၂၀၂၂ သြဂုတ်လ ၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွှတ်ရေးအစိုး ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးအား တရားဝင် ဖွင့်လှစ်ခဲ့
📌 ၂။ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ ကြေညာထားသူတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်ပြီးထုခွဲရောင်းချမယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
📌 ၃။ အကြမ်းဖက် စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ချေမှုန်းလို့ မပြီးမခြင်း နောက်ဆုတ်မှာမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား
📌 ၄။ လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး တိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား တွေနဲ့ ရင်ဆိုင်ရာမှာ လိမ္မာပါး နပ်ဖို့ နဲ့ ဗျူဟာ ကျကျ တန်ပြန် တိုက်ခိုက်ဖို့လိုအပ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်
📌 ၅။ မြန်မာပြည်သူများ၏ လုပ်အားဒါန ထောက်ပံမှုများကို မြေပြင်တပ်ရင်းတပ်ဖွဲ့များထံဇူလိုင်လအတွက် KTJ Supporting Groupက တဆင့် ၇၅ သိန်းကျပ်ထောက်ပို့
📌 ၆။ တစ်နှစ်အတွင်း တပ်ရင်းမှုးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား (၁၈၁၁၆) ဦး သေဆုံးခဲ့
📌 ၇။ တမူး PDF တပ်ရင်း ၃ က အခြေခံစစ်သင်တန်း၊ သင်တန်းသားများအား ခေါ်ယူ
📌 ၈။ ဂန်ဂေါမြို့မ ရဲစခန်းမှ YDF စိုးမိုးနယ်မြေထဲသို့ထောက်လှမ်းစုံစမ်းရန် ၀င်ရောက်လာသော ရဲထောက်လှမ်းရေးများဖမ်းမိခဲ့
📌 ၉။ ရန်ကုန်၊မန္တလေး(အမြန်လမ်း) မိုင်တိုင် ၃၄၂ ၊ ၆ ဖာလုံတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနှင်းလိုက်ပါလာသော ကားအား
📌 ၁၀။ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက် စစ်တပ်ကဝင်ရောက် သောင်းကျန်းရာမှာ အသက် ၈၈ နှစ် အရွယ် ဒေါ်ဖွားဆီမှာ စကစတပ်ရဲ့ရှို့မီးထဲသေဆုံးခဲ့ရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွှတ်ရေးအစိုး ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးအား တရားဝင် ဖွင့်လှစ်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးအား တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။ ဇူလိုင် ၃၁ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးအား တရားဝင် ဖွင့်လှစ်ခဲ့ပြီး လွှတ်တော် အမတ်များ၊ မီဒီယာများ၊မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ကူညီစောင့်ရှောက်ပေးနေသော ရဲတာဝန်ခံများ၊သက်ဆိုင်ရာဧည့်သည်တော်များအား တက်ရောက်ခဲ့ကြပါတယ်။
ထို့နောက် ညနေပိုင်းတွင် ကိုယ်စားလှယ်ဦးစောဘလှသိန်းမှ ဂျပန်ရောက်မြန်မာနိုင်ငံသားများ၊မြန်မာ့ဒီမိုကရေစီအရေးကို ကူညီပေးနေသောဂျပန်နိုင်ငံသားများနှင့် ရင်းနှီးပွင့်လင့်စွာ တွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားကာ ရှေ့ဆက်ဆောင်ရွက်သွားမည့် NUG Japan Office ၏ လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ရင်းနှီးပွင့်လင်းစွာမေးမြန်းလာသော မေးခွန်းများအပေါ် လုပ်ဆောင်နေသည်များကိုလည်း မည်သို့မည်ပုံဆောင်ရွက်နေကြောင်း ၊လုပ်ဆောင်ရန်အခက်အခဲရှိသည့် ကိစ္စရပ်များအပေါ်တွင်လည်း လက်ရှိအခြေအနေများကို သိရှိနားလည်နိုင်ရန်ရှင်းလင်းဖြေကြားခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းကုန်နေသူများ ဗီဇာသက်တမ်းတိုးသည့်အခါ နှင့် နိုင်ငံခြား ခရီးသွားဖို့ လိုအပ်သည့်အခါ အခက်အခဲတစုံတရာရှိပါက NUG ရုံးသို့တိုင်ပင်ဆောင်ရွက်နိုင်ပါကြောင်း ကိုယ်စားလှယ်မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ ကြေညာထားသူတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်ပြီးထုခွဲရောင်းချမယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ ကြေညာထားသူတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်ပြီးထုခွဲရောင်းချမယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။ ဇူလိုင် ၃၁ ရက် ညပိုင်း လူထုမေးမြန်းမှုများကိူ NUG ဖြေကြားမှုအစီအစဥ်မှာ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။
"မင်းအောင်လှိုင်ရဲ့ ၁၄/အင်းလျားအိမ်နဲ့ခြံကို EODရှယ်ယာအဖြစ် ကျနော်တို့ရဲ့ စီမံဘဏ္ဍကဝန်ကြီးဌာနက ရောင်းချတာဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ လုပ်ဆောင်တာဖြစ်ပါတယ်။ဒါကြောင့် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ ကြေညာထားသူတွေရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သက်မှတ်မယ်။ပြီးလို့ရှိရင် အခုလိုမျိုး တော်လှန်ရေးမှာ အထောက်အပံ့ဖြစ်စေဖို့အတွက် ထုခွဲရောင်းချဖို့ရှိတယ်။ဆက်တိုက်လုပ်ဖို့ရှိတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၁၄ အင်းလျားမှ ရရှိခဲ့တဲ့ ဘဏ္ဍာရန်ပုံငွေရဲ့ ၉၅% ကို ကာကွယ်ရေး ဝန်ကြီးဌာနအတွက်နဲ့ကျန် ၅% ကို အခြားလိုအပ်သော နေရာများ တွင် အသုံးပြုခဲ့ပါတယ်။ ၁၄ အင်းလျား ပရောဂျက် အပြီးမှာ EOD ရဲ့ ရှေ့သို့ ခြေလှမ်းများ အဖြစ် ဘဏ္ဍာရန်ပုံငွေ ရရှိရေး ပရောဂျက်များ၊ အများပြည်သူနှင့် ဆိုင်သော ပရောဂျက်များ စတင်ပါမယ်လို့ EOD ကအသိပေးကြေညာထားပါတယ်။
========================
📌📌 ၃။ အကြမ်းဖက် စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ချေမှုန်းလို့ မပြီးမခြင်း နောက်ဆုတ်မှာမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား
အကြမ်းဖက် စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ချေမှုန်းလို့ မပြီးမခြင်း နောက်ဆုတ်မှာမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြားလိုက်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကဆိုပါတယ်။
"ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး မတည်မဆောက်နိုင်ခြင်း၊အကြမ်းဖက် စစ်အာဏာရှင် စနစ် အမြစ်ဖြတ် မချေမမှုန်းနိုင်ခြင်း၊နောက်ဆုတ်မှာ မဟုတ်သလို အနားယူမှာလည်း မဟုတ်ဘဲ ဆက်လက်ချီတက်သွားမယ်။အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေ။ကျလည်းကျဆုံးနေပါပြီ"လို့ ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို မတရားသိမ်းတရားယူခဲ့ပါတယ်။
========================
📌📌 ၄။ လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး တိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား တွေနဲ့ ရင်ဆိုင်ရာမှာ လိမ္မာပါး နပ်ဖို့ နဲ့ ဗျူဟာ ကျကျ တန်ပြန် တိုက်ခိုက်ဖို့လိုအပ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်
လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး တိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား တွေနဲ့ ရင်ဆိုင်ရာမှာ လိမ္မာပါး နပ်ဖို့ နဲ့ ဗျူဟာ ကျကျ တန်ပြန် တိုက်ခိုက်ဖို့လိုအပ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ ဇူလိုင်နောက်ဆုံးပတ်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များလိုက်နာရမယ့်ကျင့်ဝတ်စည်းကမ်းများကိုပြောပါတယ်။
"ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေ စဉ်ဆက်မပြတ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေနဲ့ ခုခံတွန်းလှန်ရင်း လူထုအပေါ် ကာကွယ် စောင့်ရှောက်ရမယ့် တာဝန် ဝတ္တရားရှိပါတယ်။ လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး တိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား တွေနဲ့ ရင်ဆိုင်ရာမှာ မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များအနေဖြင့် လိမ္မာပါး နပ်ဖို့ နဲ့ ဗျူဟာ ကျကျလည်း တန်ပြန် တိုက်ခိုက်ဖို့လိုအပ်ပါတယ်"လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုကို ရန်သူသဖွယ် သဘောထားပြီး ထိခိုက်မှု ပြင်းထန်စေတဲ့ စစ်လက်နက် ပစ္စည်းတွေကို အသုံးပြုတိုက်ခိုက်လေ့ရှိပါတယ်။ လတ်တလောမှာ စစ်ကိုင်း၊မကွေးနဲ့ အခြားတိုင်းနဲ့ပြည်နယ်များမှာလည်း စကစတပ်များဟာ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးကာ ညှင်းပန်းလေ့ရှိပါတယ်။
========================
📌📌 ၅။ မြန်မာပြည်သူများ၏ လုပ်အားဒါန ထောက်ပံမှုများကို မြေပြင်တပ်ရင်းတပ်ဖွဲ့များထံဇူလိုင်လအတွက် KTJ Supporting Groupက တဆင့် ၇၅ သိန်းကျပ်ထောက်ပို့
မြန်မာပြည်သူများ၏ လုပ်အားဒါန ထောက်ပံမှုများကို မြေပြင်တပ်ရင်းတပ်ဖွဲ့များထံ ဇူလိုင်လအတွက် KTJ Supporting Groupက တဆင့် ၇၅ သိန်းကျပ်ထောက်ပို့ခဲ့ပါတယ်။
" ဇူလိုင်လအတွက် လှူဒါန်းပေးပို့ကြသော ထိုင်း၊ ကိုရီးယားရောက် မြန်မာပြည်သူများ၏ လုပ်အားဒါန ထောက်ပံမှုများကို မြေပြင်တပ်ရင်းတပ်ဖွဲ့များထံ စီစစ်ပေးပို့လှူဒါန်းခဲ့ပြီးပါပြီ" လို့ KTJ Supporting Group ကဆိုပါတယ်။
ယခု ဇူလိုင်လအတွက် ပေးပို့ခဲ့သော ထောက်ပို့ငွေပမာဏနှင့် လက်ခံရယူခဲ့သည့်တပ်ဖွဲ့များမှာ Freedom Rangers Tamu (FRT-တမူး) - ၁၀ သိန်းကျပ်၊Mandalay UG - ၅ သိန်းကျပ်၊ ဂဠန်ပြည်သူ့ကာကွယ်ရေးတပ်(မြိုင်) - ၁၅သိန်းကျပ်၊ PDF-South Monywa - ၁၅ သိန်းကျပ်၊တပ်ရင်း ၁၇၀၁/၁၇၀၂ -သပြေညို (PDF အလယ်ပိုင်းတိုင်း) - ၁၅သိန်းကျပ် ၊ရန်ကုန် ယူဂျီ (Toxic Boys) - ၁၀ သိန်းကျပ်၊ကရင်ပြည်နယ်မှရဲဘော်များ - ၅ သိန်းကျပ် စုစုပေါင်း ၇၅ သိန်းကျပ်တိတိကို မြေပြင်တိုက်ရိုက်ပေးပို့ကူညီနိုင်ခဲ့ပါတယ်။ ထောက်ပို့ကူညီကြသူ မြန်မာပြည်သားတော်လှန်ရေးထောက်ပို့ကြသူများ ဆက်လက်ထောက်ပံကူညီပေးပါရန် ဖိတ်ခေါ်ပါတယ်လို့ KTJ အဖွဲ့ကဆိုပါတယ်။ လက်ရှိထောက်ပံ့ရန်ကျန်ရှိနေတဲ့ စီစစ်ပြီးတပ်ဖွဲ့ စုစုပေါင်း ၁၇ဖွဲ့ခန့်ရှိနေပါသေးတယ်။
========================
📌📌 ၆။ တစ်နှစ်အတွင်း တပ်ရင်းမှုးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား (၁၈၁၁၆) ဦး သေဆုံးခဲ့
တစ်နှစ်အတွင်း တပ်ရင်းမှုးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား (၁၈၁၁၆) ဦး သေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၁ ရက်နေ့မှာ စကစတပ်သားများကျဆုံးထိခိုက်စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
"၂၀၂၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် ခုခံတော်လှန်တိုက်ပွဲ(၅၃၃၇)ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်ရင်းမှုးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား (၁၈၁၁၆) ဦး သေဆုံးခဲ့ပြီး (၆၁၂၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်"လို့ဖော်ပြပါတယ်။
စစ်ကောင်စီမှ အရပ်သားများအပေါ် အကြမ်းဖက်မှုဖြစ်စဉ် (၅၅၅၀) ကြိမ်အထိ ရှိခဲ့ပြီး အရပ်သားပြည်သူ (၂၉၀၈) ဦးသေဆုံးခဲ့ကာ (၁၉၁၁) ဦး ဒဏ်ရာရခဲ့ပြီး (၁၀၉၅၅) ဦးအထိ အဖမ်းခံခဲ့ရပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့အာဏာကို မတရားလုယူသိမ်းပိုက်ခဲ့သည်မှာ (၁၈)လအထိ ရှိပြီဖြစ်သော်လည်း လုံးဝအုပ်ချုပ်လို့မရသည်မှာ အရှိတရားဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။
========================
📌📌 ၇။ တမူး PDF တပ်ရင်း ၃ က အခြေခံစစ်သင်တန်း၊ သင်တန်းသားများအား ခေါ်ယူ
တမူး PDF တပ်ရင်း ၃ က အခြေခံစစ်သင်တန်း၊ သင်တန်းသားများအား ခေါ်ယူလိုက်ပါတယ်။ သြဂုတ် ၁ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃)၊ တမူးကဖော်ပြပါတယ်။ အခြေခံ စစ်သင်တန်း တက်ရောက်ရန်အတွက် အသက် (၁၈) နှစ် မှ (၃၅) နှစ် အတွင်း ဖြစ်ရမှာဖြစ်ပြီးတော့ကျန်းမာရေး အထူးကောင်းမွန်နေရမယ်လို့ဆိုထားပါတယ်။
ဒါ့အပြင်ပင်ပန်းဆင်းရဲမှုဒဏ် ကြံ့ကြံ့ခံနိုင်ရမှာဖြစ်ကာစစ်သင်တန်းကာလအတွင်း မိသားစု၊ ဆွေမျိုးများ နှင့် အဆက်အသွယ် ဖြတ်တောက်ထားနိုင်ရမယ်လို့ဆိုပါတယ်။ စစ်မှုထမ်းကာလမှာစစ်အာဏာရှင် ပြုတ်ကျတဲ့ အထိ စစ်မှုထမ်းနိုင်ရမယ်လို့ တမူး PDF တပ်ရင်း ၃ ကဆိုပါတယ်။
========================
📌📌 ၈။ ဂန်ဂေါမြို့မ ရဲစခန်းမှ YDF စိုးမိုးနယ်မြေထဲသို့ထောက်လှမ်းစုံစမ်းရန် ၀င်ရောက်လာသော ရဲထောက်လှမ်းရေးများဖမ်းမိခဲ့
ဂန်ဂေါမြို့မ ရဲစခန်းမှ YDF စိုးမိုးနယ်မြေထဲသို့ထောက်လှမ်းစုံစမ်းရန် ၀င်ရောက်လာသော ရဲထောက်လှမ်းရေးများဖမ်းမိခဲ့ပါတယ်။ သြဂုတ် ၁ ရက်နေ့မှာ ရဲများနဲ့ပတ်သက်လို့ ယောကာကွယ်ရေးတပ် - YDF ကဆိုပါတယ်။
"ဇူလိုင်လ ၃၁ ရက်နေ့ ၊ ဂန်ဂေါမြို့မ ရဲစခန်းမှ YDF စိုးမိုးနယ်မြေထဲသို့ထောက်လှမ်းစုံစမ်းရန် ၀င်ရောက်လာသော ရဲမေ မခိုင်ဇာကြည်လွင်၊ရဲ မောင်ဖြိုးသက်ကျော် လ/281096 နှင့် မောင်ဖြိုးသက်ကျော်၏ ညီ နိုင်ဝင်းထွန်းတို့ သုံးယောက်အား YDF မှလက်ရ ဖမ်းဆီးရန်ကြိုးပမ်းစဉ် ရဲမေ မခိုင်ဇာကြည်မှ ဆိုင်ကယ်နှင့် ထွက်ပြေးသဖြင့် မတတ်သာပဲ ပစ်ခတ်ရှင်းလင်းလိုက်ရပါတယ်" လို့ ဆိုပါတယ်။ ကျန်ရဲနှစ်ဦးအား သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းစစ်မေးလျှက်ရှိကြောင်း ယောကာကွယ်ရေးတပ် - YDF ကထုတ်ပြန်ပါတယ်။
========================
📌📌 ၉။ ရန်ကုန်၊မန္တလေး(အမြန်လမ်း) မိုင်တိုင် ၃၄၂ ၊ ၆ ဖာလုံတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနှင်းလိုက်ပါလာသော ကားအား
ကျောက်ဆည် KDDF မှပဒေသာ မိုင်းဆွဲတိုက်ခိုက် ရန်ကုန်၊ မန္တလေး(အမြန်လမ်း) မိုင်တိုင် ၃၄၂ ၊ ၆ ဖာလုံတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနှင်းလိုက်ပါလာသော ကားအား ကျောက်ဆည် KDDF မှပဒေသာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
သြဂုတ် ၁ ရက်နေ့မှာ ကိုယ်ပွားတစ်ထောင်စစ်ဆင်ရေးအနေနဲ့ ဖော်ဆောင်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) ကဆိုပါတယ်။
"ထိခိုက်သေဆုံးရှိနိုင်ပါတယ်"လို့ ကျောက်ဆည် KDDF ကဆိုပါတယ်။ ကျောက်ဆည်ခရိုင်အတွင်း တော်လှန်ရေးအရှိန်မြင့်တင်ရန် ဒေသကွပ်ကဲရေးအဖွဲ့ (ကျောက်ဆည်ခရိုင်) မှ ဖော်ဆောင်နေသော ကိုယ်ပွားတစ်ထောင်စစ်ဆင်ရေးအနေဖြင့် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က ထပ်မံဆိုပါတယ်။
========================
📌📌 ၁၀။ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက် စစ်တပ်ကဝင်ရောက် သောင်းကျန်းရာမှာ အသက် ၈၈ နှစ် အရွယ် ဒေါ်ဖွားဆီမှာ စကစတပ်ရဲ့ရှို့မီးထဲသေဆုံးခဲ့ရ
ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက် စစ်တပ်ကဝင်ရောက် သောင်းကျန်းရာမှာ အသက် ၈၈ နှစ် အရွယ် ဒေါ်ဖွားဆီမှာ စကစတပ်ရဲ့ရှို့မီးထဲသေဆုံးခဲ့ရပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဝင်ရောက်စီးနင်း၍ မီးရှိုခဲ့သောကြောင့် အသက် ၈၈ နှစ် အရွယ် ဒေါ်ဖွားဆီမှာ မီးလောင်သေဆုံးခဲ့ကြောင်း AAPP ကဖော်ပြပါတယ်။
ထို့ပြင် ဒေသခံရွာသား ကိုတင်မိုးဝင်းကိုလည်း ညှဉ်းပန်းနှိပ်စက်ပြီးနောက်စကစတပ်က ပစ်သတ်ခဲ့ပါတယ်။ ကိုတင်မိုးဝင်း၏ တင်ပါးဆုံနှင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာကို တွေ့ရှိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၁၄၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment