30th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီဟာ တစ်ခြားထွက်ပေါက်တွေမရှိတော့လို့ အကြောက်တရားနဲ့ မြန်မာနိုင်ငံကို အုပ်စိုးဖို့လုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား

📌 ၂။ Confederation ဟာကြောက်စရာမဟုတ်ဘဲ အမျိုးသားရေးအမည်ခံ အာဏာရှင်စနစ်ကိုကြောက်သင့်တာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်

📌 ၃။ Project Skywalk ကနေ အမေရိကန်ဒေါ်လာ တစ်သန်း အနည်းဆုံးရန်ပုံငွေရဖို့အတွက်ကာကွယ်ရေး ဒုဝန် ကြီး နိုင်ကောင်းရွက် ဦးဆောင်ကာ ဆောင်ရွက်မယ်

📌 ၄။ NUGလက်အောက်ခံ Burmese Independent Army ဒီပဲယင်း ဒရုန်းတပ်ဖွဲ့စတင်ဖွဲ့စည်း

📌 ၅။ Special Forces-11 (PDF) ထုတ်လုပ်ရေးစခန်းမှ ကာဘိုင်သေနတ်များအား ထုတ်လုပ်လျှက်ရှိရာ သြဂုတ်လနောက်ဆုံးပတ်အထိ ကာဘိုင်သေနတ် ၁၂ လက်ထုတ်လုပ်အောင်မြင်ထား

📌 ၆။ ''ပြည်သူ့လက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်'' ဘန်နာကို ကိုင်စွဲကာ ယနေ့မနက်ရန်ကုန်မှာ ဆန္ဒပြ 

📌 ၇။ KNDF B.16 နှင့်  KA မှ မတ်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကို သွားရောက်၍ စနိုက်ဘာနဲ့ပစ်ခတ်ရာ သုံးဦးသေ

📌 ၈။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက်ငါးနှစ်အရွယ်ကလေးငယ်နဲ့လူနှစ်ဦးသေဆုံးကာ လူ ဦးထိခိုက်

📌 ၉။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ဖက် မိုင်ခန့်အကွာ ကျော်ရွာမှ အကြမ်းဖက်စစ်ကောင်စီတပ် ရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့

📌 ၁၀။ ချောင်းဦး CLDF ထုတ်လုပ်ရေးစင်တာ - (လက်နက်ကြီးနှင့် မိုင်းထုတ်လုပ်ရေး) မှာ မတော်တဆဖြစ်ပြီး မီးလောင်ကျွမ်းကာ သိန်း (၅၀) ဝန်းကျင်ခန့် ဆုံးရှုံးသွားခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီဟာ တစ်ခြားထွက်ပေါက်တွေမရှိတော့လို့ အကြောက်တရားနဲ့ မြန်မာနိုင်ငံကို အုပ်စိုးဖို့လုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား


စစ်ကောင်စီဟာ တစ်ခြားထွက်ပေါက်တွေမရှိတော့လို့ အကြောက်တရားနဲ့ မြန်မာနိုင်ငံကို အုပ်စိုးဖို့လုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြားလိုက်ပါတယ်။ သြဂုတ်လအတွင်းကျင်းပတဲ့ ချင်း အခမ်းအနားတစ်ခုမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးကဆိုခဲ့ပါတယ်။


"သူတို့ဟာ တခြားထွက်ပေါက် မရှိတော့လို့ အကြောက်တရားနဲ့ မြန်မာနိုင်ငံကို အုပ်စိုးမယ်။ မြန်မာပြည်သူလူထုကို သူတို့ကချုပ်ကိုင်မယ်။ အကြောက်တရားနဲ့ဖိနှိပ်မယ်။ လူထုက လက်မြှောက်တဲ့အထိဆိုပြီးတော့ အဲဒီလိုလုပ်ဖို့ရှိတယ်။သို့သော်လည်းပဲ မြန်မာပြည်သူတွေဟာ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်သလို တရားမျှတမှုမရမခြင်းဘယ်တော့မှ အနားယူမှာမဟုတ်ဘူး"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ယင်းနောက် အရပ်သားတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ကာ လူပေါင်းနှစ် ထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၂။ Confederation ဟာကြောက်စရာမဟုတ်ဘဲ အမျိုးသားရေးအမည်ခံ အာဏာရှင်စနစ်ကိုကြောက်သင့်တာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်


Confederation ဟာကြောက်စရာမဟုတ်ဘဲ အမျိုးသားရေးအမည်ခံ အာဏာရှင်စနစ်ကိုကြောက်သင့်တာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်ပါတယ်။ သြဂုတ်လ၂၉ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကရေးသားပြောကြားခဲ့ပါတယ်။


"အမှန်က Confederation ဟာကြောက်စရာမဟုတ်ဘူး။ ကျနော်တို့ကြောက်သင့်တာက Confederation တို့ Federal တို့ကို ချောက်စားပြီးအမျိုးသားရေးအမည်ခံ အာဏာရှင်စနစ်ကိုပါ"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ တော်လှန်ရေးအင်အားစုများကို ငြိမ်းချမ်းရေးအကြောင်းပြကာ လှည့်ဖျားလိမ်လည်လျက်ရှိနေပါတယ်။


========================


📌📌 ၃။ Project Skywalk ကနေ အမေရိကန်ဒေါ်လာ တစ်သန်း အနည်းဆုံးရန်ပုံငွေရဖို့အတွက်ကာကွယ်ရေး ဒုဝန် ကြီး နိုင်ကောင်းရွက် ဦးဆောင်ကာ ဆောင်ရွက်မယ်


Project Skywalk ကနေ အမေရိကန်ဒေါ်လာ တစ်သန်း အနည်းဆုံးရန်ပုံငွေရဖို့အတွက်ကာကွယ်ရေး ဒုဝန် ကြီး နိုင်ကောင်းရွက် ဦးဆောင်ကာ ဆောင်ရွက်မယ်လို့သတင်းရရှိပါတယ်။ ဒရုန်းတိုက်ခိုက်ရေးတပ်တွေကို အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနက ရန်ပုံငွေရှာဖွေဖို့အတွက် Project Skywalk ကို လုပ်ဆောင်မယ်လို့သတင်းရရှိပါတယ်။


Project Skywalk ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြုလုပ်တာဖြစ်ပြီး ကာကွယ်ရေး ဒုဝန် ကြီး နိုင်ကောင်းရွက် ဦးဆောင်ကာ ဘဏ္ဍာရေးနဲ့ ပြည်သူ့ဆက်ဆံရေး အဖွဲ့တို့ ဦးစီးလုပ်ဆောင်တာဖြစ်ပါတယ်။ လက်ရှိမှာ project skywalk နဲ့ချိတ်ဆက်လုပ်ဆောင်လျက်ရှိတဲ့ ဒရုန်းအဖွဲ့များမှာ Force for Federal Democracy Falcon Wings People Force ABCD Butterfly Golden Eagle Mandalay PDF အပြင် တိုင်းနဲ့ပြည်နယ်အလိုက် တစ်ခြား Drone Team များလည်းပါဝင်ပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာနရဲ့ project skywalk ဟာ မြန်မာနိုင်ငံတဝန်းမှာ ရှိနေတဲ့ ဒရုန်းအဖွဲ့တွေကို ချိတ်ဆက်ပြီး စနစ်ကျတဲ့ chain of command တစ်ခုအောက်မှာ အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ဒီပရော့ဂျက်က ဦးတည်ရည်ရွယ်ဆောင်ရွက်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ NUGလက်အောက်ခံ Burmese Independent Army ဒီပဲယင်း ဒရုန်းတပ်ဖွဲ့စတင်ဖွဲ့စည်း


NUG လက်အောက်ခံ Burmese Independent Army ဒီပဲယင်း ဒရုန်းတပ်ဖွဲ့စတင်ဖွဲ့စည်းနေတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ၂၉ ရက်မှာ B.I.A (ဒီပဲယင်း)ကအတည်ပြုပြောပါတယ်။


"ဟုတ်ပါတယ်။အခုမှ စတင်ဖွဲ့စည်းမှာပါ"လို့ဆိုပါတယ်။ လက်ရှိမှာ B.I.A (ဒီပဲယင်း) ရဲဘော်များ Drone မောင်း လေ့ကျင့်နေပြီးမဟာမိတ်များနှင့် အတူပူးပေါက်တိုက်ခိုက်ရန် မဟာမိတ်များအတွက် ကူညီကင်းထောက်ပေးရန် အသင့်ရှိနေတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ Special Forces-11 (PDF) ထုတ်လုပ်ရေးစခန်းမှ ကာဘိုင်သေနတ်များအား ထုတ်လုပ်လျှက်ရှိရာ သြဂုတ်လနောက်ဆုံးပတ်အထိ ကာဘိုင်သေနတ် ၁၂ လက်ထုတ်လုပ်အောင်မြင်ထား


Special Forces-11 (PDF) ထုတ်လုပ်ရေးစခန်းမှ ကာဘိုင်သေနတ်များအား ထုတ်လုပ်လျှက်ရှိရာ သြဂုတ်လနောက်ဆုံးပတ်အထိ ကာဘိုင်သေနတ် ၁၂ လက်ထုတ်လုပ်အောင်မြင်ထားတယ်လို့ သတင်းရရှိပါတယ်။ သြဂုတ်လ ၂၉ ရက်မှာ Special Forces-11(PDF) ထုတ်လုပ်ရေးစခန်းမှ အသိပေးဖော်ပြပါတယ်။


" Special Forces-11 (PDF) ထုတ်လုပ်ရေးစခန်းမှ ကာဘိုင်သေနတ်များအား ထုတ်လုပ်လျှက်ရှိနေပြီး သြဂုတ်လ ၁၂ ရက်မှ ၂၅ ရက်အထိ ကာဘိုင်သေနတ် ()လက် အထိ ထုတ်လုပ်ပြီးစီးခဲ့ပါတယ်။ ၂၈ ရက်နေ့အထိဆိုလျှင် ကာဘိုင်(၁၂)လက် အထိ ထုတ်လုပ်ပြီးခဲ့ပြီပဲဖြစ်ပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာ"ထုတ်လုပ်ရေးလုပ်ငန်း ထိရောက်အောင် လည်ပတ်နေနိုင်ဖို့အတွက်" အဖွဲ့မှာ လောင်စာဆီ မလုံလောက်မှုပြသနာများ ကြုံတွေ့နေရတယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၆။ ''ပြည်သူ့လက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်'' ဘန်နာကို ကိုင်စွဲကာ ယနေ့မနက်ရန်ကုန်မှာ ဆန္ဒပြ 


''ပြည်သူ့လက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်'' ဘန်နာကို ကိုင်စွဲကာ ယနေ့မနက်ရန်ကုန်မှာ ဆန္ဒပြ ခဲ့ပါတယ်။ သြဂုတ်လ ၂၉ ရက် မနက်ပိုင်း ရန်ကုန်မြို့ လယ်ခေါင်မှာ လှုပ်ရှားခဲ့တာလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကဖော်ပြပါတယ်။


"ရန်ကုန်မြို့လယ်ခေါင်တွင် လူအင်အား အလုံးအရင်းဖြင့် ချီတက် ဆန္ဒပြ လူ့ဘောင်သစ်လူငယ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များပူးပေါင်းပါဝင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။


"လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက်ဟူသော စာသားကိုကိုင်စွဲ၍ လူထုလှုံ့ဆော်ရေးပြုလုပ်သည့် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မြို့နယ်သပိတ်ကော်မတီများ၊ ကျောင်းသားသမဂ္ဂများနှင့်အတူ  အထွေထွေသပိတ် ကော်မတီ General Strikes Committee တို့ပူးပေါင်းပြီး ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ခင်းက ပြုလုပ်ခဲ့ကြပါတယ်။


========================


📌📌 ၇။ KNDF B.16 နှင့်  KA မှ မတ်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကို သွားရောက်၍ စနိုက်ဘာနဲ့ပစ်ခတ်ရာ သုံးဦးသေ


KNDF B.16 နှင့်  KA မှ မတ်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကို သွားရောက်၍ စနိုက်ဘာနဲ့ပစ်ခတ်ရာ သုံးဦးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၂၉ ရက်မှာ စစ်ရေးသတင်းကို KNDF B.16 ကအသိပေးဖော်ပြပါတယ်။


"ကျွန်တော်တို့ KNDF B.16 နှင့်  KA မှ မတ်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကိုသြဂုတ် (၂၇) ရက်နေ့မနက် 7.40AM မှ 8.30AM ချိန်တွင် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဖက်မှ ဦး (စနိုက်ဘာနှင့် ဦး၊လက်နက်ငယ်နှင့် ဦးကိုပစ်ခတ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် စကစဘက်ကသုံးဦးသေဆုံးကာရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်။


========================


📌📌 ၈။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက်ငါးနှစ်အရွယ်ကလေးငယ်နဲ့လူနှစ်ဦးသေဆုံးကာ လူ ဦးထိခိုက်


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက်ငါးနှစ်အရွယ်ကလေးငယ်နဲ့လူနှစ်ဦးသေဆုံးကာ လူ ဦးထိခိုက်ခဲ့ပါတယ်။ သြဂုတ်လ ၂၉ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ကြောင့်သေဆုံးသူများစာရင်းကို AAPP ကဖော်ပြပါတယ်။


ဩဂုတ်လ ၂၈ ရက်နေ့ ညနေ နာရီ မိနစ် ၅၀ အချိန်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ ခမရ ၃၇၇ နှင့် ၅၄၀ တို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၆၆ နှစ်အရွယ် ဒေါ်အေးနုယဉ်နှင့် အသက် နှစ်အရွယ် မောင်မြတ်သူလင်းတို့မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကိုးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။


ဒဏ်ရာရရှိသူများအနက် တစ်ဦးဖြစ်သော ချောင်းသစ်ကျေးရွာမှ ဦးလှမောင်သိန်းမှာ ယင်းနေ့ နာရီခွဲခန့်အချိန်တွင် မြောက်ဦးဆေးရုံ၌ သေဆုံးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၂၅၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၉။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ဖက် မိုင်ခန့်အကွာ ကျော်ရွာမှ အကြမ်းဖက်စစ်ကောင်စီတပ် ရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ဖက် မိုင်ခန့်အကွာ ကျော်ရွာမှ အကြမ်းဖက်စစ်ကောင်စီတပ် ရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့သွားတယ်လို့ဆိုပါတယ်။ ဩဂုတ် ၂၉ နံနက် နာရီခွဲခန့်တွင် ရွာကို မီးရှို့ခဲ့ပြီး ထွက်ခွာသွားသောကြောင့် နေအိမ် လုံး မီးလောင်သွားခဲ့တယ်လို့ ယောကာကွယ်ရေးတပ် - YDF ကဆိုပါတယ်။


"မောက်လင်းရွာဘက်မှ ထွက်လာသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ဩဂုတ် ၂၈ ရက် ညနေ နာရီခန့်က ကျော်ရွာအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ရွာသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ခြေထောက်တွင် ဒဏ်ရာရထားကာ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မသိရသေးကြောင်း မြေပြင်အဖွဲ့ထံမှ သိရပါတယ်။ ထိုအကြမ်းဖက်စစ်ကောင်စီတပ်သည် ကျော်ရွာအနောက်ဖက်တည့်တည့်သို့ ဆက်ထွက်သွားတယ်လို့သိရပါတယ်"လို့ဆိုပါတယ်။


ပျူစောထီးများပါဝင်သော ထိုအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ မောက်လင်းရွာတွင် နေအိမ် ၂၃ လုံး မီးရှို့ခဲ့ကာ ပြီးခဲ့သည့် ဩဂုတ် ၂၇ က မောက်ရွာတွင် စခန်းချကာ လူနေအိမ် ၃၂ လုံး နွားစာတိုက် လုံး၊ တောင်သူများ၏ နှမ်းအတင်းရေ ၃၀၀၀ နီးပါးနှင့် အပြစ်မဲ့ပြည်သူ ဦးကို မီးရှို့ သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၁၀။ ချောင်းဦး CLDF ထုတ်လုပ်ရေးစင်တာ - (လက်နက်ကြီးနှင့် မိုင်းထုတ်လုပ်ရေး) မှာ မတော်တဆဖြစ်ပြီး မီးလောင်ကျွမ်းကာ သိန်း (၅၀) ဝန်းကျင်ခန့် ဆုံးရှုံးသွားခဲ့


ချောင်းဦး CLDF ထုတ်လုပ်ရေးစင်တာ - (လက်နက်ကြီးနှင့် မိုင်းထုတ်လုပ်ရေး) မှာ မတော်တဆဖြစ်ပြီး မီးလောင်ကျွမ်းကာ သိန်း (၅၀) ဝန်းကျင်ခန့် ဆုံးရှုံးသွားခဲ့ပါတယ်။ သြဂုတ်လ နောက်ဆုံးပတ်မှာ ချောင်းဦး CLDF ကအသိပေးဖော်ပြပါတယ်။


"ဩဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းအချိန်၌ ကျွန်ုပ်တို့ CLDF ထုတ်လုပ်ရေးစင်တာ - (လက်နက်ကြီးနှင့် မိုင်းထုတ်လုပ်ရေး) မှာ မတော်တဆဖြစ်ပြီး မီးလောင်ကျွမ်းပြာကျသွားကာ ကာလတန်ဖိုးအားဖြင့် သိန်း (၅၀) ဝန်းကျင်ခန့် ဆုံးရှုံးသွားခဲ့ရပါကြောင်း မိဘပြည်သူများကို ညှိုးငယ်စွာ အသိပေးအပ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိအချိန်ထိလည်း အမျိုးမျိုးသော အခက်အခဲများကြောင့် CLDF ထုတ်လုပ်ရေးစင်တာ - (လက်နက်ကြီးနှင့် မိုင်းထုတ်လုပ်ရေး) မှာ လည်ပတ်နိုင်ခြင်းမရှိသေးဘဲ လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားရတယ်လို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment