5th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်တပ်ဟာ စီးပွားရေး ကဏ္ဍနယ်ပယ် အားလုံးမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာကို တွေ့ရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော

📌 ၂။ ကြားကာလအုပ်ချုပ်ရေး ယခုအချိန်မှာ များစွာ အရေးပါနေပြီဖြစ်၍  ပါဝင်တဲ့ ဝန်ကြီးဌာနများအနေဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြပါရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတိုက်တွန်းပြောကြား

📌 ၃။ အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် EOD ရဲ့ ဒုတိယ ပရောဂျက်ဟာ InyaView@6.5 Mile ဖြစ်တယ်လို့ ကြေညာအသိပေး

📌 ၄။ နွေဦးထီကိုဝယ်ယူအားပေးရန် ပြည်သူအများစု မေးမြန်းမှုများပြားလာ

📌 ၅။ အဆိုတော် အီတိုးကို ပုဒ်မ ၅၀၅ က နဲ့ ထောင်သုံးနှစ်ချ

📌 ၆။ စစ်အုပ်စုက မတရားသိမ်းဆည်းလိုက်တဲ့နေအိမ်၊ အဆောက်အဦ အရေအတွက် ၇၀၀ ကျော်ရှိလာ

📌 ၇။ လျှပ်စီး Production Team မှကိုးလုံးကျည် ခြောက်လုံးပြူး ထုတ်လုပ်အောင်မြင်

📌 ၈။ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ဒီပဲယင်းနယ်ရှိ ကျေးရွာကို ဝေဟင်က ပစ်ခတ်တိုက်ခိုက်

📌 ၉။ ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာကို စကစတပ်များဝင်ရောက် သောင်းကျန်းတဲ့ ရက်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားရာ စကစတပ်ဘက်က အယောက် ၃၀ ထက်မနည်းသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်တပ်ဟာ စီးပွားရေး ကဏ္ဍနယ်ပယ် အားလုံးမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာကို တွေ့ရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော


စစ်တပ်ဟာ စီးပွားရေး ကဏ္ဍနယ်ပယ် အားလုံးမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာကို တွေ့ရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက သြဂုတ်လအတွင်းကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။


"လက်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ စီးပွားရေးရင်း မြစ်တွေဟာ သယံဇာတ တူးဖော် ထုတ်လုပ်ရေးနဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကနေ ငွေလုံးငွေရင်း အမြောက်အမြား ရရှိနေတာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ ဝင်ငွေရပေါက်ရလမ်းတွေကို ပိတ်ဆို့ဒဏ် ခတ်တာအပြင် ပိုထိရောက်တဲ့ နည်းလမ်းတွေကို သုံးဖို့လိုအပ်ပါတယ်။ စစ်တပ်ဟာ စီးပွားရေး ကဏ္ဍနယ်ပယ် အားလုံးမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာကို တွေ့ရပါတယ်။ ဒါတွေကို လေ့လာစိစစ်ပြီး အကြမ်းဖက် စစ်ကောင်စီကို ရပ်တည်မှု အကျပ်အတည်းဖြစ်အောင် လုပ်ရပါလိမ့်မယ်။ ပြည်သူလူထုကိုယ်၌ကလည်း စစ်အုပ်စုရဲ့ စီးပွားရေးခေါင်းပုံဖြတ်မှုတွေကို နှစ်ပေါင်းများစွာ ခံလာရလို့ ခါးသီးမုန်းတီးမှု ပြင်းထန်လာ တာကို တွေ့ရပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေ အနေနဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားဘောင်ကို ကျဉ်းသထက် ကျဉ်းအောင် တွန်းတွန်းတိုက်တိုက် ဖိဖိစီးစီးထပ်မံ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ ကြားကာလအုပ်ချုပ်ရေး ယခုအချိန်မှာ များစွာ အရေးပါနေပြီဖြစ်၍  ပါဝင်တဲ့ ဝန်ကြီးဌာနများအနေဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြပါရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတိုက်တွန်းပြောကြား


ကြားကာလအုပ်ချုပ်ရေး ယခုအချိန်မှာ များစွာ အရေးပါနေပြီဖြစ်၍  ပါဝင်တဲ့ ဝန်ကြီးဌာနများအနေဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြပါရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတိုက်တွန်းပြောကြားလိုက်ပါတယ်။ သြဂုတ်လ ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောပါတယ်။


"မိမိတို့ အစိုးရအဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးအဟုန်အရှိန်မြှင့်လာသည်နှင့်အမျှ အချိန်နှင့်တပြေးညိ တန်ပြန်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ဘက်မှလည်း ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပုံမှန် ကျင်းပနေကြခြင်းသည် စစ်ကောင်စီအား တန်ပြန်ဆောင်ရွက်မှုများအတွက် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ရှေ့လုပ်ငန်းစဉ်များကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊နယ်မြေစိုးမိုးရေးတွင် လုံခြုံရေးနှင့်တရားဥပေဒစိုးမိုးရေးသည် များစွာအရေးပါသဖြင့် အဆိုပါကဏ္ဍအတွက် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ချိတ်‌ဆက်ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊မိမိတို့ကြားကာလအုပ်ချုပ်ရေးသည် ယခုအချိန်တွင် များစွာ အရေးပါနေပြီဖြစ်ဖြင့် ပါဝင်သည့် ဝန်ကြီးဌာနများအနေဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားလိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၂/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး အထူးဒေသအတွင်း ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိသည့်ကိစ္စရပ်များအပေါ်  တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဌ() ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် EOD ရဲ့ ဒုတိယ ပရောဂျက်ဟာ InyaView@6.5 Mile ဖြစ်တယ်လို့ ကြေညာအသိပေး


အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် EOD ရဲ့ ဒုတိယ ပရောဂျက်ဟာ InyaView@6.5 Mile ဖြစ်တယ်လို့ သြဂုတ်လ ရက်နေ့မှာ EOD က ဒုတိယပရော့ဂျက်ကို အသိပေးဖော်ပြပါတယ်။


"အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် EOD ရဲ့ ဒုတိယ ပရောဂျက်ဟာInyaView@6.5 Mile ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားခိုးယူထားတဲ့ ပိုင်ဆိုင်မှု နောက်တစ်ခု ဖြစ်ပြီး၊ ပရောဂျက်အသေးစိတ်ကို မကြာမီ ထုတ်ပြန်ကြေညာ သွားပါမယ်"လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄) ရှိ မြေနှင့်အဆောက်အအုံအားကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိတဲ့နေရာကို ဒေါ်လာ ၁၀ သန်း တန်ကြေးသတ်မှတ်၍ တစ်စုလျှင် ဒေါ်လာ ၁၀၀ နဲ့ ရောင်းချပေးခဲ့ရာ ရှယ်ယာအားလုံးရောင်းကုန်ခဲ့ပါတယ်။


========================


📌📌 ၄။ နွေဦးထီကိုဝယ်ယူအားပေးရန် ပြည်သူအများစု မေးမြန်းမှုများပြားလာ


နွေဦးထီကိုဝယ်ယူအားပေးရန် ပြည်သူအများစု မေးမြန်းမှုများပြားလာတယ်လို့ စုံစမ်းသတင်းရရှိပါတယ်။ သြဂုတ်လ ရက်နေ့မှာ NUGPay နဲ့ နွေဦးထီပြန်လည်ရောင်းချမယ်လို့ အောင်လံလွှင့်ချီ နွေဦးထီမိသားစုကကြေညာခဲ့ပါတယ်။


အဆိုပါနွေဦးထီကို ထိုးရန် ပြည်သူလူထုအများစုက လူမှုကွန်ရက်မှာမေးမြန်းရာ "NUG Pay နဲ့ မှ ထိုးလို့ရမှာလား။ ဘယ်လိုမျိုးထိုးရမလဲ" စသဖြင့် မေးမြန်းထားကြပါတယ်။ ပြည်သူများရဲ့အားပေးထောက်ခံမှုဖြင့်စတင်ခဲ့တဲ့ အောင်လံလွှင့်ချီနွေဦးထီ ဖွင့်လှစ်ခဲ့သည်မှာ လာမယ့်ဩဂုတ်လ (၁၅) ရက်နေ့တွင် () နှစ် တင်းတင်းပြည့်ပြီပဲ ဖြစ်ပါတယ်။ ပြည်သူ့ဖက်မှရပ်တည်ပေးခဲ့ကြတဲ့ CDM သူရဲကောင်းများကိုတဖက်တလမ်းက ဂုဏ်ပြုထောက်ပံ့နိုင်ဖို့ဆိုတဲ့ နွေဦးထီရဲ့ ပင်မရည်မှန်းချက်နှင့်အတူ CDM သူရဲကောင်း တစ်သောင်းကျော် ကိုထောက်ပံ့နိုင်ခဲ့ပါတယ်။


========================


📌📌 ၅။ အဆိုတော် အီတိုးကို ပုဒ်မ ၅၀၅ က နဲ့ ထောင်သုံးနှစ်ချ


အဆိုတော် အီတိုးကို ပုဒ်မ ၅၀၅ က နဲ့ ထောင်သုံးနှစ်ချမှတ်ခဲ့ပါတယ်။ အင်းစိန်အကျဉ်းထောင်အတွင်း၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော အဆိုတော် အီတိုး () ဝင်းထွဋ်သော်တာကို အင်းစိန်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဩဂုတ်လ ရက်နေ့မှာ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပါတယ်။ အဆိုတော် အီတိုးဟာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်တွင်းမှ လွတ်မြောက်လာခဲ့ပြီး နောက်တစ်နေ့တွင်ပင် ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၈၉၄) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၃၆၇) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ AAPP ကဖော်ပြပါတယ်။


========================


📌📌 ၆။ စစ်အုပ်စုက မတရားသိမ်းဆည်းလိုက်တဲ့နေအိမ်၊ အဆောက်အဦ အရေအတွက် ၇၀၀ ကျော်ရှိလာ


စစ်အုပ်စုက မတရားသိမ်းဆည်းလိုက်တဲ့နေအိမ်၊ အဆောက်အဦ အရေအတွက် ၇၀၀ ကျော်ရှိလာပြီလို့ သြဂုတ်လ ရက်နေ့မှာ သိမ်းဆည်းခံရတဲ့ နေအိမ်များစာရင်းကို AAPP ကဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရားသိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၀၉) ခုထက်မနည်းရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ စကစတပ်များဟာ NUG အစိုးရအဖွဲ့များရဲ့နေအိမ်များ၊ အဖွဲ့ချုပ်ကိုယ်စားလှယ်များရဲ့နေအိမ်များနဲ့ အရပ်သားနေအိမ်များကို အကြောင်းမဲ့ သိမ်းဆည်းချိတ်ပိတ်လျက်ရှိပါတယ်။


========================


📌📌 ၇။ လျှပ်စီး Production Team မှကိုးလုံးကျည် ခြောက်လုံးပြူး ထုတ်လုပ်အောင်မြင်


လျှပ်စီး Production Team မှကိုးလုံးကျည် ခြောက်လုံးပြူး ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့မှာ လျှပ်စီး ပျောက်ကျားအဖွဲ့ - ၀က်လက်က ကိုးလုံးကျည် ခြောက်လုံးပြူးကို စမ်းသပ်ပစ်ခတ်ပြခဲ့ပါတယ်။


"လျှပ်စီး Production Team မှ 12 Gauge Shotgun (6 Round Cylinder) ကိုးလုံးကျည် ခြောက်လုံးပြူး ထုတ်လုပ်အောင်မြင်လို့ စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ သြဂုတ်လ ရက်နေ့ကလည်း "လျှပ်စီး Production Team” မှ အတောင့်သုံးဆယ်ဆန့် သေနတ်အရှည်ထုတ်လုပ်နိုင်ခဲ့ပါတယ်။


========================


📌📌 ၈။ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ဒီပဲယင်းနယ်ရှိ ကျေးရွာကို ဝေဟင်က ပစ်ခတ်တိုက်ခိုက်


မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့်ဒီပဲယင်းနယ်ရှိ ကျေးရွာကို ဝေဟင်က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ သြဂုတ်လ ရက် နံနက် ၁၁ နာရီ အချိန်မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အင်ပင် ရွာဒင်ကြီး၊ ကိုင်းကံ စတဲ့ ရွာတွေကို ဝေဟင်ကနေ ပစ်ခတ်တာလို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကဆိုပါတယ်။


"ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်မှစ၍ နမခ အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ် စီး၊ ထောက်ပို့ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်လျက်ရှိပါတယ်"လို့ ဆိုပါတယ်။ ထောက်ပို့ရဟတ်ယာဉ်များဖြင့် ကြည် ဘုရားထွက်မှ အင်အားများနှင့် မကျီး‌စောက်မှ အင်အားများသယ်ပို့ကာ ဒီပဲယင်းမြို့နယ် အင်ပင် ရွာဒင်ကြီး၊ ကိုင်းကံ စသော ကျေးရွာများတစ်ဝိုက် မြေပြင်ရော လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။ စကစတပ်များ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံများ ကြိုတင်ပြင်ဆင်ချိန်မရဘဲ အရေးပေါ်ထွက်ပြေးနေရပါတယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးကဖော်ပြပါတယ်။


========================


📌📌 ၉။ ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာကို စကစတပ်များဝင်ရောက် သောင်းကျန်းတဲ့ ရက်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားရာ စကစတပ်ဘက်က အယောက် ၃၀ ထက်မနည်းသေဆုံး


စစ်ကိုင်းတိုင်းရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာကို စကစတပ်များဝင်ရောက် သောင်းကျန်းတဲ့ ရက်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားရာ စကစတပ်ဘက်က အယောက် ၃၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့မှာ စစ်ရေးသတင်းကို ဗိုလ်မုတ်ဆိတ်အဖွဲ့ကဖော်ပြပါတယ်။


"တင်းတိမ်ရံကျေးရွာအား ခိုးဆိုးယူငင်၊မီးရှို့ဖျက်ဆီးသွားသောစကစတပ်ဖွဲ့များ တင်းတိမ်ရံရွာမှ ဒီပဲယင်းမြို့သို့အပြန် တင်းတိမ်ရံရွာမကျေးရွာတောင်ဘက်၌ မိမိတို့ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်ခန့်ဖြစ်ပွားပြီး စကစတပ်ဘက်က ၁၂ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိနိုင်ပါတယ်"လို့ ဖော်ပြပါတယ်။ ဇူလိုင်၂၈ ရက်မှ ၃၁ ရက်အထိ ရက်တာ ထိတွေ့မှုမှာ စကစဘက်က အယောက် ၃၀ ထက်မနည်းသေဆုံးကာ၂၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment