၂၀၂၂ သြဂုတ်လ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင် အခြားဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ခြင်းနဲ့ပြင်ဆင်ခြင်းတို့လုပ်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာဖြင့် အိမ်ပြန်နိုင်ရေး အတွက် ကောင်းမွန်သင့်တော်သော အခြေအနေများ ဖန်တီးရန် ကြိုးစားနေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၃။ စစ်ကောင်စီရဲ့စခန်းတွေကို ဝေဟင်ကနေ ပါဆယ်ပို့ဖို့ ပြည်သူလူထုက များများနဲ့မြန်မြန်ကူညီရန် Project Skywalk တိုက်တွန်း
📌 ၄။ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝန်ဆောင်မှုအနေနဲ့စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို အခမဲ့တိုင်ပင်ဆွေးနွေးပေးမယ်
📌 ၅။ တောင်ဒဂုံမြို့နယ် ၁၈ ကွေ့မှတ်တိုင် လမ်းဆုံမှာ ယနေ့မနက် စကစတပ်ရဲ့ double cabကားဖောက်ခွဲတိုက်ခိုက်ခံရ
📌 ၆။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ဇီးဖြူကုန်းပျူရွာမှ မှိုရှာထွက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးကို ပစ်ခတ်ရှင်းလင်း
📌 ၇။ ယနေ့မနက်အစောပိုင်း ပဲခူးတိုင်း ရွှေကျင်မြို့နယ်က စကစတပ်ရဲ့သံဆိပ်စခန်းကျ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင် အခြားဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ခြင်းနဲ့ပြင်ဆင်ခြင်းတို့လုပ်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ခွဲခြားဆက်ဆံမှုတွေ ဖြစ်စေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင် အခြားဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ခြင်းနဲ့ပြင်ဆင်ခြင်းတို့လုပ်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာပြည်သူတွေ အကြား ရင်းနှီးစွာတွေ့ဆုံပွဲကို ဩဂုတ် ၂၉ ရက် ည ၇ နာရီမှာ ကျင်းပရာမှာယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့ပါတယ်။
"မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာပြည်သူများ ပျောက်ပျက်သွားစေဖို့အတွက် အကြမ်းဖက် ကျူးလွန်မှုတွေကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော်ဟာ ရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုအချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရပါတယ်။ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ခွဲခြားဆက်ဆံမှုတွေ ဖြစ်စေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင် အခြားဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့၊ ပြင်ဆင်ဖို့၊ အစားထိုးဖို့ကိုလည်း ကတိကဝတ် ပြုထားပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
ရိုဟင်ဂျာပြည်သူတွေ၊ တိုင်းရင်းသား လူမျိုးအဖွဲ့ အစည်း တွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး ရိုဟင်ဂျာများ အိမ်ပြန်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ဖို့ ကတိကဝတ် ပြုထားကြောင်းကိုလည်း ယာယီသမ္မတ ကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာဖြင့် အိမ်ပြန်နိုင်ရေး အတွက် ကောင်းမွန်သင့်တော်သော အခြေအနေများ ဖန်တီးရန် ကြိုးစားနေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
အိမ်နီးနားချင်းနိုင်ငံတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာဖြင့်အိမ်ပြန်နိုင်ရေးအတွက် ကောင်းမွန်သင့်တော်သောအခြေအနေများ ဖန်တီးရန် ကြိုးစားနေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာပြည်သူတွေ အကြား ရင်းနှီးစွာတွေ့ဆုံပွဲကို ဩဂုတ် ၂၉ ရက် ည ၇ နာရီမှာ ကျင်းပရာမှာ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
"အိမ်နီးနားချင်းနိုင်ငံတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေမိမိသဘောဆန္ဒဖြင့်၊ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိဖြင့် ရေရှည် တည်တံ့သော ပြည်တော် ပြန်နိုင်ရေး အတွက် အမျိုးသား ညီညွတ်ရေးအစိုးရဟာ ရိုဟင်ဂျာပြည်သူများ၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်း များ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ နှင့် ကုလသမဂ္ဂ တို့ နှင့်အတူ ရိုဟင်ဂျာ ပြည်သူတွေ အိမ်ပြန်နိုင်ရေး အတွက် ကောင်းမွန်သင့်တော်သော အခြေအနေများ ဖန်တီးရန် ကြိုးစားနေကြောင်း ထပ်မံ ကတိပြုလိုပါတယ်။’ လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ က ရိုဟင်ဂျာပြည်သူတွေနဲ့ ပတ်သက်ပြီး သဘောထားတွေ၊ ကြိုးပမ်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီရဲ့စခန်းတွေကို ဝေဟင်ကနေ ပါဆယ်ပို့ဖို့ ပြည်သူလူထုက များများနဲ့မြန်မြန်ကူညီရန် Project Skywalk တိုက်တွန်း
စစ်ကောင်စီရဲ့စခန်းတွေကို ဝေဟင်ကနေ ပါဆယ်ပို့ဖို့ ပြည်သူလူထုက များများနဲ့မြန်မြန်ကူညီရန် Project Skywalkတိုက်တွန်းဖော်ပြထားပါတယ်။ သြဂုတ်လနောက်ဆုံးပတ်မှာ Project Skywalk က အသိပေးဖော်ပြပါတယ်။
"စစ်ကောင်စီကို အမှည့်ခြွေဖို့ စခန်းအရောက်ပါဆယ်ပို့ကြမယ်။ ကိုယ့်လူတို့က အသပြာကူ၊ ပါဆယ်ပို့ဖို့က Skywalker ဖိုက်တာတွေရဲ့ တာဝန်ထားလိုက်။ ပါဆယ်များများပို့နိုင်ဖို့ အသပြာ များများကူကြပါဗျို့"လို့ဆိုထားပါတယ်။ Project Skywalk ကနေ အမေရိကန်ဒေါ်လာ တစ်သန်း အနည်းဆုံးရန်ပုံငွေရဖို့အတွက်ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိမှာ project skywalk နဲ့ချိတ်ဆက်လုပ်ဆောင်လျက်ရှိတဲ့ ဒရုန်းအဖွဲ့များမှာ Force for Federal Democracy ၊ Falcon Wings ၊ People Force ၊ ABCD ၊ Butterfly ၊ Golden Eagle ၊ Mandalay PDF အပြင် တိုင်းနဲ့ပြည်နယ်အလိုက် တစ်ခြား Drone Team များလည်းပါဝင်ပါတယ်။
========================
📌📌 ၄။ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝန်ဆောင်မှုအနေနဲ့စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို အခမဲ့တိုင်ပင်ဆွေးနွေးပေးမယ်
NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝန်ဆောင်မှုအနေနဲ့စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို အခမဲ့တိုင်ပင်ဆွေးနွေးပေးမယ်လို့ သြဂုတ်လ ၃၀ ရက်နေ့မှာ NUG ကျန်းမာရေးဝန်ကြီးဌာနကဖော်ပြအသိပေးပအတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှုတယ်လီကျန်းမာ ဆေးခန်း (MOH) မှာ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်တယ်"လို့ဆိုပါတယ်။ ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ဝန်ဆောင်မှုအနေနဲ့ တိုင်ပင်ဖော် ဝန်ဆောင်မှု (MOWYCA) မှာလည်းဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှုအနေနဲ့ Mind Healers - စိတ်ခွန်အားပေးသူများ (MOHADM) မှာဆွေးနွေးနိုင်ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၅။ တောင်ဒဂုံမြို့နယ် ၁၈ ကွေ့မှတ်တိုင် လမ်းဆုံမှာ ယနေ့မနက် စကစတပ်ရဲ့ double cabကားဖောက်ခွဲတိုက်ခိုက်ခံရ
ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ၁၈ ကွေ့မှတ်တိုင် လမ်းဆုံမှာ ယနေ့မနက် စကစတပ်ရဲ့ double cabကားဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၃၀ ရက် မနက် ၆ နာရီအချိန် တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်းမကြီး ၁၈ ကွေ့မှတ်တိုင်လမ်းဆုံအနီးမှာတိုက်ခိုက်ခဲ့တာလို့ special Task Agency of Burma STA ကဆိုပါတယ်။
"အကြမ်းဖက် စစ်တပ်မှနှစ်ကောင်၊စ်တပ်လက်အောက်ခံရဲနှစ်ကောင်တို့ကင်းလာချတဲ့ double cab ကားကိုမိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ ကားတစ်စီးပျက်စီးကာ ၄င်းအကြမ်းဖက် စစ်တပ်မှ နှစ်ကောင် ထိခိုက်ဒဏ္ရာရရှိခဲ့တယ်"လို့ ဆိုပါတယ်။ အကြမ်းစစ်ကောင်စီအပါအဝင် စစ်အုပ်စုဒေါက်တိုင်များကို ဆက်လက်ရှင်းလင်းသွားမယ်လို့ special Task Agency of Burma STA ကဖော်ပြပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ဇီးဖြူကုန်းပျူရွာမှ မှိုရှာထွက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးကို ပစ်ခတ်ရှင်းလင်း
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ဇီးဖြူကုန်းပျူရွာမှ မှိုရှာထွက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ သြဂုတ်လ ၃ဝ ရက်မှာ စစ်ရေးသတင်းကို ပုလဲတပ်ရင်း - ၁ (Royal Eagle PDF) မှအသိပေးဆိုပါတယ်။
"ပုလဲမြို့နယ်၊ဇီးဖြူကုန်းပျူရွာမှ မှိုရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးကို ကျွန်တော်တို့ ပုလဲတပ်ရင်း - ၁ (Royal Eagle PDF) မှ (၃) ရက်အကြာ ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းခဲ့ပြီးနောက်သြဂုတ်၂၉ ရက် နံနက် ၇:၀၀ ချိန်ခန့်တွင် ပစ်ခတ်ရှင်းလင်းခဲရာ (၁) ဦးသေ (၁) ဦးဒဏ်ရာရပြီး အလောင်းပင်ပြန်မကောက်နိုင်ပဲ ပျူရွာအတွင်း ဝရုန်းသုံးကာ ဆုတ်ခွာပြေးဝင်သွားခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုကျန်ရှိခဲ့သော အလောင်းကို ၈:၄၅ မိနစ်ချိန်ခန့်တွင်ပြန်လည်းကောက်ယူပြီ ၉:၅၅ မိနစ်ချိန်တွင် မီးရှို့သဂြိုလ်ခဲ့ကြောင်း သိရှိရပါတယ်။ ထိုသို့အထိအခိုက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ပျူစောထီးများဟာ မကျေနပ်၍ အင်အား (၁၅)ယောက်ဖြင့် ရွာနီးတဝိုက် လှည့်လည်ကင်းထိုးစဉ် ပုလဲ PDF ကင်းပုန်းနှင့် ၂:၅၀ မိနစ်ခန့်တွင် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁) ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း - ၁ ရဲဘော်များမှာ ဘေးမသီရန်မခဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၇။ ယနေ့မနက်အစောပိုင်း ပဲခူးတိုင်း ရွှေကျင်မြို့နယ်က စကစတပ်ရဲ့သံဆိပ်စခန်းကျ
ယနေ့မနက်အစောပိုင်း ပဲခူးတိုင်း ရွှေကျင်မြို့နယ်က စကစတပ်ရဲ့သံဆိပ်စခန်းကျရှုံးခဲ့တယ်လို့ သြဂုတ်လ ၃၀ ရက်မှာ ပဲခူးတိုင်း တပ်ရင်း ၃၇၀၂ BPDF Yoma ကအသိပေးဆိုပါတယ်။
"ယနေ့ မနက် ၅ နာရီက စစ်ခွေး ရဲ့ ရွှေကျင်မြို့နယ် သံဆိပ်စခန်းကျတယ်။ဒီကောင်တွေ ထွက်ပြေးရင် လက်နက်ကြီးနဲ့ ရွာထဲပြန်ထုလို့ ရွာသားတစ်ဦးသေပြီး ၃ ဒဏ်ရာ ရတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစတပ်တွေဟာ ရွာအနီး အင်းအားတိုးဝင်လာပြီး စစ်ကြောင်းပြန်ထိုးနေတယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment