15th SEP 2022 - Evening Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်တပ်ဟာ လူထုကိုသတ်ဖြတ်ကာ အကြောက်တရားနဲ့ချိန်းခြောက်နိုင်မယ်လို့ ထင်ယောင်ထင်မှားဖြစ်နေဆဲပဲလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ လူသတ် ခေါင်းဆောင် ဖက်ဆစ်စစ်အာဏာရှင်ဟာနိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲ ကျင်းပပေး မယ်လို့ဆိုကာ နိုင်ငံတကာကို လှည့်စားရန် ကြိုးပမ်းနေပြီလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြား

📌 ၃။ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Non CDM ဝန်ထမ်းအကြီးပိုင်းတွေ CDM မလုပ်ရင် အကြမ်းဖက် တိုက်ဖျက်ရေးဥဒေနဲ့တရားစွဲမယ်

📌 ၄။ အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲမှ ဆွေးနွေးအကြံပြုချက် (၁၀၆) ချက် ပေါ်ထွက်ခဲ့

📌 ၅။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် ချပ်ကုန်းကျေးရွာကို ယနေ့မနက် စကစတပ်များသေနတ်များပစ်ဖောက်ဝင်ရောက်၍ မွှေနှောက်သောင်းကျန်း

📌 ၆။ မြောင်မြို့နယ် နနွင်းကိုင်းကျေးရွာသို့ အကြမ်းဖက် စစ်တပ်ကအလစ်ဝင်၍လက်နက်ကြီးများနဲ့ပစ်ခတ်ရာ အရပ်သားတစ်ဦးထိမှန်သေဆုံး

📌 ၇။ ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သောသူရဲကောင်းရဲဘော်- မောင်အောင်ကိုဦးအတွက် အလှူရှင်တစ်ဦးက NUG Bond ဝယ်ယူလှူဒါန်း

📌 ၈။ ငါးပြေမ ပြောက်ကျားတပ်မှ လက်လုပ်သေနတ်တီထွင်အောင်မြင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်တပ်ဟာ လူထုကိုသတ်ဖြတ်ကာ အကြောက်တရားနဲ့ချိန်းခြောက်နိုင်မယ်လို့ ထင်ယောင်ထင်မှားဖြစ်နေဆဲပဲလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စက်တင်ဘာ ၁၅ ရက်နေ့ ကျင်းပတဲ့ ဒီမိုကရေစီနေ့အခမ်းအနားမှာ ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းကအခုလိုပြောကြားလိုက်ပါတယ်။


"စိတ်ပိုင်း လူပိုင်း ဖွံဖြိုးတိုးတက်နေတဲ့လူငယ်များက စစ်အာဏာသိမ်းမှုကို အသာတကြည်လက်လျှော့ပေးရန် စစ်တပ်ကို ငြိမ်းချမ်းစွာတောင်းဆိုသတိပေးခဲ့ပါတယ်။ဒါပေမယ့် လူထုရဲ့အင်အားကို ဘယ်လိုမှ နားမလည်တဲ့ စစ်အာဏာရှင်တို့ဟာ ၄င်းတို့ထက် အသိဥာဏ်များစွာဖွံဖြိုးနေပြီဖြစ်တဲ့ လူထုကိုသတ်ဖြတ်ကာ အကြောက်တရားနဲ့ချိန်းခြောက်နိုင်မယ်လို့ ထင်ယောင် ထင်မှားဖြစ်နေဆဲဖြစ်ပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်တပ်ဟာ လူပေါင်းနှစ်ထောင်ကျော်ကိုသတ်ဖြတ်ကာ ယနေ့အချိန်အထိ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ပါတယ်။


========================


📌📌 ၂။ လူသတ် ခေါင်းဆောင် ဖက်ဆစ်စစ်အာဏာရှင်ဟာနိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲ ကျင်းပပေး မယ်လို့ဆိုကာ နိုင်ငံတကာကို လှည့်စားရန် ကြိုးပမ်းနေပြီလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြား


၂၀၂၂ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ကထည့်သွင်းပြောကြားရာမှာ-----


"ခေတ်အဆက်ဆက် ဒီမိုကရေစီကို ဆန့်ကျင်ပြီးတော့၊ ဒီမိုကရေစီနိုင်ငံ တည်ထောင် နိုင်ရန် ကြိုးပမ်းခဲ့ကြသည့် ပြည်သူများအပေါ် ရက်ရက်စက်စက် ဖိနှိပ်ခဲ့သည့် လူသတ် ခေါင်းဆောင် ဖက်ဆစ်စစ်အာဏာရှင်ဟာ ဒီမိုကရေစီဆိုသည့် စကားလုံးကို တွင်တွင်သုံးပြီးတော့ နိုင်ငံတကာဖိအားများ လျော့ကျစေရန် နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲ ကျင်းပပေး မည်ဆိုကာ နိုင်ငံတကာကို လှည့်စားရန် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်အာဏာရှင်တို့က ကျင်းပသည့် ရွေးကောက်ပွဲဆိုတာ ဘယ်သောအခါမျှ တရားမျှတ လွတ်လပ်ခဲ့ခြင်း မရှိခဲ့ဘဲ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ကန့်သတ်ပြီးတော့ ၎င်းတို့ လိုချင်သည့် ရလဒ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြတာဟာ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲက သက်သေပဲ ဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Non CDM ဝန်ထမ်းအကြီးပိုင်းတွေ CDM မလုပ်ရင် အကြမ်းဖက် တိုက်ဖျက်ရေးဥဒေနဲ့တရားစွဲမယ်


အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Non CDM ဝန်ထမ်းအကြီးပိုင်းတွေ CDM မလုပ်ရင် အကြမ်းဖက် တိုက်ဖျက်ရေးဥဒေနဲ့တရားစွဲမယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။ စက်တင်ဘာလအတွင်းမှာ ပြည်ထဲရေးဝန်ကြီးက သတင်းဌာနတစ်ခုကိုအတည်ပြုဆိုခဲ့ပါတယ်။


"အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Non CDM ဝန်ထမ်းအကြီးပိုင်းတွေ ပေါ့နော်၊ ဒီဟာတွေကို နောက်ဆုံးအနေနဲ့ CDM လုပ်ကြဖို့၊ ပြည်သူနဲ့ ပူးပေါင်းဖို့ နှိုးဆော်ထားတယ်။ ဒီနှိုးဆော်မှုတွေကို မလိုက်နာဘူးဆိုရင်တော့ သူတို့ကို အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲပြီးတော့ ဖမ်းဝရမ်းထုတ်ပါမယ်"လို့ဝန်ကြီးကပြောကြားထားပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းထဲက တမူး၊ခင်ဦး၊ကသာ စတဲ့မြို့နယ်များမှာ Non CDMများ အမြန်ဆုံးအလင်းဝင်၍ CDMလုပ်ရန် သတိပေးစာအျားထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲမှ ဆွေးနွေးအကြံပြုချက် (၁၀၆) ချက် ပေါ်ထွက်ခဲ့


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမျိုးသားကျန်းမာရေးကောင်စီ (NHC) ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၂၀၂၂) ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့မှ () ရက်နေ့ အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပါတယ်။ () ရက်တာ ကာလအတွင်း စာတမ်းစုစုပေါင်း (၂၁) စောင် တင်သွင်းဖတ်ကြားခဲ့ပါတယ်။


စာတမ်းများ ဖတ်ကြားတင်ပြရာ၌ ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရာတွင် ထည့်သွင်းရေးဆွဲရမည့် မူဝါဒများ၊ ဦးစားပေးဆောင်ရွက်ရမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအစီအစဉ်များ၊ Universal Health Coverage (UHC) ရရှိရေး ပူးပေါင်းဆောင်ရွက်ကြမည့် အဖွဲ့အစည်းအသီးသီး၏ အခန်းကဏ္ဍများ၊ ကျေးလက်ဒေသများနှင့် ဝေးလံခက်ခဲဒေသများပါမကျန် တစ်နိုင်ငံလုံး ဖြန့်ကျက်ဆောင်ရွက်နိုင်မည့် ပြည်သူ့ကျန်းမာရေးစနစ် ထူထောင်မည့်အစီအစဉ်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြားသောဝန်ထမ်းများနှင့် အလုပ်သမားများအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အကာအကွယ်ပေးရေးအစီအမံများနှင့် ခံစားခွင့်များအတွက် ရေးဆွဲထားရှိရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ဆွေးနွေးအကြံပြုချက် (၁၀၆) ချက် ပေါ်ထွက်ခဲ့ပါတယ်။


() ရက်တာ နှီးနှောဖလှယ်ပွဲသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကျန်းမာရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC – Health) အမျိုးသားကျန်းမာရေးကော်မတီ (NHC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆေးနှင့်ဆေးနှီးနွှယ် ကျောင်းသူကျောင်းသားများ၊ ကျန်းမာရေးပညာရှင်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး နေ့စဉ်ပျမ်းမျှတက်ရောက်သူ (၁၆၀) ဦးခန့် ရှိခဲ့ပါတယ်။


========================


📌📌 ၅။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် ချပ်ကုန်းကျေးရွာကို ယနေ့မနက် စကစတပ်များသေနတ်များပစ်ဖောက်ဝင်ရောက်၍ မွှေနှောက်သောင်းကျန်း


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် ချပ်ကုန်းကျေးရွာကို ယနေ့မနက် စကစတပ်များသေနတ်များပစ်ဖောက်ဝင်ရောက်၍ မွှေနှောက်သောင်းကျန်းခဲ့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ မနက် နာရီ ၃၀ အချိန်မှာ စကစတပ်များဟာ ဇီးကနားအုပ်စု ချပ်ကုန်းကျေးရွာသို့ဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုကဆိုပါတယ်။


"မနေ့ညက ပန်းဆက်တောင်ပေါ်တွင် ပြာပုံဝပ်ခဲ့သောစကစတပ်များ ယနေ့မနက် တွင် သံလမ်းအနောက်ဘက်ရှိ ဇီးကနားအုပ်စု ချပ်ကုန်းကျေးရွာသို့ လက်နက်ငယ်များပစ်ခတ်၍ ဝင်ရောက်မွှေနောက်နေပါတယ်"လို့ ဆိုပါတယ်။ တစ်နိုင်ငံလုံးရှိ နေအိမ်အလုံးသုံးသောင်းကျော်ကို စကစတပ်များက မီးရှို့ဖျက်ဆီးရာမှာ စစ်ကိုင်းတိုင်းကအများဆုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။


========================


📌📌 ၆။ မြောင်မြို့နယ် နနွင်းကိုင်းကျေးရွာသို့ အကြမ်းဖက် စစ်တပ်ကအလစ်ဝင်၍လက်နက်ကြီးများနဲ့ပစ်ခတ်ရာ အရပ်သားတစ်ဦးထိမှန်သေဆုံး


စက်တင်ဘာ ၁၆ ရက်နံနက် နာရီ ၃၀ အချိန်မှာ နနွင်းကိုင်းကျေးရွာသို့အလစ်ဝင်၍လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့တယ်လို့ဒေသခံ သတင်းအရင်းအမြစ်ကဆိုပါတယ်။


"ကျောက်ရစ်စခန်းမှထွက်ခွာလာသော စကစတပ်အင်အား ၅၀ ခန့်ဟာ နနွင်းကိုင်းကျေးရွာသို့ အလစ်ဝင်၍လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်လာရာ လက်နက်ကြီးမှာ ဘုန်းကြီးကျောင်းဝန်းအတွင်းကျပြီး ပြည်သူတစ်ဦးလက်နက် အစ မှန်၍အသက်ဆုံးရှုံးခဲ့ရပါတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင်ရွာအတွင်းပိတ်မိနေသော ပြည်သူများကိုလဲ ရိုက်နှက် ခဲ့ပါသေးတယ်။ ယခုလက်ရှိမှာကျောက်ရစ် စခန်းထဲသို့ စကစတပ်များပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။


========================


📌📌 ၇။ ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သောသူရဲကောင်းရဲဘော်- မောင်အောင်ကိုဦးအတွက် အလှူရှင်တစ်ဦးက NUG Bond ဝယ်ယူလှူဒါန်း


စက်တင်ဘာ ၁၆ ရက်နေ့မှာ Our Spring Heroes ကအခုလို အသိပေးဖော်ပြခဲ့ပါတယ်။


"၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်စစ်ကိုင်းတိုင်းဒေသကြီး ၊ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့်ဖြစ်ပွါးသော တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် မောင်အောင်ကိုဦး ဟာ တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း မွန်မြတ်စွာအသက်ပေးလှူသွား‌ခဲ့ရပါတယ်။ ဒီသူရဲကောင်းပြည်သူ့ရဲဘော်မောင်အောင်ကိုဦး ရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ အလှူရှင်တစ်ဦး က "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်အား ဝယ်ယူပြီးလှူဒါန်းပေးအပ် ဂုဏ်ပြုလိုက်ပါတယ်"လို့ဆိုပါတယ်။


ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက်  "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ပြီဖြစ်ပါတယ်။


========================


📌📌 ၈။ ငါးပြေမ ပြောက်ကျားတပ်မှ လက်လုပ်သေနတ်တီထွင်အောင်မြင်


မကွေးတိုင်းဒေသကြီး ငါးပြေမ ပြောက်ကျားတပ်မှ လက်လုပ်သေနတ်တီထွင်အောင်မြင်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ ပြောက်ကျားတပ်ကတရားဝင်အသိပေးဆိုပါတယ်။


"လက်နက်များအောင်မြင်စွာထုတ်လုပ်နိုင်တာကြာပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်ဖော်ပြသခြင်း မပြလုပ်ခဲ့တာအားလက်နက်များအောင်မြင်စွာထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြည်သူများသိရှိစေရန် အသိပေးကြေညာအပ်ပါတယ်"လို့ဆိုထားပါတယ်။ မကွေးတိုင်းဒေသကြီး ငါးပြေမ ပြောက်ကျားတပ်ဟာ စစ်အာဏာရှင်စနစ်ကိုခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment