5th SEP 2022 - Evening Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ PDFအဖြစ် အသိအမှတ်ပြုပြီး တပ်ရင်း တပ်ဖွဲ့တိုင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ဖြစ်နိုင်တဲ့ထောက်ပံ့မှုများပေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေးပြောကြား

📌 ၂။ Project Skywalk အတွက် ထောက်ပို့လှူဒါန်းသူတိုင်း ကာကွယ်ရေးဝန်ကြီးလက်မှတ်ရေးထိုးထားတဲ့ ဂုဏ်ပြုလွှာကို ပြန်လည်ပေးပို့ပေးမယ်

📌 ၃။ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိနေရေးဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတယ်လို့ လူထုသပိတ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၄။ အကြမ်းဖက် စစ်တပ်ဟာ အထိန်းအကွပ်မဲ့ ဘတ်ဂျတ်လျာထားချက်မရှိပဲ အာဏာ တည်မြဲဖို့ ထုတ်သုံးနေသရွေ့  ဒေါ်လာစျေး မိုးပေါ် ​​ရောက်အုံးမယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၅။ အကြမ်းဖက် စစ်တပ်ဟာ တိုင်းရင်းသားနယ်စပ်တစ်လျှောက်နဲ့ ရခိုင်ပြည်နယ်မှာ ကျင့်သုံးခဲ့တဲ့ စစ်ရေးဗျူဟာ ဖြတ်လေးဖြတ် စီမံကိန်းကို ယခုပြန်လည်အသုံးပြုနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၆။ မြိုင်မြို့နယ် မြောက်ပိုင်း အိုးဘိုရွာကို စကစတပ်နှင့်ပျူများ ဒုတိအကြိမ်မီးထပ်မံရှို့

📌 ၇။ စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အရပ်သားများကိုလည်းဖမ်းဆီးထား

📌 ၈။ Snake Eyes PDF ပါဝင်သော ရွှေဘိုမြို့နယ် မဟာမိတ် တပ်ပေါင်းစု () အနေဖြင့်  Drone အသုံးပြု၍ ပြုလုပ်ခဲ့သော စစ်ရေးများမှာ စကစတပ်နဲ့ပျူ ၈၀ ကျော်သေဆုံး

📌 ၉။ စစ်သင်္ဘော () စီးအပါအ၀င် () စီးအား DPRA ကစောင့်ဆိုင်းပစ်ခတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ PDFအဖြစ် အသိအမှတ်ပြုပြီး တပ်ရင်း တပ်ဖွဲ့တိုင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ဖြစ်နိုင်တဲ့ထောက်ပံ့မှုများပေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေးပြောကြား


PDF အဖြစ် အသိအမှတ်ပြုပြီး တပ်ရင်း တပ်ဖွဲ့တိုင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ဖြစ်နိုင်တဲ့ထောက်ပံ့မှုများပေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။ ပြည်သူမေးသမျှ ဖြေကြားမယ့်အစီအစဥ်မှာ ကာကွယ်ရေးဝန်ကြီး ကအသိပေးဆိုပါတယ်။


"လက်ရှိ PDF များကို အသိအမှတ်ပြုတဲ့လုပ်ငန်းစဥ်ကတော့ အဓိက ဝန်ကြီးဌာနနဲ့ စစ်ဒေသနဲ့ညှိနှိုင်းဆောင်ရွက်တယ်။ PDF အဖြစ်အသိအမှတ်ပြုပြီးသား တပ်ရင်းတပ်ဖွဲ့တွေဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနက ဖြစ်နိုင်တဲ့ထောက်ပံ့မှုတွေကို ရနိုင်မှာဖြစ်တယ်။ ဒီထဲမှာ တပ်ရင်း တပ်ဖွဲ့အလိုက်လစဥ် ရိက္ခာထောက်ပံ့တာရှိတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ယင်းမာပင်ခရိုင်က ဗိုလ်နဂါးတပ်ရင်း၄ရင်းကို ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုမှတ်ပုံတင်ဆောင်ရွက်ပြီးဖြစ်ကာ လက်နက်တပ်ဆင်ရေးကို စစ်ဒေသက ဆောင်ရွက်နေပြီလို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။ လက်ရှိမှာ MOD က မှတ်ပုံတင်တဲ့ တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၀ ခန့်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၂။ Project Skywalk အတွက် ထောက်ပို့လှူဒါန်းသူတိုင်း ကာကွယ်ရေးဝန်ကြီးလက်မှတ်ရေးထိုးထားတဲ့ ဂုဏ်ပြုလွှာကို ပြန်လည်ပေးပို့ပေးမယ်


Project Skywalk အတွက် ထောက်ပို့လှူဒါန်းသူတိုင်း ကာကွယ်ရေးဝန်ကြီးလက်မှတ်ရေးထိုးထားတဲ့ ဂုဏ်ပြုလွှာကို ပြန်လည်ပေးပို့ပေးမယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာလအတွင်း Project Skywalk အတွက် လှူဒါန်းမှုပြုနိုင်ကြောင်း ကိုထိန်လင်းကဆိုပါတယ်။


"မိတ်ဆွေတွေက ဘယ်ကိုလှူရမှန်းမသိ ဖြစ်နေကြောင်း လှမ်းပြောလို့ပါ။ Project Skywalk အတွက် ကျနော့်ထံ ငွေပို့လို့ရပါတယ်။ Zelle နဲ့ ပို့ပေးရမှာဖြစ်ပြီး အမည်နဲ့ အီးမေးလ်လိပ်စာ လိုပါတယ်။ စာရင်းဖြည့်လိုက်တာနဲ့ ကာကွယ်ရေးဝန်ကြီးလက်မှတ်ရေးထိုးထားတဲ့ ဂုဏ်ပြုလွှာကို အီးမေးလ်မှ ပို့ပေးမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


မြေပြင်က တိုက်ပွဲဝင်နေတဲ့ Drone Squad ​တွေအတွက် မဟာဗျူဟာကျတဲ့ ပစ္စည်းတွေကို အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် တပ်ဆင်နိုင်ဖို့ ဒီနေ့ သြဂုတ် ၃၀ ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ Campaign ကာလ ပတ်တာအတွင်း ​"Project Skywalk" ကနေ ဘဏ္ဍာငွေပေါင်း မေရိကန်ဒေါ်လာ ( ) သန်းအထိ ရှာဖွေပံ့ပိုးပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ Project Skywalk" ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွတ် ဦးဆောင်ပြီး ဘဏ္ဍာရေးဌာနနဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့တို့ ဦးစီးလုပ်ဆောင်တဲ့ ဘဏ္ဍာငွေရှာဖွေရေး အစီစဥ်တစ်ရပ် ဖြစ်ပါတယ်။


========================


📌📌 ၃။ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိနေရေးဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတယ်လို့ လူထုသပိတ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိနေရေးဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတယ်လို့ လူထုသပိတ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းနှင့် ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို UN မှာ ဆက်လက် ထားရှိပေးဖို့ လူထုဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာလ ရက်နေ့တွင် ဆောမြို့နယ်၌ ကျင်းပခဲ့ရာမှာ ဝန်ကြီးက ရုပ်သံဖိုင်နဲ့ပြောကြားခဲ့ပါတယ်။


ဒီနေ့ပြုလုပ်ရတဲ့ သပိတ်တိုက်ပွဲကတော့ ကျွန်တော်တို့ရဲ့ ကုလသမဂ္ဂ အထူးသံအမတ်ကြီး ဦးကျော်မိုးထွန်း လက်သုံးချောင်းထောင်ပြီး ပြည်သူနဲ့အတူ ကမ္ဘာသိအောင် နွေဦးတော်လှန်ရေးနဲ့အတူ ရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နေရာဆက်ပြီး ရရှိရေးအတွက် ပြည်သူ့အသံနဲ့ ပြည်သူ့ဆန္ဒကို ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိနေရေးဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် အရေးကြီးပါတယ်။လို့ဝန်ကြီးကဆိုပါတယ်။


ကုလသမဂ္ဂသည် ပြည်သူလူထုအတွက် ထူးထူးခြားခြား ထောက်ပံ့မှုများ မရှိသေးသော်လည်း ပြည်သူနှင့်အတူ၊ နွေဦးတော်လှန်ရေးနှင့် အတူ ရပ်တည်ပေးနေကြောင်းနှင့် ပြည်သူနှင့်အတူ မရပ်တည်ဘဲ စစ်ကောင်စီက လွှတ်လိုက်သည့် ကိုယ်စားလှယ်ကို လက်ခံပြီး စစ်ကောင်စီနှင့်အတူ ရပ်တည်လိုက်ပါက တော်လှန်ရေးတွင် အခက်အခဲ ဖြစ်စေနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကထပ်လောင်းပြောပါတယ်။


ဆန္ဒခံယူပွဲကို The Youth Force ( Saw-Kyaukhtu)  က ဦးဆောင်ပြုလုပ်ခဲ့ပြီး ဆောမြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များမှလည်း အင်းအားဖြည့် ပူးပေါင်း ကူညီပေးခဲ့ကြပါတယ်။ အခမ်းအနားကို တက်ရောက်သည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်သော ချင်း၊ ဗမာ တောင်သား စသည့် တိုင်းရင်းသားများနှင့် ကျောင်းသား ကျောင်းသူများ၊ဆရာ ဆရာမများ၊ပြည်သူ အင်အား (၁၀၀၀) ကျော်အတွက် လုံခြုံဘေးကင်းစေရန် တာဝန်ယူပေးခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက် စစ်တပ်ဟာ အထိန်းအကွပ်မဲ့ ဘတ်ဂျတ်လျာထားချက်မရှိပဲ အာဏာ တည်မြဲဖို့ ထုတ်သုံးနေသရွေ့  ဒေါ်လာစျေး မိုးပေါ် ​​ရောက်အုံးမယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ဆို


အကြမ်းဖက် စစ်တပ်ဟာ အထိန်းအကွပ်မဲ့ ဘတ်ဂျတ်လျာထားချက်မရှိပဲ အာဏာ တည်မြဲဖို့ ထုတ်သုံးနေသရွေ့  ဒေါ်လာစျေး မိုးပေါ် ​​ရောက်အုံးမယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။ စက်တင်ဘာ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကရေးသားပြောပါတယ်။


"ဒေါ်လာ ဘာကြောင့်တက်လဲ ဆိုတော့ ​​​ခေတ်မှီ စစ်လက်နက် တချို့နဲ့ စစ်လေယဥ်တွေမှာ ထည့်ပစ်ရတဲ့ ပစ္စည်းမှန်သမျှလေယဥ်ဆီ ကအစဒေါ်လာနဲ့ ဝယ်ရလို့ပဲ။ ဒီ​​တော့ စစ်ခေါင်းဆောင်တွေ ရုရှားသွားပြီးငွေ ခဏခဏ သွားရှင်းနေရတဲ့ အကျိုးဆက်က မြန်မာပြည်သူ အားလုံး ခံရတာပဲ။ ဒီလောက် စိတ်ရှိ လက်ရှိ အထိန်းအကွပ်မဲ့ ဘတ်ဂျတ်လျာထားချက်မရှိပဲ အာဏာ တည်မြဲဖို့ ထုတ်သုံးနေမှတော့ဒေါ်လာစျေး မိုးပေါ် ​​ရောက်အုံးမယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစဟာ ရွှေစျေးနဲ့ ဒေါ်လာစျေးကွက်ကိုအသည်းအသန်ထိန်းညှိနေသော်လည်း စစ်အုပ်စုမိသားစုဝင်များကိုယ်တိုင် ဝယ်ယူစုဆောင်မှုများ မြင့်တက်နေပါတယ်။


========================


📌📌 ၅။ အကြမ်းဖက် စစ်တပ်ဟာ တိုင်းရင်းသားနယ်စပ်တစ်လျှောက်နဲ့ ရခိုင်ပြည်နယ်မှာ ကျင့်သုံးခဲ့တဲ့ စစ်ရေးဗျူဟာ ဖြတ်လေးဖြတ် စီမံကိန်းကို ယခုပြန်လည်အသုံးပြုနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


အကြမ်းဖက် စစ်တပ်ဟာ တိုင်းရင်းသားနယ်စပ်တစ်လျှောက်နဲ့ ရခိုင်ပြည်နယ်မှာ ကျင့်သုံးခဲ့တဲ့ စစ်ရေးဗျူဟာ ဖြတ်လေးဖြတ် စီမံကိန်းကို ယခုပြန်လည်အသုံးပြုနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ အကြမ်းစစ်တပ်ရဲ့ ပြည်သူ့အိုးအိမ်များ ဖျက်ဆီးနေမှုအပေါ် ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။


"အခုနောက်ပိုင်းမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေက ဟိုးအရင်တုန်းက ကျင့်သုံးခဲ့တဲ့ စစ်ရေးဗျူဟာ တွေကို ပြန်လည် ကျင့်သုံးတဲ့ပုံစံမျိုးတွေ့မိပါတယ်။တိုင်းရင်းသား နယ်စပ်တစ်လျှောက်မှာ ကျင့်သုံးခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဒေသရှင်းလင်းရေးဆိုတဲ့ စီမံချက်အရ လုပ်ဆောင်တဲ့ ဖြတ်လေးဖြတ် စီမံကိန်းကို  ကျင့်သုံးနေတယ်။ပြန်လည်အရှိန်မြှင့်ကျင့်သုံးနေတာကိုတွေ့ရတယ်"လို့ဆိုပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် မြောက်ဦးမှာလည်း အကြမ်းဖက် စစ်တပ်ဟာ လေကြောင်းပစ်ကူနဲ့အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊မြေပြင်မှာ အင်အားသုံး စစ်ကြောင်းထိုး၍ ဖမ်းဆီးခြင်းများပြုလုပ်နေပါတယ်။


========================


📌📌 ၆။ မြိုင်မြို့နယ် မြောက်ပိုင်း အိုးဘိုရွာကို စကစတပ်နှင့်ပျူများ ဒုတိအကြိမ်မီးထပ်မံရှို့


မကွေးတိုင်း မြိုင်မြို့နယ် မြောက်ပိုင်း အိုးဘိုရွာကို စကစတပ်နှင့်ပျူများ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စက်တင်ဘာ ရက် မနက်ပိုင်းမှာ စကစတပ်နဲ့ပျူများဟာ ထပ်မံရွာကို မီးရှို့ဖျက်ဆီးတာလို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုပါတယ်။


"ကန်နီပျူများနှင့် စကစတပ်တွေပူးပေါင်းပြီး မြိုင်နယ် မြောက်ပိုင်း အိုးဘိုရွာကို ဒုတိယအကြိမ်မြောက် စတင်မီးရှို့နေပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ကရင်နီဒေသနဲ့ချင်းပြည်နယ်တို့ရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး အလုံးရေ သုံးသောင်းနီးပါးမီးလောင်ပျက်စီးခဲ့ပါတယ်။


========================


📌📌 ၇။ စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အရပ်သားများကိုလည်းဖမ်းဆီးထား


စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အရပ်သားများကိုလည်းဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။ စက်တက်ဘာ ရက်နေ့မှာ ဒေါင်းစစ်သည်တပ်ဖွဲ့ကအသိပေးဆိုပါတယ်။


"မြောင်နယ်မှာစစ်ကြောင်းနှစ်ကြောင်းခွဲထိုးနေပြီး ချောင်းဦးနယ်ကစစ်ကြောင်းကပါမြောင်နယ်အစပ်မြင်းမူမြို့နယ်ဂွေးပင်တောဘုန်းကြီးကျောင်းထဲမှာတစ်ဖွဲ့အင်အား50ဝန်းကျင်နှင့်ဂွေးပင်တောပတ်ချာလည်မှာအင်အား ၃၀ ခန့်ကင်းဖြန့်ဝပ်နေပီး မြောင်နယ်ဘူးကိုင်းကျေးရွာနှင့်ဆယ်ရွာကျေးရွာကိုလဲမနေ့ညကဝင်စီးထားပါသေးတယ်။ ပြည်သူနှစ်ယောက်ကိုလည်းဖမ်းထားပါသေးတယ်"လို့ဆိုပါတယ်။ ထို့နောက်မြောင်နယ်ပန်းညိုကျေးရွာကိုတပ်စွဲထားသောစကစတပ်များဟာယခုအခါပန်းညိုတောင်ဘက်ကမြေနုကျွန်းဘက်မှာကင်းဝပ်နေတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ Snake Eyes PDF ပါဝင်သော ရွှေဘိုမြို့နယ် မဟာမိတ် တပ်ပေါင်းစု () အနေဖြင့်  Drone အသုံးပြု၍ ပြုလုပ်ခဲ့သော စစ်ရေးများမှာ စကစတပ်နဲ့ပျူ ၈၀ ကျော်သေဆုံး


Snake Eyes PDF ပါဝင်သော ရွှေဘိုမြို့နယ် မဟာမိတ် တပ်ပေါင်းစု () အနေဖြင့်  Drone အသုံးပြု၍ ပြုလုပ်ခဲ့သော စစ်ရေးများမှာ စကစတပ်နဲ့ပျူ ၈၀ ကျော်သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ရက်နေ့မှာ Snake Eyes PDF ကဖော်ပြအသိပေးပါတယ်။


"ဝေဟင်ကနေ ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ တစုတစည်းတည်းတော်လှန်ပျံဝဲသွားမယ့်အစီအစဉ်ကို ပြည်သူလူထုအနေနဲ့ လိုက်ပါပျံဝဲနိုင်ဖို့ မောင်တထမ်းဖြစ်စေ မယ်တရွက်ဖြစ်စေ  ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ မှာ ထောက်ပံ့လှူလို့ကူလို့ ရပါပြီ။ ယခုအချိန်ထိ ကျနော်တို့ Snake Eyes PDF ပါဝင်သော ရွှေဘိုမြို့နယ် မဟာမိတ် တပ်ပေါင်းစု () အနေဖြင့်  Droneအသုံးပြု၍ ပြုလုပ်ခဲ့သော စစ်ရေးmission များတွင် စခနှင့်ပျူ (၈၁) ဦး ထိခိုက်သေဆုံးခဲ့ပြီး (၆၈) ဦးအထိ ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ ထိုစစ်ရေး missionများအတွင်း SEIG ဗုံးသီးအလုံး(၃၀၀)ကျော် အသုံးပြုခဲ့ပြီး ကာကွယ်ရေးတပ်ဘက်မှ Drone (၁၂)စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။


========================


📌📌 ၉။ စစ်သင်္ဘော () စီးအပါအ၀င် () စီးအား DPRA ကစောင့်ဆိုင်းပစ်ခတ်


ချင်းတွင်းမြစ်‌ကြောင်း တွင်းယမန်နေ့က စစ်သင်္ဘော () စီးအပါအ၀င် () စီးအား DPRA ကစောင့်ဆိုင်းပစ်ခတ်ခဲ့ပါတယ်။ စက်တင်ဘာ ရက်နေ့မှာ စစ်ရေးသတင်းကို DPRA ကအသိပေးဆိုပါတယ်။


"စက်တင်ဘာ ရက်နေ့ (၁၁:၃၀) နာရီခန့်တွင် စုန်ဆင်းလာသော စစ်သင်္ဘော () စီးအပါအ၀င် () စီးအား စောင့်ဆိုင်းပစ်ခတ်ခဲ့တယ်"လို့ ဆိုပါတယ်။ စကစတပ်ကထိခိုက်မှုများရှိသော်လည်း အတိအကျမသိရှိရသေးပေ။ ထို့အပြင် စကစတပ်သားများသည် ဘင်္ဘောပေါ်မှနေ၍ မဲတင်ရွာအား ရမ်းသမ်းပစ်ခတ်သွားခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment