၂၀၂၂ အောက်တိုဘာလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
📌 ၂။ ဦးသန်းရွှေလို နှစ်၂၀ လုံးလုံးပြည်သူတွေကိုတစ်ခွန်းတစ်လေမှ အသံမပေးဘဲ အုပ်ချုပ်သွားတာ အာဏာရှင်လို့ခေါ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ဆို
📌 ၃။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့ရှိ Sim Card စက်ရုံမှ မြန်မာအလုပ်သမား (၁၄) ဦး အား အလုပ်သမားအကျိုးခံစားခွင့်များရရှိရေး NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနိုင်ခဲ့
📌 ၄။ ဒေါက်တာငိုင်းတမ်မောင်းအား အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး
📌 ၅။ ပညာရေးဝန်ထမ်းများရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများနှင့် ဖက်ဒရယ်ပညာရေး အတွက် ကြားကာလပညာရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုများကို CDM ဆရာ၊ဆရာမများထံမှ စစ်တမ်းကောက်ယူ
📌 ၆။ လူငယ်သူရဲကောင်းတပ် YRF တပ်ရင်းအတွက် ပြည်သူများက နားကပ်များချွတ်၍ ဆက်တိုက်လှူဒါန်း
📌 ၇။ မတ္တရာ မြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျောက်မှာ သောင်းကြမ်းနေတဲ့ ဓါးပြအဖွဲ့ကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက အုပ်စုလိုက်ဖမ်းဆီးရမိ
📌 ၈။ ရန်ကုန်လူထုသပိတ်အမည်ခံ၍ ငွေကြေးလိမ်လည်တောင်းခံမှုတချို့ရှိနေတယ်လို့အသိပေး
📌 ၉။ မွန်ပြည်နယ် ရေးခရိုင် ခေါဇာမြို့နယ်(ခွဲ)က အိမ်စီးကားနဲ့ထွက်လာတဲ့ရဲစခန်းမှူးနဲ့ တပ်သားနှစ်ဦးရေးဘီလူးအဖွဲ့ကပစ်ခတ်တိုက်ခိုက်၍ သေဆုံးသေနတ် သုံးလက် သိမ်းဆည်းရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု တိုးချဲ့ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၉/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေ စိုးမှ “မြေပြင်၌ အုပ်ချုပ်ရေးကဏ္ဍဆောင်ရွက်ချက်များတွင် မြို့နယ်ပြည်သူအုပ်ချုပ်ရေး အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ စီမံအုပ်ချုပ်မှုသည် အရေးကြီးပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများတွင် လစ်ဟင်းမှုမရှိဘဲ မြေပြင်နှင့် ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း” အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ထို့နောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ ဦးသန်းရွှေလို နှစ်၂၀ လုံးလုံးပြည်သူတွေကိုတစ်ခွန်းတစ်လေမှ အသံမပေးဘဲ အုပ်ချုပ်သွားတာ အာဏာရှင်လို့ခေါ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ဆို
ဦးသန်းရွှေလို နှစ်၂၀ လုံးလုံးပြည်သူတွေကိုတစ်ခွန်းတစ်လေမှ အသံမပေးဘဲ အုပ်ချုပ်သွားတာ အာဏာရှင်လို့ခေါ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ ၃ ၀ရက်နေ့ထုတ်“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ”မှာ ပြည်ထောင်စုဝန်ကြီးကဆိုထားပါတယ်။
"ဒီမိုကရေစီဆိုတာ ဆူညံရမယ်။ဦးသန်းရွှေလို နှစ်၂၀လုံးလုံးပြည်သူတွေကိုတစ်ခွန်းတစ်လေမှ အသံမပေးဘဲ အုပ်ချုပ်သွားတာ အာဏာရှင်လို့ခေါ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ နိုင်ငံတော်အာဏာကို ၁၉၆၂ ခုနှစ်တွင်တစ်ကြိမ်၊၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင်တစ်ကြိမ်အာဏာသိမ်းခဲ့ပြီး ၄င်း အာဏာသိမ်းမှုများကို အကြမ်းဖက် စစ်ခေါင်းဆောင်များက ဦးဆောင်ခဲ့ပါတယ်။
========================
📌📌 ၃။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့ရှိ Sim Card စက်ရုံမှ မြန်မာအလုပ်သမား (၁၄) ဦး အား အလုပ်သမားအကျိုးခံစားခွင့်များရရှိရေး NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနိုင်ခဲ့
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့ရှိ Sim Card စက်ရုံမှ မြန်မာအလုပ်သမား (၁၄) ဦး အား အလုပ်သမားအကျိုးခံစားခွင့်များရရှိရေး NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့ရှိ Sim Card စက်ရုံမှ မြန်မာအလုပ်သမား (၁၄) ဦး အား စက်ရုံမှ ပုံမှန်အလုပ်မဆင်းခိုင်းဘဲ အလုပ်ရပ်နားမှုများရှိကြောင်း တိုင်ကြားလာသဖြင့် ၂၇-၉-၂၀၂၂ ရက်နေ့နှင့် ၂၈-၉-၂၀၂၂ ရက်နေ့တို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း (AAC အဖွဲ့) နှင့် ဦးသက်ပိုင်မင်းတို့က အယုဒ္ဓယခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန (ဆာဝါဒီကန်)နှင့် ချိတ်ဆက်၍ အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းဖြေရှင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
အလုပ်ဆက်လက် လုပ်ကိုင်လိုခြင်းမရှိသည့် အလုပ်သမား (၉) ဦး အတွက် အလုပ်ထုတ်နစ်နာကြေး တစ်ဦးလျှင် (၈၀၀၀) ဘတ် (၁ လစာ) နှုန်းဖြင့် စုစုပေါင်း (၇၂၀၀၀) ဘတ်နှင့် တရားဝင်အလုပ်ပြောင်းရွေ့ခွင့် စာရွက်စာတမ်းများ ကို ၂၇-၉-၂၀၂၂ ရက်နေ့တွင် အလုပ်ရှင်မှ အလုပ်သမားများအား ပေးအပ်ခဲ့ပါတယ်။
အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသဘောတူညီချက်အရ ကျန်အလုပ်သမား (၅)ဦး အတွက် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများအား သက်တမ်းတိုးပေးရန်နှင့် တရားဝင်အလုပ်ပြောင်းရွေ့ခွင့် စာရွက်စာတမ်းများအ မြန်ဆုံးပြုလုပ်ပေးရန်သဘောတူညီခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် အယုဒ္ဓယခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့် ကိုရဲမင်း (AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ ဒေါက်တာငိုင်းတမ်မောင်းအား အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး
ဒေါက်တာငိုင်းတမ်မောင်းအား အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။ စက်တင်ဘာလ (၃၀) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာချက်အမှတ် (၁/၂၀၂၂) နဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့်အာဏာကို ကျင့်သုံးလျက် ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ကြေညာချက်အမှတ် (၁၉/ ၂၀၂၁) ဖြင့် ထုတ်ပြန် ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ဒေါက်တာငိုင်းတမ်မောင်းအား အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ဖော်ပြပါတယ်။
လက်ရှိ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီးမှာ ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။
========================
📌📌 ၅။ ပညာရေးဝန်ထမ်းများရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများနှင့် ဖက်ဒရယ်ပညာရေး အတွက် ကြားကာလပညာရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုများကို CDM ဆရာ၊ဆရာမများထံမှ စစ်တမ်းကောက်ယူ
ပညာရေးဝန်ထမ်းများရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများနှင့် ဖက်ဒရယ်ပညာရေး အတွက် ကြားကာလပညာရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုများကို CDM ဆရာ၊ဆရာမများထံမှ စစ်တမ်းကောက်ယူလျက်ရှိပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဂျာထွယ်ပန်က လူမှုကွန်ရက်မှာအသိပေးရေးသားထားပါတယ်။
" အောက်တိုဘာလ (၅) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် CDM ဆရာ/မများနှင့် ပညာရေးဝန်ထမ်းများရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများနှင့် ဖက်ဒရယ်ပညာရေး အတွက် ကြားကာလပညာရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုများကို မှတ်တမ်းတင်လိုသည့် ရည်ရွယ် ချက်ဖြင့် အချက်အလက်ကောက်ယူခြင်းဖြစ်ပါတယ်။ ၂၀၂၂ အောက်တိုဘာလ (၅) ရက်နေ့ အခမ်းအနားတွင် စစ်တမ်းရလဒ်များကို ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ် သောကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့ ည (၁၂) နာရီနောက်ဆုံး ထား၍ ဖြေဆိုပေး နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုပါတယ်။
စစ်တမ်းကိုဖြေဆိုရန် အချိန် ၅ မိနစ်မှ ၁၀ မိနစ်ခန့်သာ ကြာမြင့်မှာဖြစ်ပါတယ်။ အဆိုပါ စစ်တမ်းကောက်ခံလွှာကို ပညာရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားရှိပါတယ်။
========================
📌📌 ၆။ လူငယ်သူရဲကောင်းတပ် YRF တပ်ရင်းအတွက် ပြည်သူများက နားကပ်များချွတ်၍ ဆက်တိုက်လှူဒါန်း
လူငယ်သူရဲကောင်းတပ် YRF တပ်ရင်းအတွက် ပြည်သူများက နားကပ်များချွတ်၍ ဆက်တိုက်လှူဒါန်းခဲ့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၃၀ ရက်မှာ လူငယ်သူရဲကောင်းတပ် YRF တပ်ရင်းကအသိပေးဆိုပါတယ်။
" အညာလူထုဟာ ပြည်ချစ်စိတ်အပြည့်ရှိတယ်" ဆိုတာ လုံးဝငြင်းမရပါဘူး။တော်လှန်ရေးပစ္စည်းများဝယ်ယူရာတွင် အသုံးပြုနိုင်ရန် လက်ဝတ်ရတနာများ (ထပ်မံ)လာရောက်လှူဒါန်းထောက်ပံ့ကြသော ပြည်သူလူထုများ ဘေးကင်းကျန်းမာပါစေဗျာ။ တော်လှန်ရေးတွင် အကျိုးရှိစွာအသုံးပြုသွားမယ်လို့ ကတိပြုပါတယ်"လို့ YRF ကဆိုပါတယ်။
ယခုလို လက်ဝတ်ရတနာများထောက်ပံ့လှူဒါန်းပေးကြသော အလှူရှင်အပေါင်း ဘေးကင်းကျန်းမာပါစေလို့ လူငယ်သူရဲကောင်းတပ် YRF တပ်ရင်းကဖော်ပြပါတယ်။
========================
📌📌 ၇။ မတ္တရာ မြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျောက်မှာ သောင်းကြမ်းနေတဲ့ ဓါးပြအဖွဲ့ကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက အုပ်စုလိုက်ဖမ်းဆီးရမိ
မတ္တရာ မြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျောက်မှာ သောင်းကြမ်းနေတဲ့ ဓါးပြအဖွဲ့ကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက အုပ်စုလိုက်ဖမ်းဆီးရမိခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့မှာ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းကအသိပေးဖော်ပြပါတယ်။ မတ္တရာ မြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျောက်မှာ သောင်းကြမ်းနေတဲ့ ဓါးပြအဖွဲ့ကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေး အင်အားစုမှ သက်သေခံ တိုက်ရာပါပစ္စည်းများနှင့်တကွ ဖမ်းဆီးရမိခဲ့ပါတယ်လို့ဆိုပါတယ်။
စက်တင်ဘာ ၂၃ ရက်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပြီး ပစ္စည်းတွေနဲ့အတူ လူ ၁၅ ယောက်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဓားပြခေါင်းဆောင် နိုင်ဝင်းနဲ့ငြိမ်းဇော်တို့ကိုလည်း ပစ္စည်းတွေနဲ့အတူ လက်ရဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၈။ ရန်ကုန်လူထုသပိတ်အမည်ခံ၍ ငွေကြေးလိမ်လည်တောင်းခံမှုတချို့ရှိနေတယ်လို့အသိပေး
ရန်ကုန်လူထုသပိတ်အမည်ခံ၍ ငွေကြေးလိမ်လည်တောင်းခံမှုတချို့ရှိနေတယ်လို့အသိပေးဆိုလိုက်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့မှာ ရန်ကုန်လူထုသပိတ်က အသိပေးဖော်ပြပါတယ်။
"ယခုအခါ ဖမ်းဆီးခံထားရသောရဲဘော်များကိုခုတုံးလုပ်ကာ ရန်ကုန်လူထုသပိတ်နာမည်ကို အသုံးပြုပြီး ပုဂ္ဂိုလ်ရေးအရအလှူခံမှုများရှိနေသည်ဟု ပြန်လည် ကြားသိရပါတယ်။
ကျွန်ုပ်တို့ ရန်ကုန်လူထုသပိတ်အနေဖြင့်မက်ဆင်ဂျာ၊လူမှုကွန်ယက်များမှတဆင့် မည်သူတစ်ဦးတစ်ယောက်စီကမှ ယနေ့ထိတိုင်အောင်အလှူငွေ အနည်းအကျဉ်းမျှတောင်ကောက်ခံထားဖူးခြင်းမရှိကြောင်း ပြည်သူလူထုကိုအသိပေးလိုပါတယ်"လို့ဆိုထားပါတယ်။ ရန်ကုန်လူထုသပိတ်ဟာတော်လှန်ရေးအပေါ်တွင်သစ္စာစောင့်သိပြီး ပြည်သူလူထုနှင့်အတူတော်လှန်ရေးနည်းနာမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တွန်းလှန်နေသော အဖွဲ့အစည်းလည်းဖြစ်ပါတယ်။
ရန်ကုန်လူထုသပိတ်၏ ပုံရိပ်ကိုအသုံပြုပြီးလိမ်လည်အလှူအခံနေခြင်းသည်ပြည်သူလူထုနှင့် အဖွဲ့အစည်းကြား ယုံကြည် ထောက်ခံမှုကို အခွင့်ကောင်းယူကာ အထင်အမြင်လွဲမှားမှုများရှိလာနိုင်အောင်ထိုသို့လုပ်ဆောင်နေမှုအား ပြင်းပြင်းထန်ထန်ရှုံ့ချတယ်လို့လည်းကြေညာထားပါတယ်။
========================
📌📌 ၉။ မွန်ပြည်နယ် ရေးခရိုင် ခေါဇာမြို့နယ်(ခွဲ)က အိမ်စီးကားနဲ့ထွက်လာတဲ့ရဲစခန်းမှူးနဲ့ တပ်သားနှစ်ဦးရေးဘီလူးအဖွဲ့ကပစ်ခတ်တိုက်ခိုက်၍ သေဆုံးသေနတ် သုံးလက် သိမ်းဆည်းရမိ
မွန်ပြည်နယ် ရေးခရိုင် ခေါဇာမြို့နယ်(ခွဲ)က အိမ်စီးကားနဲ့ထွက်လာတဲ့ရဲစခန်းမှူးနဲ့ တပ်သားနှစ်ဦးရေးဘီလူးအဖွဲ့ကပစ်ခတ်တိုက်ခိုက်၍ သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့မှာ ခေါဇာမြို့နယ်(ခွဲ)က အိမ်စီးကားနဲ့ထွက်လာတဲ့ရဲစခန်းမှူးနဲ့ တပ်သားနှစ်ဦးရေးဘီလူးအဖွဲ့ကလမ်းပိုင်းမှာစောင့်ကြိုပစ်ခတ်ခဲ့တာလို့ အတည်ပြုပါတယ်။
"ခေါဇာမြို့နယ်(ခွဲ)က စခန်းမှူးနဲ့ တခြားအဆင့် ရဲတပ်သား (၂) ယောက်ရေးနဲ့ ခေါဇာကြား ကဗျာကြီး မှာ ကျနော်တို့အဖွဲ့စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်"လို့ရေးဘီလူးအဖွဲ့ကဆိုပါတယ်။ ပစ်ခတ်ခြင်း ခံရလို့ (၃)ယောက်လုံးသေဆုံးကာ လက်နက် အရှည်နှစ်လက်အတိုတစ်လက်နဲ့ဆက်စပ် အရာများသိမ်းဆည်းရမိခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment