3rd AUG 2022 - Evening Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်ကိုအရေးယူရေး  နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရှေ့တွင် ဆန္ဒပြ

📌 ၂။ နွေဦးတော်လှန်ရေးကိုပဲ အာရုံထားကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၃။ အကြမ်းဖက် စစ်ကောင်စီနဲ့ စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာမှာ လုံးဝအသိအမှတ်မပြုရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူနိုင်ရေးကို အဓိကထားလုပ်ဆောင်နေတယ်လို့ ဝန်ကြီးဒေါက်တာဆာဆာပြော

📌 ၄။ တော်လှန်ရေးပြီးပါက ဗုံးခိုကျင်းများကို ကမ္ဘာလှည့် ခရီးသည်တွေအတွက် Spring Tour ခရီးသွားလုပ်ငန်းတခုစီစဥ်ထားတယ်လို့ ဝန်ကြီး နော်ဆူဆန်လှလှစိုးအသိပေး

📌 ၅။ စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ NUG ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

📌 ၆။ ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာ တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ဘက်က ၁၀ ဦးသေ

📌 ၇။ မန္တလေးဘက်မှ မုံရွာဘက်သို့ မောင်းနှင်လာသော စကစတပ်ယာဉ်တန်းအစီး ၃၀ ကျော်အား မိုင်းဆွဲတိုက်ခိုက်၍ ခုနစ်ဦးသေ

📌 ၈။ NUGPay Wallet ၅၀၀၀ ထိ ဖွင့်လှစ်ပြီးဖြစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်ကိုအရေးယူရေး  နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရှေ့တွင် ဆန္ဒပြ 


အကြမ်းဖက်စစ်တပ်ကိုအရေးယူရေးကို ဩဂုတ်လ ရက်‌နေ့က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရှေ့မှာ ဆန္ဒပြပွဲကို NYCBC မှဦးဆောင်ကာကျင်းပခဲ့ပါတယ်။ ဆန္ဒပြပွဲကိုကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းပါတက်ရောက်ခဲ့ပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးကို သေဒဏ်ပေး သတ်ဖြတ်မှု အပြီး အမျိုးသမီး ဦးအပါအဝင် ထပ်မံ၍ အပြစ်မဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားသူပြည်သူအယောက် (၁၀၀) ကျော်အပေါ်  သေဒဏ်စီရင်ရန် မြန်မာစစ်တပ်၏ စီစဉ်နေမှုအပေါ်အကြမ်းဖက် စစ်တပ်အား အရေးယူ ဆောင်ရွက်ရေးဆန္ဒပြခဲ့ကြတာပါ။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးကိုပဲ အာရုံထားကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


နွေဦးတော်လှန်ရေးကိုပဲ အာရုံထားကြဖို့ သြဂုတ်လ ရက်နေ့မှာ  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကလူမှုကွန်ရက်မှတစ်ဆင့်ရေးသားပြောကြားခဲ့ပါတယ်။


"နန်စီပေလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကတော့..သွားတော့မလိုလို.. မသွားတော့မလိုလိုနဲ့ ရောက်သွားလေပြီ။ကမ္ဘာရဲ့ အာဏာချိန်ခွင်လျှာဟာကိုယ်ကျိုးစီးပွား အဦးမူပေါ်မှာပဲအခြေခံပါတယ်။ ဒါကို အရှိတရား ပေးထားချက်အနေနဲ့ခံယူပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်တော်လှန်ရေးကိုပဲအာရုံထားကြဖို့ပါ။ ဆိုလိုတာက..ငါတို့မှာ ငါတို့ပဲ ရှိပါတယ်" လို့ ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။  "ကိုယ်တိုင်ရုန်းထ.. ကိုယ်ကြမ္မာကို ဖန်တီးကြ။မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်ကို အဆုံးသတ်ကြ"လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် စစ်ကောင်စီနဲ့ စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာမှာ လုံးဝအသိအမှတ်မပြုရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူနိုင်ရေးကို အဓိကထားလုပ်ဆောင်နေတယ်လို့ ဝန်ကြီးဒေါက်တာဆာဆာပြော


အကြမ်းဖက် စစ်ကောင်စီနဲ့ စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာမှာ လုံးဝအသိအမှတ်မပြုရေးနဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူနိုင်ရေးကို အဓိကထားလုပ်ဆောင်နေတယ်လို့ သြဂုတ်လ ရက်နေ့မှာပြုလုပ်သည့် ပြည်သူမှ ပြည်သူသို့ မေးမြန်းခြင်း အစီအစဥ်တွင်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဒေါက်တာဆာဆာကပြောကြားခဲ့ပါတယ်။


"စစ်ကောင်စီနဲ့ စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာမှာ လုံးဝအသိအမှတ်မပြုရေး ဒါကအမြဲတမ်းလုပ်နေတာပေါ့။ သူတို့ကို အသိအမှတ်မပြုရေးအပြင် သူတို့ကို ဒဏ်ခတ်ပိတ်ဆို့ရေး၊ မင်းအောင်လှိုင်နဲ့ ပတ်သတ်တဲ့ကုမ္ပဏီမှန်သမျှ၊ ဒီဘက် အကြမ်းဖက် ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ စီးပွားရေးမှန်သမျှကိုလည်း ဘယ်လိုအချိတ်အဆက်ရှိသလဲ။ ဘယ် ကုမ္ပဏီကတော့ အကြမ်းဖက် စစ်ဗိုလ်ချုပ်တွေကို ကူညီပြီးသူတို့က ဒါနဲ့လက်နက် ဝယ်သလား။ ပြည်သူလူထုကိုသတ်သလား။ ဒါတွေအားလုံးကို အဆက်မပြတ်ကြည့်ပြီးတော့ ရလာတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာအစိုးရကိုပို့တယ်။ သူတို့က ဒဏ်ခတ်ပိတ်ဆို့တယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ EU UK အမေရိကန် စတဲ့နိုင်ငံများက အကြမ်းဖက် စစ်ခေါင်းဆောင်များအပါအဝင် ၄င်းတို့နဲ့ဆက်စပ်သော စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့အရေးယူလျက်ရှိနေပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးပြီးပါက ဗုံးခိုကျင်းများကို ကမ္ဘာလှည့် ခရီးသည်တွေအတွက် Spring Tour ခရီးသွားလုပ်ငန်းတခုစီစဥ်ထားတယ်လို့ ဝန်ကြီး နော်ဆူဆန်လှလှစိုးအသိပေး


တော်လှန်ရေးပြီးပါက ဗုံးခိုကျင်းများကို ကမ္ဘာလှည့် ခရီးသည်တွေအတွက် Spring Tour ခရီးသွားလုပ်ငန်းတခုစီစဥ်ထားတယ်လို့ ဝန်ကြီး နော်ဆူဆန်လှလှစိုးအသိပေးပြောပါတယ်။ သြဂုတ်လ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး နော်ဆူစန်လှလှစိုးကပြောခဲ့ပါတယ်။


"ဒီဘက်မှာက တိုက်လေယာဥ်တွေမကြာမကြာလာတော့ ဒီလို ဗုံးခိုကျင်းတွေတူးပြီးနေတာလဲ New normal လိုဖြစ်နေပါပြီ။ ဘယ်သူမှလဲထူးပြီး ကြောက်မနေတော့ပါဘူး။ ကျောင်းတွေလဲပုံမှန်တက်. အလုပ်တွေပုံမှန်လုပ် သတိပေးချက်တွေကြားရင် ဗုံးခိုကျင်းထဲ၀င်လိုက်တာပဲ။  ဖရဲသီးတွေကလဲတော်တော်အားကိုးရသား။ ဒါကြောင့်လေယာဥ်တွေနဲ့ဘယ်လို လာလာ ထိခိုက်မှုက အရမ်းနည်းပါတယ်။ ဘယ်သူမှ ပြောင်းဖို့ရွှေ့ဖို့စိတ်ကူးမရှိကြပါဘူး။ ကိုယ့်မြေကိုယ့်ဒေသကို တွယ်တာတဲ့သူတွေချည်းပါဘဲ။ ကျမတို့လဲတနေ့မှာ ဒီလိုခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကို ဘယ်လိုဖြတ်ကျော်ခဲ့ရတယ်ဆိုတာ ကမ္ဘာကြီးကို ပြန်ပြောကြရမယ်။ ဒီလို နေရာတွေကိုလဲ ကမ္ဘာလှည့် ခရီးသည်တွေအတွက် Spring Tour ခရီးသွားလုပ်ငန်းတခုစီစဥ်ထားပါကြောင်း" လို့ ဝန်ကြီးကဆိုပါတယ်။ စကစတပ်များဟာ တိုင်းရင်းသားနယ်မြေများမှာ အရပ်သားနေထိုင်ရာနေရာများကို တိုက်လေယာဥ်အသုံးပြု ဗုံးကျဲတိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ NUG ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ


စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ NUG ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့က စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးကိုကျင်းပခဲ့ပါတယ်။ အခမ်းအနားကိုမိဘ၊ ဆရာများနဲ့ ကျောင်းသားကျောင်းသူများ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ ကနီမြို့နယ်ဟာ စကစတပ်များ မကြာခဏဝင်ရောက်သောင်းကျန်းသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ လုံခြုံမှုပေးတဲ့နေရာများမှာ ပြည်သူ့ပညာရေးကျောင်းများဖွင့်လှစ်လျက်ရှိပါတယ်။


========================


📌📌 ၆။ ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာ တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ဘက်က ၁၀ ဦးသေ


စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာ တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ဘက်က ၁၀ ဦးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့မှာ စစ်ရေးသတင်းကို PDF Kalay တပ်ရင်း က ဆိုပါတယ်။


"သြဂုတ်လ ရက်နေ့ ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာ တိုက်ပွဲ pdf kalay တပ်ရင်း ရဲဘော်များရဲ့တိုက်ခိုက်မှုကြောင့် စကစဘက်က ဆယ်ဦးသေဆုံးပါတယ်"လို့ ရဲဘော်တစ်ဦးကဆိုပါတယ်။ လတ်တလောမှာ ကလေးမြို့နယ် တောင်ပိုင်းကို ခရီးသွားလာခြင်းမပြုဖို့နဲ့ ဒေသခံများအနေနဲ့ ဘေးလွတ်ရာရှောင်တိမ်းဖို့ PDF Kalay တပ်ရင်း ကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ မန္တလေးဘက်မှ မုံရွာဘက်သို့ မောင်းနှင်လာသော စကစတပ်ယာဉ်တန်းအစီး ၃၀ ကျော်အား မိုင်းဆွဲတိုက်ခိုက်၍ ခုနစ်ဦးသေ


မန္တလေးဘက်မှ မုံရွာဘက်သို့ မောင်းနှင်လာသော စကစတပ်ယာဉ်တန်းအစီး ၃၀ ကျော်အား မိုင်းဆွဲတိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးခဲ့တယ်လို့ သြဂုတ်လ ရက်မှာ စစ်ရေးသတင်းကို ZERO ပြောက် ကျားတပ်မြင်းခြံကဆိုပါတယ်။


သြဂုတ်လ ရက် မွန်းလွဲပိုင်းအချိန် အလကပ္ပကြားတွင် ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်အပြည့်ပါသော ပထမဆုံးကားအား ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပြီး စကစတပ်သားအနည်းဆုံး ဦးသေဆုံးခဲ့ပါတယ်။


ပြင်းထန်ဒဏ်ရာရရှိသော ခြေပြတ်လက်ပြတ်များစွာ မြင်းမူဆေးရုံသို့ ရောက်ရှိခဲ့တယ်လို့ဖော်ပြပါတယ်။ စစ်ဆင်ရေးကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) PKDF DBBF G4G PDF အဖွဲ့တို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၈။ NUGPay Wallet ၅၀၀၀ ထိ ဖွင့်လှစ်ပြီး ဖြစ်


NUGPay Wallet ၅၀၀၀ ထိ ဖွင့်လှစ်ပြီး ဖြစ်တယ်လို့သြဂုတ်လ ရက်နေ့မှာ NUG Pay ကနေ သတင်းထုတ်ပြန်ဖော်ပြပါတယ်။


" NUGPay Wallet ၅၀၀၀ ထိ ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။ ဒါဟာ စမ်းသပ်ကာလရဲ့ ခရီးလမ်းတစ်ဝက်ရောက်ရှိခြင်း ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများနဲ့ အတူ NUGPay ဟာ အမြဲအတူ ရှိနေမှာပါ" လို့ ဆိုပါတယ်။


NUGPay နဲ့ ငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှုတွေ ပိုမိုများပြားလာအောင် အကောင်းဆုံး ကြိုးပမ်းလျက်ရှိတယ်လို့လည်း NUGPay ကဖော်ပြပါတယ်။ NUGPay အား တဆင့်ချင်းစီ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်သွားမယ်လို့လည််းကြေညာထားပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment