31st AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးအမြန် အဆုံးသတ်နိုင်ဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ အကြမ်းဖက်စစ်ကောင်စီကို မြန်မာ့မြေပေါ်မှ အပြီးတိုင် မောင်းထုတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

📌 ၃။ အသင်းအဖွဲ့ မှတ်ပုံတင်ထုတ်ပေးရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး ပြည်နယ်အတိုင်ပင်ခံ ကောင်စီတွေနဲ့ တိုင်ပင်ကာ စတင်ဆောင် ရွက်နေပြီဖြစ်

📌 ၄။ အာဏာသိမ်းစစ်အုပ်စုဟာ မဟာမိတ်တွေအချင်းချင်းကြားသွေးကွဲအောင် ရန်တိုက်ပြီး အာဏာတန်ခိုးကြီးထွားအောင်လုပ်တတ်လေ့ရှိတယ်လို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း သတိပေးပြောကြား

📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး ရုံးအဖွဲ့ ဖွဲ့စည်း

📌 ၆။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်းလင်း သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက် ကံစမ်းမဲလက်မှတ် ရက်အတွင်း အမေရိကန်ဒေါ်လာ သိန်းကျော်ဖိုးရောင်းချရ

📌 ၇။ “Project Skywalk" ဘဏ္ဍာငွေရှာဖွေရေး အစီစဥ်အတွက် ပြည်တွင်းပြည်ပမှ ပါဝင်​​ထောက်ကူနိုင်ဖို့  သက်ဆိုင်ရာနိုင်ငံအလိုက် တာဝန်ခံ Fundraiser များထုတ်ပြန်

📌 ၈။ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကမ္ဘာ့ကုလသမဂ္ဂမှ သက်တမ်းတိုးပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုကိုဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်သွားမယ်

📌 ၉။ အကြမ်းဖက် စစ်တပ်က ရွှေစျေးမတက်ဖို့ ရွှေလုပ်ငန်းရှင်များခေါ်တွေ့ပြီးနောက်အခေါက်ရွှေ တစ်ကျပ်သား ၃၁ သိန်းအထိ စံချိန်တင်မြင့်တက်

📌 ၁၀။ မုံရွာမြို့  မြဝတီဘဏ် ရှေ့တွင် ဆက်ကြေးကောက် ဂိတ်စောင့်နေတဲ့ စကစတပ်များကို ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံး

📌 ၁၁။ ရေစကြိုမြို့နယ်မှာ နှစ်ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အယောက်၂၀ ကျော်သေဆုံးတယ်လို့ဆို

📌 ၁၂။ ကျွန်းလှမြို့နယ်  အနောက်မြောက်ခြမ်းရှိ ရွာကုန်းကြီးရွာကိုအကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးအမြန် အဆုံးသတ်နိုင်ဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


နွေဦးတော်လှန်ရေးအမြန် အဆုံးသတ်နိုင်ဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ ယာယီသမ္မတ ဒူဝါလရှီးလကထည့်သွင်းပြောပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရစုဖွဲ့ပြီး တစ်နှစ်ကျော်ကာလသို့ ရောက်ရှိ လာပြီဖြစ်ပါတယ်။ ထို့အတူ လာမယ့် စက်တင်ဘာလ ရက်နေ့က ပြည်သူ့ခုခံစစ် တော်လှန်ရေး D-Day ကို ကြေညာခဲ့တဲ့ တစ်နှစ်ပြည့် သမိုင်းမှာ မှတ်ကျောက်တင်မယ့် နေ့ရက်လည်းဖြစ်ပါတယ်။ ခုခံတော် လှန်စစ်ကြေညာခဲ့တဲ့ တစ်နှစ်တာကာလအတွင်း မိမိတို့အစိုးရနဲ့ တော်လှန်ရေးအင်အားစုများ အတွက် အံ့မခန်းအောင်မြင်မှုများ ရရှိခဲ့သလို ဝမ်းနည်းဖွယ် နစ်နာဆုံးရှုံးမှုများစွာလည်း ကြုံတွေ့ခဲ့ရပါ တယ်။ ပြည်သူလူထုအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဆိုးယုတ် အကြမ်းဖက်မှုများကို နေ့စဥ်နှင့်အမျှတွေ့ကြုံခံစားနေကြရတာ တွေ့မြင်နေရပါတယ်။ မိမိတို့အစိုးရအနေဖြင့်လည်း ယခုတော်လှန်ရေးအကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ အမြဲသတိရ အားစိုက်ကာ နည်းလမ်းမှန်မှန်ဖြင့် ဦးဆောင်နိုင်ဖို့ လိုပါတယ်လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို စတင်ကြေညာခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီကို မြန်မာ့မြေပေါ်မှ အပြီးတိုင် မောင်းထုတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော


အကြမ်းဖက်စစ်ကောင်စီကို မြန်မာ့မြေပေါ်မှ အပြီးတိုင် မောင်းထုတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ ဝန်ကြီးချုပ်ကပြောပါတယ်။


"ကျွန်တော်တို့အနေနဲ့ လူမဆန်တဲ့ အကြမ်းဖက်စစ်ကောင်စီကို မြန်မာ့မြေပေါ်မှ အပြီးတိုင် မောင်းထုတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိတယ်ဆိုတာလည်း ပြည်သူအားလုံး သိရအောင် ထပ်လောင်းပြောကြားလိုပါတယ်။ တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ ပြဿနာပေါင်းများစွာရဲ့ အရင်းအမြစ်ကို ကျွန်တော်တို့အားလုံး သိရှိပြီးဖြစ်တာကြောင့် ဒီအမြစ်ကို ခုတ်ထွင်ရှင်းလင်းနိုင်ပြီဆိုရင် ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ပြဿနာတော်တော်များများ အလိုအလျောက် ဖြေရှင်းပြီးသား ဖြစ်သွားမှာမို့ ကျွန်တော်တို့အားလုံး အားစိုက်ဆောင်ရွက်နေကြတာဖြစ်ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီကို ၄င်းတို့ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲမတိုင်မီ အပြီးတိုင်ဖယ်ရှား ရှင်းလင်းမယ်လို့ ပြည်ထဲရေးဝန်ကြီးကလည်းပြောကြားထားပါတယ်။


========================


📌📌 ၃။ အသင်းအဖွဲ့ မှတ်ပုံတင်ထုတ်ပေးရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး ပြည်နယ်အတိုင်ပင်ခံ ကောင်စီတွေနဲ့ တိုင်ပင်ကာ စတင်ဆောင် ရွက်နေပြီဖြစ်


အသင်းအဖွဲ့ မှတ်ပုံတင်ထုတ်ပေးရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး ပြည်နယ်အတိုင်ပင်ခံ ကောင်စီတွေနဲ့ တိုင်ပင်ကာ စတင်ဆောင် ရွက်နေပြီဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ ဝန်ကြီးချုပ်ကပြောပါတယ်။


"အစိုးရအဖွဲ့အနေနဲ့ တော်လှန်ရေးနဲ့ တိုက်ရိုက် အကျိုးပြုနေတဲ့ လုပ်ငန်းတွေကို အားစိုက်ဆောင်ရွက် ရတာတွေ ရှိသလို တချို့သွယ်ဝိုက်ပြီး အကျိုးပြုနေတဲ့ လုပ်ငန်းတွေ ကိုလည်း မဖြစ်မနေစီမံကြရတာ ရှိပါတယ်။ ပြီးခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုဆောင်ရွက်ခဲ့တဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်မူကြမ်းကိုလည်း အခုဆိုရင် အသင်းအဖွဲ့ မှတ်ပုံတင်ထုတ်ပေး ရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး ပြည်နယ်အတိုင်ပင်ခံ ကောင်စီတွေနဲ့ တိုင်ပင်ကာ စတင်ဆောင် ရွက်နေပြီလို့ သိရပါတယ်။လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်ဖက် အဖွဲ့အစည်းများကိုပါ အကြမ်းဖက် စစ်တပ်က ပိတ်ပင်ဖမ်းဆီးခဲ့ပါတယ်။


========================


📌📌 ၄။ အာဏာသိမ်းစစ်အုပ်စုဟာ မဟာမိတ်တွေအချင်းချင်းကြားသွေးကွဲအောင် ရန်တိုက်ပြီး အာဏာတန်ခိုးကြီးထွားအောင်လုပ်တတ်လေ့ရှိတယ်လို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း သတိပေးပြောကြား


အာဏာသိမ်းစစ်အုပ်စုဟာ မဟာမိတ်တွေအချင်းချင်းကြားသွေးကွဲအောင် ရန်တိုက်ပြီး အာဏာတန်ခိုးကြီးထွားအောင်လုပ်တတ်လေ့ရှိတယ်လို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း သတိပေးပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၃၀ ရက်မှာ ပညာရေး ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက လူမှုကွန်ရက်မှာရေးသားပြောပါတယ်။


"အာဏာသိမ်းစစ်အုပ်စုဟာ မဟာမိတ်တွေအချင်းချင်းကြားသွေးကွဲအောင် ရန်တိုက်ပြီး အာဏာတန်ခိုးကြီးထွားအောင်လုပ်တာ (Divide and Rule) နိုင်ငံရေးဦးဆောင်သူတွေနဲ့ အင်အားစုတွေကြားသွေးကွဲအောင် ပုဂ္ဂိုလ်ရေးအရ ပုံဖျက်တာ (character assassination) အထူးသဖြင့် ရန်သူကကြောက်ရတဲ့ တော်လှန်ရေးရဲဘော်တွေက တော်လှန်ရေးအပေါ်အယုံအကြည် နည်းသွားအောင် စသည့်နည်းလမ်းတွေနဲ့ လုပ်လေ့ရှိကြပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်အပါအဝင် ကရင်နီဒေသတို့မှာ အထိနာကျရှုံးလျက်ရှိပါတယ်။


"သတိထားစရာအနေအထားတစ်ခုကတော့ တိုက်ပွဲဝင်ဖို့ပြင်နေချိန်နဲ့ တိုက်ပွဲကာလတွေမှာ ရန်သူနဲ့အပေါင်းအပါတွေကို ယုံမှားသံသယစိတ်ဖြစ်အောင်လုပ်ပြီး စစ်ပွဲကို အနိုင်ယူဖို့ လုပ်လေ့ရှိတာကို အလေးအနက်ထား ရှောင်လွဲနိုင်ဖို့လိုပါတယ်"လို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကဆိုပါတယ်။


========================


📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး ရုံးအဖွဲ့ ဖွဲ့စည်း


အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး ရုံးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့မှာ ရုံးအဖွဲ့၇ဦးနဲ့ဖွဲ့စည်းလိုက်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနယက ထုတ်ပြန်ကြေညာပါတယ်။


ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး ကိုယာ်စးလှယ်အဖြစ် ဒေါ်နန်းဆုအောင်ကို မတ်လ ၂၄ ရက်နေ့ကခန့်အပ်တာဝန်ပေးကြောင်းကြေညာခဲ့ပါတယ်။ လက်ရှိမှာ ရုံးအဖွဲ့ကို  ဘာသာပြန်တာဝန်ခံ၊နိုင်ငံရေးအကြံပေး၊ဆက်သွယ်ရေးတာဝန်ခံ၊စီမံဘဏ္ဍာတာဝန်ခံနှစ်ဦးနဲ့မီဒီယာ၊ဆိုရှယ်မီဒီယာတာဝန်ခံတို့နဲ့ဖွဲ့စည်းလိုက်ပါတယ်။


========================


📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်းလင်း သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက် ကံစမ်းမဲလက်မှတ် ရက်အတွင်း အမေရိကန်ဒေါ်လာ သိန်းကျော်ဖိုးရောင်းချရ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်းလင်း သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက် ကံစမ်းမဲလက်မှတ် ရက်အတွင်း အမေရိကန်ဒေါ်လာ သိန်းကျော်ဖိုးရောင်းချရခဲ့တယ်လို့ သတင်းရရှိပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့မှာ တော်လှန်ရေး ရန်ပုံငွေရှာဖွေတဲ့ မပန်ဆယ်လိုကအသိပေးဆိုထားပါတယ်။


"ဆန်ရေအတွက် ပြည်သူတွေရဲ့ စုန်ရေ အသွေးအသားပေါ် မော်ကွန်းတင်ဂုဏ်ပြု Day 5 အတွင်း လက်မှတ် 8000 ကျော် ရက်အတွင်း အမေရိကန်ဒေါ်လာ ၈သိန်းကျော် ရှာဖွေနိုင်ခဲ့ပါပြီ"လို့ဆိုပါတယ်။ ကံစမ်းမဲလက်မှတ်အများဆုံးဝယ်ယူတဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီးတော့ ဒုတိယအများဆုံးမှာ US နဲ့ UK နိုင်ငံတို့ဖြစ်တယ်လို့ဆိုပါတယ်။ မဲလက်မှတ်ရောင်းချရငွေအားလုံးကို မတရားမှုကို တော်လှန်ဖို့နဲ့ ဘေးဒဏ်သင့်ပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဆန်ရေ အမည်ရှိ သစ်ထွင်းပန်းချီရဲ့ ကံထူးသူကို ကိုထိန်လင်းကိုယ်တိုင် Live နဲ့ မဲနှိုက်ပေးသွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၇။ “Project Skywalk" ဘဏ္ဍာငွေရှာဖွေရေး အစီစဥ်အတွက် ပြည်တွင်းပြည်ပမှ ပါဝင်​​ထောက်ကူနိုင်ဖို့  သက်ဆိုင်ရာနိုင်ငံအလိုက် တာဝန်ခံ Fundraiser များထုတ်ပြန်


“Project Skywalk" ဘဏ္ဍာငွေရှာဖွေရေး အစီစဥ်အတွက် ပြည်တွင်းပြည်ပမှ ပါဝင်​​ထောက်ကူနိုင်ဖို့  သက်ဆိုင်ရာနိုင်ငံအလိုက် တာဝန်ခံ Fundraiser များထုတ်ပြန်လိုက်ပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့မှာ Project Skywalk ကအသိပေးဖော်ပြပါတယ်။ သက်ဆိုင်ရာနိုင်ငံအလိုက် တာဝန်ခံ Fundraiser များရဲ့ဆက်သွယ်ရမယ့် အချက်အလက်များကို Project Skywalk လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။


Project Skywalk ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြုလုပ်တာဖြစ်ပြီး ကာကွယ်ရေး ဒုဝန် ကြီး နိုင်ကောင်းရွက် ဦးဆောင်ကာ ဘဏ္ဍာရေးနဲ့ ပြည်သူ့ဆက်ဆံရေး အဖွဲ့တို့ ဦးစီးလုပ်ဆောင်တာဖြစ်ပါတယ်။ Project Skywalk ကနေ အမေရိကန်ဒေါ်လာ တစ်သန်း အနည်းဆုံးရန်ပုံငွေရဖို့အတွက်ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ စနစ်ကျတဲ့ chain of command တစ်ခုအောက်မှာ အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ဒီပရော့ဂျက်က ဦးတည်ရည်ရွယ်ဆောင်ရွက်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကမ္ဘာ့ကုလသမဂ္ဂမှ သက်တမ်းတိုးပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုကိုဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်သွားမယ်


ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကမ္ဘာ့ကုလသမဂ္ဂမှ သက်တမ်းတိုးပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုကိုဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်သွားမယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့မှာ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားရုံးလူမှုကွန်ရက်စာမျက်နှာကနေဖော်ပြပါတယ်။


"ကမ္ဘာ့ကုလသမဂ္ဂ အမြဲတမ်းဌာနေသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကမ္ဘာ့ကုလသမဂ္ဂမှ သက်တမ်းတိုးပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုကို လာမည့် စက်တင်ဘာလ (၁၁) ရက်နေ့မှာ ဂျပန်တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သွားပါမယ်။ ဦးကျော်မိုးထွန်းအား ဆက်လက်ခန့်ထားရန်အတွက် အသံကျယ်ကျယ်လောင်လောင် ဆန္ဒပြုမှုများဖြင့် တွန်းအားပေးဖို့ အထူးလိုအပ်နေသည့်အတွက် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ပေးကြဖို့ လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်"လို့အသိပေးဖော်ပြထားပါတယ်။

 

ဂျပန်နိုင်ငံတိုကျိုတွင်မူ နှစ်ကြိမ်ခွဲပြီး ပြုလုပ်သွားမှာဖြစ်ပြီးတော့ စက်တင်ဘာလ () ရက်နေ့ သောကြာနေ့တွင် UN University ရှေ့၌ စာပေးရန် ပြုလုပ််သွားမှာဖြစ်ပြီး စက်တင်ဘာလ (၁၁) ရက်နေ့ တနင်္ဂနွေနေ့မှာတော့ UNရှေ့ကိုဖြတ်ပြီး ချီတက်လမ်းလျောက်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၉။ အကြမ်းဖက် စစ်တပ်က ရွှေစျေးမတက်ဖို့ ရွှေလုပ်ငန်းရှင်များခေါ်တွေ့ပြီးနောက်အခေါက်ရွှေ တစ်ကျပ်သား ၃၁ သိန်းအထိ စံချိန်တင်မြင့်တက်


အကြမ်းဖက် စစ်တပ်က ရွှေစျေးမတက်ဖို့ ရွှေလုပ်ငန်းရှင်များခေါ်တွေ့ပြီးနောက်အခေါက်ရွှေ တစ်ကျပ်သား ၃၁ သိန်းအထိ စံချိန်တင်မြင့်တက်နေပြီဖြစ်ပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့မှာ ရွှေစျေးကွက်အဖွင့်ဟာ တစ်ကျပ်သားကို ၃၁ သိန်းထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။


သြဂုတ် ၂၇ ရက်နေ့ စစ်ကောင်စီနဲ့ ရွှေလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကို စစ်ကောင်စီညွှန့်ကြားတဲ့ စျေးနဲ့ ရွှေကိုရောင်းချဖို့ ပြောကြားခဲ့တာပါ။ သြဂုတ် ၂၉ ရက်နေ့မှာ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းကနေ အခေါက်ရွှေတစ်ကျပ်သားကို ၂၀၂၇၀၀၀ စျေးနဲ့ ထုတ်ပြန်ခဲ့ပေမယ့် ပြင်ပစျေးကွက်မှာတော့ တစ်ကျပ်သားကို ၂၈၅၀၀၀၀ ကျပ်အထိပေါက်စျေးရှိခဲ့ပါတယ်။


========================


📌📌 ၁၀။ မုံရွာမြို့  မြဝတီဘဏ် ရှေ့တွင် ဆက်ကြေးကောက် ဂိတ်စောင့်နေတဲ့ စကစတပ်များကို ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံး


မုံရွာမြို့  မြဝတီဘဏ် ရှေ့တွင် ဆက်ကြေးကောက် ဂိတ်စောင့်နေတဲ့ စကစတပ်များကို ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ရွာမြို့  မြဝတိီဘဏ် ရှေ့တွင် ဆက်ကြေးကောက် ဂိတ်စောင့်နေတဲ့ စကစတပ်များကို တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF တပ်ဖွဲ့ကဆိုပါတယ်။


"မုံရွာ​​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF မုံရွာခရိုင် အမှတ် () တပ်ရင်း နှင့် မဟာမိတ် တပ်ဖွဲ့များသည် ယနေ့ နေ့လည် :၃၀ အချိန်တွင် မုံရွာမြို့  မြဝတီဘဏ် ရှေ့တွင် ဆက်ကြေးကောက် ဂိတ်စောင့် ခွေးအ တအုပ်ကို အမှည့်ခြွေခဲ့ရာ သုံးကောင်မှာ မုန့်ဟင်းခါးဖြစ်သွားကြောင်း အတိအကျ သတင်းရရှိခဲ့ပါတယ်"လို့ ဆိုပါတယ်။


အဆိုပါ ပြောက်ကျားစစ်ဆင်ရေးတွင် ဆိုင်ကယ်စီးပြည်သူ တချို့မှာ ဖြတ်သန်းသွားလာသဖြင့် ရဲဘော်များ အပစ်ရပ်ကာ ဆုတ်ခွာခဲ့ရသဖြင့် လက်နက် ရယူနိုင်မည့် အခွင့်အရေးဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြပါတယ်။ ပူးပေါင်းပါဝင်သော မဟာမိတ်များမှာ - မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) မုံရွာခရိုင်အမှတ် () တပ်ရင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ၊မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) Monywa Hero Group (MHG) မုံရွာနတ်ဆိုးတို့ဖြစ်ပါတယ်။


========================


📌📌 ၁၁။ ရေစကြိုမြို့နယ်မှာ နှစ်ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အယောက်၂၀ ကျော်သေဆုံးတယ်လို့ဆို


ရေစကြိုမြို့နယ်မှာ နှစ်ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အယောက် ၂၀ ကျော်သေဆုံးတယ်လို့Yesagyo People`s Defense Forceကဆိုပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့မှာ ရေစကြို PDF ကစစ်ရေးသတင်းကိုဖော်ပြပါတယ်။


"သြဂုတ်လ ၂၉ ရက် နေ့လည် () နာရီခွဲ ဝန်းကျင်တွင်ရေစကြိုမြို့အဝင် စိုက်ပျိူးရေးရုံးအနီး၌ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ကျော် လိုက်ပါလာသော ကား () စီး (light truckတစ်စီး၊စစ်သုံးကား၂စီး) အား မဟာမိတ်တပ်ဖွဲ့များမှ အဝေးထိမ်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ light truck တစ်စီးနှင့် စစ်သုံးကားတစ်စီးအား တည့်တည့်ထိမှန်သွားခဲ့တယ်"လို့ဆိုပါတယ်။ ဖြစ်စဥ်မှာ ကားတစ်စီးလုံးဝပျက်စီးသွားကာကားများပေါ်တွင်လိုက်ပါလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအနက်မှ အယောက်၂၀ သေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ်။


 "သြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ယမန်နေ့က မိုင်းခွဲတိုက်ခိုက်ခံရသော အဆိုပါ စိုက်ပျိုးရေးရုံး အနီးနားဝန်းကျင်နေရာသို့ မိုင်းရှာဖွေရှင်းလင်းရေးလုပ်ရန် ရောက်လာခဲ့ကြသောစကစတပ်များကိုထပ်မံ၍ အဝေးထိန်းမိုင်းများနဲ့တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့်နေရာတင် ၅ဦးသေဆုံးကာ၂ဦးထိခိုက်ဒဏ္ရာရရှိခဲ့ပါတယ်။ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးခဲ့ပြီး ၃၂ ဦးဒဏ်ရာရသွားခဲ့သည့်အပြင် ကား၂ စီးကိုပါဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၁၂။ ကျွန်းလှမြို့နယ်  အနောက်မြောက်ခြမ်းရှိ ရွာကုန်းကြီးရွာကိုအကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်  အနောက်မြောက်ခြမ်းရှိ ရွာကုန်းကြီးရွာကိုအကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့မှာ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကအသိပေးဖော်ပြပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့ မနက် နာရီ ၂၀ အချိန်အကြမ်းဖက်စကစတပ် ၉၉ လက်အောက်ခံ ခမရ-၁၁၃ စစ်ကြောင်းမှ  ကျွန်းလှမြို့နယ်  အနောက်မြောက်ခြမ်းရှိ ရွာကုန်းကြီးရွာအား မီးရှို့ခဲ့ပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာ ဆုံးရှုံးပျက်စီးမှုကိုအတည်ပြုနေဆဲဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment