၂၀၂၂ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နှစ်အတွင်းဆောင်ရွက်ကြမယ့် ကိစ္စတွေကို ပြည်သူလူထုထံ အသိပေးရှင်းလင်းမယ်
📌 ၂။ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် လုံးဝအလုပ်မဖြစ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား
📌 ၃။ အကြမ်းဖက် စစ်ကောင်စီဟာ ကလေးတွေကိုနေ့တိုင်းသတ်ဖြတ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၄။ မြန်မာ့အရေး နဲ့ ပတ်သတ်ပြီး "U.N’s commitment to Rule of Law and Myanmar’s representation “ ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပါဝင်ဆွေးနွေးမယ်
📌 ၅။ တန့်ဆည်မြို့နယ် ကပေါင်းကျအရှေ့ရွာမှ လူနေအိမ် အလုံး ၃၀ ခန့်ကို အကြမ်းဖက် စစ်တပ်က ယနေ့မနက် မီးရှို့ဖျက်ဆီး
📌 ၆။ YDF-PATRIOT Mobile Rangers မှ ပစ်စင်ပြောင်းထဲ မကွဲတဲ့ ရော့ကတ်များထုတ်လုပ်ပိုင်ဆိုင်နေပြီလို့အသိပေး
📌 ၇။ ရခိုင်ပြည်နယ်မှာ စစ်တပ်ကြောင့်အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူလူဦးရေအရေအတွက် ၉,၀၀၀ နီးပါးထိ ရှိလာ
📌 ၈။ “Spring Mandalay Investment" အိမ်ရာစီမံကိန်းကို တတ်စွမ်းသလောက် ဝယ်ယူအားပေးကြဖို့ ဒေါက်တာတေဇာဆန်း တိုက်တွန်းပြောကြား
📌 ၉။ မြန်မာပြည်ဖွားတိုင်းရင်းသားများ စုပေါင်းရန်ပုံငွေရှာဖွေပွဲမှာ အလှုငွေစုစုပေါင်း CA$ 60,000 ခန့်ရရှိတယ်လို့ (MEF) Canadaဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နှစ်အတွင်းဆောင်ရွက်ကြမယ့် ကိစ္စတွေကို ပြည်သူလူထုထံ အသိပေးရှင်းလင်းမယ်
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နှစ်အတွင်းဆောင်ရွက်ကြမယ့် ကိစ္စတွေကို ပြည်သူလူထုထံ အသိပေးရှင်းလင်းမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စက်တင်ဘာ ၂၇ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၆၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်း အဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။
"အရင်တစ်ပတ်ကဆိုရင် လုံကာနဲ့ PR Team လည်း တွေ့ဆုံပြီး တစ်နှစ်အတွင်း ကျွန်တော် တို့ ကြိုးပမ်းဆောင်ရွက်ကြမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကို ဘယ်လိုတွေ အသိပေးသွားမယ်ဆို တာမျိုးတွေ ဆွေးနွေးဖြစ်ကြပါတယ်။ PR Team အနေနဲ့လည်း မိမိတို့ Team ထဲမှာ ပြန်လည်ဆွေး နွေးပြီး အသေးစိတ် လုပ်ဆောင်မယ့် အချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ချိတ်ဆက်ပြီးလည်း ဆက်လက်လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါတယ်" လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်မှု အားကောင်းဖို့ လိုအပ်ပြီးလူ့စွမ်းအားအရင်းအမြစ်ကိုလည်း စနစ်တကျစီမံကြကာစည်းစည်းလုံးလုံး ကြိုးပမ်းဆောင်ရွက်ကြဖို့အတွက်လည်း အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မေလမှာ အမျိုးသားညီညွတ်ရေးအစိုးရ တစ်နှစ်ပြည့် သတင်းစာရှင်းပွဲကိုကျင်းပခဲ့ပါတယ်။
========================
📌📌 ၂။ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် လုံးဝအလုပ်မဖြစ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား
စက်တင်ဘာ နောက်ဆုံးပတ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက အခုလိုပြောကြားခဲ့ပါတယ်။
"အာဆီယံ သဘောတူညီချက်ငါးရပ်သည် အလုပ်မဖြစ်တော့ဘူး။ လုံးဝအလုပ်မဖြစ်တော့ဘူး။ ဒါကို ကုလသမဂ္ဂလုံခြုံရေးကောင်စီလုပ်နေပင်မဲ့လည်း မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ရင် ဒါကအလုပ်မဖြစ်မဖြစ်တော့ဘူး။ ဒါကို အခြား ပြီးဆုံးမယ့်အစီအစဥ်ကို သေချာစဥ်းစားဖို့လိုတယ်"လို့ဆိုပါတယ်။ ဖမ်းဆီးထားသော နိုင်ငံရေးအကျဥ်းသားအားလုံးပြန်လည် လွှတ်ပေးရေးနဲ့ အားလုဲးပါဝင်တဲ့တွေ့ဆုံဆွေးနွေးအဖြေရှာရေး စတဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တစ်ခုမှ လိုက်နာခြင်းမရှိဘူးဖြစ်ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက် စစ်ကောင်စီဟာ ကလေးတွေကိုနေ့တိုင်းသတ်ဖြတ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
စက်တင်ဘာလနောက်ဆုံးပတ်မှာ ကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားခဲ့ပါတယ်။
"သူတို့တွေဟာ ကလေးတွေကို မနေ့ကလည်းသတ်ပါတယ်။ဒီနေ့လည်း သတ်ပါတယ်။လက်ယက်ကုန်းဖြစ်စဥ်နောက်ပိုင်းတောင် နေ့စဥ်ကလေးတွေ သေဆုံးနေတာ တွေ့ပါမယ်။လက်နက်ကြီးပစ်လို့ထိနေတာတွေ တွေ့မှာပါ"လို့ဝန်ကြီးကဆိုပါတယ်။
စက်တင်ဘာ ၁၆ ရက် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က စစ်သုံးရဝတ်ယာဥ် Mi35 နှစ်စင်းနဲ့ ပစ်ခတ်ခဲ့ရာ စာသင်ကြားနေသောကလေးငယ်၆ဦးသေဆုံးခဲ့ပြီး မြေပြင် စစစ်ကြောင်း ပစ်ခတ်၍ အရပ်သား၇ဦးသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၄။ မြန်မာ့အရေး နဲ့ ပတ်သတ်ပြီး "U.N’s commitment to Rule of Law and Myanmar’s representation “ ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပါဝင်ဆွေးနွေးမယ်
မြန်မာ့အရေး နဲ့ ပတ်သတ်ပြီး "U.N’s commitment to Rule of Law and Myanmar’s representation “ ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပါဝင်ဆွေးနွေးမယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၂၉ ရက် ကြာသာပတေးနေ့ မနက် ၈ နာရီ (EDT, US Time )မှာအဆိုပါဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ဆက်သွယ် ရေး ၊ သတင်းအချက်အလက် နှင့် နည်းပညာ ဝန် ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးထင်လင်းအောင် ၊ ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီး Kasit Piromya နှင့် ဩစတြလျား National University နိုင်ငံတကာ ဥပဒေပညာရှင် Dr. Veronica Taylor တို့ မြန်မာ့အရေး နဲ့ ပတ်သတ်ပြီး "U.N’s commitment to Rule of Law and Myanmar’s representation “ ခေါင်းစဉ်ဖြင့် တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကိုမြန်မာလို ဘာသာပြန် နဲ့ အင်္ဂလိပ်လို channel မှထုတ်လွှင့်ပြမှာဖြစ်ကာAnti Dictatorship in Burma page ကနေ မိဘပြည်သူ များ နားဆင်နိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၅။ တန့်ဆည်မြို့နယ် ကပေါင်းကျအရှေ့ရွာမှ လူနေအိမ် အလုံး ၃၀ ခန့်ကို အကြမ်းဖက် စစ်တပ်က ယနေ့မနက် မီးရှို့ဖျက်ဆီး
စက်တင်ဘာ၂၈ ရက် နံနက် ၄ နာရီခန့်က တန့်ဆည်မြို့နယ် ကပေါင်းကျအရှေ့ရွာမှ လူနေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ခဲ့တယ်လို့ တန့်ဆည် KPK PDF ကဆိုပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့မှဝင်ရောက်လာသောစကစတပ်များဟာကပေါင်းကျရွာအတွင်း ၃ ရက် ၃ ညအကြာ နေထိုင်တပ်စွဲပြီးနောက်ယနေ့ နံနက် ၄ နာရီခန့်က လူနေအိမ် အလုံး ၃၀ ခန့် မီးရှို့ဖျက်စီးပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်"လို့ ဆိုပါတယ်။
ရွာအထွက်၌တိုက်မိုင်း၁လုံးထိကာ စကစတပ်ဖွဲ့ဝင်အချို့အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ယခုစစ်ကြောင်းသည် ရွာရှည်ရွာ ဘက်သို့ဆက်လက်ဦးတည်နေတယ်လို့လည်းသတင်းရရှိပါတယ်။
========================
📌📌 ၆။ YDF-PATRIOT Mobile Rangers မှ ပစ်စင်ပြောင်းထဲ မကွဲတဲ့ ရော့ကတ်များထုတ်လုပ်ပိုင်ဆိုင်နေပြီလို့အသိပေး
YDF-PATRIOT Mobile Rangers မှ ပစ်စင်ပြောင်းထဲ မကွဲတဲ့ ရော့ကတ်များထုတ်လုပ်ပိုင်ဆိုင်နေပြီလို့ စက်တင်ဘာ ၂၈ ရက်မှာ YDF-PATRIOT Mobile Rangers က လက်နက်များကို ထုတ်ဖော်ပြသခဲ့ပါတယ်။
"ကျွန်တော်တို့ YDF-PATRIOT Mobile Rangers မှာဘယ်တော့မှ ပစ်စင် ပြောင်း ထဲမှာ မကွဲတဲ့ရော့ကတ်များထုတ်လုပ်ပိုင်ဆိုင်နေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်"လို့ ဆိုထားပါတယ်။ ဒါ့အပြင် လက်နက်ကြီးများနဲ့ ရော့ကတ်အကြီးစားပစ်လွှတ်ကြသူများအဝေးကနေပဲ ရှော့တိုက်ပစ်လွှတ်ဖို့ ကိုလည်း YDF-PATRIOT Mobile Rangers ကအကြံပြုတိုက်တွန်းထားပါတယ်။
========================
📌📌 ၇။ ရခိုင်ပြည်နယ်မှာ စစ်တပ်ကြောင့်အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူလူဦးရေအရေအတွက် ၉,၀၀၀ နီးပါးထိ ရှိလာ
စက်တင်ဘာ၂၈ ရက်မှာ UN OCHA Myanmarက အခုလိုသတင်းထုတ်ပြန်ဖော်ပြ ထားပါတယ်။
"ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲတွေပြင်းထန်လာပြီး မြို့နယ်အများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေ၊ အရပ်သားပိုင်အိုးအိမ်ပျက်စီးမှုတွေ၊ အသွားအလာကန့်သတ်မှုတွေနဲ့ ဖမ်းဆီးမှုတွေ ဖြစ်ပွားနေပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့မှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်သည်ဝင်ရောက်မှုတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း လူ ၃၀၀ ခန့်ဟာ ၎င်းတို့ကျေးရွာကနေ နေရပ်စွန်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ကြရတဲ့အတွက် ဩဂုတ်လကစပြီး ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက်ဟာ ၉,၀၀၀ နီးပါးထိ ရှိလာပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၈၉,၄၀၀ ဦးအပါအဝင် လူဦးရေ ၁ ဒသမ ၃ သန်းကျော်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ စက်တင်ဘာလ (၁၉) ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ သိရှိရပါတယ်။
========================
📌📌 ၈။ “Spring Mandalay Investment" အိမ်ရာစီမံကိန်းကို တတ်စွမ်းသလောက် ဝယ်ယူအားပေးကြဖို့ ဒေါက်တာတေဇာဆန်း တိုက်တွန်းပြောကြား
Spring Mandalay Investment" အိမ်ရာစီမံကိန်းကို တတ်စွမ်းသလောက် ဝယ်ယူအားပေးကြဖို့ ဒေါက်တာတေဇာဆန်းက စက်တင်ဘာလနောက်ဆုံးပတ်မှာတိုက်တွန်းပြောကြားလိုက်ပါတယ်။
"အခုနောက်ပိုင်းမှာ ပြည်သူ့အစိုးရ NUG အနေနဲ့ ဘဏ္ဍာရန်ပုံငွေရှာကြံရေးကိစ္စတွေမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန (MOPFI) က အဓိက တာဝန်ခံ ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။ NUG အနေနဲ့ လိုအပ်နေတဲ့ ငွေလုံးငွေရင်းပမာဏကို EOD ကနေ ရနိုင်ဖို့ မျှော်ရည်ထားတဲ့သဘောပါ။ဒါ့ကြောင့် EOD အစီအစဉ်တွေကို ကျနော်တို့လူထုအနေနဲ့ အထူးအာရုံစိုက်၊ ဝိုင်းဝန်းကြဖို့ တိုက်တွန်းလိုတယ်ဗျာ။အခု EOD - Spring Mandalay Investment စီမံချက်က ရောင်းချမယ့် မြေနေရာတွေဟာလည်း အလွန်အကွက်အကွင်း ကောင်းမွန်လှတာကို မန်းလေးသားတွေ အသိဆုံး ဖြစ်ပါတယ်။ကျနော်တို့ ပြည်သူတွေ ညီကြမယ်နော်။ EOD အစီအစဉ်၊ “Spring Mandalay Investment" ကို တတ်စွမ်းသလောက် ပါဝင်ကြပါ၊ ဝယ်ယူကြပါဗျာ။ ပြည်သူ့အားကို အများကြီး လိုပါသည်ခင်ဗျား"လို့ဒေါက်တာတေဇာဆန်းကဆိုပါတယ်။ လက်ရှိမှာ Spring Mandalay Investment အိမ်ရာစီမံကိန်းမြေကွက်များဝယ်ယူရန် အရောင်းကိုယ်စားလှယ်များ ထံမြေကွက် ၃၀၀ ကျော် ကြိုတင် အမှာစာ တင်ထားပြီလို့သတင်းရရှိပါတယ်။
အိမ်ရာစီမံကိန်းများဖြစ်တဲ့နွေဦးနှင်းဆီ၊နွေဦးရောင်စဥ်နဲ့ နွေဦးတောင်ရိပ်ညိုတို့မှာ မန္တလေးမြို့ရဲ့အချက်အခြာကျသောနေရာများတွင်တည်ရှိပြီး ဝယ်ယူသူများမှာလည်း တော်လှန်ရေးကာလဖြစ်၍ တန်ဖိုး၏ လေးဆယ်ရာခိုင်နှုန်းကိုသာ သုံးလအတွင်းပေးချေနိုင်ပြီး ကျန်ခြောက်ဆယ်ရာခိုင်နှုန်းကို တော်လှန်ရေးကာလအပြီးစီမံကိန်းစတင်သော ကာလတွင်သာ အရစ်ကျပေးချေရမှာဖြစ်ပါတယ်။
========================
📌📌 ၉။ မြန်မာပြည်ဖွားတိုင်းရင်းသားများ စုပေါင်းရန်ပုံငွေရှာဖွေပွဲမှာ အလှုငွေစုစုပေါင်း CA$ 60,000 ခန့်ရရှိတယ်လို့ (MEF) Canadaဆို
မြန်မာပြည်ဖွားတိုင်းရင်းသားများ စုပေါင်းရန်ပုံငွေရှာဖွေပွဲမှာ အလှုငွေစုစုပေါင်း CA$ 60,000 ခန့်ရရှိတယ်လို့ (MEF) Canadaဆိုလိုက်ပါတယ်။ စက်တက်ဘာလနောက်ဆုံးပတ်ထဲမှာ (MEF) Canada ကဖော်ပြအသိပေးပါတယ်။
"စက်တင်ဘာလ အတွက် pre-order food နှင့် live food ချက်ပြုတ်ပြီး စက်တင်ဘာ၂၅ ရက် မြန်မာပြည်ဖွားတိုင်းရင်းသားများ စုပေါင်းရံပုံငွေရှာပွဲ တွင်လာရောက်အားဖြည့်ကြပါသောစေတနာရှင် vendors များရဲ့ရောင်းချရသောအလှုငွေများ၊ EOD , Bond , Lucky Draw နှင့်နွေဦးထီလက်မှတ်ရောင်းရငွေများနှင့်ငွေသားအလှုငွေစုစုပေါင်း CA$ 60,000 ခန့်ရရှိပါတယ်"လို့ဖော်ပြပါတယ်။ အဆိုပါအခမ်းအနားကို သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာဝန်ကြီး ဦးထင်လင်းအောင်လည်းတက်ရောက်ခဲ့ပါတယ်။
အလှုငွေအများဆုံးရရှိအောင်ပံ့ပိုးပေးကြပါသော အလှုရှင်များ၊ အဖက်ဖက်မှရံပုံငွေအများဆုံးရရှိအေင်အားပေးကူညီကြပါသော မိတ်ဆွေတစ်ဦးတစ်ယောက်ချင်းစီတိုင်း၊ performance တွင်ပါဝင်ပံ့ပိုးပေးကြပါသောကနေဒါဖွားကလေးလူငယ်များ နှင့်မြန်မာမိသားစုများ.. တိုင်းရင်းသားညီအကိုမောင်နှမများအားလုံးကို ကျေးဇူးတင်ရှိတယ်လို့ (MEF) Canada ကဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment