၂၀၂၅ သြဂုတ်လ ၁၂ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်အုပ်စုက ဆွေးနွေးလိုကြောင်း KIOကို နှစ်ခါကမ်းလှမ်းခဲ့ပြီး KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် အသိပေး

📌 ၂။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၅၆၇.၆၄) သန်း အမှန်တကယ်အကူအညီ လိုအပ်နေသူများကို NUG ပံ့ပိုးပေးခဲ့

📌 ၃။ အကြမ်းဖက်စစ်အုပ်စုကျုးလွန်မှုတွေကြောင့် ထိခိုက်ခံစားခဲ့ရသူ စစ်ရှောင်တွေကို ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်

📌 ၄။ ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

📌 ၅။ ကောလင်း၊ ကျောက်တန်းရွာ ဓါးပြမှု တရားခံ ဦးကို ဖမ်းဆီးရမိ 

📌 ၆။ မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ကမကထ ပြုလုပ်တဲ့ရှေးဦးသူနာပြုနှင့် အသက်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ပြုလုပ်


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဗန်းမော်သွား စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ဒုရဲအုပ် ဦးနဲ့ စစ်မှုထမ်း ဦးအား ထိန်းသိမ်း စောင့်ရှောက်ထား

🚩 ၂။ မန္တလေးမြို့နားမှာ NUGတပ်တွေ  ဝင်ရောက်လှုပ်ရှားနိုင်နေပြီလို့ အသိပေး

🚩 ၃။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များ တွေ့ဆုံ

🚩 ၄။ နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်စခန်းအား သွားရောက်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှု ရှိခဲ့

🚩 ၅။ မူးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရ

🚩 ၆။ စစ်ကိုင်းမြို့နယ် တောင်းရင်းရွာ အနီးနားသို့ J-Frighter ၄စီးဖြင့် တိုက်ခိုက်၍ အရပ်သား၆ဦးသေဆုံး

🚩 ၇။ ပေါက်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဦးသေဆုံး

🚩 ၈။ အမှတ် () ပြည်ထောင်စုလမ်းမကြီး၏ မြိတ် - ပုလော လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုက ဆွေးနွေးလိုကြောင်း KIOကို နှစ်ခါကမ်းလှမ်းခဲ့ပြီး KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် အသိပေး


သြဂုတ်လ ၁၁ရက်

Radio NUG

အကြမ်းဖက်စစ်အုပ်စုက ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း KIOကို ကမ်းလှမ်းခဲ့တာနဲ့ ပတ်သက်ပြီး KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က လူမှုကွန်ရက်မှာ ဩဂုတ်လ ၁၁ရက်နေ့က အသိပေးရှင်းလင်းဖော်ပြထားပါတယ်။


" မနှစ်တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ နေပြည်တော်ကနေ PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကို စကားအမှာပါးပါတယ်။ KIO နဲ့ Online ဆွေးနွေးဖို့အကြောင်းကြားတာဖြစ်ပါတယ်။ KIO ရဲ့ သဘောထားကတော့ Online ဆွေးနွေးမှုမဟုတ်ဘဲ တကယ်ဆွေးနွေးလိုသော ဆန္ဒရှိတယ်ဆိုရင်  မြစ်ကြီးနားမှာ တွေ့ဆုံဖို့အတွက် KIO ကိုယ်စားလှယ်အဖွဲ့ လွှတ်ပေးနိုင်တယ်လို့ အကြောင်းပြန်ကြားခဲ့ပါတယ်။ KIO ကို ပြန်ပြီး အကြောင်း ပြန်ကြားမှု မရရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ လပိုင်းက တစ်ခါထပ်ပြီး PCG ကနေတဆင့် မေးတာကြောင့် KIO ရဲ့ သဘောထားက ယခင်အတိုင်းဖြစ်ကြောင်း အကြောင်းပြန်ထားပါတယ်" လို့ BBC သတင်းဌာနရဲ့ မေးမြန်းမှုကို ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က တုံ့ပြန်ရှင်းလင်းထားပါတယ်။


ထို့အပြင် KIO ငြိမ်းချမ်းရေးသဘောထားကို သတင်းထုတ်ပြန်တာမျိုး မလုပ်ပေမယ့် တရုတ်၊ ဂျပန်နဲ့ နိုင်ငံတကာ သံတမန်တွေကို အသိပေးခဲ့ကြောင်း ဆက်လက်ပြောဆိုထားပါတယ်။


လက်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အမြဲလိုလိုတွေ့ဆုံဆွေးနွေးမှုတွေရှိနေပြီး ချင်းညီနောင် အဖွဲ့ CB နဲ့ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြောင်း၊ ချင်းတိုင်းရင်းသား CB CNF တို့နဲ့ တွေ့ဆုံမှုဟာ ကချင်၊ ချင်း ညီအကိုတွေ့ဆုံမှုဖြစ်သလို တော်လှန်ရေးအဖွဲ့ အချင်းချင်းတွေ့ဆုံမှုလည်း ဖြစ်တယ်လို့ ရေးသားထားပါတယ်။


အဆိုပါ ဖြစ်ရပ်အပေါ်  NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က "အခုရက်ပိုင်း distorted information တွေ ဖြန့်ပြီး ပုံဖျက်ကြတာတွေလည်း တခန်းရပ်သင့်ပြီ ထင်ပါတယ်။ တခန်းရပ်ပေမယ့်လည်း နောက်ထပ်ပုံစံအသစ်တွေနဲ့ ထပ်လာဦးမယ်ဆိုတာကိုလည်း အမြဲမပြတ်သတိကပ်ပြီး ရန်သူ့ တီးလုံး ဇာတ်ကွက်တွေထဲ လိုက်မကမိဖို့ အရေးကြီးလှပါတယ်။ သတိကြီးကြီး ထားပြီး ကိုယ့်လမ်းကြောင်းအတိုင်း မှန်မှန် လုပ်စရာရှိတဲ့ မူလ တော်လှန်ရေးအလုပ်၊ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် မမှိတ်မသုန် နည်းလမ်းပေါင်းစုံ ကနေ ဆက်ရုန်းကြဖို့ပါပဲ" လို့ ပြောကြားထားပါတယ်။


========================


📌📌 ၂။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၅၆၇.၆၄) သန်း အမှန်တကယ်အကူအညီ လိုအပ်နေသူများကို NUG ပံ့ပိုးပေးခဲ့


သြဂုတ်လ ၁၁ရက် 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၅၆၇.၆၄) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူ အလှူငွေဖြစ်သည့် ငွေကျပ် (၅၆၇.၆၄) သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၁၄၉,၆၁၃) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၁၉၉.၃၁) သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၁၆၇) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၁၇) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၃၅.၂၃) သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့ မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.၄၅) သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက်  ငွေကျပ် (၃ဝ၃.၇၇) သန်း၊ CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုများ ငွေကျပ် (.၂၅) သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၁.၆၃) သန်း ထိခိုက်လွယ် ပြည်သူများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် ငွေကျပ် (၁၂.၀၀)သန်း ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။


ဝန်ကြီးဌာန၏ ဇူလိုင်လ () လတာ ပံ့ပိုးပေးနိုင်ခဲ့မှု အခြေအနေများကို အစီရင်ခံတင်ပြရင်း တော်လှန်ရေး () နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူမိကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုကျုးလွန်မှုတွေကြောင့် ထိခိုက်ခံစားခဲ့ရသူ စစ်ရှောင်တွေကို ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်


ဩဂုတ်လ ၁၁ရက် 

Radio NUG 


စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်ကျူးလွန်မှုတွေကြောင့် သေဆုံးမှုတွေရှိခဲ့သလို ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ကြရတဲ့ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ်ရှိ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို ဩဂုတ်လထဲမှာ ပြုလုပ်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


ထိုထောက်ပံ့ကူညီမှုတွေကို မြို့နယ်လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်လူသားစာနာအဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ အသိပေးထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသူများတွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့သော ပြည်သူတွေအတွက် သင့်တင့်တဲ့  ငွေကြေးပမာဏာကို ပေးအပ်ခဲ့ပြီး စုစုပေါင်းပြည်သူ()ဦးအား ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ရှောင်ပြည်သူတွေကို လူ့အခွင့်အရေးတာဝန်ခံတွေက စိတ်ခွန်အားဖြည့်စကားတွေ ပြောကြားနှစ်သိမ့်ပေးခဲ့ကြသလို ထမင်းအာဟာရကျွေးမွေးခြင်းတွေကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေအနေနဲ့ ပြည်သူနဲ့ တသားတည်း ရှိနေပြီး လိုအပ်ချက်တွေကို အချိန်နှင့် တပြေးညီ ပူးပေါင်း ဆောင်ရွက် ဖြည့်ဆည်းပေးနေကြောင်း ထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး


သြဂုတ်လ ၁၁ရက် 

Radio NUG 


တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် ()တွင် ဩဂုတ်လ () ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး  အသက် ()နှစ်အရွယ် မောင်ပြည့်ဖြိုးအောင် မျောပါသွားခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။


ထိုကလေးငယ်ကို ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းမှ ရှာဖွေရာတွင် ဩဂုတ်လ၁၀ရက်နေ့၌ သေဆုံးနေသည့် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကျောက်မဲမြို့နယ်တွင် ယခုလအတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာတစ်ချို့၌ ရေ ကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ()ဦး ရေနစ်သေဆုံးသွားခဲ့ကာ ပြည်သူလူထုများ၏ ပြောင်းဖူးစိုက်ခင်းများလည်း အများအပြားပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ကောလင်း၊ ကျောက်တန်းရွာ ဓါးပြမှု တရားခံ ဦးကို ဖမ်းဆီးရမိ 


ဩဂုတ်လ ၁၁ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်း၊ ကျောက်တန်းရွာ ဓါးပြမှု တရားခံ ဦး အား ဖမ်းဆီးရမိခဲ့တယ်လို့ Kawlin info က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၂၂ ရက်နေ့ ညသန်းခေါင်အချိန်က ကျောက်တန်းရွာနေ ဦးမင်းခေါင်နဲ့ မိသားစုဝင် ဦး အား ကြိုးတုတ် ရိုက်နှက် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ကာ ငွေသိန်း ၁၆၀ ကျပ်နဲ့ အခြားပစ္စည်းများ ပါသွားခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ဓါးပြမှု ကျူးလွန်ခဲ့သူ ဦးအား တော်လှန်ရေး အဖွဲ့ပေါင်းစုံက ကြိုးပမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဩဂုတ်လ ၁၁ ရက်မှာ အသိပေးထားတာပါ။


၎င်း တရားခံများဟာ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာမှ တစ်ဦး၊ ကံကုန်းရွာမှ တစ်ဦး၊ ကောလင်းမြို့နယ်၊ လက်ပံခုံရွာမှ တစ်ဦးနဲ့ လျော်ဖြူကုန်း အရှေ့ရွာမှ တစ်ဦးတို့ ဖြစ်ကြကြောင်း သိရှိရပါတယ်။


========================


📌📌 ၆။ မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ကမကထ ပြုလုပ်တဲ့ရှေးဦးသူနာပြုနှင့် အသက်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ပြုလုပ်


ဩဂုတ်လ ၁၁ ရက်၊ 

Radio NUG


မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကျန်းမာရေးဌာန (DoH) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့က ကမကထပြုလုပ်တဲ့ ရှေးဦးသူနာပြုနှင့် အသက်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲကို MSRF တပ်စခန်းမှာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


သင်တန်းဆင်းပွဲကို MSFC အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နဲ့ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး MSRF တပ်ရင်းမှူး ဗိုလ်မှူးဒွါဂွန်၊ အမှတ် () တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃) မှ ရဲဘော် ဗညား၊ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်တို့က မိန့်ခွန်းပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။


ထို့နောက် MSFC ကျန်းမာရေးဌာန (DoH) မှ ဌာနမှူး၊ ဒု-ဌာနမှူးနဲ့ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နဲ့ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကာ သင်တန်းသား/သူများ ကိုယ်စား ရဲဘော်မင်းသိုက်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ရှေးဦးသူနာပြုနှင့် အသက်ကယ်ဆယ်ရေး သင်တန်းကာလ တစ်လအတွင်း စာတွေ့၊ မြေပြင်လက်တွေ့ ပို့ချမှုများကိုပါ သင်ကြားပို့ချ ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။


၎င်းသင်တန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရေးပြည်သူ့ကာကွယ်ရေး (YPDF) ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဒေါနတပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်ရင်း () နဲ့ ပြည်ထဲရေးဌာနတို့မှ သင်တန်းသား/သူ ၁၉ ဦး ပါဝင်တက်ရောက်ခဲ့ကြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ဗန်းမော်သွား စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ဒုရဲအုပ် ဦးနဲ့ စစ်မှုထမ်း ဦးအား ထိန်းသိမ်း စောင့်ရှောက်ထား


ဩဂုတ်လ ၁၁ ရက်၊ 

Radio NUG


မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဦးတည်ခုတ်မောင်းခဲ့တဲ့ စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ဒုရဲအုပ် ဦးနဲ့ စစ်မှုထမ်း ဦးအား ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ဧရာဝတီမြစ်အတိုင်း ဆန်တက်လာခဲ့တဲ့ စစ်သင်္ဘော အုပ်စုမှ ဒုရဲအုပ် ဦး နဲ့ အဓမ္မ လူသစ်စုဆောင်း ခံထားရတဲ့ စစ်မှုထမ်း ဦး ဩဂုတ်လ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။


ဗန်းမော်မြို့ကို စစ်ကူနဲ့ ရိက္ခာ ပေးပို့နိုင်ရန် စစ်သင်္ဘော ၁၇ စီးထက်မနည်း ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ မန္တလေး ဂေါ်ဝိန် ဆိပ်ကမ်းမှ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ မဟာမိတ် တပ်ဖွဲ့ အသီးသီးက မြစ်ကြောင်းတလျောက် အဆင့်ဆင့် ကြားဖြတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သင်္ဘောပေါ်မှာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေစဉ် ဒု-ရဲအုပ် သူရအောင်နဲ့ အဓမ္မ လူသစ် စုဆောင်းခံရသူ ဟန်ဝင်းအောင်၊ ပိုင်ထက်အောင်တို့ သင်္ဘောပေါ်မှ ခုန်ချထွက်ပြေး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုများကြောင့် သင်္ဘောပေါ်ပါလာတဲ့ စစ်သားများနဲ့ အဓမ္မ လူသစ်စုဆောင်းခံရသူများကြားတွင် စိတ်ဓါတ်ကျဆင်းမှုများ ဖြစ်ပေါ်နေကာ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်မှုများ ရှိခဲ့ကြောင်း ၎င်းတို့ ဦးက အသိပေး ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ မန္တလေးမြို့နားမှာ NUGတပ်တွေ  ဝင်ရောက်လှုပ်ရှားနိုင်နေပြီလို့ အသိပေး


သြဂုတ်လ ၁၁ရက်

Radio NUG

နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ မန္တလေးမြို့ နဲ့ (၁၅) မိုင် ပတ်ခြာလည် နယ်မြေတွေမှာ NUGတပ်တွေ  ဝင်ရောက်လှုပ်ရှားနိုင်နေပြီလို့  သြဂုတ်လ၁၁ရက် PDF Insightက အသိပေးဖော်ပြထားပါတယ်။


မန္တလေးမြို့နားမှာ လှုပ်ရှားနေတဲ့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်လို့မှတ်တမ်းဓာတ်ပုံများနဲ့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များ တွေ့ဆုံ


သြဂုတ်လ ၁၁ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန ပြည်သူလူထုလုံခြုံရေးဌာန မှ ဒေသခံတော်လှန်ရေးမဟာမိတ်များ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးနယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း လူ့အခွင့်အရေးချိုးဖောက်ခြင်းများအား မြေပြင်ကွင်းဆင်း မှတ်တမ်းတင် စာရင်းပြုစုလျှက်ရှိတယ်လို့ Nay Pyi Taw PDFမှ သတင်းထုတ်ပြန်ပါတယ်။


ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံကာ အရေးပေါ်လိုအပ်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံး ကူညီပံ့ပိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားပါတယ်။


========================


🚩🚩 ၄။ နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်စခန်းအား သွားရောက်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှု ရှိခဲ့


ဩဂုတ်လ ၁၁ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်မဟာ () အထူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၀ ရက်နေ့ မနက် နာရီ ၂ဝ မိနစ်အချိန်မှာ အဆိုပါဂိတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ () အထူးတပ်ဖွဲ့က သွားရောက်တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တစ်ဦး သေဆုံးခဲ့ပြီး ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပြီး စစ်ကောင်စီက လက်နက်ကြီး ဒရုန်းများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


KNLA Special Forces အနေဖြင့် စစ်ကောင်စီ တပ်အင်အားကို ပြန့်ကျဲသွားစေရန် နဲ့ ၎င်းတို့ စခန်းမှာ လုံခြုံစွာနေစေကာမူ မလုံခြုံတဲ့ ခံစားချက်ကို ရရှိစေရန်၊ နေ့စဉ် လုပ်ငန်းဆောင်တာများကို အနှောက်အယှက် ဖြစ်စေရန်၊ ရန်သူ့အား အမှည့်ချွေတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မူးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရ


ဩဂုတ်လ ၁၁ ရက်၊ 

Radio NUG


ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ကျေးရွာများအတွင်း လက်နက်ကြီး ၅၅ လုံး ဒရုန်းဖြင့် ဗုံးသီး လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်မှာ ရွှေဝါတပ်ရင်း ခမရ (၃၀၇) က မအူပင် ကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ အသက် ၂၀ အရွယ်ရှိ ကိုရဲလင်းသူ လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ကိုဇေယျာမျိုး ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


ဩဂုတ်လ ရက်နေ့ မနက် ၁၀ နာရီနဲ့ ၁၂ နာရီအချိန်မှာလည်း ကညွတ်ကွင်း အခြေစိုက် ခမရ (၄၃၉) တပ်ရင်းမှ ဟောင်ဝစ်ဇာ လက်နက်ကြီး လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဦးအောင်ကိုလင်း (၄၃ နှစ်) ဦးအောင်သန်းဇော် (၄၅ နှစ်) နဲ့ ဒေါ်နန်းဘို (၄၉ နှစ်) တို့ ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။


အလားတူ ဩဂုတ်လ ၁၀ ရက် မနက် ၁၀ နာရီ ၄၅ မိနစ် အချိန်မှာလည်း ဗမာမျက်ရဲ ကျေးရွာကို လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ပြီး ညနေ နာရီ ၄၀ မိနစ် အချိန်မှာ ထွနီကုန်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ တမာခေါမှ နော်မူတေး (၄၄ နှစ်) နဲ့ စောသားကြီး (၂၀ နှစ်) တို့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ထွနီကုန်း ကျေးရွာ မှ နေအိမ် လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ စစ်ကိုင်းမြို့နယ် တောင်းရင်းရွာ အနီးနားသို့ J-Frighter ၄စီးဖြင့် တိုက်ခိုက်၍ အရပ်သား၆ဦးသေဆုံး


သြဂုတ်လ ၁၁ ရက်

Radio NUG 


စစ်ကိုင်းမြို့နယ် မြောက်ခြမ်း တောင်းရင်းရွာအနီးနားသို့ တံတားဦးတက် J-Frighter ၂စီးနှင့် မိတ္ထီလာတက် J-Frighter ၂စီးတို့ဖြင့် နေ့လယ် ၂နာရီ ၄မိနစ်မှစ၍ လေကြောင်းတိုက်ခိုက်မှု အကြိမ်၂၀ခန့် ပြုလုပ်ခဲ့ကြောင်း Wetlet Informational Network မှ သတင်းထုတ်ပြန်ပါတယ်။


ထိုတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ဦးခန့် သေဆုံးကာ အထိခိုက်အများအပြား ရှိခဲ့ပြီး ကားကြီး ၄စီး မီးလောင်ပျက်စီးခဲ့သလို နေအိမ်တချို့လဲ ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ပေါက်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဦးသေဆုံး


သြဂုတ်လ ၁၁ရက် 

Radio NUG 


သြဂုတ် ၁၁ ရက် နံနက် နာရီခန့်တွင် တံတားဦးလေတပ်စခန်းမှ Y-12 လေယာဉ်တစ်စီးသည် ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာများကို အကြိမ် ၁၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၅၀ ခန့် ကြဲချခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


တိုက်ခိုက်မှုအတွင်း ရှခွလေးရွာတွင် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ရာ ကလေးတစ်ဦးအပါအဝင် လူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် မုန်တောရွာနှင့် ညောင်ပင်တိုက်ရွာတွင်လည်း စစ်ရှောင်ပြည်သူတစ်ဦးစီ ထိမှန်သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၃၀ ဦးခန့်အနက် အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေတယ်လို့ သိရပါတယ်။


ထို့ပြင် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ အင်အား ,၀၀၀ ကျော်ပါ စစ်ကြောင်းတစ်ခုသည် ငမို့ကြီးရွာမှ ညောင်ပင်သာရွာသို့ ဝင်ရောက်လာပြီး ကလေးငယ်များနှင့် လူငယ်အချို့ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ အမှတ် () ပြည်ထောင်စုလမ်းမကြီး၏ မြိတ် - ပုလော လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်


သြဂုတ်လ ၁၁ရက်

Radio NUG

နှစ်ဖက်ထိတွေ့တိုက်ပွဲများ ငြိမ်သက်သွားပြီဖြစ်ပါသဖြင့် မြိတ် ပုလော လမ်းပိုင်းအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့မှ စ၍ ယခင်အတိုင်း ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် () တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။


၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ သြဂုတ်လ () ရက်နေ့အထိ ပလမြို့အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့တာကြောင့် အမှတ် () ပြည်ထောင်စုလမ်းမကြီး၏ မြိတ် - ပုလော လမ်းပိုင်းအား ပြည်သူလူထု၏ လုံခြုံရေးအတွက် ယာယီပိတ်ထားခဲ့တယ်လို့ ဖော်ပြပါတယ်။


ပလမြို့နေ မိဘပြည်သူများအနေဖြင့် ပလမြို့အတွင်း သွားလာခြင်း လုံးဝ မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် () တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း() မဟာမိတ်တပ်ပေါင်းစုမှ မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment