20th SEP 2022 - Evening Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ CRPH အပါ အဝင် NUG အစိုးရအဖွဲ့တို့ကို တွေ့ဆုံ၍မြန်မာအရေးဆွေးနွေး

📌 ၂။ နွေဦးတော်လှန်ရေးကို ဘာအကြောင်းနဲ့မှ မတွေဝေဘဲမဆုတ်မနစ် ရှေ့ဆက်ချီတက်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်

📌 ၃။ PDF အင်အားဟာ ပျောက်သွားစရာ အကြောင်းမရှိတဲ့အတွက် နွေဦးတော်လှန်ရေးဟာ အနှေးနဲ့အမြန် ပြီးမယ့်ပွဲလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၄။ PHN (Kalay) မှဒေသခံပြည်သူနှင့် စစ်ဘေးရှောင်ပြည်သူနှစ်ရာကျော်ကို ဆေးကုသမှုပေးနိုင်ခဲ့

📌 ၅။ မြိတ်မြို့မှာ " နန်းထိုက်အောင်စစ်ဆင်ရေး"အဖြစ်မိုင်းခွဲတိုက်ခိုက်ရာစစ်ကားတစ်စီး မီးလောင် ထိခိုက်ပျက်စီး

📌 ၆။ Federal Wings ဒရုန်းများမှာ တပ်ဆင်အသုံးပြုရန် ဗုံးသီးဖိုး ဘတ်ငါးသိန်းကို မမများနဲ့ပွဲကမယ်အဖွဲ့ကလှူဒါန်း

📌 ၇။ “Spring Mandalay Investment” တော်လှန်ရေးရန်ပုံငွေ အိမ်ရာစီမံကိန်းများဖြစ်တဲ့ နွေဦးနှင်းဆီ၊နွေဦးရောင်စဥ်နဲ့ နွေဦးတောင်ရိပ်ညိုတို့ ဝယ်ယူလိုသူများစတင်စာရင်းပေးသွင်းနိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ CRPH အပါ အဝင် NUG အစိုးရအဖွဲ့တို့ကို တွေ့ဆုံ၍မြန်မာအရေးဆွေးနွေး


စက်တင်ဘာ ၂၀ ရက်နေ့တွင်မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ CRPH ဥက္ကဋ္ဌအပါအဝင်NUGအစိုးရ အဖွဲ့ဝင်များသည် အမေရိကန် နယူးယောက်မှာ နှစ်ဘက်တရားဝင် တွေ့ဆုံ၍မြန်မာအရေးဆွေးနွေးခဲ့ကြပါတယ်။


အမေရိကန်ပြည်ထောင်စုတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က  CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊လူ့အခွင့်‌ရေးရာဝန်ကြီး ဦးအောင်မျိုးမင်း၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တို့နဲ့တွေ့ဆုံခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲမှာ  မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သိလိုသည်များကို မေးမြန်းခဲ့ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သော အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးကို ဘာအကြောင်းနဲ့မှ မတွေဝေဘဲမဆုတ်မနစ် ရှေ့ဆက်ချီတက်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်


စက်တင်ဘာ ၂၀ ရက် လူမှုကွန်ရက်မှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကအခုလိုရေးသား‌ပြောဆိုလိုက်ပါတယ်။


"ဝမ်းနည်းကြေကွဲဆို့ဆို့နင့်နင့် ခံစားချက်တွေကို ပြည်သူနဲ့အတူမျှဝေခံစားရင်းပန်းတိုင်ကို မျက်ခြေမပြတ်ကျနော်တို့ လိုက်ပါ ကြိုးကုတ် အားထုတ်လျက်ရှိပါတယ်။ ဘာအကြောင်းနဲ့မှ မတွေဝေကြေး၊ နောက်မတွန့်ကြေး၊မဆုတ်မနစ် ရှေ့ဆက်ချီတက်၊မကြာခင် အောင်ကိုအောင်ရမယ်"လို့ ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်များတပ်ရင်းတပ်ဖွဲ့ပေါင်း သုံးရာကျော်ရှိကာ မြို့နယ် ပကဖပေါင်းနှစ်ရာကျော်ရှိပြီး စစ်ရေးအရှိန်ကိုမြှင့်တင်မယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာထားပါတယ်။


========================


📌📌 ၃။ PDF အင်အားဟာ ပျောက်သွားစရာ အကြောင်းမရှိတဲ့အတွက် နွေဦးတော်လှန်ရေးဟာ အနှေးနဲ့အမြန် ပြီးမယ့်ပွဲလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


PDF အင်အားဟာ ပျောက်သွားစရာ အကြောင်းမရှိတဲ့အတွက် နွေဦးတော်လှန်ရေးဟာ အနှေးနဲ့အမြန် ပြီးမယ့်ပွဲလို့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက စက်တင်ဘာလအတွင်း CDM နဲ့ပတ်သက်၍ ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


"ဆရာဦးရည်မွန် ပြောထားတာအရ PDFအင်အား LDF နဲ့ UG တွေက နှစ်ဆ၊သုံးဆဆိုတော့ ဒါ နှစ်သိန်းကျော် သုံးသိန်းရှိနေတဲ့ PDF တွေကိုစကစအနေနဲ့ ဘယ်လိုနည်းနဲ့မှ ပျောက်သွားအောင် ရှင်းနိုင်စရာအကြောင်းမရှိဘူး။ ဒီပွဲဟာ အနှေးနဲ့အမြန် ပြီးမယ့်ပွဲပဲ"လို့ ဆိုပါတယ်။ စကစတပ်က လော်ဘီများ ဝါဒဖြန့်သကဲ့သို့ PDF များကို အပျောက်ရှင်းနိုင်ရန်မှာ မဟုတ်ဘဲ စစ်မျက်နှာပေါင်းစုံနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီသာ အရှုံးနဲ့ရင်ဆိုင်ရမယ်လို့ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၄။ PHN (Kalay) မှဒေသခံပြည်သူနှင့် စစ်ဘေးရှောင်ပြည်သူနှစ်ရာကျော်ကို ဆေးကုသမှုပေးနိုင်ခဲ့


စက်တင်ဘာ၂၀ ရက်နေ့မှာ PHN (Kalay) ကအခုလိုအသိပေးဆိုလိုက်ပါတယ်။


"People's Healthcare Network (Kalay) လမ်းညွှန်ဦးဆောင်မှုဖြင့် Medical Centre (1) PHN (Kalay) ၂၀၂၂ ခုနှစ်၊ ဧပြီလ () ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ပြည်သူ့ရဲဘော်များအား ရေးပေါ်ဆေးဝါးကုသမှုများနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်"လို့ဆိုပါတယ်။


၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဒေသခံပြည်သူနှင့် စစ်ဘေးရှောင်ပြည်သူ ကျား (၁၀၃)ဦး၊ (၁၆၁)ဦး၊ စုစုပေါင်း (၂၆၄)ဦး နှင့် ပြည်သူ့ရဲဘော် (၂၀)ဦး တို့ကို ဆေးဝါးကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၅။ မြိတ်မြို့မှာ " နန်းထိုက်အောင်စစ်ဆင်ရေး"အဖြစ်မိုင်းခွဲတိုက်ခိုက်ရာစစ်ကားတစ်စီး မီးလောင် ထိခိုက်ပျက်စီး


စက်တင်ဘာလ (၂၀) ရက်နေ့  နံနက် () နာရီ () မိနစ် ဝန်းကျင်တွင် မြိတ်မြို့မှ တက်လာသော စစ်ကောင်စီယာဉ်တန်း၊ကား () စီး ပါ ယာဉ်တန်းကိုတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင် တပ်ရင်း () ကဖော်ပြပါတယ်။


 "နန်းထိုက်အောင်စစ်ဆင်ရေး"အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင်တပ်ရင်း () နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့တို့ မှ ကဒဲကျေးရွာအနီးတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


မိုင်းခွဲတိုက်ခိုက်ပြီးနောက် မီနစ်အနည်းငယ်အကြာ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ စစ်ကားတစ်စီး မီးလောင် ထိခိုက်ပျက်စီးခဲ့ ပြီး စကစတပ်အချို့ ထိခိုက်ဒဏ်ရာရှိကာ ကာကွယ်ရေးဘက်ကအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၆။ Federal Wings ဒရုန်းများမှာ တပ်ဆင်အသုံးပြုရန် ဗုံးသီးဖိုး ဘတ်ငါးသိန်းကို မမများနဲ့ပွဲကမယ်အဖွဲ့ကလှူဒါန်း


စက်တင်ဘာ ၂၀ ရက်နေ့မှာ Federal Wings ဒရုန်းတပ်ကအခုလိုအသိပေး ပြောဆိုလိုက်ပါတယ်။


"စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် Cobra Column နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော Federal Wings ဒရုန်းများတွင်အသုံးပြုရန် အသီးအနှံဖိုး ထိုင်းဘတ် (၅၀၀,၀၀၀) (ငါးသိန်း) တိတိ အားဖြည့်လှူဒါန်းပေးပါသော "မမများနဲ့ပွဲကမယ်" အဖွဲ့ အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်"လို့ဆိုပါတယ်။ Federal Wingsဒရုန်းတပ်ဖွဲ့ဟာ စစ်ဆင်ရေးအကြိမ်တစ်ရာ ဆင်နွှဲခဲ့ပြီး စစ်ဆင်ရေးများမှာ စကစတပ်သား ၅၀ ကျော်သေဆုံးကာ ၈၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၇။ “Spring Mandalay Investment” တော်လှန်ရေးရန်ပုံငွေ အိမ်ရာစီမံကိန်းများဖြစ်တဲ့ နွေဦးနှင်းဆီ၊နွေဦးရောင်စဥ်နဲ့ နွေဦးတောင်ရိပ်ညိုတို့ ဝယ်ယူလိုသူများစတင်စာရင်းပေးသွင်းနိုင်


စက်တင်ဘာ၂၀ ရက်နေ့မှာ Eand of Dictator Ship ကအခုလိုအသိပေးထုတ်ပြန်လိုက်ပါတယ်။


"ချစ်ခင်ကြတဲ့ တော်လှန်ပြည်သူများ၊  အထူးသဖြင့် မန္တလေးသူ မန္တလေးသား တော်လှန်ပြည်သူများ စောင့်စားနေကြတဲ့ Spring Mandalay Investment ရဲ့ စီမံကိန်း နေရာရဲ့ အချက်အလက်၊ စျေးနှုန်း နှင့် ငွေပေးချေမှုပုံစံတို့ကို ဖော်ပြလိုက်ပါတယ်။ EOD ကိုယ်စားလှယ်များထံမှာ ဝယ်ယူလိုသည့် မြေကွက်များအတွက် စာရင်းစတင် ပေးသွင်းနိုင်ပါပြီ"လို့ဆိုပါတယ်။ နွေဦးမန္တလေးစီမံကိန်းများကို နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်ကာ တော်လှန်ရေးအလွန်ကာလတွင် နိုင်ငံခြားသား မြေပိုင်ဆိုင်မှုအာမခံတဲ့ အမိန့် ဒီဂရီ၊ဥပဒေများပြဌာန်းပေးမှာဖြစ်ပါတယ်။


နွေဦးနှင်းဆီ၊နွေဦးရောင်စဥ်နဲ့ နွေဦးတောင်ရိပ်ညိုတို့မှာ မန္တလေးမြို့ရဲ့အချက်အခြာကျသောနေရာများတွင်တည်ရှိပြီး ဝယ်ယူသူများမှာလည်း တော်လှန်ရေးကာလဖြစ်၍ တန်ဖိုး၏ လေးဆယ်ရာခိုင်နှုန်းကိုသာ သုံးလအတွင်းပေးချေနိုင်ပြီး ကျန်ခြောက်ဆယ်ရာခိုင်နှုန်းကို တော်လှန်ရေးကာလအပြီးစီမံကိန်းစတင်သော ကာလတွင်သာ အရစ်ကျပေးချေရမှာဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment