4th AUG 2022 - Evening Daily News by Radio NUG



၂၀၂၂ သြဂုတ်လ ၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတကာအသိုက်အဝန်းအနေနှင့် စစ်တပ်မှ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်များ ထပ်မံကျူးလွန်ခွင့်မပြုရေး တားဆီးရန်သံအမတ်ကြီး ဦးကျော်မိုးထွန်းမှတိုက်တွန်းခဲ့

📌 ၂။ ပြည်သူလူထုရဲ့လူမှုဘဝ လုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့များအနေနဲ့ဝိုင်းဝန်းစုစည်းညီညွတ်စွာဖြင့် ကြိုးစားကြစေလို

📌 ၃။ နိုင်ငံတကာ ဖိအားကြောင့် စစ်ကောင်စီချောင်ပိတ်မိနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာအမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံး တရားဝင်ဖွင့်လှစ်

📌 ၅။ သြစတြေးလျနိုင်ငံရဲ့အင်အားကြီးပါတီ The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာ

📌 ၆။ ကမ္ဘာ့အတော်ဆုံး တော်လှန်ရေးရန်ပုံငွေရှာဖွေရေးသမားဟာ မြန်မာဖြစ်တယ်လို့ National War College ကပါမောက္ခဒေါက်တာ Zachary Abuza က အထင်ကရစာစောင် Diplomat မှာဂုဏ်ပြုရေးသား

📌 ၇။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့လမ်းညွှန်ချက်များအညီ ဆိပ်ဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ဦးစီးဖွင့်လှစ်သော Fedral Online School ကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးမယ်

📌 ၈။ ရွှေဘိုခရိုင်က ကျေးရွာတွေမှာ အလှည့်ကျ ကင်းမစောင့်တဲ့အိမ်ကနေ လစဥ် ဆတ်ကြေးသဘောမျိုး အကြမ်းဖက် စစ်တပ်ကိုပေးဆောင်နေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတကာအသိုက်အဝန်းအနေနှင့် စစ်တပ်မှ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်များ ထပ်မံကျူးလွန်ခွင့်မပြုရေး တားဆီးရန်သံအမတ်ကြီး ဦးကျော်မိုးထွန်းမှတိုက်တွန်းခဲ့


သြဂုတ်လ ရက်နေ့မှာပြုလုပ်တဲ့မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ရက်စက်ဆိုးဝါးသည့် ပဋိပက္ခအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲမှာကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကအခုလိုပြောကြားခဲ့ပါတယ်။


"မိမိအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းအား အဓိကအချက် () ချက် တောင်းဆိုလိုကြောင်း၊ () စစ်အာဏာရှင်၏ နိုင်ငံတကာကိုယ်စားပြုမှုအားလုံးကို ဆိုင်းငံ့ရပ်ဆိုင်းရန်၊ () လူသားမဆန်သည့် စစ်တပ်ခေါင်းဆောင်နှင့် အပေါင်းအပါများ၏ ငွေစီးဆင်းမှု လမ်းကြောင်းအားလုံးကို ဖြတ်တောက်ရန်၊ () အာဆီယံအစည်းအဝေးများ၌ စစ်တပ်အာဏာရှင်မှ ကိုယ်စားပြုခွင့်မပြုရန်၊ စစ်တပ်အုပ်ချုပ်မှုရပ်တန့်ရေး အတွက် နောက်ထပ်အရေးယူဆောင်ရွက်ရန်နှင့် အာဆီယံသဘောတူညီချက် () ချက်ကို ပြန်လည် သုံးသပ်ရန်၊ () ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စုစည်းလျက်ရှိသည့် တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုများထံ တပ်ဖွဲ့များစေလွှတ်ခြင်းနှင့် စစ်ရေးထောက်ပံ့မှုများပံ့ပိုးခြင်း တို့ပါဝင်သည့် R2P မူဝါဒကို အသုံးပြု၍ ဖြစ်နိုင်သည့် အရေးယူ ဆောင်ရွက်ချက်များ အမြန်ဆုံးချမှတ်ရန်၊ () ယူကရိန်းနိုင်ငံအား ကူညီပေးသည့်နည်းတူ မြန်မာပြည်သူများအား အလားတူ ကူညီစောင့်ရှောက်ရန်နှင့် () မြန်မာပြည်သူများကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုရန်၊တို့ကိုပြောကြားခဲ့ပါတယ်။


ဒါ့အပြင် မြန်မာစစ်တပ်၏ အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုနှင့် လူသားမဆန်မှုတို့ကို တစ်ကမ္ဘာလုံးအနေဖြင့် မြင်တွေ့ခဲ့ပြီးဖြစ်ရာ၊ မြန်မာပြည်သူများ ပြင်းပြစွာ အကူအညီတောင်းဆိုမှုကို ဆက်လက်လျစ်လျူမရှု သင့်ကြောင်းကိုလည်းဆိုခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်သူလူထုရဲ့လူမှုဘဝ လုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့များအနေနဲ့ဝိုင်းဝန်းစုစည်းညီညွတ်စွာဖြင့် ကြိုးစားကြစေလို


ပြည်သူလူထုရဲ့လူမှုဘဝ လုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့များအနေနဲ့ဝိုင်းဝန်းစုစည်းညီညွတ်စွာဖြင့် ကြိုးစားကြစေလိုတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဆိုပါတယ်။ သြဂုတ်လ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ပြည်သူ့လုံခြုံ‌ရေးအဖွဲ့ များ တွေ့ဆုံရာမှာ ဝန်ကြီးကပြောကြားခဲ့ပါတယ်။


"ပြည်သူလူထု၏ လူမှုဘဝ လုံခြုံရေးအတွက် မိမိတို့၏ ပြည်သူ့လုံခြုံရေးအဖွဲ့များအနေဖြင့် ဝိုင်းဝန်းစုစည်းညီညွတ်စွာဖြင့် ကြိုးစားကြစေလိုကြောင်း" ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များ ကျူးလွန်တဲ့ရာဇဝတ်မှုများကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားထားရာ တိုင်ကြားစာပေါင်းငါးရာနီးပါးခန့်ရှိနေပါတယ်။ စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားများကို တွေ့ကရာနေရာတွင် အကြောင်းမဿ့ပစ်သတ်ခြင်း၊ ညှင်းပန်းနှိပ်စက် ရိုက်နှက်ခြင်းတို့ကျူးလွန်လျက်ရှိနေပါတယ်။


========================


📌📌 ၃။ နိုင်ငံတကာ ဖိအားကြောင့် စစ်ကောင်စီချောင်ပိတ်မိနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


NUG ဘာလုပ်နေသလဲ မေးသမျှဖြေတဲ့အစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"အရင်တုန်းက UN ရဲ့လုံခြုံရေးကောင်စီက အာဏာသိမ်းတုန်းကတောင် ဒီဟာကို မကန့်ကွက်နိုင်ခဲ့ဘူး။အခုကျနော်တို့ရဲ့ သူရဲကောင်းတွေ ကိုဂျင်မီတို့ ဖြစ်တဲ့အကြောင်းအရာမှာ သူတို့တတွေ ဒါအားလုံးကန့်ကွက်ရတဲ့အကြောင်းအရာရောက်လာတယ်။ နိုင်ငံတကာ ဖိအားဟာ တကယ်တော့ စကစကိုချောင်ပိတ်နေပြီ။စကစ လမ်းပျောက်နေပြီ။ လမ်းမရှိတော့ဘူး"လို့ ဝန်ကြီးကိုပါတယ်။ လက်ရှိမှာ အာဆီယံအစည်းအဝေးများကို စစ်ကောင်စီအား ဖိတ်ကြားတက်ရောက်ခွင့်မပေးဘူးလို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာအမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံး တရားဝင်ဖွင့်လှစ်


သြဂုတ်လ ရက်ညနေပိုင်းတွင် သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးကို တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲကို သြစတြေးလျနိုင်ငံ အစိုးရအဆင့်မြင့်အရာရှိများ အမတ်များတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံး သြစတြေးလျ နိုင်ငံမှာဖွင့်လှစ်နိုင်ခဲ့ခြင်းဟာ သံတမာန်ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာမယ့်ခြေလှမ်းတစ်ရပ်လို့လည်း သုံးသပ်ကြပါတယ်။ ယခုဖွင့်လှစ်လိုက်တဲ့ ကိုယ်စားလှယ် ရုံးဟာ ဒေသတွင်းမှာတော့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံပြီးရင် တတိယမြောက်ရုံးလည်းဖြစ်ပါတယ်။


========================


📌📌 ၅။ သြစတြေးလျနိုင်ငံရဲ့အင်အားကြီးပါတီ The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာ


သြစတြေးလျနိုင်ငံရဲ့အင်အားကြီးပါတီ The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီလိုတရားဝင်ကြေညာချက်ကိုသြဂုတ်လ၃ရက် ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားမှာကြေညာခဲ့တာလို့ သတင်းရရှိပါတယ်။


အခမ်းအနားမှာ သြစတြေးလျ၏ အင်အားကြီးပါတီတခုဖြစ်သည့် The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အပြင် သြစတြေးလျ၏ အခြားနိုင်ငံရေးပါတီများကလည်း အလားတူ အသိမှတ်ပြုကြောင်း ကြေညာကြရန် တိုက်တွန်းခဲ့ပါတယ်။ အခမ်းအနားသို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများအပြင် နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီးလည်း တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၆။ ကမ္ဘာ့အတော်ဆုံး တော်လှန်ရေးရန်ပုံငွေရှာဖွေရေးသမားဟာ မြန်မာဖြစ်တယ်လို့ National War College ကပါမောက္ခဒေါက်တာ Zachary Abuza က အထင်ကရစာစောင် Diplomat မှာဂုဏ်ပြုရေးသား


ကမ္ဘာ့အတော်ဆုံး တော်လှန်ရေးရန်ပုံငွေရှာဖွေရေးသမားဟာ မြန်မာဖြစ်တယ်လို့ National War College ကပါမောက္ခဒေါက်တာ Zachary Abuzaက အထင်ကရစာစောင် Diplomat မှာ ဂုဏ်ပြုရေးသားလိုက်ပါတယ်။ သြဂုတ်လအတွင်းမှာ ယူနိုက်တက်ဘွန်းကနေ ဖော်ပြခဲ့ပါတယ်။


"မြန်မာပြည်ရဲ့ NUG လောက် နည်းပညာကိုထိရောက်အကျိုးရှိအောင် ကျွမ်းကျင်စွာအသုံးချမှု၊ တီထွင်ဖန်တီးနိုင်မှုစွမ်းအား၊ ရည်မှန်းချက်ရောက်သည်အထိ အာရုံစူးစိုက်မှု၊ စတာတွေသုံးပြီး အအောင်မြင်ဆုံးရံပုံငွေရှာနိုင်တဲ့ တော်လှန်ရေးအစိုးရမျိုး ကမ္ဘာသမိုင်းမှာ တစ်ခါမှမမြင်ဖူးသေးဘူး"လို့ Zachary Abuza ကဆိုလိုက်ပါတယ်


 သူ့ရဲ့အမြင်အသေးစိတ်ကိုလည်း အာရှပစိဖိတ်ကနိုင်ငံတွေရဲ့ မျက်မှောက်ရေးရာတွေကို ရေးသားဖော်ပြတဲ့ အထင်ကရစာစောင် Diplomat မှာရေးသားလိုက်ပါတယ်။ ဒေါက်တာ Zachary Abuza ဟာ အမေရိကရဲ့တတိယမြောက် သက်တမ်းအရှည်ဆုံးစစ်တက္ကသိုလ်တစ်ခုဖြစ်တဲ့ National War College ကပါမောက္ခတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့တော်လှန်ရေးတွေမှာ ရန်ပုံငွေဘယ်လိုရှာဖွေကြသလဲဆိုတဲ့ အကြောင်းအရာကိုလေ့လာနေခဲ့တာလည်း နှစ်ပေါင်း(၃၀)ရှိပါပြီ။ 


ပြီးတော့ သူ့ဆောင်းပါးထဲမှာ မူးယစ်ဆေးတွေအမြောက်အမြားထွက်နေချိန်မှာတောင် မူးယစ်ရောင်းဝယ်မှုနဲ့ရန်ပုံငွေရှာတာကို ရှောင်ရှားနိုင်ခဲ့တဲ့အတွက်လည်း NUG ကို ချီးကျူးထားပါသေးတယ်။ ဒေါက်တာ Zachary Abuza ချီးကျူးခဲ့ရတဲ့ ရန်ပုံငွေရရှိရေးနည်းလမ်းတွေထဲမှာအပါအဝင်ဖြစ်တဲ့ ဘွန်းဝယ်တာ၊ EOD ရှယ်ယာဝယ်တာ၊ နွေဦးထီဝယ်တာနဲ့ NUG pay တွေသုံးတာတွေ၊ ပုံမှန်ကလစ်တာတွေပါဝင်ပါတယ်။


========================


📌📌 ၇။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့လမ်းညွှန်ချက်များအညီ ဆိပ်ဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ဦးစီးဖွင့်လှစ်သော Fedral Online School ကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးမယ်


အမျိုးသားညီညွတ်ရေးအစိုးရရဲ့လမ်းညွှန်ချက်များအညီ ဆိပ်ဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ဦးစီးဖွင့်လှစ်သော Fedral Online School ကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးမယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ရက်နေ့မှာ ဆိပ်ဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့က တရားဝင်အသိပေးကြေညာပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏လမ်းညွှန်ချက်များအညီ ဆိပ်ဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ဦးစီးဖွင့်လှစ်သော Fedral Online School ကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးတော့မည်ဖြစ်ပါသဖြင့် ယခင်သင်ကြားပို့ချနေသော ဆရာဆရာမများက telegram သို့ပြန်လည်ဆက်သွယ်ပေးပါရန်နှင့် ထပ်မံကျောင်းအပ်နှံလိုသော CDM ကျောင်းသားများအနေဖြင့် စည်းကမ်းချက်များကို သေသေချာချာလေ့လာဖတ်ရှုပြီး အပ်နှံနိုင်ပါတယ်လို့ဆိုထားပါတယ်။ ကျောင်းအပ်နှံသူများကို  Telegram မှတစ်ဆင့် ဆက်သွယ်မည်ဖြစ်ပါ၍ Telegram Account ဖွင့်ထားရန်နှင့် telegram ကို တစ်ရက် ကြိမ်ခန့် ဖွင့်ကြည့်ပေးရန် ကြေညာထားပါတယ်။


========================


📌📌 ၈။ ရွှေဘိုခရိုင်က ကျေးရွာတွေမှာ အလှည့်ကျ ကင်းမစောင့်တဲ့အိမ်ကနေ လစဥ် ဆတ်ကြေးသဘောမျိုး အကြမ်းဖက် စစ်တပ်ကိုပေးဆောင်နေရ


ရွှေဘိုခရိုင်က ကျေးရွာတွေမှာ အလှည့်ကျ ကင်းမစောင့်တဲ့အိမ်ကနေ လစဥ် ဆတ်ကြေးသဘောမျိုး အကြမ်းဖက် စစ်တပ်ကိုပေးဆောင်နေရတယ်လို့ ဆိုပါတယ်။ သြဂုတ်လ ရက်နေ့မှာ ရွှေဘိုခရိုင် ကျေးရွာတစ်ရွာက ဒေသခံတစ်ဦးက မိုးကြိုးသတင်းဌာနကိုအတည်ပြုပြောပါတယ်။


သူတို့ကရွာနားမှာ တပ်စွဲနေတာ။အိမ်တွေကို လက်နက်ကိုင်ပြီး ကင်းစောင့်ခိုင်းတယ်။ မစောင့်ချင်တဲ့အိမ်တွေက ဆက်ကြေးပေးရတယ်။ယောကျာ်းသား ရှိတဲ့အိမ်ဆိုရင် ကင်းမစောင့်ရင့် နှစ်သိန်းနှစ်သောင်း၊မိန်းမသားပဲရှိတဲ့ အိမ်ဆို တစ်သိန်းခွဲပေးရတယ်"လို့ဆိုပါတယ်။ အဆိုပါ ကင်းကြေးများကို ဇွန်လမှ စတင်ကာနှုန်းထားသတ်မှတ်တာဖြစ်ပြီးတော့ ယခင်က တစ်အိမ်ကိုတလ တစ်သောင်းခွဲမှ နှစ်သောင်းကျပ်သာပေးဆောင်ရတယ်လို့ သတင်းရရှိပါတယ်။


"လစဥ်ပေးရတယ်။ မပေးနိုင်တဲ့ မပေးချင်တဲ့လူတွေကတော့ ရွာထဲမနေတော့ပဲ ဘေးလွတ်ရာ ပြောင်းပြေးကုန်ကြတယ်"လို့ဒေသခံကထပ်မံဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment