10th SEP 2022 - Morning Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ၏ (၇၂) နှစ်ပြည့်မွေးနေ့ကို ကာကွယ်ရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်း

📌 ၂။ သယံဇာတကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် အန္တရာယ်အကင်းဆုံး ပြည်သူနှင့် အစိုးရအတွက် အကျိုးအရှိဆုံး နည်းလမ်းများကို ရွေးချယ်ဆောင်ရွက်ရန် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများကို စစ်အာဏာရှင်တို့က လက်နက်သဖွယ် အသုံးချနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ချက် သမ္မတ နိုင်ငံတွင် ဆွေးနွေးပြောကြားခဲ့

📌 ၄။ နောက်ထပ်လေးလအတွင်း မောင်းပြန်သေနတ် နှစ်သောင်းတပ်ဆင်ရန် အမေရိကန်ဒေါ်လာ သန်းတစ်ရာ အနည်းဆုံးလိုအပ်တယ်လို့ ကာကွယ်ရေးဝန်ကြီး အသိပေး

📌 ၅။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၂) အစည်းအဝေးကျင်းပ

📌 ၆။ Spring Mandalay Investment ကို မကြာခင်စတင်တော့မယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ဆို

📌 ၇။ ကြားကာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ

📌 ၈။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူနေ

📌 ၉။ မြစ်ကြီးနားမြို့ အမှတ် () ရဲစခန်းကို ယမန်နေ့ည PDF များပစ်ခတ်တိုက်ခိုက်

📌 ၁၀။ ချင်းပြည်နယ် မင်းတပ်မြို့မယ်လယ်ကုန်း အနီးထိတွေ့တိုက်ပွဲမှာ စကစတပ်က သုံးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ၏ (၇၂) နှစ်ပြည့်မွေးနေ့ကို ကာကွယ်ရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်း


အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ၏ (၇၂) နှစ်ပြည့်မွေးနေ့ကို ကာကွယ်ရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


"၂၀၂၂ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့တွင် ကျရောက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ၏ (၇၂) နှစ်ပြည့်မွေးနေ့မှ စပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် ဖက်ဒရယ်ပြည်ထောင်စုအကျိုးကို ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ မှာ ယာယီ သမ္မတ ဒူဝါလရှီးလမှာလက အစိုးရအဖွဲ့ အစည်းအဝေးများကို ဦးဆောင်ကျင်းပကာ နိုင်ငံရေး၊ စစ်ရေး ဆုံးဖြတ်ချက်များ ချမှတ်ပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ သယံဇာတကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် အန္တရာယ်အကင်းဆုံး ပြည်သူနှင့် အစိုးရအတွက် အကျိုးအရှိဆုံး နည်းလမ်းများကို ရွေးချယ်ဆောင်ရွက်ရန် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား


စက်တင်ဘာ ရက် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR) (/၂၀၂၂) အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုပြောကြားခဲ့ပါတယ်။


"သယံဇာတကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် အန္တရာယ်အကင်းဆုံး၊ ပြည်သူနှင့် အစိုးရအတွက် အကျိုးအရှိဆုံးနှင့် တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေမည့်နည်းလမ်းများကို ရွေးချယ်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ ကဏ္ဍအားလုံးက စည်းစည်းလုံးလုံးနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် လုပ်ငန်းမြန်ဆန်သွက်လက်ပြီး မိမိတို့အားလုံး၏ ရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးအောင်မြင်ရေးအတွက် ယခင်ကထက် ပိုမိုအထောက်အကူပြုလာနိုင်သည်ကို တွေ့မြင်ရ မည် ဖြစ်ကြောင်း"ဆိုခဲ့ပါတယ်။


ဒါ့အပြင် ပြည်ထောင်စုအစိုးရ၊ ဝန်ကြီးဌာန၊ ကြားကာလမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သယံဇာတအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပေါင်းစည်းကာ သယံဇာတများကို  စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းအားထုတ်မှု နည်းလမ်းများ အသုံးပြု၍ စနစ်တကျ စီမံအုပ်ချုပ်ခြင်းဖြင့် ဗဟိုချုပ်ကိုင်မှု အနည်းဆုံးဖြစ်သော၊ ပြည်သူဗဟိုပြု သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အထများ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် နောင်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဖက်ဒရယ်သယံဇာတမူဝါဒကိုလည်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများကို စစ်အာဏာရှင်တို့က လက်နက်သဖွယ် အသုံးချနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ချက် သမ္မတ နိုင်ငံတွင် ဆွေးနွေးပြောကြားခဲ့


စက်တင်ဘာလအတွင်းနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် တို့အပါအဝင် ချက်သမ္မတ နိုင်ငံမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပါတယ်။


"စစ်အာဏာရှင်တို့က အရပ်သားများအပေါ် စကားလုံးဖြင့် ပြောဆိုရန်ပင် မဖြစ်နိုင်သော ရက်စက်ကြမ်းကြုတ်နေမှုများကိုလည်း ပြောဆိုတင်ပြခဲ့ပြီး၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများကို စစ်အာဏာရှင်တို့က လက်နက်သဖွယ် အသူံးချနေခြင်းနှင့် လူပေါင်း တစ်သန်းနီးပါးကို အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့ခြင်းများအား နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆွေးနွေးပြောကြားခဲ့ပါတယ်။


 နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟာလူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ချက်သမ္မတနိုင်ငံတွင် တာ၀န်ထမ်းဆောင်လျက်ရှိသော အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ် ဦးလင်းသန့်တို့ နှင့်အတူ ခရီးစဥ်ကိုရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။


========================


📌📌 ၄။ နောက်ထပ်လေးလအတွင်း မောင်းပြန်သေနတ် နှစ်သောင်းတပ်ဆင်ရန် အမေရိကန်ဒေါ်လာ သန်းတစ်ရာ အနည်းဆုံးလိုအပ်တယ်လို့ ကာကွယ်ရေးဝန်ကြီး အသိပေး


စက်တင်ဘာလအတွင်း သတင်းဌာနတစ်ခုနဲ့တွေ့ဆုံရာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အခုလိုပြောကြားခဲ့ပါတယ်။


"အနည်းဆုံးနောက် ထပ်လေးလအတွင်းမှာ အမေရိကန် ဒေါ်လာသန်း ၁၀၀ ရဖို့လိုတယ်။ ဒီရန်ပုံငွေရလာရင် နောက်ထပ် မောင်းပြန် နှစ်သောင်းလောက် တပ်ဆင်ဖို့ကြိုးစားပါမယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် ချေမှုန်းရေးလက်နက်ဖြစ်တဲ့ အဝေးပစ် လက်နက်ကြီးများကိုလည်းတပ်ဆင်ရမှာဖြစ်တယ်လို့ဝန်ကြီးကထပ်လောင်းဆိုပါတယ်။ ၂၀၂၃ အတွက် ကာကွယ်ရေးရန်ပုံငွေလိုအပ်ချက်မှာ အမေရိကန်ဒေါ်လာသန်း၂၀၀ မှ ၃၀၀ ကြားရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၂) အစည်းအဝေးကျင်းပ


ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့၏ (/၂၀၂၂) အစည်းအဝေးအား ရက်နေ့ နံနက် (၁၁) နာရီ Zoom Meeting ဖြင့် ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးသို့အဖွဲ့ဝင်များဖြစ်ကြတဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြပါတယ်။ 


ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၊ အတွင်းရေးမှူးမှ (/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့လုပ်ငန်းစဥ်များနှင့် စပ်လျဥ်း၍ ဆောင်ရွက်ပြီးစီးမှုများ ကို တင်ပြခဲ့ကြပါတယ်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပြီး ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါတယ်။


========================


📌📌 ၆။ Spring Mandalay Investment ကို မကြာခင်စတင်တော့မယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ဆို


Spring Mandalay Investment ကို မကြာခင်စတင်တော့မယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်က စက်တင်ဘာ ရက် ညပိုင်းမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးက လူမှုကွန်ရက်မှာ ရေးသားပြောပါတယ်။


"မကြာခင်မှာ Spring Mandalay Investment ကို စတင်တော့မှာ ဖြစ်ပါတယ်.. "ပြည်တော်ဝင်" အောင်အတိတ်၊ အောင်နိမိတ်နဲ့ ကျနော်တို့အားလုံး အစွမ်းကုန်အားထုတ်ရင်း အကြမ်းဖက်စစ်အာဏာရှင်ကို နိဂုံးချုပ် ပေးလိုက်ကြရအောင်ပါ"လို့ဆိုပါတယ်။


EOD လူမှုကွန်ရက်စာမျက်နှာမှာလည်း Spring Mandalay Investment မကြာမီလို့ဖော်ပြအသိပေးထားပါတယ်။ လက်ရှိမှာ နွေဦးရိပ်မွန် အိမ်ရာမှာ မြေကွက် ၄၀ ဒေါ်လာနှစ်သန်းကျော်ဖိုးရောင်းချထားရပါတယ်။


========================


📌📌 ၇။ ကြားကာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၂) ကို စက်တင်ဘာလ ရက်နေ့၊ နံနက် နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။


ဆက်လက်၍ တရားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်စွဲများနှင့် ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၈။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူနေ


စက်တင်ဘာ ရက်မှာပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ အခုလိုအသိပေးဆိုထားပါတယ်။


"စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားဖို့ နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူနေပြီ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဆိုတာ မန္တလေးတိုင်းကို အခြေပြုပြီး စနစ်တကျ စုဖွဲ့ပြင်ဆင်ထားတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပေမယ့် မန္တလေးသားတွေအပြင် စစ်ကိုင်း မကွေး ရန်ကုန် ဧရာဝတီ နဲ့ အခြားပြည်နယ်နှင့်တိုင်းအသီးသီးကရဲဘော်များလည်း ပါဝင်တိုက်ပွဲဝင် နေကြပါတယ်။


"ဒါကြောင့် မန္တလေးသူ မန္တလေးသားများသာမက ဒေသအသီးသီးက စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်လိုသူ မည်သူကိုမဆို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ကြိုဆိုနေပါတယ်။ အတူလက်တွဲ တိုက်ပွဲဝင်ဖို့ အသင့်ရှိနေပါတယ်။ အားကောင်းတဲ့ အဆင့်ဆင့်ကွပ်ကဲမှု တိကျတဲ့ အမိန့်နာခံမှု စနစ်ကျတဲ့ စုဖွဲ့မှုတွေနဲ့ တိုက်ပွဲဝင်လိုတယ်ဆိုရင်တော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့အတူ လက်တွဲဖို့ ဖိတ်ခေါ်လိုပါတယ်" လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ MDY-PDF Facebook Page ကနေ ဆက်သွယ်လို့ရပါတယ်။


========================


📌📌 ၉။ မြစ်ကြီးနားမြို့ အမှတ် () ရဲစခန်းကို ယမန်နေ့ည PDF များပစ်ခတ်တိုက်ခိုက်


မြစ်ကြီးနားမြို့ အမှတ် () ရဲစခန်းကို ယမန်နေ့ည PDF များပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာ ရက် နာရီအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြစ်ကြီးနား)မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့အတည်ပြုထားပါတယ်။


"မြစ်ကြီးနားမြို့ အမှတ် () ရဲစခန်းကို ယနေ့ည နာရီခွဲခန့်က မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြစ်ကြီးနား)မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ရဲများ ထိခိုက်ဒဏ်ရာ ရရှိပြီး သေဆုံးမှုအား အတည်ပြုနေဆဲ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြစ်ကြီးနား) များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၁၀။ ချင်းပြည်နယ် မင်းတပ်မြို့မယ်လယ်ကုန်း အနီးထိတွေ့တိုက်ပွဲမှာ စကစတပ်က သုံးဦးသေဆုံး


ချင်းပြည်နယ် မင်းတပ်မြို့မယ်လယ်ကုန်း အနီးထိတွေ့တိုက်ပွဲမှာ စကစတပ်က သုံးဦးသေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ရက် မနက်ပိုင်းမှစတင်ကာ စကစတပ်များနဲ့ CDF မင်းတပ်တို့ပစ်ခတ်တိုက်ခိုက်နေကြတာလို့ CDF-MINDAT (သတင်းနှင့်ပြန်ကြားရေးဌာန) က ဆိုပါတယ်။


"CDF-MINDATနှင့်စကစ စစ်ကြောင်း မယ်လယ်ကုန်း အနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပါတယ်။ ကျောက်ထုအမြှောက်တပ်မှ လက်နက်ကြီး ပစ်ကူလျက်ရှိပြီး လေးကြိမ်ပစ်ခတ်ပြီးဖြစ်ပါတယ်"လို့ ဆိုပါတယ်။ မယ်လယ်ကုန်းရွာအနီး တိုက်ပွဲမှာမွန်းလွဲပိုင်းတွင် စကစ ဘက်မှ သုံးဦး ကျဆုံးပြီး အများအပြားဒဏ်ရာ ရနိုင်ကြောင်း CDF-MINDAT ကဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment