28th AUG 2022 - Evening Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မီးရှို့ဒဏ်ခံ ပြည်သူတွေရဲ့ ရင်ထဲက "ခံပြင်းစိတ်" တွေကြောင့် နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမယ်ဆိုတဲ့ "ပြင်းပြတဲ့ ဆန္ဒ"တွေ ဖြစ်ပေါ်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဆို

📌 ၂။ စစ်ကောင်စီဟာ စိတ်ဓာတ်မူမမှန်ဘူးလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြားလိုက်

📌 ၃။ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးဆိုးရွားရွားပြန်ကြုံတွေ့နေရတယ်လို့ အလုပ်သမားဒုဝန်ကြီးဆို

📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက် ကံစမ်းမဲလက်မှတ်များ ၇၂ နာရီအတွင်း အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ဖိုးရောင်းချရ

📌 ၅။ ပြည်သူလူထုထောက်ပို့ငွေနဲ့  Wolf Guerrilla (ဝံပုလွေ)အဖွဲ့သားများမှမိုင်း (၁၂) လုံးနှင့် အီနာဂါ (၁၀) လုံးထုတ်လုပ်အောင်မြင်

📌 ၆။ မြိုင်မြို့နယ် ဝယ်တောင်ရွာကို မီးရှို့ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်

📌 ၇။ 'မြို့စောင့်ရိုင်ဖယ်' ဆိုတဲ့ M-16 () လက်ဝယ်ယူနိုင်ရေးကမ်ပိန်းတစ်ခုကို ပြည်သူလူထုများအင်နဲ့အားနဲ့ပါဝင်ဖို့ DMO LPDF တပ်ရင်း E ကတိုက်တွန်း

📌 ၈။ 'အားလုံးလွတ်မြောက်ဖို့ ဒို့အတူတော်လှန်စို့' တစ်နှစ်ပြည့် နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှား မှုကို လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီးများလှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မီးရှို့ဒဏ်ခံ ပြည်သူတွေရဲ့ ရင်ထဲက "ခံပြင်းစိတ်" တွေကြောင့် နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမယ်ဆိုတဲ့ "ပြင်းပြတဲ့ ဆန္ဒ"တွေ ဖြစ်ပေါ်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဆို


မီးရှို့ဒဏ်ခံ ပြည်သူတွေရဲ့ ရင်ထဲက "ခံပြင်းစိတ်"တွေကြောင့် နွေဦးတော်လှန်ရေး  အောင်ကိုအောင်ရမယ်ဆိုတဲ့ "ပြင်းပြတဲ့ ဆန္ဒ"တွေ ဖြစ်ပေါ်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကသြဂုတ်လအတွင်း ကျင်းပတဲ့ အမေ့လက်ဆောင် အမေ့ယပ်တောင် ကံစမ်းပွဲပိတ်ပွဲမှာဝန်ကြီး ကပြောကြားခဲ့ပါတယ်။


"မီးရှို့ဒဏ်ခံ ပြည်သူတွေရဲ့ ရင်ထဲက "ခံပြင်းစိတ်"တွေကြောင့် ဒီတော်လှန်ရေး အောင်ကိုအောင်ရမယ်ဆိုတဲ့ "ပြင်းပြတဲ့ ဆန္ဒ"တွေ ဖြစ်ပေါ်လာပါတယ်။ဒါတော်လှန်ရေးရဲ့ အကြီးမားဆုံး "ခွန်အား"ပါ။ဒါပေမယ့် သူတို့ရဲ့ ရင်ထဲမှာတော့ ဖော်မပြနိုင်တဲ့ ပူလောင်သောက အပြည့်ရှိပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ်နဲ့ ကရင်နီဒေသတို့မှာ စကစတပ်များဟာ အရပ်သားနေအိမ်များကိုမီးရှို့ဖျက်ဆီးမှု အလုံးရေ သုံးသောင်းကျော်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီဟာ စိတ်ဓာတ်မူမမှန်ဘူးလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြားလိုက်


စစ်ကောင်စီဟာ စိတ်ဓာတ်မူမမှန်ဘူးလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြားလိုက်ပါတယ်။ သြဂုတ်လအတွင်း တော်လှန်ရေးအခြေအနေနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ ရေးသားပြောကြားရာမှာ ပညာရေးဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကထည့်သွင်းပြောပါတယ်။


"မိုက်ရင်ထွက်ခဲ့ဆိုပြီး လူထုကို စိန်ခေါ်တယ်။ ဒီလိုစိန်ခေါ်သူတွေက နိုင်ငံနဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ အဖွဲ့အစည်းပဲဖြစ်တယ်။ လူများစွာကို ဖမ်းဆီး၊ သတ်ဖြတ် ခံခဲ့ပြီးတဲ့နောက် ပြည်သူတွေဟာ တူမီးသေနတ်နဲ့ လက်နက်ကိုင်လမ်းစဉ်ကို စခဲ့တယ်။ ဒါဟာမိမိကိုယ်ကိုယ်ကာကွယ်ဖို့သာဖြစ်တယ်။  သူတို့ကတော့ ပြည်သူတွေဆူပူလို့၊ နိုင်ငံမတည်ငြိမ်လို့ဆိုပြီးအကြောင်းပြတယ်။ ဒီလိုပါပဲ စိတ်ဓါတ်မမှန်၊ မူမမှန်တဲ့ သူတွေကတော့ လိပ်ကိုဂျပိုးဖြစ်အောင်၊ ဂျပိုးကိုလိပ်ဖြစ်အောင် ပြောပြီး ကိုယ့်အမှားကို ဖုံးဖိဖို့အတွက် သူတပါးကို အပြစ်ဖို့ခဲ့ကြတာပဲလေ" လို့ ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ လက်ရှိမှာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီးလူပေါင်းနှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၃။ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးဆိုးရွားရွားပြန်ကြုံတွေ့နေရတယ်လို့ အလုပ်သမားဒုဝန်ကြီးဆို


စစ်ကောင်စီလက်အောက်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးဆိုးရွားရွားပြန်ကြုံတွေ့နေရတယ်လို့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီကဆိုပါတယ်။ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံနေရတာနဲ့ပတ်သက်လို့ သတင်းဌာနတစ်ခုကို ဒုဝန်ကြီးကဖြေကြားခဲ့ပါတယ်။


"ပြည်တွင်းမှာရှိနေတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုကတော့ တော်တော်ကြီးကို ဆိုးဆိုးရွားရွားပြန်ကြုံနေရပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၁၂ ခုနှစ် မတိုင်ခင်အခြေအနေကို ပြန်ပြီးတော့ရင်ဆိုင်နေရတယ်။၂၀၁၀နဲ့၁၂ကြားပေါ့။အဲဒီမတိုင်ခင်က အလုပ်သမားအခွင့်အရေးဘာတစ်ခုမှ မရှိဘူး။ အချိန်ပိုဆင်းရတာတွေ၊ အလုပ်သမား သမဂ္ဂ ဖွဲ့တာတွေ အဲဒီလိုအခက်အခဲအခြေအနေကို အခုပြန်ကြုံနေရတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အလုပ်သမားများအား ညအချိန်ပိုဆင်းခိုင်းရာတွင် အချိန်ပိုကြေးအပြည့်မပေးခြင်းနဲ့ အလုပ်သမားလုံခြုံရေးအပါအဝင် စတာတွေကို အလုပ်ရှင်တွေက ထည့်မတွက်တော့ဘူးလို့ဆိုပါတယ်။ လက်ရှိမှာအလုပ်သမားအခွင့်ရေးချိုးဖောက်ခံနေရတာတွေကို NUG အစိုးရအဖွဲ့အလုပ်သမားဝန်ကြီးဌာနရဲ့ " တိုင်ကြားယန္တယား" အစီအစဉ်မှာ စတင်တိုင်ကြားနိုင်ပြီဖြစ်ပါတယ်။


========================


📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက် ကံစမ်းမဲလက်မှတ်များ ၇၂ နာရီအတွင်း အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ဖိုးရောင်းချရ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက် ကံစမ်းမဲလက်မှတ်များ ၇၂ နာရီအတွင်း အမေရိကန်ဒေါ်လာ ငါးသိန်းသုံးသောင်း ရှစ်ထောင့် လေးရာဖိုးရောင်းချနိုင်ခဲ့ကြောင်းကိုသြဂုတ်လ ၂၈ ရက်မှာတော်လှန်ရေး ရန်ပုံငွေရှာဖွေပေးသူ မပန်ဆယ်လိုက အတည်ပြုဆိုထားပါတယ်။


"၇၂ နာရီအတွင်း အတွင်း လက်မှတ်အ‌စောင်ရေ5384 စောင်၊သုံးရက်အတွင်း အမေရိကန်ဒေါ်လာ ငါးသိန်းသုံးသောင်း ရှစ်ထောင့် လေးရာ Fundraise လုပ်နိုင်ခဲ့ပါတယ်။အမေ့သား ကိုထိန်လင်းရဲ့လက်ရာ သစ်ထွင်းပန်းချီလေးရဲ့ လက်မှတ်လေးတွေ ကို ချစ်ခြင်းမေတ္တာအားဖြင့် စံချိန်တင်ပါဝင်ဝယ်ယူပေးကြတဲ့အတွက် အထူးပင် ကျေးဇူးတင်ရပါတယ်"လို့ဆိုပါတယ်။


ကံစမ်းမဲလက်မှတ်အများဆုံးဝယ်ယူတဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီးတော့ ဒုတိယအများဆုံးမှာ USနဲ့UKနိုင်ငံတို့ဖြစ်တယ်လို့ဆိုပါတယ်။ မဲလက်မှတ်ရောင်းချရငွေအားလုံးကို မတရားမှုကို တော်လှန်ဖို့နဲ့ ဘေးဒဏ်သင့်ပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဆန်ရေ အမည်ရှိ သစ်ထွင်းပန်းချီရဲ့ ကံထူးသူကို ကိုထိန်လင်းကိုယ်တိုင် Live နဲ့ မဲနှိုက်ပေးသွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၅။ ပြည်သူလူထုထောက်ပို့ငွေနဲ့  Wolf Guerrilla (ဝံပုလွေ)အဖွဲ့သားများမှမိုင်း (၁၂) လုံးနှင့် အီနာဂါ (၁၀) လုံးထုတ်လုပ်အောင်မြင်


ပြည်သူလူထုထောက်ပို့ငွေနဲ့  Wolf Guerrilla (ဝံပုလွေ)အဖွဲ့သားများမှမိုင်း (၁၂) လုံးနှင့် အီနာဂါ (၁၀) လုံးထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ သြဂုတ်လ၂၈ ရက် မနက်ခင်းမှာ Wolf Guerrilla (ဝံပုလွေ)အဖွဲ့သားများမှ အသိပေးဖော်ပြပါတယ်။


"ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းလှူဒါန်းမှုဖြင့်ကျနော်တို့ Wolf Guerrilla (ဝံပုလွေ) အဖွဲ့သားများမှမိုင်း (၁၂) လုံးနှင့် အီနာဂါ (၁၀) လုံးထုတ်လုပ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ရှေ့ဆက်ပြီး ဆက်လက်ထုက်လုပ်နိုင်ဖို့ရန်အတွက်လိုအပ်လျက်ရှိသော ပစ္စည်းများကို ဝယ်ယူနိုင်ရန်အတွက်လည်းပြည်သူလူထုတစ်ရပ်လုံး၏ ကူညီပံ့ပိုးမှုလည်း လိုအပ်ပါတယ်လို့ဆိုပါတယ်။ Wolf Guerrilla (ဝံပုလွေ) အဖွဲ့ဟာ စစ်အာဏာရှင် စနစ်ကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။


========================


📌📌 ၆။ မြိုင်မြို့နယ် ဝယ်တောင်ရွာကို မီးရှို့ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်


မကွေးတိုင်း မြိုင်မြို့နယ် ဝယ်တောင်ရွာကို မီးရှို့ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ သြဂုတ်လ ၂၇ ရက်  နံနက် (၁၀) နာရီခွဲခန့်တွင် ဝယ်တောင်()ရွာမှ မီးရှို့ထွက်ခွာလာသောအကြမ်းဖက်စစ်ကောင်စီတပ်သား(၁၂၀)ခန့်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  God of Myaing People’s Defence Forceကဆိုပါတယ်။


" ဩဂုတ်လ (၂၇) ရက်နေ့ နံနက်(၁၀)နာရီခွဲခန့်တွင် ဝယ်တောင်()ရွာမှ မီးရှို့ထွက်ခွာလာသောအကြမ်းဖက်စစ်ကောင်စီတပ်သား (၁၂၀) ခန့်ကို God of Myaing People’s Defence Force, ပုလဲတပ်ရင်း () , 7 Star တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု () နာရီခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရနိုင်ခြေရှိပြီး အကျအဆုံးမသိရသေးဘူးလို့ဆိုပါတယ်။ ပြည်သူ့ရဲဘော်များအကျအဆုံးမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၇။ 'မြို့စောင့်ရိုင်ဖယ်' ဆိုတဲ့ M-16 () လက်ဝယ်ယူနိုင်ရေးကမ်ပိန်းတစ်ခုကို ပြည်သူလူထုများအင်နဲ့အားနဲ့ပါဝင်ဖို့ DMO LPDF တပ်ရင်း E ကတိုက်တွန်း


'မြို့စောင့်ရိုင်ဖယ်' ဆိုတဲ့ M-16 () လက်ဝယ်ယူနိုင်ရေးကမ်ပိန်းတစ်ခုကို ပြည်သူလူထုများအင်နဲ့အားနဲ့ပါဝင်ဖို့ DMO LPDF တပ်ရင်း E ကတိုက်တွန်းထားပါတယ်။ သြဂုတ်လအတွင်းမှာ တော်လှန်ပြည်သူများအနေနဲ့ ဤကမ်ပိန်းတွင် ပူးပေါင်းပါဝင်ကူညီဖို့ဆိုထားပါတယ်။


"လက်ရှိ ကျွန်တော်တို့ ဒီးမော့ဆိုမြို့ရဲ့ အခြေအနေကို အားလုံးသိရှိပြီးသားဖြစ်မှာပါ အကြမ်းဖက်စစ်ကောင်စီကနေ ဒီမောဆိုမြို့ကို နယ်မြေစိုးမိုးမှုလုပ်ပြီး ထိန်းချုပ်နိုင်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးတာတွေ၊လက်နက်ကြီးအလွန်အကျွံသုံးပြီး ပစ်ခတ်တာတွေကို သြဂုတ်လမှာသိသိသာသာပြုလုပ်လာပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကျွန်တော်တို့ ဒေသကာကွယ်ရေးတပ်အကြားမှာ နေ့စဥ်နှင့်အမျှ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါတယ်။ကျွန်တော်တို့တပ်ရင်း -E မှာလိုအပ်နေတဲ့ လက်နက်ဖြည့်တင်းနိုင်ဖို့ 'မြို့စောင့်ရိုင်ဖယ်' ဆိုတဲ့ M-16 () လက်ဝယ်ယူနိုင်ရေးကမ်ပိန်းတစ်ခုကို သြဂုတ်လ (၂၅) ရက်နေ့ကနော စက်တင်ဘာလ (၁၅)ရက်နေ့အထိ ပြုလုပ်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


ခုခံတိုက်ပွဲများဆင်နွှဲတဲ့နေရာမှာ ပိုမိုထိရောက်နိုင်ဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ အလှူရှင်များ၊ တော်လှန်ပြည်သူများအနေနဲ့ ဤကမ်ပိန်းတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေသော Fundraising Pageများတွင် သွားရောက်လှူဒါန်းခြင်းဖြင့်လည်းကောင်း၊

DMO LPDFတပ်ရင်း E Pagတွင်လည်းတိုက်ရိုက်ဆက်သွယ်ကူညီနိုင်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ 'အားလုံးလွတ်မြောက်ဖို့ ဒို့အတူတော်လှန်စို့' တစ်နှစ်ပြည့် နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှား မှုကို လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီးများလှုပ်ရှား


အားလုံးလွတ်မြောက်ဖို့ ဒို့အတူတော်လှန်စို့'တစ်နှစ်ပြည့် နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှုကို လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီးမျာလှုပ်ရှားခဲ့တယ်လို့သတင်းရရှိပါတယ်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) ကနေ ဦးဆောင်ပြီး ယနေ့ သြဂုတ် ၂၈ ရက်၊ နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ(လောင်းလုံးမြို့နယ်) LGBT နဲ့ လူငယ်တွေအပြင် ပြည်သူအချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


"ကျွန်မတို့ရဲ့ စစ်အာဏာရှင်စနစ်တော်လှန်ရေးဟာ တစ်နှစ်ကျော် အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒီ တစ်နှစ်ကျော်အကြာ ကာလရောက်သည်အထိ တော်လှန်ရေးရဲ့ အရှိန်ကို ထိန်းထားနိုင်ဖို့အတွက် ပြည်သူတွေ ဒုက္ခဆင်းရဲမျိုးစုံခံခဲ့ရသလို အသက်တွေ ဘဝတွေလည်း အများကြီး ပေးဆပ်ထားရပါတယ်။ဒါပေမယ့် ကျွန်မတို့ရဲ့ တော်လှန်ရေးဟာ ပန်းတိုင်ကို မရောက်သေးသလို ကျွန်မတို့ရဲ့ တိုင်းပြည်ဟာလည်း အာဏာရှင်တွေရဲ့ လက်အောက်ကနေ မလွတ်မြောက်သေးပါဘူး"လို့ဆိုပါတယ်။


နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့နဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်စေဖို့ ရည်ရွယ်ချက်နဲ့  ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခု ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment