19th SEP 2022 - Morning Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဏာရှင်တွေ ဘယ်လောက်ပဲ အင်အားကောင်းပါစေ သမိုင်းမှာ ဒူးထောက်အရှုံးပေးကြရတာချည်းပဲလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၂။ ခုခံစစ်ကာလ တစ်နှစ်အတွင်း တိုက်ပွဲနှင့် ဗုံးဖောက်ခွဲမှုပေါင်း တစ်သောင်းကျော် ဆင်နွဲနိုင်ပြီး အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် နှစ်သောင်းခွဲကျော် သုတ်သင်ချေမှုန်းနိုင်ခဲ့ကြောင်း ပြည်ထဲရေး ထုတ်ပြန်

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရက၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် သန်း ၂၆၀ နီးပါး ထောက်ပံ့ပေးနိုင်ခဲ့

📌 ၄။ စစ်ကောင်စီအတွက် အာဏာရှင်စနစ်တည်မြဲရေးကသာ အဓိကဖြစ်တယ်လို့ ဒုဝန်ကြီး စိုင်းခိုင်မျိုးထွန်းပြောကြား

📌 ၅။ ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ဖြင့် စစ်ခေါင်းဆောင်များအား သံဃာတော်များမှ သပိတ်မှောက်ရန် မြေပြင်သပိတ် ၁၁ ဖွဲ့က တောင်းဆို

📌 ၆။ အာဏာသိမ်း စစ်ခေါင်းဆောင်အများစု နေထိုင်တဲ့ နေပြည်တော်မှာ ညမထွက်ရအမိန့် ထုတ်ပြန်

📌 ၇။ စစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှို့ဖျက်စီးမှုတွေကြောင့် အိုးအိမ်ရိက္ခာအကုန် ဆုံးရှုံးခဲ့ရတဲ့ မိဘပြည်သူအိမ်ထောင်စု ၁၀၀ ကျော်ခန့်ကို PDF Kalay တပ်ရင်း၄က အိုးခွက်ပန်းကန်များ ထောက်ပံ့လှူဒါန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဏာရှင်တွေ ဘယ်လောက်ပဲ အင်အားကောင်းပါစေ သမိုင်းမှာ ဒူးထောက်အရှုံးပေးကြရတာချည်းပဲလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


ပြီးခဲ့တဲ့ ဒီမိုကရေစီနေ့အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားခဲ့တဲ့ အာဏာရှင်တွေ ဘယ်လောက်ပဲ အင်အားကောင်းပါစေ သမိုင်းမှာ ဒူးထောက်အရှုံးပေးကြရတာကြီးပဲဆိုတဲ့ ပြောကြားချက်ကို စက်တင်ဘာ ၁၈ ရက်နေ့က ဝန်ကြီးချုပ်ရဲ့လူမှုကွန်ရက်မှာ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

"သမိုင်းကို ပြန်လည် ကြည့်လိုက်လျှင် ပဒေသရာဇ်တွေ၊ ဖက်ဆစ်ဝါဒီတွေ၊ အာဏာရှင်တွေဟာ ဘယ်လောက်ပဲ အင်အားကောင်းပါစေ ပြည်သူ့အင်အားနဲ့တည်ဆောက်ထားတဲ့ ဒီမိုကရေစီနိုင်ငံတွေကို ဒူးထောက်အရှုံးပေးကြရတာပဲ ဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ ပြည်သူ့အစိုးရလက်ထဲမှ နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် မတရားလုယူခဲ့ပါတယ်။


========================


📌📌 ၂။ ခုခံစစ်ကာလ တစ်နှစ်အတွင်း တိုက်ပွဲနှင့် ဗုံးဖောက်ခွဲမှုပေါင်း တစ်သောင်းကျော် ဆင်နွဲနိုင်ပြီး အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် နှစ်သောင်းခွဲကျော် သုတ်သင်ချေမှုန်းနိုင်ခဲ့ကြောင်း ပြည်ထဲရေး ထုတ်ပြန်


ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်အတွင်း တိုက်ပွဲနှင့် ဗုံးဖောက်ခွဲမှုပေါင်း တစ်သောင်းကျော် ဆင်နွဲနိုင်ပြီး အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် နှစ်သောင်းခွဲကျော် သုတ်သင်ချေမှုန်းနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်မှာ သတင်းထုတ်ပြန် ဖော်ပြလိုက်ပါတယ်။

"အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။ (..၂၀၂၁) ရက်နေ့မှ (..၂၀၂၂) ရက်နေ့ထိ တစ်နှစ်တာ ကာလအတွင်း တိုက်ပွဲနှင့် ပဋိပက္ခပေါင်း (၇၂၀၅) ကြိမ်၊ ဗုံးဖောက်ကွဲမှုပေါင်း (၃၂၇၂) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅၁၀၇) ဦး သေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူ (၈၀၂၃) ဦး အထိ ရှိခဲ့တယ်" လို့ ဖော်ပြပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဆက်တိုက်ဖြစ်ပွားပေါ်ပေါက်လျက်ရှိနေဆဲပဲ ဖြစ်ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရက၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် သန်း ၂၆၀ နီးပါး ထောက်ပံ့ပေးနိုင်ခဲ့


အမျိုးသားညီညွတ်ရေးအစိုးရက၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၅၉.၄၀) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ ထောက်ပံ့ကူညီမှုထဲမှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကိုးသောင်းကျော် ပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်တို့ကို အများဆုံးပံပိုးကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ မီးရှို့ဒဏ်ခံ ပြည်သူများနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ သဘာဝဘေးအန္တရာယ်ဒဏ် ခံရသူများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်ကူညီလျက် ရှိနေပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီအတွက် အာဏာရှင်စနစ်တည်မြဲရေးကသာ အဓိကဖြစ်တယ်လို့ ဒုဝန်ကြီး စိုင်းခိုင်မျိုးထွန်းပြောကြား


စစ်ကောင်စီအတွက် အာဏာရှင်စနစ်တည်မြဲရေးကသာ အဓိကဖြစ်ပြီးတော့ လူမဆန်တဲ့လုပ်ရပ်များလုပ်ဆောင်နေဆဲပဲလို့ ပညာရေးဒုဝန်ကြီး စိုင်းခိုင်မျိုးထွန်းက စက်တင်ဘာ ၁၈ ရက်မှာ လူမှုကွန်ရက်ကတစ်ဆင့် ရေးသားပြောကြားလိုက်ပါတယ်။

"စစ်ကောင်စီအတွက်က အာဏာရှင်စနစ်တည်မြဲရေးက အဓိကဆိုတာ အားလုံးသိပြီးဖြစ်တယ်။ အခုလည်း အပြစ်မဲ့တဲ့ ကျောင်းသူ/ကျောင်းသားငယ်လေးတွေကို လေယာဉ်နဲ့ ဗုံးကြဲပြီး လူမဆန်စွာလုပ်ခဲ့ပြန်ပြီ" လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်မှကျန်ရှိတဲ့ ကျည်ဆံများနဲ့ ဆက်စပ် စစ်အသုံးဆောင်ပစ္စည်းများကို NUG လူအခွင့်ရေးဝန်ကြီးဌာနကို ပေးအပ်မယ်လို့ စက်တင်ဘာ ၁၈ ရက်မှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကလည်း အတည်ပြုပြောဆိုထားပါတယ်။

"စက်တင်ဘာလ (၁၆) ရက်နေ့ အာဏာလု အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်၏ တပ်များမှ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေသည့် စာသင်ကျောင်းအား ဝေဟင်မှ Mi 35 ထောက်ပို့ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခိုက်တိုက်ခိုက်ခဲ့စဉ်အတွင်း ကြွင်းကျန်ရစ်တဲ့စစ်ရာဇဝတ်မှု သက်သေခံ ကျည်ခွံအမျိုးမျိုးနှင့် ၎င်းတို့ စစ်အသုံးဆောင်ပစ္စည်းများ ဖြစ်ပါတယ်။ ရနိုင်သမျှသော သက်သေအားလုံး စုဆောင်းကာ လူအခွင့်ရေးဝန်ကြီးဌာနနှင့် စစ်ရာဇဝတ်မှု စွဲချက်တင်၍ ရနိုင်သော ဌာနများသို့ပို့ပေးသွားပါမယ်ခင်ဗျာ" လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ လက်ရှိမှာလည်း လူပေါင်းနှစ်ထောင်ကျော်ကို သတ်ဖြတ်ထားပြီး လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်ပါတယ်။


========================


📌📌 ၅။ ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ဖြင့် စစ်ခေါင်းဆောင်များအား သံဃာတော်များမှ သပိတ်မှောက်ရန် မြေပြင်သပိတ် ၁၁ ဖွဲ့က တောင်းဆို


ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ဖြင့်  ရဟန်းသံဃာတော်များ၏ ဝိနည်းသိက္ခာပုဒ်နှင့်အညီ စစ်ခေါင်းဆောင်များအား ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ရန် ရဟန်းသံဃာတော် အရှင်သူမြတ်များထံ မေတ္တာရပ်ခံပန်ကြားချက်တစ်စောင်ကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက စက်တင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါပန်ကြားချက်တွင် - 

ယမန်နှစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့ စစ်အာဏာသိမ်းမှုမတိုင်မီ မြန်မာ့နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် အတိုက်အခံ နိုင်ငံရေးအင်အားစုများအနေဖြင့် အမုန်းတရား အာဃာတတရားများကို ရှေ့တန်းမတင်ဘဲ တွေ့ဆုံဆွေးနွေးအဖြေကြရှာရန် ကြိုးပမ်းခဲ့ကြပါတယ်။

သို့သော် မြန်မာ့တပ်ခေါင်းဆောင်များအနေဖြင့် ပြည်သူ့ဆန္ဒကို သွေဖည်ပြီး လက်နက်အားကိုး မတရားအာဏာသိမ်းယူမှုကြောင့် ပြည်သူလူထု၏ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများနှင့် ခုခံတော်လှန်စစ် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။

ယင်းစစ်အာဏာသိမ်းမှု အကျိုးဆက်များကြောင့်  ငတ်မွတ်ခေါင်းပါးခြင်း ဒုဗ္ဘိက္ခန္တရကပ် ရောဂါဘယကြောင့် အသက်ဆုံးရှုံးရခြင်း ရောဂန္တရကပ် လက်နက်များကြောင့် အသက်ဆုံးရှုံးရခြင်း သတ္တန္တရကပ်တည်းဟူသော ကပ်ကြီးသုံးပါးနှင့် ရင်ဆိုင်လာရပြီး တိုင်းပြည်အား အကျည်းတန် အပ္ပတိရူပဒေသအဖြစ်သို့ ရောက်စေခဲ့သည်။ တိုင်းပြည်တွင် အဝိရောဓနံဟု ခေါ်သော ပြည်သူလူထုဆန္ဒနှင့် အညီ အုပ်ချုပ်ခြင်းမရှိသေးသရွေ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ခွင့်တူညီမျှခြင်းတည်းဟူသော လောကပါလတရားများ ဆိတ်သုဉ်းပြီး တည်ငြိမ်အေးချမ်းမှုကို ပျက်စီးချေမွပစ်နေလိမ့်မှာ ဖြစ်ပါတယ်။  

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့် လူမှုဘဝအခက်အခဲများကို စာနာနားလည် သည့် သံဃာတော်အရှင်သူမြတ်များ၏ မဟာကရုဏာတော်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ လူထုနှင့်အတူ ပူးပေါင်းပါဝင်လာရေးအတွက် ဖိလစ်ပိုင်လူထုတော်လှန်ရေးအတွင်း ကက်သလစ် ဘုန်းတော်ကြီးကာဒီနယ်ဆင်းကဲ့သို့ စည်းရုံးတောင်းဆိုများ အစဉ်တစိုက်ပြုလုပ်ပြီး  ပြည်သူလူထုအပေါ် အကြမ်းဖက် နှိမ်နှင်းဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ခေါင်းဆောင်များအား ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ဖြင့်  ရဟန်းသံဃာတော်များ၏ ဝိနည်းသိက္ခာပုဒ်နှင့်အညီ ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်း အမှုကို ပြုကြပါရန် ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီအနေဖြင့် အထူးအလေးအနက်ထား ပန်ကြားအပ်ပါတယ်လို့ ဖော်ပြပါရှိပါတယ်။


========================


📌📌 ၆။ အာဏာသိမ်း စစ်ခေါင်းဆောင်အများစု နေထိုင်တဲ့ နေပြည်တော်မှာ ညမထွက်ရအမိန့် ထုတ်ပြန်


အာဏာသိမ်းစစ်ခေါင်းဆောင်အများစုနေထိုင်နေတဲ့နေပြည်တော်မှာ ညမထွက်ရ အမိန့်ကို စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ စကစခန့် ထွေအုပ်များက အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ ညမထွက်ရအမိန့်တွင် အကျုံးဝင်သည့် မြို့နယ်များတွင် ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဘူသီရီ၊ ဥတ္တရသီရီ၊ ဇေယျာသီရိ၊ တပ်ကုန်း၊ ပျဥ်းမနားနှင့် လယ်ဝေးမြို့နယ်များ ပါဝင်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တာပါ။

ထို့ကြောင့် လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုသူများသည် လမ်းမကြီးများ၊ အများပြည်သူသွားလာရာလမ်း၊ လမ်းကြား၊ လမ်းသွယ်၊ ဥယျာဥ်နှင့် အများပြည်သူနှင့်ဆိုင်သည့် နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် နေ့စဥ် ၁၂ နာရီမှ နံနက် နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားပါတယ်။

"လူတချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေခြင်းကြောင့် အများပြည်သူတို့၏ လုံ ခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆရသဖြင့် ပျဥ်းမနားမြို့နယ်တွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို တားမြစ်လိုက်သည်" ဟု ပျဥ်းမနားမြို့နယ်အတွက် ထုတ်ပြန်သည့် ညမထွက်ရ အမိန့်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရှိရပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှို့ဖျက်စီးမှုတွေကြောင့် အိုးအိမ်ရိက္ခာအကုန် ဆုံးရှုံးခဲ့ရတဲ့ မိဘပြည်သူအိမ်ထောင်စု ၁၀၀ ကျော်ခန့်ကို PDF Kalay တပ်ရင်း၄က အိုးခွက်ပန်းကန်များ ထောက်ပံ့လှူဒါန်း


စစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှို့ဖျက်စီးမှုတွေကြောင့် အိုးအိမ်ရိက္ခာအကုန် ဆုံးရှုံးခဲ့ရတဲ့ မိဘပြည်သူအိမ်ထောင်စု ၁၀၀ ကျော်ခန့်ကို အိုးခွက်ပန်းကန်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက်မှာ PDF Kalay တပ်ရင်း က အသိပေး ပြောဆိုပါတယ်။

"စစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှို့ဖျက်စီးမှုတွေကြောင့် အိုးအိမ်ရိက္ခာ အကုန် ဆုံးရှုံးခဲ့ရတဲ့ မိဘပြည်သူအိမ်ထောင်စု ၁၀၀ ကျော်ခန့်ကို ကျွန်တော်တို့တပ်ရင်းမှ အိုးခွက်ပန်းကန်များ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်" လို့ ဆိုပါတယ်။

အိမ်ထောင်စု စုလျှင် ထမင်းအိုးဟင်းအိုးနှင့် ပန်းကန် ချပ် ဇွန်း ချောင်းနှုန်းဖြင့် ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ပြည်သူများရဲ့ ကူညီထောက်ပံ့ငွေများကိုပဲ ပြန်လည်အသုံးပြုကာ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန် ကလေးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှိူ့ဖျက်ဆီးခံထားရတဲ့ နေအိမ် နှစ်ထောင်ကျော်ရှိပြီး စစ်ဘေးရှောင်ပြည်သူသောင်းချီ ရှိနေပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment