၂၀၂၂ သြဂုတ်လ ၃၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အစိုးရနဲ့ အတူလက်တွဲချိတ်ဆက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်များရှိနေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ မြန်မာနိုင်ငံကစစ်ခေါင်းဆောင်တွေဟာ ခေတ်အဆက်ဆက် Psywar တွေသုံးခဲ့တာအားလုံးသိပြီးဖြစ်မယ်လို့ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို
📌 ၃။ အမေရိကန် နယူးယောက်မြို့မှာ ကုလ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ခန့်ထားရေး စက်တင်ဘာ ၁၇ ရက်နေ့လမ်းလျှောက်ဆန္ဒပြမယ်
📌 ၄။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို့မြို့တော် မရီနာ မြက်ခင်းပြင်မှာသံအမတ်ကြီး ဦးကျာ်မိုးထွန်း ထောက်ခံဆန္ဒပြပွဲ ကျင်းပမယ်
📌 ၅။ NLD ပါတီအင်္ကျီဝတ်ဆင်ထားတဲ့အကြောင်းပြချက်နဲ့ စိတ်ကျန်းမာရေးချို့တဲ့သူကို အကြမ်းဖက် စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီး
📌 ၆။ ဂန့်ဂေါနယ် နှမ်းခါးရွာမှာ စစ်တပ်က သိန်းနှစ်ထောင်ကျော်ဖိုး စာသင်ကျောင်းနဲ့လူနေအိမ်အပါအ၀င် ကားများကိုမီးရှို့ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အစိုးရနဲ့ အတူလက်တွဲချိတ်ဆက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်များရှိနေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
အစိုးရနဲ့ အတူလက်တွဲချိတ်ဆက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်များရှိနေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ ယာယီသမ္မတ ဒူဝါလရှီးလကထည့်သွင်းပြောပါတယ်။
‘တော်လှန်ရေးခရီးအမြန်အောင်မြင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့များရဲ့ အခန်းကဏ္ဍကလည်း အထူးအရေးကြီးလှပါတယ်။ ဒါ့အတွက် မိမိတို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ စစုဖွဲ့ခဲ့သည့်နေ့မှ စတင်ပြီး မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များကို ချည်းကပ်ပြီး တိုင်းပြည်တည်ဆောက်ရေးကဏ္ဍမှာ အတူကွလက်တွဲနိုင်ရန် ကြိုးပမ်းချိတ်ဆက်ခဲ့ ပါတယ်။ ယနေ့ အထိ အားမလျော့ဘဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့အချိန်မှာ မိမိတို့အစိုးရနဲ့ အတူလက်တွဲချိတ်ဆက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်များရှိသလို ဆက်လက်ပြီး ကြိုးစား ရမည့် အဖွဲ့များလည်း ကျန်ရှိနေပါသေးတယ်"လို့ဆိုပါတယ်။ လက်ရှိ မှာ KNU KIA စတဲ့အဖွဲ့အစည်းများဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံကစစ်ခေါင်းဆောင်တွေဟာ ခေတ်အဆက်ဆက် Psywar တွေသုံးခဲ့တာအားလုံးသိပြီးဖြစ်မယ်လို့ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို
မြန်မာနိုင်ငံကစစ်ခေါင်းဆောင်တွေဟာ ခေတ်အဆက်ဆက် Psywar တွေသုံးခဲ့တာအားလုံးသိပြီးဖြစ်မယ်လို့ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆိုပါတယ်။ သြဂုတ်လ ၃၀ ရက်မှာ ပညာရေး ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက လူမှုကွန်ရက်မှာရေးသားပြောပါတယ်။
"မြန်မာနိုင်ငံကစစ်ခေါင်းဆောင်တွေဟာ ခေတ်အဆက်ဆက် Psywar တွေသုံးခဲ့တာအားလုံးသိပြီးဖြစ်တယ်။ မြင်သာအောင်ပြောရရင် သူတို့ တပ်သားတွေကို Brainwash (တစ်စုံတစ်ခုကိုယုံကြည်လာအောင် အတွေးအခေါ်ရိုက်သွင်းခြင်း) လုပ်တာဟာလည်း Psywar ပါပဲ။ အာဏာဘီလူးစစ်ခေါင်းဆောင်တွေအတွက်ကတော့ တပ်မတော်သည် နိုင်ငံကိုကယ်တင်သူဖြစ်တယ်။ တစ်သွေးတစ်သံတစ်မိန့်စနစ်ကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ တပ်သားတွေ ယုံကြည်နာခံလာစေဖို့ အတွေးအခေါ်ရိုက်သွင်းတာတွေလုပ်ခဲ့တာဟာလည်း အားလုံးအသိဖြစ်တယ်"လို့ဆိုပါတယ်။ စကစဟာရုပ်မြင်သံကြားတွေ၊ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ ပြည်သူကို Brainwash လုပ်နေတာနေ့စဉ်နဲ့အမျှပဲလို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ အမေရိကန် နယူးယောက်မြို့မှာ ကုလ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ခန့်ထားရေး စက်တင်ဘာ ၁၇ ရက်နေ့လမ်းလျှောက်ဆန္ဒပြမယ်
အမေရိကန် နယူးယောက်မြို့မှာ ကုလ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ခန့်ထားရေး စက်တင်ဘာ ၁၇ ရက်နေ့ လမ်းလျှောက်ဆန္ဒပြမယ်လို့သတင်းရရှိပါတယ်။ Manhattan, NYC ရှိ Flatiron Public Plaza တွင် September 17 (Saturday) နေ့လည် (၁) နာရီ၌ ဆုံကြမည်ဖြစ်ပြီး၊ UN Headquarters ရှေ့ရှိ Dag Hammerskjold Plaza မှာအဆုံးသတ်ပါမယ်လို့သိရပါတယ်။
United Nations အဖွဲ့အစည်းသည် မကြာမှီ (၇၇) ကြိမ်မြောက် အထွေထွေညီလာခံအား စတင်တော့မှာဖြစ်ပါတယ်။ ထိုညီလာခံမှတဆင့် Credentials Committee ကိုဖွဲ့စည်းကာ မြန်မာနိုင်ငံမှမည်သူ့ကို UN တွင်အမြဲတန်းကိုယ်စားလှယ်အဖြစ် ရှေ့ဆက်ပြီးခန့်အပ်မယ်ကို ဆုံးဖြတ်မှာလည်းဖြစ်ပါတယ်။
========================
📌📌 ၄။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို့မြို့တော် မရီနာ မြက်ခင်းပြင်မှာသံအမတ်ကြီး ဦးကျာ်မိုးထွန်း ထောက်ခံဆန္ဒပြပွဲ ကျင်းပမယ်
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို့မြို့တော် မရီနာ မြက်ခင်းပြင်မှာသံအမတ်ကြီး ဦးကျာ်မိုးထွန်း ထောက်ခံဆန္ဒပြပွဲ ကျင်းပမယ်လို့သတင်းရရှိပါတယ်။ လာမယ့် စက်တင်ဘာ ၃ ရက်န့ စနေ့နေ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို့မြို့တော် မရီနာ မြက်ခင်းပြင်မှာလည်း နေ့ခင်း ၂ နာရီမှ ၆ နာရီအထိ မြန်မာများစုဝေးကြပြီး သံအမတ်ကြီး ဦးကျာ်မိုးထွန်း ထောက်ခံဆန္ဒပြပွဲ ကျင်းပပါမှာ ဖြစ်ပါတယ်။
အထိမ်းအမှတ်အဖြစ် မြန်မာအလံငယ်များ ထောင်နဲ့ချီပြီး လွှင့်ထူကြမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အမြဲတမ်းဌာနေသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကမ္ဘာ့ကုလသမဂ္ဂမှ သက်တမ်းတိုးပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုကို လာမည့် စက်တင်ဘာလ (၁၁) ရက်နေ့မှာ ဂျပန်တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သွားဖို့လည်းရှိနေပါတယ်။
========================
📌📌 ၅။ NLD ပါတီအင်္ကျီဝတ်ဆင်ထားတဲ့အကြောင်းပြချက်နဲ့ စိတ်ကျန်းမာရေးချို့တဲ့သူကို အကြမ်းဖက် စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီး
NLD ပါတီအင်္ကျီဝတ်ဆင်ထားတဲ့အကြောင်းပြချက်နဲ့ စိတ်ကျန်းမာရေးချို့တဲ့သူကို အကြမ်းဖက် စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့တွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် နေထိုင်သော စိတ်ကျန်းမာရေးကောင်းမွန်ခြင်း စစ်သားများမှ အပြင်းအထန်ရိုက်နှက်ပြီး ဖမ်းဆီးသွားခဲ့တယ်လို့AAPPကဖော်ပြပါတယ်။
ကိုမင်းလဲ့သည် NLD ပါတီ၏ အင်္ကျီဝတ်ဆင်ထားပြီး စုံစင်ဖျားကျေးရွာမီးသတ်ရုံး၌ တပ်စွဲထားသည့် စစ်သားများအနီးကို သွားရောက်ချိန်တွင် ထိုကဲ့သို့ ရိုက်နှက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၁၈၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၄၁၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၆။ ဂန့်ဂေါနယ် နှမ်းခါးရွာမှာ စစ်တပ်က သိန်းနှစ်ထောင်ကျော်ဖိုး စာသင်ကျောင်းနဲ့လူနေအိမ်အပါအ၀င် ကားများကိုမီးရှို့ဖျက်ဆီး
ဂန့်ဂေါနယ် နှမ်းခါးရွာမှာ စစ်တပ်က သိန်းနှစ်ထောင်ကျော်ဖိုး စာသင်ကျောင်းနဲ့လူနေအိမ်အပါအ၀င် ကားများကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာနှမ်းခါးရွာ ပြန်လည်ထူထောင်ရေးအဖွဲ့ကဆိုပါတယ်။
"၁၉ ရက်နေ့ မှာ စစ်ကောင်စီနှင့် PDF တွေ နှမ်းခါးရွာ နယ်နမိတ်အတွင်း တိုက်ပွဲ ၂ နာရီခွဲ ဖြစ်ပွားခဲဲ့ ပါတယ်။ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများ ရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်မှ အထိနာ၍ နှမ်းခါးရွာ၏ စစ်ဘေးရှောင်စာသင်ကျောင်းနှင့် လူနေတဲ ၈ လုံးကိုလည်း မီရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။ ထို့အပြင် အိမ်စီးကား တစ်စီး ၊ FAW ကား ၂ စီး ၊ သုံးဘီး ၂ စီး၊ ဖြူစင်မေတ္တာ နာရေးကားများကို ဖျက်ဆီးခဲ့ပြီး စစ်ဘေးရှောင်ဆိုက်ကယ်အချို့ကို လည်း ရိုက်ထုဖျက်ဆီးခဲ့ပါတယ်။ ကာလတန်ကြေသိန်း ၂၀၀၀ ကျော်ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment