4th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးဟာ သေချာပေါက်အနိုင်ရမှာလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်

📌 ၂။ အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မှတ်တမ်းပြုစုပြီး တရားစီရင်နိုင်ရေး ဆောင်ရွက်ကြရမယ်လို့ ပြည်ထဲရေးဝန်ကြီး လမ်းညွှန်မှာကြား

📌 ၃။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမတိုင်မီ နွေဦးတော်လှန်ရေးအဆုံးသတ်ဖို့ ဆုံးဖြတ်ထားကြောင့် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြော

📌 ၄။ NUGPay နဲ့ နွေဦးထီပြန်လည်ရောင်းချမယ်

📌 ၅။ "ဥပဒေကို စစ်ကျွန်ပြု သွေးစွန်းလက်နဲ့ ထီးတော်မတင်နဲ့ "ဘန်နာကိုကိုင်စွဲကာ ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဦးဆောင်

📌 ၆။ ဆရာစံ PDF မှ လက်လုပ် Sniper နဲ့ ၄၀ မမ များ ထုတ်လုပ်အောင်မြင်

📌 ၇။  ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းသို့ အကြမ်းဖက်စစ်အုပ်စု ဖရူဆိုအခြေစိုက် (၁၂၈) တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာစစ်ဘေးရှောင်သားအဖနှစ်ဦးကို ထိမှန်၍ နှစ်ဦးစလုံးသေဆုံး

📌 ၈။ ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာကို အကြမ်းဖက် စစ်တပ်ကသုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံးသုံးရာကျော်နဲ့စျေးဆိုင်ပေါင်းနှစ်ရာကျော် မီးလောင်ဆုံးရှုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးဟာ သေချာပေါက်အနိုင်ရမှာလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်


နွေဦးတော်လှန်ရေးဟာ သေချာပေါက်အနိုင်ရမှာလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သြဂုတ်လ ရက်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။


"တရားတဲ့သူသာ နိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော်လှန် ရေးမှာ အမှန်တရားအတွက် ရဲရင့်ခဲ့ကြတဲ့ ကျွန်တော်တို့တွေ အနိုင်ရမှာ အသေအချာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအားလုံးဟာ ရဲရင့်ခဲ့ကြရုံတင်မကဘဲ (၁၇) ကာလရောက်သည်အထိ ဇွဲလည်း မလျှော့ခဲ့ကြပါဘူး"လို့ ဆိုပါတယ်။ ဒါ့အပြင်မြန်မာပြည်သူ ပြည်သားတွေရဲ့ ခိုင်မာတဲ့ ဇွဲသတ္တိနဲ့ စိတ်ဓာတ်တွေကတော့ မှတ်ကျောက်တင်ရမယ့် ဇွဲသတ္တိ စိတ်ဓာတ်မျိုးပဲ ဖြစ်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မှတ်တမ်းပြုစုပြီး တရားစီရင်နိုင်ရေး ဆောင်ရွက်ကြရမယ်လို့ ပြည်ထဲရေးဝန်ကြီး လမ်းညွှန်မှာကြား


အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မှတ်တမ်းပြုစုပြီး တရားစီရင်နိုင်ရေး ဆောင်ရွက်ကြရမယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က သြဂုတ်လ ရက်မှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ နှင့် တွေ့ဆုံတဲ့ အစည်းအဝေးမှာ လမ်းညွှန်မှာကြားလိုက်ပါတယ်။


" မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့များသည် ပြည်သူ့ရဲတပ်ဖွဲ့လုပ်ငန်းများကို မြေပြင်တွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မှတ်တမ်းပြုစုပြီး တရားစီရင်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နယ်မြေများကို စိုးမိုးထိန်းချုပ်နိုင်ရေးသည် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးသည် များစွာ အရေးပါပါကြောင်း၊ ဖွဲ့စည်းထားရှိပြီးဖြစ်သည့် မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များကိုလည်း လိုအပ်သည့် သင်တန်းများ ပေးနိုင်ရေး စီစဉ်‌ဆောင်ရွက်နေကြကြောင်း" ဝန်ကြီးကဆိုပါတယ်။


အစည်းအဝေးတွင် တက်ရောက်လာကြသူများက ပြည်သူ့ရဲတပ်ဖွဲ့မှ လက်ရှိဆောင်ရွက်ထားချက်များ၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များအား စနစ်တကျ ဖွဲ့စည်းထားရှိစေရေးကိစ္စရပ်များ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်ရေး ကိစ္စရပ်များ၊ အမှုအခင်းကိစ္စရပ်များကို နည်းလမ်းတကျ ကိုယ်တွယ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့်အတူ၊ အမြဲတမ်းအတွင်းဝန်၊ တွဲဘက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲချုပ်၊ ဒုရဲချုပ် နှင့် အခြားရဲအရာရှိကြီးများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမတိုင်မီ နွေဦးတော်လှန်ရေးအဆုံးသတ်ဖို့ ဆုံးဖြတ်ထားကြောင့် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြော


စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမတိုင်မီနွေဦးတော်လှန်ရေးအဆုံးသတ်ဖို့ ဆုံးဖြတ်ထားကြောင်း ပြည်သူလူထုသိချင်သမျှကို NUG အစိုးရဘာလုပ်နေလဲ အစီအစဥ်မှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဖြေကြားရာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။


" စစ်ကောင်စီက ကျင်းပမယ်လို့ပြောထားတဲ့ ၂၀၂၃ ရွေးကောက်ပွဲမတိုင်မီမှာ ကျနော်တို့ နွေဦးတော်လှန်ရေးကို အဆုံးသတ်နိုင်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားတာရှိပါတယ်။ ဒါပေမယ့် ဒီလိုဆုံးဖြတ်ထားမှုက NUG တစ်ခုထဲနဲ့မရပါဘူး။ ကျနော်တို့ NUG ရယ်၊ ERO အဖွဲ့အစည်းတွေရယ် နောက်ပြီးတော့ ပြည်သူလူထု တရပ်လုံးက ဟန်ချက်ညီညီတော်လှန်ဖို့လိုပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် လူထုတိုက်ပွဲနည်းနာတွေအပါအဝင် စစ်ရေးနည်းနဲ့ မြို့သိမ်းတိုက်ပွဲတွေကို ခိုင်ခိုင်မာမာ ဆင်နွှဲမှာဖြစ်ပြီးတော့ ပြည်သူလူထုက ပူးပေါင်းပါဝင်လာမယ်လို့လည်း ယုံကြည်တယ်လို့ ပြည်ထဲရေးဝန်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၄။ NUGPay နဲ့ နွေဦးထီပြန်လည်ရောင်းချမယ်


NUGPay နဲ့နွေဦးထီပြန်လည်ရောင်းချမယ်လို့ အောင်လံလွှင့်ချီ နွေဦးထီမိသားစုက သြဂုတ်လ ရက် ညပိုင်းမှာ တရားဝင်အသိပေးကြေညာပါတယ်။


"ကြုံတွေခဲ့ရတဲ့ အနှောက်အယှက် စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် လုံခြုံစိတ်ချရတဲ့ NUGPay နဲ့နွေဦးထီကိုလက်ခံရောင်းချနိုင်ရန် မေလမှစတင်ပြင်ဆင်မှုများပြုလုပ်နေခဲ့သည်မှာ ယခုဆိုလျှင် အပြီးသတ်အဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီး မိဘပြည်သူများရှေ့မှောက်ကို အောင်လံလွှင့်ရင်းပြန်လည် ရောက်ရှိလို့လာတော့မှာပဲဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို ဘက်ပေါင်းစုံမှ စစ်မျက်နှာများဖွင့်လှစ်ပြီး အမြစ်ဖြတ်ရာမှာ ဆက်လက် ပူးပေါင်းပါဝင်ပေးကြဖို့ကိုလဲ ဦးညွှတ်တိုက်တွန်းလိုက်ရပါတယ်"လို့ဆိုပါတယ်။


ပြည်သူများရဲ့အားပေးထောက်ခံမှုဖြင့်စတင်ခဲ့တဲ့ အောင်လံလွှင့်ချီနွေဦးထီ ဖွင့်လှစ်ခဲ့သည်မှာ လာမယ့်ဩဂုတ်လ (၁၅)ရက်နေ့တွင် () နှစ်တင်းတင်းပြည့်ပြီပဲဖြစ်ပါတယ်။ ပြည်သူ့ဖက်မှရပ်တည်ပေးခဲ့ကြတဲ့ CDM သူရဲကောင်းများကိုတဖက်တလမ်းက ဂုဏ်ပြုထောက်ပံ့နိုင်ဖို့ဆိုတဲ့ နွေဦးထီရဲ့ ပင်မရည်မှန်းချက်နှင့်အတူ CDM သူရဲကောင်း တစ်သောင်းကျော် ကိုထောက်ပံ့နိုင်ခဲ့ပါတယ်။ သို့သော် နွေဦးထီနဲ့ ချိတ်ဆက်ထားတဲ့ CDM အရေအတွက်ဟာ တစ်သိန်း ခုနစ်သောင်း ကျော်ရှိနေပြီး ထောက်ပံ့နိုင်မှုအတိုင်းအတာဟာ လိုအပ်ချက်များစွာရှိနေသေးတာပဲဖြစ်ပါတယ်။


========================


📌📌 ၅။ "ဥပဒေကို စစ်ကျွန်ပြု သွေးစွန်းလက်နဲ့ ထီးတော်မတင်နဲ့ "ဘန်နာကိုကိုင်စွဲကာ ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဦးဆောင်


ဥပဒေကိုစစ်ကျွန်ပြု သွေးစွန်းလက်နဲ့ထီးတော်မတင်နဲ့"ဘန်နာကိုကိုင်စွဲကာ ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဦးဆောင်ခဲ့ပါတယ်။ သြဂုတ်လ ရက် ရန်ကုန်မြို့တစ်နေရာမှာ စစ်ကောင်စီလုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ "ဥပဒေကိုစစ်ကျွန်ပြု သွေးစွန်းလက်နဲ့ထီးတော်မတင်နဲ့" ခေါင်းစဉ်နှင့်အတူ ကိုဖြိုးဇေယျာသော် သီဆိုရေးသားခဲ့သော "ယုံကြည်ချက်အတွက် အသက်ကိုစွန့်ကာ သမိုင်းကိုရေးမှာ ငါတို့" စာတန်းများကိုင်ဆွဲကာ ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။


တရားဥပဒေ အထက်မှာ အဓမ္မချုပ်ကိုင်ထားသည့် စစ်အာဏာကို အဆုံးထိတော်လှန်တိုက်ထုတ်ရန် တိုက်ပုံအနက်နှင့် ဘီလူးခေါင်းဆောင်းကာ ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို ကြိုးမိန့်ပေးမီးရှို့ဖျက်ဆီးခြင်းပြုကာ  ရန်ကုန်လူထုသပိတ်မှ အာဏာရှင်တိုက်ဖျက်ရေး ကြွေးကြော်လှုံ့ဆော်မှုပြုခဲ့ခြင်းဖြစ်ပါတယ်။ တိုက်ပုံအနက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိတရားဥပဒေကို ကိုယ်စားပြု၍ ၎င်းအထက်မှာ အဓမ္မချုပ်ကိုင်ထားသော စစ်အာဏာကို ဘီလူးခေါင်း‌ဆောင်းဖြင့် ဖော်ပြခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ခြေဥကို မီးရှို့ဖျက်ဆီးချိန်တွင် ဘီလူးခေါင်းဆောင်းအား ချွတ်ထားခြင်းဖြင့် သပိတ်သရုပ်ဖော်ခဲ့ပါတယ်။



========================


📌📌 ၆။ ဆရာစံ PDF မှ လက်လုပ် Sniper နဲ့ ၄၀ မမ များ ထုတ်လုပ်အောင်မြင်


ဆရာစံ PDF မှ လက်လုပ် Sniper သေနတ် နဲ့ ၄၀ မမ လက်နက်များထုတ်လုပ်အောင်မြင်မှုအနေနဲ့ သြဂုတ်လ၃ရက်နေ့မှာ ဆရာစံ PDFကSniper သေနတ်ကိုဖော်ထုတ်ပြသခဲ့ပါတယ်။


"ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ပြီး ကလေးတွေအတွက်အဆင်ပြေအောင်လုပ်ဆောင်ပေးနေပါတယ်။ မည်သူတွေမည်သို့ဆိုစေကာမူ အတတ်နိုင်ဆုံးတော့ အဖွဲ့ဝင်ရဲဘော်တွေ ပြည်သူတွေ နောင်လာမည့် ကလေးတွေရဲ့အနာဂါတ်အတွက်အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးသွားပါမယ်"လို့ ဆိုပါတယ်။ ၄၀ မမ ဟာ ပြင်ပမှာ တစ်လက်ပေါက်စျေး သိန်းရာကျော်သော်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်အနည်းဆုံးနဲ့ ဆရာစံ PDF ကထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဆရာစံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။


========================


📌📌 ၇။  ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းသို့ အကြမ်းဖက်စစ်အုပ်စု ဖရူဆိုအခြေစိုက် (၁၂၈) တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာစစ်ဘေးရှောင်သားအဖနှစ်ဦးကို ထိမှန်၍ နှစ်ဦးစလုံးသေဆုံး


ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းသို့ အကြမ်းဖက်စစ်အုပ်စု ဖရူဆိုအခြေစိုက် (၁၂၈) တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာစစ်ဘေးရှောင်သားအဖနှစ်ဦးကို ထိမှန်၍ နှစ်ဦးစလုံးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့မှာ စကစတပ်များကြောင့်သေဆုံးသူများစာရင်းကို AAPP ကဖော်ပြပါတယ်။


ဇူလိုင်လ ၃၁ ရက်နေ့ ညနေ နာရီခွဲခန့်အချိန်တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းသို့ အကြမ်းဖက်စစ်အုပ်စု၏ ငွေတောင်အခြေစိုက် (၁၀၂) တပ်ရင်းနှင့် ဖရူဆိုအခြေစိုက် (၁၂၈) တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာလက်နက်ကြီးကျည်တစ်လုံးမှာ ထိုဒေသအတွင်းရှိ စစ်ရှောင်မိသားစု နေထိုင်တဲ့ နေအိမ်အနောက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။


လက်နက်ကြီးကျည်ကြောင့်အသက် ၁၃ နှစ်အရွယ် မားဂရက်မှာ သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ဦးခေါင်းတွင် ကျည်စထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိကာ ဩဂုတ်လ ရက်နေ့မှာသေဆုံးသွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၁၄၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၈။ ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာကို အကြမ်းဖက် စစ်တပ်ကသုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံးသုံးရာကျော်နဲ့စျေးဆိုင်ပေါင်းနှစ်ရာကျော် မီးလောင်ဆုံးရှုံး


စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာကို အကြမ်းဖက် စစ်တပ်ကသုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံးသုံးရာကျော်နဲ့စျေးဆိုင်ပေါင်းနှစ်ရာကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့မှာ တင်းတိမ်ရံကျေးရွာ အခြေအနေကို Freedom Revolution Force အဖွဲ့ကထုတ်ပြန်ပါတယ်။


"စကစတပ်များဟာ ရေဦးမြို့နယ်တင်းတိမ်ရံကျေးရွာအား ဇူလိုင် ၂၉ ရက်နေ့ ကနေ ၃၁ ရက်နေ့ အထိ သုံးရက်ဆက်တိုက် နေ့စဉ်တနေကုန်နီးပါး မီးတင်ရှို့ရာ ပြည်သူ့အိုးအိမ်ပေါင်း ၃၁၃ အိမ်(ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအပါအဝင်) နှင့် ပြည်သူပိုင်‌ဈေးဆိုင်ခန်းပေါင်း ၂၅၀ ကျော် ဆန်စက် လုံး၊ ဆီစက် လုံး မီးလောင်ပျက်စီးခဲ့ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် စကစတပ် များသွားရာလမ်းတစ်လျှောက် ဇီးကုန်းဘင်တဲတွင် ပြည်သူတစ်ဦး၊တင်းတိမ်ရံရွာနှင့် ဒီပဲယင်းမြို့ကြားတွင် ပြည်သူတစ်ဦး စုစုပေါင်းပြည်သူနှစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်သွားခဲ့ပါသေးတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment