11th SEP 2022 - Morning Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မုန်တိုင်းကြောင့်နစ်နာခဲ့မှုများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာအား တောင်ကိုရီးယားအစိုးရထံ NUG ပေးပို့

📌 ၂။ စစ်တပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှုများ ကြားကကြံ့ကြံ့ခံရင်း ပညာသင်ကြားနေရတဲ့ တိုင်းရင်းသား ပညာရေး နေရာတွေ အထိ သွားရောက် အားပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးဆို

📌 ၃။ နွေဦးတော်လှန်ရေးဟာ ဘက်ပေါင်းစုံက ထကြွလုပ်ဆောင်ရမဲ့ အဆုံးသတ်တိုက်ပွဲလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်

📌 ၄။ လစဉ် လကုန်ရက် တစ်ရက်မှလွဲ၍ နေ့စဉ် ၂၄ နာရီ ကာလပတ်လုံးနွေဦးထီ ထိုးနိုင်ပြီလို့ဆို

📌 ၅။ ဆန်ရေမှာ မပါဝင်လိုက်ရသူတွေ Project Skywalk ကို ဝိုင်းဝန်းအားဖြည့်ပေးကြဖို့တိုက်တွန်း

📌 ၆။ YDF-Htilin မှ ထီးလင်းမြို့နယ်အတွင်းတွင် လုံခြုံရေးဂိတ် ဂိတ် ဖွင့်လှစ်

📌 ၇။ ကရင်နီပြည် တိုက်ပွဲမှာ တပ်မ ၆၆ တပ်မမှူးကိုယ်တိုင် အပြင်းအထန် ဒဏ်ရာရခဲ့၍ တပ်မမှူး အစားထိုးခဲ့ရ

📌 ၈။ ပြည်သူများရဲ့၀န်းရံ‌ထောက်/ပို့မှုကြောင့်သေနတ်နဲ့ လက်နက်ခဲယမ်းများရရှိတယ်လို့ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)အသိပေး

📌 ၉။ စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှသိမ်းပိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မုန်တိုင်းကြောင့်နစ်နာခဲ့မှုများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာအား တောင်ကိုရီးယားအစိုးရထံ NUG ပေးပို့


မုန်တိုင်းကြောင့်နစ်နာခဲ့မှုများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာအား တောင်ကိုရီးယားအစိုးရထံ NUG အစိုးရပေးပို့ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ လွန်ခဲ့တဲ့ စက်တင်ဘာလ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဟင်နမ်နော် မုန်တိုင်းကြောင့် ပျက်စီးနစ်နာခဲ့မှုများအပေါ် မြန်မာပြည်သူများကိုယ်စား အထူး ကိုယ်ချင်းစာ ဝမ်းနည်းကြောင်း သဝဏ်လွှာအား တောင်ကိုရီးယားအစိုးရထံသို့ ပေးပို့ခဲ့ပါတယ်"လို့ တောင်ကိုရီယား NUG ကိုယ်စားလှယ်ရုံးကဖော်ပြပါတယ်။


အဆိုပါ ဝမ်းနည်းကြောင်း သဝဏ်လွှာအား အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက တောင်ကိုရီးယားNUG ကိုယ်စားလှယ်ရုံးမှ တဆင့် တောင်ကိုရီးယားအစိုးရထံ ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။


တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးဟာNUGအစိုးရ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာအား တောင်ကိုရီးယားအစိုးရ၊ လွှတ်တော်များနှင့် တောင်ကိုရီးယားအရပ်ဘက်ပြည်သူ့အဖွဲ့အစည်းများထံ ပေးပို့ပေးခဲ့ပါတယ်။ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဟင်နမ်နော်ကြောင့် တောင်ကိုရီးယားပြည်သူနှစ်ဦး သေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးခဲ့ရပါတယ်။


========================


📌📌 ၂။ စစ်တပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှုများ ကြားကကြံ့ကြံ့ခံရင်း ပညာသင်ကြားနေရတဲ့ တိုင်းရင်းသား ပညာရေး နေရာတွေ အထိ သွားရောက် အားပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးဆို


စစ်တပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှုများ ကြားကကြံ့ကြံ့ခံရင်း ပညာသင်ကြားနေရတဲ့ တိုင်းရင်းသား ပညာရေး နေရာတွေ အထိ သွားရောက် အားပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးကဆိုပါတယ်။ စက်တင်ဘာလအတွင်းမှာ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။


"ဝန်ကြီးဌာန အနေနဲ့ ပဋိပက္ခကာလများမှာ ကလေးငယ်များ ပညာရေး အဆက်မပျက်ရေး ကို ဖက်ဆစ်စစ်တပ်ရဲ့ မတရား တိုက်ခိုက်မှုများကြား မှ  Ministry of Education, Ministry of Defense  မဟာမိတ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ နဲ့အတူ အမြဲ ကူညီလုပ်ဆောင်လျက်ရှိပါတယ်။စစ်တပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရတဲ့ ဘဝတွေ၊ ကျောင်းဆောင်တွေ ကြား ကြံ့ကြံ့ခံရင်း ပညာသင်ကြားနေရတဲ့ တိုင်းရင်းသား ပညာရေး နေရာတွေ အထိ သွားရောက် အားပေးခဲ့ပါတယ်။စစ်အာဏာရှင် ရဲ့  အကြမ်းဖက်လုပ်ရပ်တွေ၊ လေကြောင်း က တိုက်ခိုက်ဖျက်ဆီးနေကြတာ တွေ အဆုံးသတ် ရပ်တန့် နိုင်ဖို့ အတူတကွ ဆက်လက်ကြိုးစားသွားကြပါစို့"လို့ဆိုပါတယ်။


၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့အထိ တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့သော ကလေးသူငယ် ပမာဏမှာ၁၃၃ဦးရှိပြီးရာခိုင်နှုန်းအားဖြင့် . ရာခိုင်နှုန်းရှိပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးဟာ ဘက်ပေါင်းစုံက ထကြွလုပ်ဆောင်ရမဲ့ အဆုံးသတ်တိုက်ပွဲလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်


နွေဦးတော်လှန်ရေးဟာ ဘက်ပေါင်းစုံက ထကြွလုပ်ဆောင်ရမဲ့ အဆုံးသတ်တိုက်ပွဲလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှာ လူ့အခွင့်ရေးရာဝန်ကြီးက လူမှုကွန်ရက်မှာရေးသားပြောပါတယ်။


"သူရောက်တဲ့နေရာမှာ အကောင်းဆုံးဘာလုပ်နိုင်မလဲဆိုတာသိပြီး သူ့တာဝန်သူကျေ၊ ကိုယ်ရောက်တဲ့နေရာမှာ အကောင်းဆုံးဘာလုပ်နိုင်မလဲဆိုတာသိပြီး ကိုယ့်တာဝန်ကိုယ်ကျေ၊ဒီတော်လှန်ရေးက ဘက်ပေါင်းစုံက ထကြွလုပ်ဆောင်ရမဲ့ အဆုံးသတ်တိုက်ပွဲ"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့ကစစ်အာဏာရှင်ကို ခုခံတွန်းလှန်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံကိုအရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။


========================


📌📌 ၄။ လစဉ် လကုန်ရက် တစ်ရက်မှလွဲ၍ နေ့စဉ် ၂၄ နာရီ ကာလပတ်လုံးနွေဦးထီ ထိုးနိုင်ပြီလို့ဆို


လစဉ် လကုန်ရက် တစ်ရက်မှလွဲ၍ နေ့စဉ် ၂၄ နာရီ ကာလပတ်လုံးနွေဦးထီ ထိုးနိုင်ပြီလို့ဆိုပါတယ်။ စက်တင်ဘာလအတွင်းမှာ ပြည်သူလူထုကို နွေဦးထီမိသားစုကအသိပေးဆိုပါတယ်။ "လစဉ် လကုန်ရက် တစ်ရက်မှလွဲ၍ နေ့စဉ် ၂၄ နာရီ ကာလပတ်လုံးဖွင့်လှစ်ထားပြီဖြစ်ပါတယ်"လို့ ဆိုပါတယ်။


နွေဦးထီ လက်မှတ်ကို ဝယ်ယူလိုပါက ဘလူးမတ် အမှန်ခြစ်ပါသော နွေဦးထီ လူမှုကွန်ရက်စာမျက်နှာ Messenger ဘောက်မှ ဆက်သွယ် ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ CDM သူရဲကောင်းများကိုတဖက်တလမ်းက ဂုဏ်ပြုထောက်ပံ့နိုင်ဖို့ဆိုတဲ့ နွေဦးထီရဲ့ ပင်မရည်မှန်းချက်နှင့်အတူ CDM သူရဲကောင်း တစ်သောင်းကျော် ကိုထောက်ပံ့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော် နွေဦးထီနဲ့ ချိတ်ဆက်ထားတဲ့ CDM အရေအတွက်ဟာ တစ်သိန်း ခုနစ်သောင်း ကျော်ရှိနေပြီး ထောက်ပံ့နိုင်မှုအတိုင်းအတာဟာ လိုအပ်ချက်များစွာရှိနေသေးတာပဲဖြစ်ပါတယ်။


========================


📌📌 ၅။ ဆန်ရေမှာ မပါဝင်လိုက်ရသူတွေ Project Skywalk ကို ဝိုင်းဝန်းအားဖြည့်ပေးကြဖို့တိုက်တွန်း


ဆန်ရေမှာ မပါဝင်လိုက်ရသူတွေProject Skywalk ကို ဝိုင်းဝန်းအားဖြည့်ပေးကြဖို့ တော်လှန်ရေး ရန်ပုံငွေရှာဖွေပေးတဲ့ မပန်ဆယ်လိုကဆိုပါတယ်။ စက်တင်ဘာလအတွင်း လူမှုကွန်ရက်မှာ မပန်ဆယ်လိုကရေးသားပြောပါတယ်။


"နုကြည်လေတပ်ဘာညာ လှောင်ခဲ့ကြတာတွေက တကယ်ဖြစ်လာတော့မှာ။  မောင်းသူမဲ့လေယာဉ်လို့ ခေါ်လို့ရတဲ့ ဒရုန်းတပ်။ ဒရုန်းတပ်အဖြစ် အဆင်မြင့်နည်းပညာတွေနဲ့ အဆင့်မြှင့်တင်ဖွဲ့စည်းဖို့ ရန်ပုံငွေရှာဖွေရေးပလန်ဖြစ်တဲ့ Project Skywalk ကို ဝိုင်းဝန်းအားဖြည့်ပေးကြပါ။ ဆန်ရေမှာ မပါဝင်လိုက်ရသူတွေရော၊ ထပ်မံပါဝင်နိုင်သေးသူတွေရော ပါဝင်ပေးကြပါဦးလို့"ဆိုပါတယ်။


Project Skywalk" ဟာအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွတ် ဦးဆောင်ပြီး ဘဏ္ဍာရေးဌာနနဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့တို့ ဦးစီးလုပ်ဆောင်တဲ့ ဘဏ္ဍာငွေရှာဖွေရေး အစီစဥ်တစ်ရပ် ဖြစ်ပါတယ်။ သြဂုတ် ၃၀ ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ Campaign ကာလ ပတ်တာအတွင်း ​"Project Skywalk" ကနေ ဘဏ္ဍာငွေပေါင်း မေရိကန်ဒေါ်လာ ( ) သန်းအထိ ရှာဖွေပံ့ပိုးပေးနိုင်ဖို့မျှော်မှန်းထားပါတယ်။


========================


📌📌 ၆။ YDF-Htilin မှ ထီးလင်းမြို့နယ်အတွင်းတွင် လုံခြုံရေးဂိတ် ဂိတ် ဖွင့်လှစ်


YDF-Htilin မှ ထီးလင်းမြို့နယ်အတွင်းတွင် လုံခြုံရေးဂိတ် ဂိတ် ဖွင့်လှစ်နေပြီလို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှာ YDF-Htilin ကအသိပေးဆိုပါတယ်။ "အများပြည်သူ လုံခြုံစွာသွားလာနေထိုင်နိုင်ရန်ရည်ရွယ်၍ YDF-Htilin မှ ထီးလင်းမြို့နယ်အတွင်းတွင် လုံခြုံရေးဂိတ် ဂိတ်ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်တယ်"လို့ ဆိုပါတယ်။ 


၎င်းဂိတ်များမှာ မည်သည့် အခကြေးငွေမျှ တောင်းယူကောက်ခံမည်မဟုတ်ပဲ အများပြည်သူတို့၏ လုံခြုံရေးကိုသာ ဆောင်ရွက်မှာဖြစ်တယ်လို့ဖော်ပြပါတယ်။ ပြည်သူများအနေဖြင့်  လုံခြုံရေးအရ စစ်ဆေး၊မေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ တားမြစ်ပစ္စည်းများ သယ်ယူရောင်းဝယ်ခြင်းများမပြုလုပ်ကြရန်၊ဂိတ်တွင် တပ်ဖွဲ့ဝင်များအား ငွေကြေးပေးဆောင်ခြင်းမပြုလုပ်ကြရန် ဆိုထားပါတယ်။


========================


📌📌 ၇။ ကရင်နီပြည် တိုက်ပွဲမှာ တပ်မ ၆၆ တပ်မမှူးကိုယ်တိုင် အပြင်းအထန် ဒဏ်ရာရခဲ့၍ တပ်မမှူး အစားထိုးခဲ့ရ


ကရင်နီပြည် တိုက်ပွဲမှာ တပ်မ ၆၆ တပ်မမှူးကိုယ်တိုင် အပြင်းအထန် ဒဏ်ရာရခဲ့၍ တပ်မမှူး အစားထိုးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ Karenni Army Center က စက်တင်ဘာ၁၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


"အကြမ်းဖက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကူအဖြင့် တပ်ရင်း(၆ရင်း)ကို ဦးဆောင်လာခဲ့တဲ့ ဗိုလ်မှူးချုပ် အဆင့်ရှိ တပ်မ ၆၆ တပ်မမှူး မျိုးမင်း ကိုယ်တိုင် ကရင်နီပြည်သို့ ရောက်ရှိလာခဲ့ပြီး ဒေသခံတပ်များနှင့်အတူ အကြမ်းဖက်စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ ကရင်နီတပ်မတော် အပါအဝင် KNDF တပ်များ နှင့်  PDF တပ်များ၏ ခုံခံတိုက်ခိုက်ခဲ့ခြင်း တန်ပြန်ထိုးစစ်ပြုလုပ်ခဲ့ခြင်း နှင့်အခြား စစ်ဗျူဟာ အဝဝ ကို ပြန်လည်ချေမူန်းတိုက်ခိုက်ခဲ့ သဖြင့် တပ်မမှူး မျိုးမင်းအပြင်းအထန် ဒဏ်ရာရခဲ့သည့်အပြင် တပ်မမှူး အစားထိုးခဲ့ရသည့်အထိ ဖြစ်ခဲ့ရတယ်"လို့ဖော်ပြပါတယ်။


 ထို့အပြင် ဖရူးဆို တိုက်ပွဲမှာ တပ်ရင်းမှူး တစ်ဦးထပ်မံ ကျဆုံးခဲ့ရပြီးကျန်တပ်ရင်းမှူး ဦးမှာလည်း အခြားတိုက်ပွဲမှာ ဒဏ်ရာ ရခဲ့၍တပ်ရင်းမှူး ဦးသာ ကျန်ရှိခဲ့သည့် ကရင်နီပြည်ရောက် တပ်မ ၆၆ ဟာ မကြာသေးသည့် ရက်အနည်းငယ်အတွင်းမှာနောက်ထပ်တပ်ရင်းမှူးတစ်ဦး အလုပ်တာဝန် ထမ်းဆောင်လိုစိတ်မရှိဟု တင်ပြခဲ့ရာကြီးလေးသော ပြစ်ဒဏ်ကျခံစေရေးအတွက်နောက်တန်းသို့ ပြန်လည်ပို့ဆောင်ခြင်းခံရတယ်လို့ဖော်ပြပါတယ်။ 


လောက်ကိုင် တိုက်ပွဲနဲ့ရခိုင်တိုက်ပွဲမှာ နာမည်ကြီးခဲ့တဲ့ တပ်မ ၆၆ ကရင်နီပြည် ရောက်ခဲ့ပြီး တပ်ဖွဲ့စည်းပုံပျက်သည့်အထိ အခြေနေဆိုးနှင့်ကြုံခဲ့ရတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၈။ ပြည်သူများရဲ့၀န်းရံ‌ထောက်/ပို့မှုကြောင့်သေနတ်နဲ့ လက်နက်ခဲယမ်းများရရှိတယ်လို့ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)အသိပေး


ပြည်သူများရဲ့၀န်းရံ‌ထောက်/ပို့မှုကြောင့်သေနတ်နဲ့ လက်နက်ခဲယမ်းများရရှိတယ်လို့စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)အသိပေးဆိုပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှာ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) ကဖော်ပြပါတယ်။


CDM ဗိုလ်ကြီး အစ်ကိုညီသုတရဲ့ကူညီနှိုးဆော်ပေးမှုနဲ့ ပြည်သူများရဲ့၀န်းရံ‌ထောက်/ပို့မှုကြောင့် ရရှိလာတဲ့ မြို့ပြအတွင်းအသုံးပြုဖို့ အတို၊ နာနတ်သီး၊ အခြားပစ္စည်းများ၊ တိုက်ပွဲအတွင်း အသုံးပြုဖို့ M4 AK47 အရှည်ပစ္စည်းများ သက်ဆိုင်သူ မြို့တွင်းနဲ့ရှေ့တန်းရောက် ရဲဘော်များထံ အပ်နှံပြီးဖြစ်ကြောင်း လေးစားစွာဖြင့် ဖော်ပြအပ်ပါတယ်လို့ဆိုထားပါတယ်။ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)ဟာ စစ်အာဏာရှင်စနစ်ကိုခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်း ဖြစ်ပါတယ်။


========================


📌📌 ၉။ စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှသိမ်းပိုက်


စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှသိမ်းပိုက်ခဲ့ပါတယ်။


စက်တင်ဘာလ (၁၀) ရက်၊ နံနက် ()နာရီ (၁၇) မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာဖြစ်သည့် မောင်တောမြို့နယ်၊ လောင်းဒုံ(မြို)ရွာ () ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် () ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်)ရှိ  စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။


၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခု ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ၎င်းစခန်းအားပြန်လည်ရယူရန်ကြိုးစားလျက် ရှိကြောင်းထုတ်ပြန်ခဲ့ပြီး စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် ၎င်းစခန်းအနီးတဝိုက် အပြင် တခြားရက္ခိုင်နှင့်ပလက်ဝရှိ နေရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခဲ့သည်မှာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။


ထိုသို့ စစ်ကောင်စီတပ်မှ လူအင်အားတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေချိန် ယနေ့  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ နံနက် ()နာရီ (၁၇) မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာဖြစ်သည့် မောင်တောမြို့နယ်၊ လောင်းဒုံ(မြို)ရွာ () ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် () ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်)ရှိ  စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် () နာရီ (၂၂) မိနစ်အချိန်၌ အဆိုပါ စခန်းကုန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါတယ်။ စစ်ကောင်စီတပ်မှ ၎င်းစခန်းကုန်းနေရာအနီးတဝိုက်သို့ ရဟတ်ယာဉ် နှစ်စီးဖြင့် တစ်နေကုန်လာရောက်တိုက်ခိုက်နေခဲ့တယ်လို့လည်းဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment