၂၀၂၂ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ကြုံတွေခံစားနေရတဲ့ ဆိုးဝါးလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ်မှာ မျက်စိမှိတ် လျစ်လျူရှုမနေသင့်တော့တဲ့ အချိန်ရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော
📌 ၂။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၈၄) ဦးရှိ
📌 ၃။ ကျားဖြူ ၂၊ 96 Soldiers အတွက်ကိုရဲမင်း(AAC)၊ကိုမင်းမော်ကွန်းနှင့် ဟားငါးကောင်မှ သေနတ်များထောက်ပို့
📌 ၄။ “အားလုံးစုပေါင်း ကျည်တစ်သောင်း” Campaign မှ ကျပ်သိန်း (၆၀၀) ကို ကာကွယ်ရေးတပ်ဖွဲ့များထံ ထောက်ပံ့ပေးအပ်
📌 ၅။ MG-6 ပြောက်ကျားတပ် မြင်းခြံခရိုင် တပ်ရင်း( ၅ ) မှ တပ်သားသစ်များခေါ်ယူနေ
📌 ၆။ ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ် အညာတောရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကမီးရှို့ဖျက်ဆီး
📌 ၇။ ကန့်ဘလူမြို့နယ်တွင်းကကျေးရွာတွေကို စစ်ကြောင်းများဝင်မွှေနေ၍ စစ်ရှောင်လူထုပါ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရ
📌 ၈။ လားရှိုးမြို့ကနေ နေရပ် အနောက်ခြောက်ကန်ကျေးရွာကို ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်မှူးကို နေအိမ်တွင် အရှင် ပစ်ခတ် ဖမ်းဆီးရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ကြုံတွေခံစားနေရတဲ့ ဆိုးဝါးလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ်မှာ မျက်စိမှိတ် လျစ်လျူရှုမနေသင့်တော့တဲ့ အချိန်ရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော
အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက စက်တင်ဘာ၂၀ ရက် မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစီုးရရဲ့ ၆၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
"မိုးဗြဲမှာလည်း စစ်ဘေးရှောင် ပြည်သူတွေ ရှိနေတဲ့နေရာကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပြီး ကလေးငယ်တွေ အပါ အဝင် (၄)ဦး သေဆုံးခဲ့ပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရရှိခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။ လူတစ် စုရဲ့ အာဏာမက်မောမှုတွေကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ကျနော်တို့နိုင်ငံရဲ့ ဆိုးဝါးလွန်းတဲ့ကံကြမ္မာ အတွက်၊ အပြစ်မဲ့ အသက်ဆုံးရှုံးသွားရသူတွေအတွက်၊ ပြည်သူတွေ ခါးဆီးခံနေရတဲ့ဒုက္ခပေါင်းများစွာ အတွက်၊ တရားမျှတမှုကို မြတ်နိုးကြတယ်ဆိုတဲ့ ကမ္ဘာကြီးက ဝိုင်းဝန်းပြီး တရားမျှတမှုအတွက် အဖြေ ရှာပေးဖို့လိုနေပြီလို့လည်း အလေးအနက်ပြောကြား လိုပါတယ်။ ဒီတော်လှန်ရေးဟာ ကျနော်တို့ပြည်သူ တွေအတွက်ပေးဆပ်ရမှု အင်မတန်များတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ဒီအကြမ်းဖက်စစ်ကောင် စီတွေကို ဖြစ်နိုင်သမျှကြိုးစားကြပြီး အမြန်ဆုံးဖြုတ်ချနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ကြုံတွေခံစားနေရတဲ့ ဆိုးဝါးလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ်မှာ မျက်စိမှိတ် လျစ်လျူရှုမနေသင့်တော့တဲ့ အချိန်ရောက်ပြီဖြစ်ကြောင်းကိုလည်း အခုလိုဆက်ပြီးပြောပါတယ်။
"စစ်ကိုင်းတိုင်း၊ ဒီပဲယင်းက ကိစ္စရပ် ကြုံတွေ့ခဲ့ရတာမို့ တနိုင်ငံလုံးက ဓမ္မဘက်တော်သား ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်လို့ ဦးစွာပြောကြားလိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီဟာ ဒီတော်လှန်ရေးကာလတစ်လျှောက် အင်မတန် ဆိုးရွားလွန်းတဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ရာမှာ ဒီတစ်ခေါက်ဖြစ်စဉ်ကတော့ အဆိုးဝါးဆုံး ဖြစ်စဉ်များထဲက ကျွန်တော်တို့ ရင်နာရလွန်းတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ပညာသင်ကြားနေတဲ့ လူမမယ်ကလေးတွေရှိတဲ့ စာသင်ကျောင်းပေါ်ကို လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှု လုပ်တယ် ဆိုတဲ့လုပ်ရပ်ဟာ လူမဆန်လွန်းတဲ့ ကြမ်းကြုတ်တဲ့ရာဇဝတ်မှုကို ကျူးလွန်ခြင်း ဖြစ်တာမို့ နိုင်ငံတကာအသိုင်း အဝိုင်း အနေနဲ့လည်း မြန်မာနိုင်ငံမှာ ကြုံတွေခံစားနေရတဲ့ ဆိုးဝါးလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အပြစ်မဲ့ပြည် သူတွေ၊ ကလေး သူငယ်တွေ အပေါ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအပေါ်မှာ မျက်စိမှိတ် လျစ်လျူရှုမနေသင့်တော့တဲ့ အချိန်ရောက်နေပါပြီ" လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာသို့ စကစတပ်က Mi 35 နှစ်စင်းနဲ့ ပစ်ခတ်ခဲ့ပြီးတော့ စာသင်ကျောင်းတွင်းမှာ စာသင်ကြားနေတဲ့ ကလေးငယ် ၆ ဦး သေဆုံးခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပြီး လက်ရှိမှာ ပြည်သူ့ခုခံစစ် တစ်နှစ်တာ ကာလအတွင်း စကစတပ်က နှစ်သောင်းကျော်ကို ချေမှုန်းနိုင်ခဲ့ပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၈၄) ဦးရှိ
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်တယ်လို့ AAPP က ဖော်ပြပါတယ်။ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတဲ့ (၁၂၁) ဦးအနက်မှာ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး ပါဝင်တာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၂၆) ဦးရှိပြီ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂,၄၄၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၁,၄၇၇) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၃။ ကျားဖြူ ၂၊ 96 Soldiers အတွက်ကိုရဲမင်း(AAC)၊ကိုမင်းမော်ကွန်းနှင့် ဟားငါးကောင်မှ သေနတ်များထောက်ပို့
ကျားဖြူ ၂၊ 96 Soldiers အတွက်ကိုရဲမင်း(AAC)၊ ကိုမင်းမော်ကွန်း နှင့် ဟားငါးကောင်မှ သေနတ်များထောက်ပို့ခဲ့ကြောင်း စက်တင်ဘာ၂၀ ရက်မှာ ဟားငါးကောင်လူမှုကွန်ရက်က ဖော်ပြပါတယ်။
"ကျားဖြူ ၂.....96 Soldiers အတွက် ကိုရဲမင်း(AAC)၊ကိုမင်းမော်ကွန်းနှင့် ကျွန်တော်တို့ ဟား(၅)ကောင် ညီအစ်ကိုများ ရောက်အောင်ပို့ပေးခဲ့ပြန်ပြီဗျ" လို့ ဆိုပါတယ်။ ဟားငါးကောင် ဟာသလူရွှင်တော်အဖွဲ့မှ တော်လှန်ရေး ရန်ပုံငွေ ရရှိဖို့အတွက်လည်း ပွဲများကရင်း ကြိုးစားထောက်ပို့လျက်ရှိပါတယ်။
========================
📌📌 ၄။ “အားလုံးစုပေါင်း ကျည်တစ်သောင်း” Campaign မှ ကျပ်သိန်း (၆၀၀) ကို ကာကွယ်ရေးတပ်ဖွဲ့များထံ ထောက်ပံ့ပေးအပ်
အားလုံးစုပေါင်း ကျည်တစ်သောင်း” Campaign မှ ကျပ်သိန်း (၆၀၀) ကို ကာကွယ်ရေးတပ်ဖွဲ့များထံ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ စက်တင်ဘာ၂၀ရက်မှာ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂက ဆိုပါတယ်။
"ကျနော်တို့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂ နှင့် ဆေးတက္ကသိုလ်(၂) ကျောင်းသားကော်မတီ တို့ပူးပေါင်း၍ ဩဂုတ်လ(၂၉)မှ စက်တင်ဘာလ(၁၃)ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ “အားလုံးစုပေါင်း ကျည်တစ်သောင်း” Campaign မှ မြန်မာငွေကျပ် သိန်း (၆၈၀) ခန့် ကောက်ခံရရှိခဲ့ပါတယ်။ ထိုအနက်မှ ကျည်တောင့် ၁ သောင်းစာ သိန်း(၆၀၀)ကျပ်ကို ကရင်နီရှိ တပ်ဖွဲ့ (၁၀)ဖွဲ့ထံ ပေးပို့ထောက်ပံ့ပြီးဖြစ်ပါတယ်" လို့ ဆိုပါတယ်။ တစ်ဖွဲ့လျှင် ကျည်တောင့် ၁ ထောင်စာ အသီးသီးထောက်ပံ့နိုင်ခဲ့ကာ ကျန်ရှိငွေ ကျပ်သိန်း (၈၀) ခန့် ကိုလည်း တိုက်ပွဲပြင်းထန်နေသော မိုးဗြဲဘက်သို့ ဆက်လက်ပေးပို့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
========================
📌📌 ၅။ MG-6 ပြောက်ကျားတပ် မြင်းခြံခရိုင် တပ်ရင်း( ၅ ) မှ တပ်သားသစ်များခေါ်ယူနေ
MG-6 ပြောက်ကျားတပ်မြင်းခြံခရိုင် တပ်ရင်း( ၅ ) မှ တပ်သားသစ်များခေါ်ယူနေတယ်လို့ စက်တင်ဘာ၂၀ ရက်နေ့မှာ MG -6 ပြောက်ကျားတပ်ဖွဲ့က အသိပေးဆိုထားပါတယ်။
"MG -6 ပြောက်ကျားတပ်ဖွဲ့မှ တပ်သားသစ်များ အလိုရှိနေပါတယ်။ တပ်ရင်းရဲ့ စည်းကမ်းချက်တွေကို အရင်ဖတ်ရှုလေ့လာပြီးမှသာ သင့်ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာ ချလိုက်ပါ" လို့ ဆိုထားပါတယ်။
လူမျိုး ဘာသာ ခွဲခြားထားမှု / အသားရောင်မခွဲခြားထားခြင်းမရှိဘဲ အသက် ၁၈ နှစ်မှသည် အသက် ၅၀ ထိကျန်းမာသန်စွမ်းသူများဖြစ်ရမယ်လို့ ဆိုထားပါတယ်။ အခြေခံစစ်သင်တန်းမှာ ရက်တိုမဟုတ်ပဲ အချိန်ပြည့်လေ့ကျင့်ရေးစနစ်ဖြစ်တဲ့အတွက် တော်လှန်ရေးမပြီးဆုံးမခြင်း အကြမ်းပတမ်းခံ အနစ်နာခံပြီး နေ့စဉ် သင်ယူရမှာ ဖြစ်ပါတယ်။
========================
📌📌 ၆။ ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ် အညာတောရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကမီးရှို့ဖျက်ဆီး
ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ် အညာတောရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ စက်တင်ဘာ၂၀ ရက်နေ့မှာ PDF-GANGAW-တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
"စက်တင်ဘာ ၂၀ ရက် မနက်မှာ ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ် အညာတောရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က 7:50.8:00 AM ချိန်တွင်မီးစရှို့ခဲ့ရာ နေအိမ်(၆)လုံးမီးလောင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ အညာတောရွာ တောင်ဘက်သို့ ထွက်သွားတယ်လို့ သတင်းရရှိပါတယ်။ ညောင်လယ်ရွာရှိပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ ခန့်ရှိကြောင်း သိရပါတယ်။
========================
📌📌 ၇။ ကန့်ဘလူမြို့နယ်တွင်းကကျေးရွာတွေကို စစ်ကြောင်းများဝင်မွှေနေ၍ စစ်ရှောင်လူထုပါ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရ
စက်တင်ဘာ ၁၉ ရက်နေ့က စတင်ကာ ကိုးတောင်ဘို့အထိုင်စခန်းမှ အကြမ်းဖက်စစ်အင်အား ၈၀ ခန့်ဟာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရှောင်လူထုတွေပါ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရပါတယ်လို့ ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုကဆိုပါတယ်။
"ကိုးတောင်ဘို့အထိုင်စခန်းမှ အကြမ်းဖက်စစ်တပ်အင်အား(၈၀)ခန့် အရှေ့ဘက်ထွက်လာပြီး အရှေ့ဘက်တစ်ကြောဝင်မွှေနေပါတယ်။ ကရိန်းကန်၊ ဘုရားတောင်နဲ့ ကျောက်မဲတောင်ဘက်လည်းအဖွဲ့ခွဲ မွှေနေပါတယ်" လို့ ဆိုပါတယ်။ လတ်တလောမှာ ကိုင်းမ၊ ရှားချောင်း၊ ယောကုန်း၊ ထဲထီးရှိုနဲ့ သေတ္တာရွာများအပါအဝင် ရွှေ့လျားကိုးတောင်ဘို့ စစ်ဘေးဒုက္ခသည်တွေပါ ထပ်မံပြေးနေရတယ်လို့ အတည်ပြုဆိုထားပါတယ်။
========================
📌📌 ၈။ လားရှိုးမြို့ကနေ နေရပ် အနောက်ခြောက်ကန်ကျေးရွာကို ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်မှူးကို နေအိမ်တွင် အရှင် ပစ်ခတ် ဖမ်းဆီးရမိ
လားရှိုးမြို့ကနေ နေရပ် အနောက်ခြောက်ကန်ကျေးရွာကို ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်မှူးကို နေအိမ်တွင် အရှင်ဖမ်းဆီးရမိသော်လည်း ပြန်လည်ခုခံသောကြောင့် ပစ်ခတ်ဖမ်းစီးခဲ့ရတယ်လို့ စက်တင်ဘာ၂၀ ရက်နေ့မှာ Earthquake People's Defence Force အဖွဲ့က ဖော်ပြပါတယ်။ လက်နက်ပါရနိင်သော်လည်း စစ်တပ်ဂိတ်နှင့် နီးကပ်သောကြောင့် အိမ်အတွင်းရှာချိန်မရပဲ ပစ်ခတ်ရှင်းလင်းပြီးထွက်ခွာခဲ့ရပါတယ်လို့ဆိုပါတယ်။
ပခုက္ကူမြို့နယ် အနောက်ခြောက်ကန်ကျေးရွာကို ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်က မှတ်ပုံတင်အမှတ် ၁၃/လလလ (နိုင်) ၀၇၄၆၆၂ ကိုင်ဆောင်သော ဗိုလ်မှူးအောင်ထွန်းကို ကျွန်တော်တို့ Earthquake People's Defence Force အဖွဲ့မှ အရှင်ဖမ်းမိရခဲ့ပါတယ်။ စအဖ တခြားရဲမှတ်တမ်း၊ ပခုက္ကူမြို့နယ် တရားရုံးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းနှင့် အခြားအရေးကြီးတဲ့စာရွက်စာတမ်းတွေနဲ့အတူ ဒရုန်းတစ်ခု၊ Equipment တစ်စုံနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်" လို့ ဆိုပါတယ်။
ထိုအရေးကြီးသောစာရွက်စာတမ်းများအရ ရှေ့ဆက်ပြီး ထပ်မံအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment