း နှစ်သောင်းရှစ်ထောင် သုံးရာ့ ခုနစ်ဆယ့်ခုနစ်လုံး အခုဆိုရင်သုံးသောင်းကျော်ပြီ။ အဲဒီလို မီးရှို့ဒဏ်ခံရတဲ့ပြည်သူတွေအတွက် နေစရာအိမ်တွေဆောက်ပေးမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး၍ နေအိမ်မီးလောင်ဆုံးရှုံးတဲ့ပြည်သူများအတွက် နေအိမ်များကို စိုးမိုးထိန်းချုပ်နယ်မြေများတွင်နေရာခွဲကာ ပြန်လည်တည်ဆောက်ပေးမယ်လို့ သတင်းရရှိပါတယ်။ လက်ရှိမှာ မီးရှို့ဒဏ်ခံပြည်သူများအတွက် တလုံးလျှင်ငွေကျပ် သုံးသိန်းမှငါးသိန်းကုန်ကျသော ယာယီတဲများပြုလုပ်ပေးလျက်ရှိပြီးတော့ ဝန်ကြီးဌာနမှ ကျပ်နှစ်သိန်းပံ့ပိုးကာ လိုအပ်ငွေများကို ပြည်သူများလှူဒါန်းငွေနဲ့တည်ဆောက်ပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီ အင်အားတော်တော်ချိနဲ့နေပြီဖြစ်လို့ တော်လှန်အင်အားစုများ သွေးမကွဲဖို့လိုတယ်လို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို


စစ်ကောင်စီ အင်အားတော်တော်ချိနဲ့နေပြီဖြစ်လို့ တော်လှန်အင်အားစုများ သွေးမကွဲဖို့လိုတယ်လို့ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကဆိုပါတယ်။ သြဂုတ်လအတွင်း လူမှုကွန်ရက်စာမျက်နှာမှာ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကရေးသားပြောပါတယ်။


"တကယ်တော့ သူတို့ တော်တော်ကို ချိနဲ့နေပါပြီ ကျွန်တော်တို့က အချင်းချင်းသွေးကွဲစေနိုင်တဲ့၊ သွေးခွဲမှုကို ဖြစ်စေတဲ့ အရာကို အတတ်နိုင်ဆုံးရှောင်ဖို့လိုပါတယ်။ ကျွန်တော်တို့ ဆက်လက်ညီညွတ်ပြီး၊ ခိုင်ခိုင်မာမာနဲ့ တည်ဆောက်သွားကြရင် သူတို့ဒူးထောက် လက်မြောက်ရမည့် အချိန်ကို ပိုပြီးမြန်မြန်ရောက်သွားစေမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ကရင်နီဒေသ၊ကရင်ပြည်နယ်တို့မှာ အထိနာကျဆုံးလျက်ရှိပြီးတော့ လေကြောင်းပစ်ကူနဲ့မြေပြင်စစ်ကြောင်းထိုးနေရပါတယ်။

========================


📌📌 ၃။ လက်နက်များနှင့်အတူ CDM ဝင်ရောက် ပူးပေါင်းလာသည့် တပ်သား () ဦးအား NUG အစိုးရမှ ထောက်ပံ့ပေးသည့် ဂုဏ်ပြုငွေများအား ချီးမြှင့်ပေးခဲ့


လက်နက်များနှင့်အတူ CDM ဝင်ရောက် ပူးပေါင်းလာသည့် တပ်သား () ဦးအား NUG အစိုးရမှ ထောက်ပံ့ပေးသည့် ဂုဏ်ပြုငွေများအား ချီးမြှင့်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လအတွင်းမှာ ပြည်သူ့ပန်းတိုင်က လက်နက်ဖြင့် CDM ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား () ဦးသတင်းကိုထုတ်ပြန်ခဲ့ပါတယ်။


"ကရင်ပြည်နယ် မြဝတီ-ဝေါ်လေဒေသတလျှောက် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်မှ တပ်သား () ဦးသည် လက်နက် () လက်ဖြင့်အတူ CDM ပြုလုပ်ကာ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) သို့ ပူးပေါင်းဝင်ရောက်လာကြောင်း ပြည်သူ့ပန်းတိုင်သို့  သတင်းပေးပို့လာပါတယ်။စစ်ကောင်စီ စအရ (၉၀၄) အင်ဂျင်နီယာတပ်မှ -***** တပ်သား အောင်အောင် နှင့် ခလရ (၂၇၅) ခြေလျင်တပ်မှ -***** တပ်သား အာကာမင်း တို့ နှစ်ဦးသည် အမ်အေ- () လက်၊ အမ်အေ- () လက်၊ ခဲယမ်းကျည် အမြောက်အများနှင့်အတူ CDM ပြုလုပ်ကာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း KNDO သို့ ဆက်သွယ် ပူးပေါင်း ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်နက်များနှင့်အတူ CDM ဝင်ရောက် ပူးပေါင်းလာသည့် တပ်သား () ဦးအား KNDO မှ နွေးထွေးစွာ ကြိုဆို ဂုဏ်ပြုခဲ့သလို၊ NUG အစိုးရမှ ထောက်ပံ့ပေးသည့် ဂုဏ်ပြုငွေများအား ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ကဆိုပါတယ်။


========================


📌📌 ၄။ -မှတ် ဇာတ်လမ်းတိုအဖွဲ့သားများထံမှ ထောက်ပို့ငွေကျပ်သိန်းငါးဆယ်ကျပ်အား မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့လက်ခံရရှိ


-မှတ် ဇာတ်လမ်းတိုအဖွဲ့သားများထံမှ ထောက်ပို့ငွေကျပ်သိန်းငါးဆယ်ကျပ်အား မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့လက်ခံရရှိခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ မြောင်အမျိုးသမီးစစ်သည်တော်က အသိပေးဆိုပါတယ်။


"ပြည်တွင်းပြည်ပမှ စုပေါင်းအားဖြင့်  -မှတ်  ဇာတ်လမ်းတိုမှ ရရှိသော တော်လှန်ငွေများဖြင့် အကြမ်းဖက် စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ​ M2W သို့ငွေကျပ် သိန်း ၅၀ (,၀၀၀,၀၀၀) တိတိ ပေးပို့သည်ကို ကောင်းမွန်စွာ လက်ခံရရှိပါတယ်"လို့ဆိုပါတယ်။ ထို့အတွက် -မှတ် ဇာတ်လမ်းတိုအဖွဲ့သားများနှင့် ဝယ်ယူအားပေးကြည့်ရှုသည့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအား အထူးပင်ကျေးဇူးတင်ရှိတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၅။ Spring Yangon ရဲ့ စီမံကိန်း တွေထဲမှာ ရန်ကုန်မြို့တော်ရဲ့ အကောင်းဆုံး မြေနေရာတွေဖြစ်တဲ့ ရွှေတိဂုံဘုရားနဲ့ ကန်တော်ကြီး တဝိုက်က စစ်တပ်ပိုင်မြေတွေပါဝင်တယ်လို့အသိပေး


Spring Yangon ရဲ့ စီမံကိန်း တွေထဲမှာ ရန်ကုန်မြို့တော်ရဲ့ အကောင်းဆုံး မြေနေရာတွေဖြစ်တဲ့ ရွှေတိဂုံဘုရားနဲ့ ကန်တော်ကြီး တဝိုက်က စစ်တပ်ပိုင်မြေတွေပါဝင်တယ်လို့ EODကအသိပေးကြေညာပါတယ်။ သြဂုတ်လအတွင်းမှာ End of Dictator ship ကဆိုပါတယ်။


"Spring Yangon ရဲ့ စီမံကိန်း တွေထဲမှာ ရန်ကုန်မြို့တော်ရဲ့ အကောင်းဆုံး မြေနေရာတွေဖြစ်တဲ့ ရွှေတိဂုံဘုရားနဲ့ ကန်တော်ကြီး တဝိုက်က စစ်တပ်ပိုင်မြေတွေ ပါဝင်ပါတယ်။ Heart of Yangon လို့ တင်စားခေါ်ဝေါ်လို့ ရတဲ့ နေရာတွေရဲ့ အကျယ်အဝန်းဟာ ၁၈၅ ဧကခန့် ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က မတရား သိမ်းပိုက်ထားတဲ့ အပြင် သူတို့နဲ့ ဆက်နွယ်တဲ့ ခရိုနီတွေ မျက်စိကျနေတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ ရွှေတိဂုံနဲ့ ကန်တော်ကြီးရဲ့ ရှိပြီးသား သဘာဝ ရေမြေကို ထိန်းသိမ်းပြီး ပိုမို စိမ်းလန်းအောင်၊ မြန်မာ့မျိုးရင်း အပင်တွေ စုံလင်အောင် စိုက်ပျိုးထားမယ့်စိမ်းလန်းနယ်မြေလျှောက်လမ်း၊ အားကစားဇုံများ၊ ပြည်သူ့ အခန်းအနားများ ကျင်းပရန် နေရာများ ပါဝင်မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အရေးအပါဆုံး တစ်ခုကတော့အနာဂတ်အတွက် အမှန်တရားကိုထုဆစ်ရင်း ကြွေလွင့်သွားတဲ့ ကြယ်တို့ရဲ့ ဗိဗ္မာန်” Spring Memorial Park ဖြစ်ပြီးတော့နွေဦးတော်လှန်ရေးပြတိုက်၊ သူရဲကောင်း မော်ကွန်းနံရံ စတဲ့ နွေဦးတော်လှန်ရေး အောင်ပွဲအတွက် အမှတ်တရ အခင်းအကျင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ပါသင့်တဲ့အရာတွေနဲ့ အကောင်အထည် ဖော်မယ့်အရာတွေကို ပြည်သူတွေရဲ့ အကြံဉာဏ် ရယူမယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ ဝေဟင်ကနေပျံသန်းဖို့ Project Skywalk ရဲ့ Skywalker ​တွေက ဟန်ချက်ညီညီနဲ့အဆင်သင့်ဖြစ်နေပြီလို့ဆို


ဝေဟင်ကနေပျံသန်းဖို့ Project Skywalk ရဲ့ Skywalker ​တွေက ဟန်ချက်ညီညီနဲ့အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။ သြဂုတ်လအတွင်းမှာ Project Skywalk ကအသိပေးဖော်ပြပါတယ်။


"အခုဆိုရင် ဝေဟင်ကနေ ဖက်ဒရယ်ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းဆီကို ဦးတည်ပျံသန်းဖို့ Project Skywalk ရဲ့ Skywalker ​တွေက ဟန်ချက်ညီညီနဲ့အဆင်သင့်ဖြစ်နေပါပြီ။ ရည်ရွယ်ရာပန်းတိုင်ဆီ အရှိန်ပြင်းပြင်းနဲ့တော်လှန်ပျံဝဲပြီး ရောက်သွားနိုင်ဖို့ "Project Skywalk" ကို မျက်​​​ခြေမပြတ်စောင့်ကြည့်ရင်း အားဖြည့်ထောက်ကူပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်"လို့ဆိုထားပါတယ်။


Project Skywalk မှာ ဒရုန်းမောင်းတဲ့ ရဲဘော်တွေကို "Skywalker"​ ​​​နေနဲ့ သုံးနှုန်းထားပါတယ်။ နည်းပညာရဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ အသွင်သဏ္ဏာန်နဲ့တော်လှန်ရေးမှာ ကျရာနေရာက ပါဝင်နေကြတဲ့ Disabled ​တွေကို ဂုဏ်ပြုပြီး Skywalker Character ကို စက်ရုပ်ခြေလက်တွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ စကစတပ်များဟာ လက်ရှိမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့်လည်းထိခိုက်သေဆုံးနေကြပါတယ်။


========================


📌📌 ၇။ YDF PMR အဖွဲ့မှပစ်စင်ပေါ်တင်ပစ်တဲ့ ရော့ကတ်ကို ထုတ်လုပ်အောင်မြင်ပြီးနောက်ပိုင်း P2( AP2) လက်နက်ကြီးထပ်မံထုတ်လုပ်


YDF PMR အဖွဲ့မှပစ်စင်ပေါ်တင်ပစ်တဲ့ ရော့ကတ်ကို ထုတ်လုပ်အောင်မြင်ပြီးနောက်ပိုင်း P2( AP2) လက်နက်ကြီးထပ်မံထုတ်လုပ်ခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ YDF PMR ကအသိပေးပြောကြားပါတယ်။


"ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိသလို တိုက်ပွဲအတွက် ထုတ်လုပ်ရေးရှိတယ် ထုတ်လုပ်မှုတွေက တစ်ဖြည်းဖြည်းအရှိန်လည်းရလာခဲ့ပါပြီ။ ပထမဆုံး ပုခုံးထမ်း‌ RPG အစားထိုး‌ နောက်ပွင့်ပုခုံးထမ်းလောင်ချာ Patriot နဲ့စတင်မိတ်ဆက်အပြီးမှာ P1 ဆိုပြီး ပစ်စင်ပေါ်တင်ပစ်တဲ့ ရော့ကတ်ကို ထုတ်လုပ်ခဲ့ပါတယ်။ ယခု နောက်ထပ် စတင်မိတ်ဆက်ရမှာတော့ Amazing P2( AP2) ပဲဖြစ်ပါတယ်"လို့ ဆိုပါတယ်။ အဆိုပါ အသစ်ထုတ်လုပ်လိုက်တဲ့လက်နက်ကြီး စမ်းသပ် ပစ်ခတ်တဲ့ရုပ်သံဖိုင်ကိုလည်း မကြာမီဖော်ပြမယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ မုံရွာမြို့နယ်၊ညောင်ဖြူပင်ရဲစခန်းကို တိုက်ခိုက်၍ညောင်ဖြူပင်ရဲစခန်းမှစကစတပ်နဲ့ရဲ အနည်းဆုံးငါးဦးသေဆုံး


မုံရွာမြို့နယ်၊ညောင်ဖြူပင်ရဲစခန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ဆားလင်းကြီး)မှ Aung San Force အဖွဲ့နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပါတယ်။ သြဂုတ်လ ၂၁ ရက်မနက် ၁၁ နာရီ ၄၈ အချိန်ခန့်တွင် မုံရွာမြို့နယ်၊ညောင်ဖြူပင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်ကဆိုပါတယ်။


"သြဂုတ်လ ၂၁ ရက် ၁၁:၄၈ အချိန်ခန့်တွင် မုံရွာမြို့နယ်၊ညောင်ဖြူပင်ရဲစခန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ဆားလင်းကြီး)မှ Aung San Force အဖွဲ့နှင့် ပူးပေါင်း၍ မစ်ရှင်လုပ်ခဲ့ပါသည်။ ကားဖြင့် စခန်းရှေ့ထိ သွား၍ ဝါး ပြန်သာသာအကွာလောက်မှ အနီးကပ်လုပ်ခဲ့ရာ  ညောင်ဖြူပင်ရဲစခန်းမှ Guns လက်နှင့်ထိုင်စောင့်နေသော လှရွှေနှင့်စကစ အနည်းဆုံး ယောက်ကို အင်အားလျှော့ချနိုင်ခဲ့ပါတယ်"တယ်လို့ ဆိုပါတယ်။


ယင်းမစ်ရှစ်မှာ ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) မှ ပြည်သူ့ရဲဘော်၂ ယောက် ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ဘောက် ကျကျန်ဆုံးရှုံးခဲ့ပါတယ်။ ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေဖြင့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီ၊ ပေါက် စသည့်မြို့နယ်များထိ  စစ်ရေးလှုပ်ရှားလျက်ရှိတယ်လို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment