15th SEP 2022 - Morning Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မျိုးဆက်သစ်လူထုကြီးဟာ အာဏာရှင်ကို ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ စစ်ကောင်စီက ပြည်သူလူထုကို သတင်းအလိမ်အညာတွေပဲ ဖြန့်ပြီး ဝါဒမှိုင်းတိုက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ထုတ်ဖော်ပြောကြား

📌 ၃။ ကရင်နီဒေသ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ကူညီမှုများပေးပို့ရန် တတ်အားသရွေ့လှူဒါန်းကြဖို့လူ့အခွင့်ရေးရာ ဒုဝန်ကြီးတိုက်တွန်း

📌 ၄။ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေ အီလက်ထရောနစ်စက်ရုံမှ အလုပ်သမားများ အကျိုးခံစားခွင့်ဘတ် သန်းကျော်ရရှိရေး ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်

📌 ၅။ နွေဦးထီကို NUG Pay နဲ့ပေးချေထီထိုးရာမှာ ငွေလွှဲ Note တွင် အော်ဒါနံပါတ်ရိုက်မသွင်းဘဲ ငွေလွှဲမိပါက ထီလက်မှတ်ထုတ်မပေး

📌 ၆။ Project Skywalk ရဲ့ ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ အစီအစဥ်ပြီးဆုံးသော်လည်း Face Book page ကိုတိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်

📌 ၇။ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့အား အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်းအမှတ် (၁၀) အဖြစ် အသိမှတ်ပြု

📌 ၈။ ဧရာဝတီမြစ်ကြောင်းထဲ ဖြတ်မောင်းတဲ့ စစ်သင်္ဘောများကိုဒုတိယအကြိမ်တိုက်ခိုက်ခဲ့တယ်လို့ Wings Of The Irrawaddy ကထုတ်ပြန်

📌 ၉။ ကလေးမြိုနယ်၊ ကံပုလဲကျေးရွာတွင် နေထိုင်သည့် ကိုနေသူထွန်း () ပုပုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လို့စွပ်စွဲဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်ရ‌

📌 ၁၀။ မြင်းမူမြို့နယ် စာသင်ကျောင်းတွင်တပ်စွဲထားသော အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များ ခြင်းခတ်နေချိန် ဗုံးပစ်တိုက်ခိုက်ရာ ခုနစ်ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မျိုးဆက်သစ်လူထုကြီးဟာ အာဏာရှင်ကို ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


မျိုးဆက်သစ်လူထုကြီးဟာ အာဏာရှင်ကို ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။ စက်တင်ဘာ ၁၅ ရက် ကျင်းပတဲ့ ၂၀၂၂ ခုနှစ် နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနား မှာ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။


"ကျနော်တို့ မျိုးဆက်သစ်လူထုကြီးဟာ အာဏာရှင်ကိုဘယ်တော့မှ ဒူးထောက်မှာမဟုတ်ပါဘူး။ဒီလိုပဲ ကျနော်တို့ရဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်များဟာလည်း အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းသည့်အထိတိုက်ပွဲဝင်ကြဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ သို့သော် ပြည်သူလူထုဟာ ယနေ့ထက်တိုင် လူထုလှုပ်ရှားမှုများနဲ့အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီက ပြည်သူလူထုကို သတင်းအလိမ်အညာတွေပဲ ဖြန့်ပြီး ဝါဒမှိုင်းတိုက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ထုတ်ဖော်ပြောကြား


စစ်ကောင်စီက ပြည်သူလူထုကို သတင်းအလိမ်အညာတွေပဲ ဖြန့်ပြီး ဝါဒမှိုင်းတိုက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စက်တက်ဘာ ၁၅ ရက် ကျင်းပတဲ့ International day of Democracy အထိမ်းအမှတ် Photo essay ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား နှင့် သတင်းမှတ်တမ်းရယူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အပတ်စဉ်() ပိတ်ပွဲမှာ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။


"စစ်ကောင်စီဘက်က အခုဆိုရင် စိတ်ဓာတ်စစ်ဆင်ရေးအရ တချို့သတင်းတွေကို ဖုံးထားတယ်။ တချို့သတင်းတွေဆိုရင် အများအားဖြင့် ပြည်သူလူထုကို သူတို့ရဲ့TV ချန်နယ်တွေကနေ အလိမ်အညာတွေပဲဖော်ထုတ်တင်ဆက်ပြီးတော့ ဝါဒမှိုင်းတိုက်တဲ့လုပ်ငန်းစဥ်တွေကို လုပ်တာပေါ့။ ပုံမှန်အားဖြင့်တော့ ဒါတွေက ပြည်သူလူထုက သိထားပြီးဖြစ်တယ်"လို့ဆိုပါတယ်။ စစ်ကောင်စီဟာ လက်ရှိမှာ မြန်မာနိုင်ငံအနှံ့အပြားမှာ အင်တာနက်လိုင်းများဖြတ်တောက်ထားပြီး Face Book ကိုလည်း အလွယ်တကူအသုံးပြုမရအောင်ပိတ်ပင်ထားပါတယ်။


========================


📌📌 ၃။ ကရင်နီဒေသ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ကူညီမှုများပေးပို့ရန် တတ်အားသရွေ့လှူဒါန်းကြဖို့လူ့အခွင့်ရေးရာ ဒုဝန်ကြီးတိုက်တွန်း


ကရင်နီဒေသ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ကူညီမှုများပေးပို့ရန် တတ်အားသရွေ့လှူဒါန်းကြဖို့လူ့အခွင့်ရေးရာ ဒုဝန်ကြီးခွန်ဗဟန်းထန်ကဆိုပါတယ်။ စက်တင်ဘာ ၁၅ ရက်မှာ စစ်ဘေးရှောင်များကိုလှူဒါန်းဖို့ ဒုဝန်ကြီးကပြောပါတယ်။


"ဩစတေးလျနိုင်ငံရှိ မိဘပြည်သူများအားလုံး စစ်ဘေးရှောင်အတွက်ပါဝင်လှူဒါန်းလိုပါက ကျနော်မှတစ်ဆင့်လည်း လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ အသိပေးလိုပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာဒီးမော့ဆို အနောက်ဖက်ခြမ်း စစ်ဘေးရှောင်စခန်း တချို့မှာ စားနပ်ရိက္ခာ ဆန် ပြတ်လတ် နေသည့် ပြဿနာ နှင့် ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေ အီလက်ထရောနစ်စက်ရုံမှ အလုပ်သမားများ အကျိုးခံစားခွင့်ဘတ် သန်းကျော်ရရှိရေး ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်


ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေ အီလက်ထရောနစ်စက်ရုံမှ အလုပ်သမားများ အကျိုးခံစားခွင့်ဘတ် သန်းကျော်ရရှိရေး ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေ အီလက်ထရောနစ်စက်ရုံမှ မြန်မာအလုပ်သမား (၂၇၀) ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခံရကြောင်း အလုပ်သမားများမှ  အကူညီတောင်းခံလာသဖြင့်  ၁၃ရက်နေ့တွင် ထိုင်းနိုင်ငံ တည်ဆဲ အလုပ်သမားဥပဒေများနှင့်အညီ ဖြေရှင်းကူညီနိုင်ရေးအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း (AAC အဖွဲ့)မှ ပထုန်ဌာနီခရိုင်ရှိ အလုပ်သမားဌာနများ၊ စက်ရုံတာဝန်ရှိသူများနှင့် ချိတ်ဆက်၍  စက်ရုံသို့ သွားရောက်ကူညီဖြေရှင်းရာအလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုရရှိခဲ့တယ်လို့ဆိုပါတယ်။


အလုပ်လုပ်ထားသည့် လဝက်စာ လုပ်အားခအပြင် အလုပ်သမားများအား ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ပယ်သဖြင့် ကြိုတင်အကြောင်းမကြားကြေး (၁၅) ရက်စာ လုပ်ခ နှင့် အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားများ၏ လုပ်သက်သည် ရက်ပေါင်း (၁၂၀) အထက် ဖြစ်သည့်အတွက် လုပ်သက်နစ်နာကြေး (၃၀) ရက်လုပ်ခ ခံစားခွင့် စုစုပေါင်း ဘတ် သန်းကျော် ကိုစက်တင်ဘာ ၁၄ရက်နေ့တွင် အလုပ်သမားတစ်ဦးချင်း ခံစားခွင့်အလိုက် ဘဏ်ကတ်များသို့ စက်ရုံမှ  ပေးပို့ပေးမှာဖြစ်ပါတယ်။


ပန်းရောင်ကတ် အထောက်အထားများရရှိရေးနှင့် စပ်လျဥ်း၍ ၁၉ရက်နေ့တွင်လည်းကောင်း၊ ကျန် အထောက်အထား စာရွက်စာတမ်းကိစ္စများကို ၂၀ ရက်နေ့တွင် လည်းကောင်း စတင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ပထုန်ဌာနီခရိုင် အလုပ်သမားဌာန နှင့် စက်ရုံမှချိတ်ဆက်ပေးသည့် အလုပ်အကိုင်အခွင့်အလမ်းများတွင် လုပ်ကိုင်လိုခြင်းမရှိသည့် အလုပ်သမားများအတွက် တရားဝင် အလုပ်ပြောင်းရွှေ့ခွင့်ရရှိရေး စာရွက်စာတမ်း ကိစ္စများကို စက်ရုံမှ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်။


မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူအညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် တာဝန်သိစွာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် ပထုန်ဌာနီခရိုင် အလုပ်သမားဌာနများ၊ စက်ရုံတာဝန်ရှိသူများနှင့် အခက်ခဲမျိုးစုံကြားမှ ကူညီပေးသည့် ကိုရဲမင်း (AAC အဖွဲ့) အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကိုဖြေရှင်းပေးရန်နှင့် အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ  ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်တိုင်ကြားရေးယန္တရားများဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်း၊ ပြည်ပအလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအတွက် အောက်ဖော်ပြပါဆက်သွယ်ရေးနည်းလမ်းများမှတဆင့် ချိတ်ဆက်တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ နွေဦးထီကို NUG Pay နဲ့ပေးချေထီထိုးရာမှာ ငွေလွှဲ Note တွင် အော်ဒါနံပါတ်ရိုက်မသွင်းဘဲ ငွေလွှဲမိပါက ထီလက်မှတ်ထုတ်မပေး


နွေဦးထီကို NUG Pay နဲ့ပေးချေထီထိုးရာမှာ ငွေလွှဲ Note တွင် အော်ဒါနံပါတ်ရိုက်မသွင်းဘဲ ငွေလွှဲမိပါက ထီလက်မှတ်ထုတ်မပေးဘူးလို့သတင်းရရှိပါတယ်။ စက်တင်ဘာလအတွင်းမှာနွေဦးထီ အမှာစာများကိုပေးချေနိုင်သည့်နည်းလမ်း ခုအနက်  NUGPay application မှကိုယ်တိုင်ငွေပေးချေမည့်သူများ သတိပြုနိုင်ဖို့ နွေဦးထီမိသားစုကဖော်ပြအသိပေးပါတယ်။


ထီလက်မှတ်တစ်စောင်ကို ငွေနှစ်ထောင်ကျပ်သာ ကျသင့်မှာဖြစ်ပြီးတော့ NUG Payနဲ့ ပေးချေရာတွင် အော်ဒါနံပါတ် ငါးလုံးကို နွေဦးထီက ကနဦးပေးမှာဖြစ်၍ ၄င်းကိုငွေလွှဲ Note မှာ မဖြစ်မနေထည့်သွင်းရမှာဖြစ်ပါတယ်။ နွေဦးထီ ဆုကြေးတွေကတော့အထူးဆု ကျပ် သိန်း ၁၀၀ ကျပ် ၁၅ သိန်းဆုများ၊ ကျပ် သိန်းဆုများ ကျပ် သိန်းဆုများဖြစ်ကြပါတယ်။


========================


📌📌 ၆။ Project Skywalk ရဲ့ ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ အစီအစဥ်ပြီးဆုံးသော်လည်း Face Book page ကိုတိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်


Project Skywalk ရဲ့ ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ အစီအစဥ်ပြီးဆုံးသော်လည်း Face Book page ကိုတိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်သေးတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့မှာ Project Skywalk အစီအစဥ်ဟာ အမေရိကန်ဒေါ်လာ () သိန်း အထိ ရရှိထားခဲ့ပါတယ်။


မြေပြင်က တိုက်ပွဲဝင်နေတဲ့ Drone Squad ​တွေအတွက် မဟာဗျူဟာကျတဲ့ ပစ္စည်းတွေကို အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် တပ်ဆင်နိုင်ဖို့ သြဂုတ် ၃၀ ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ Campaign ကာလ ပတ်တာအတွင်း ​"Project Skywalk" ကနေ ဘဏ္ဍာငွေရှာဖွေတဲ့ ကမ်ပိန်းကိုလှုပ်ရှားခဲ့ပါတယ်။


"Project Skywalk" ဟာ ဒရုန်းတပ်ဖွဲ့ကြီးကိုတည်ဆောက်ဖို့သာမကဘဲ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ပေးကွပ်ကဲရေးစနစ် အောင်မြင်ရန် ရည်ရွယ်တယ်လို့လည်းသတင်းရရှိပါတယ်။


========================


📌📌 ၇။ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့အား အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်းအမှတ်(၁၀) အဖြစ် အသိမှတ်ပြု


သိန်းငှက်ပြောက်ကျားတပ်ဖွဲ့အား အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်းအမှတ် (၁၀) အဖြစ် အသိမှတ်ပြုဖွဲ့စည်းပေးလိုက်ပါတယ်။ စက်တင်ဘာလအတွင်းမှာ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကအသိပေးဖော်ပြပါတယ်။


"ကျွန်တော်တို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့အား အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်းအမှတ်(၁၀) အဖြစ် အသိမှတ်ပြု ဖွဲ့စည်းပေးလိုက်ပါတယ်လို့ဆိုပါတယ်။ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ သည်လည်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ရသည်အထိ  အသက်နှင့်ခန္တာကိုယ်ကို ရင်း၍ ရယူပေးသွားမယ်လို့ဆိုထားပါတယ်။


========================


📌📌 ၈။ ဧရာဝတီမြစ်ကြောင်းထဲ ဖြတ်မောင်းတဲ့ စစ်သင်္ဘောများကိုဒုတိယအကြိမ်တိုက်ခိုက်ခဲ့တယ်လို့ Wings Of The Irrawaddy ကထုတ်ပြန်


ဧရာဝတီမြစ်ကြောင်းထဲ ဖြတ်မောင်းတဲ့ စစ်သင်္ဘောများကိုဒုတိယအကြိမ်တိုက်ခိုက်ခဲ့တယ်လို့ Wings Of The Irrawaddy ကထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ ၁၅ ရက်မှာ စစ်ရေးသတင်းကိုဖော်ပြပါတယ်။


"မကြောက်လို့ နှစ်ခါလျောက် တဲ့ စစ်သင်္ဘောများဒီနေ့ ဧရာဝတီထဲမှာ ဒုတိယအကြိမ်တက်လာကြတဲ့စစ်သင်္ဘောတွေကို CDSOM YF Drone Team နဲ့ မိမိတို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။


ကျွန်တော်တို့ဗုံးသီးတွေဟာစစ်သားတွေကို ရည်ရွယ်ပြီးထုတ်လုပ်ထားပေမဲ့ အခုလို စစ်သင်္ဘောတွေကို တွယ်ဖို့ Damage နဲတယ်ဆိုတာလက်ခံပါတယ်"လို့ဆိုပါတယ်။ ထိခိုက်မှုအား အတည်ပြုစုံစမ်းနေဆဲဖြစ်ပြီးတော့  နည်းပညာအကူအညီ ပေးဖို့ကိုလည်း Wings Of The Irrawaddyကဆိုထားပါတယ်။


========================


📌📌 ၉။ ကလေးမြိုနယ်၊ ကံပုလဲကျေးရွာတွင် နေထိုင်သည့် ကိုနေသူထွန်း () ပုပုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လို့စွပ်စွဲဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်ရ‌


စစ်ကိုင်းတိုင်း ကလေးမြိုနယ်၊ ကံပုလဲကျေးရွာတွင် နေထိုင်သည့် ကိုနေသူထွန်း () ပုပုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လို့စွပ်စွဲဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်ရ‌တယ်လို့ သတင်းရရှိပါတယ်။


စက်တင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်၊ ကံပုလဲကျေးရွာတွင် နေထိုင်သည့် ကိုနေသူထွန်း () ပုပုကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်ရ‌‌ကြောင်း AAPPကဖော်ပြပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၄၀၆) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၄၇၂) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ လက်ရှိမှာ စကစတပ်များဟာ အရပ်သားများကိုထင်ကြေးနဲ့ဖမ်းကာ စစ်ကြောရေးတွင်လည်း နှိပ်စက်သတ်ဖြတ်လျက်ရှိပါတယ်။


========================


📌📌 ၁၀။ မြင်းမူမြို့နယ် စာသင်ကျောင်းတွင်တပ်စွဲထားသော အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များ ခြင်းခတ်နေချိန် ဗုံးပစ်တိုက်ခိုက်ရာ ခုနစ်ဦးသေဆုံး


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စာသင်ကျောင်းတွင်တပ်စွဲထားသော အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များ ခြင်းခတ်နေချိန် ဗုံးပစ်တိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၁၅ ရက် ညနေ နာရီမှာ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က မဟာမိတ်များနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


"စက်တင်ဘာ ၁၅ ရက် ညနေ နာရီအချိန်မြင်းမူမြို့နယ် စာသင်ကျောင်းတွင်တပ်စွဲထားသောစခများ ပိုက်ကျော်ခြင်းခတ်နေချိန် လျှက်ဆားပုလင်းနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်က () ဦးသေဆုံးခဲ့ပါတယ်"လို့ ဆိုပါတယ်။ ၄င်းတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နှင့်True Fighter အဖွဲ့တို့မှပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment