5th SEP 2022 - Morning Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့်ကသုံးလုံးခရိုင် ပအဖများတွေ့ဆုံ

📌 ၂။ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနဲ့နွေဦးတော်လှန်ရေးအောင်ပွဲအကြောင်းအရာကိုဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်အသိပေးပြောကြား

📌 ၃။ စစ်ကောင်စီဟာ လူတွေရဲ့ လွတ်မြောက်ခြင်းကိုကြောက်နေတာရောဂါလို ဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၄။ Mef Canada မှ ဦးစီးပြုလုပ်မယ့်တိုင်းရင်းသားပေါင်းစုံ စုပေါင်းရံပုံငွေရှာဖွေပွဲမှာ EOD ရှယ်ယာနဲ့နွေဦးထီများရောင်းချပေးမယ်

📌 ၅။ တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) စာမေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ်ကျင်းပသွားဖို့ရှိ

📌 ၆။ အကြမ်းဖက် စစ်တပ်ဟာ မြောက်ဦးက လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ရဲတဲ့ သူရဲဘောကြောင်သူတွေလို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

📌 ၇။ BlackGod ပြောက်ကျားတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ တပ်ခွဲ အဖြစ် အသိအမှတ်ပြုပြီးဖြစ်တယ်လို့ဆို

📌 ၈။ အခုရက်ပိုင်းမှာ Federal Wings ဒရုန်းတပ် တွေ ပါဝင်တိုက်ခိုက်နေတဲ့ တိုက်ပွဲသတင်းတွေ ပိုမိုကြားလာရဖို့ရှိတယ်လို့အသိပေးဆို

📌 ၉။ မြောင်နယ် ငါးရန့်အိုမှ ပန်းညိုသို့ ထွက်ခွာသော စကစတပ်စစ်ကြောင်းဟာ စစ်ရှောင်ပြည်သူများ သွားလာနေတာကိုမြင်၍  လှမ်းပစ်ရာ အမျိုးသမီးငယ်တစ်ဦးနောက်ကျောကိုကျည်ဆန်ထိမှန်

📌 ၁၀။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ထုတ်လုပ်ထားသော ၈၁ မမ လက်နက်ကြီး မြေပြင်တိုက်ပွဲ ထိရောက်စွာ အသုံးပြုနေ

📌 ၁၁။ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာအနီး၌ စစ်ကြောင်းထိုးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အားကရင်နီတပ်မတော် (KA) နဲ့ပူးပေါင်းအဖွဲ့များတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့်ကသုံးလုံးခရိုင် ပအဖများတွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့်ကသုံးလုံးခရိုင်ပအဖများတွေ့ဆုံခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့်ကသုံးလုံးခရိုင်ပအဖများတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၄/၂၀၂၂) အစည်းအဝေးကို စက်တင်ဘာ ရက်နေ့မှာကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာသယံဇာတနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Dr တူးခေါင်မှအဖွင့်အမှာစကားပြောကြားကာကသုံးလုံးခရိုင်ဒေသအတွင်းကျန်းမာရေး၊ပညာရေး၊လျှပ်စစ်၊ဆက်သွယ်ရေး၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင်ကဏ္ဍအရေး၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင်ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်ထားရှိမှုများကိုဌာနဆိုင်ရာများမှတင်ပြဆွေးနွေးခဲ့ကြပါတယ်။


ထို့နောက်ကသုံးလုံးခရိုင်ပအဖများမှမြေပြင်ကြုံတွေ့နေရသည့်အခက်အခဲများနှင့်သိရှိလိုသည်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးသို့စစ်ကိုင်းတိုင်းပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှတိုင်းတာဝန်ခံနှင့်တွဲဘက်တာဝန်ခံတို့လည်းတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနဲ့နွေဦးတော်လှန်ရေးအောင်ပွဲအကြောင်းအရာကိုဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်အသိပေးပြောကြား


တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနဲ့နွေဦးတော်လှန်ရေးအောင်ပွဲအကြောင်းအရာကိုဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်အသိပေးပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ရက်နေ့မှာ စီမံကိန်းနဲ့ဘဏ္ဍာရေး ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က လူမှုကွန်ရက်မှာရေးသားပြောပါတယ်။


"တလောက တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များနဲ့ အရေးကြီးကိစ္စတချို့ တိုင်ပင်ဆွေးနွေးဆုံးဖြတ်ဖြစ်ကြတယ်။သတ်မှတ်ရည်ရွယ်ထားတဲ့ အချိန်တစ်ခုမှာ ပြည်သူလူထု လိုလားတောင့်တတဲ့ အောင်ပွဲကို ရယူနိုင်ဖို့ဆိုရင် လိုအပ်တဲ့ဘဏ္ဍာရန်ပုံငွေ အချိန်မီရနိုင်/မရနိုင် က အရင်စပြီး ဆွေးနွေးဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့က စတင်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ တစ်နှစ် ပြည့်မြောက်မှာဖြစ်ပါတယ်။ လက်ရှိမှာ ၂၀၂၃ စကစရဲ့ ရွေးကောက်ပွဲမတိုင်မီ နွေဦးတော်လှန်ရေးကို အပြီးသတ်မယ်လို့ ပြည်ထဲရေးဝန်ကြီးကဆိုထားပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီဟာ လူတွေရဲ့ လွတ်မြောက်ခြင်းကိုကြောက်နေတာရောဂါလို ဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို


စစ်ကောင်စီဟာ လူတွေရဲ့ လွတ်မြောက်ခြင်းကိုကြောက်နေတာရောဂါလို ဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကပြောပါတယ်။ စက်တင်ဘာ ရက်နေ့ လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကရေးသားပြောပါတယ်။


"ရခိုင် Rap အဆို​​ကျော်ကို စကစ မှ ဖမ်းလိုက်ကြောင်း သိရပါတယ်။ သီချင်းစာသားအားလုံးတော့ နားမလည်ပေမယ့် Freedom ဆိုတာတော့ ကြားလိုက်တယ်။ ဘာအကြောင်းကြောင့်ဖမ်းတယ် ဆိုတာ မသိရပေမယ့်၊ ဖြစ်နိုင်ချေကတော့ freedom ဆိုတဲ့ ဘောတရားကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ စကစ က လူတွေရဲ့ လွတ်မြောက်ခြင်းကိုကြောက်နေတာရောဂါလို ဖြစ်နေပြီ"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၂၂၄) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၄၂၇) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၄။ Mef Canada မှ ဦးစီးပြုလုပ်မယ့်တိုင်းရင်းသားပေါင်းစုံ စုပေါင်းရံပုံငွေရှာဖွေပွဲမှာ EOD ရှယ်ယာနဲ့နွေဦးထီများရောင်းချပေးမယ်


Mef Canada မှ ဦးစီးပြုလုပ်မယ့်တိုင်းရင်းသားပေါင်းစုံ စုပေါင်းရံပုံငွေရှာဖွေပွဲမှာ EOD ရှယ်ယာနဲ့နွေဦးထီများရောင်းချပေးမယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၂၅ ရက် Fundraising Event's Performance Program အတွက် အားဖြည့်ကူညီလိုသူများလည်းMef Canada မှဖိတ်ခေါ်ထားပါတယ်။


စက်တင်ဘာ ၂၅ ရက် တနင်္ဂနွေနေ့တွင် Mef Canada မှ ဉီးစီးပြုလုပ်မည့်တိုင်းရင်းသားပေါင်းစုံ စုပေါင်းရံပုံငွေရှာဖွေပွဲတွင် မြန်မာ့ရိုးရာအစားအသောက်မျိုးစုံရောင်းချရေးနှင့်အတူ မြန်မာ/တိုင်းရင်းသား ရိုးရာဖျော်ဖြေရေး အစီအစဥ်လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင်အဆိုပါပွဲအခမ်းအနားမှာ EOD ရှယ်ယာနဲ့နွေဦးထီများရောင်းချပေးမယ့်အပြင် MRF ထောက်ပို့အဖွဲ့ဝင်များကိုလည်း လက်ခံပေးသွားမယ်လို့ MEF Canada fundraiser Team ကအသိပေးကြေညာထားပါတယ်။


========================


📌📌 ၅။ တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) စာမေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ်ကျင်းပသွားဖို့ရှိ


တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ်ကျင်းပသွားဖို့ရှိတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ရက်နေ့မှာ ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့ကအသိပေးဆိုပါတယ်။


"CDM ကျောင်းသားများနှင့် ကျောင်းသားမိဘများသိရှိစေရန် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ်ကျင်းပဖြေဆိုကြရမည်ဖြစ်ပါသဖြင့် အမြန်ဆုံးကျောင်းအပ်နှံကြဖို့ အလေးအနက်တိုက်တွန်အပ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ ဆိပ်ဖြူမြို့နယ်မှာ ကျောင်းအပ်လက်ခံမှုများစတင်ပြီလို့အသိပေးကြေညာထားကာ CDM ကျောင်းသားများနှင့် မိဘများ၏ လုံခြုံရေးကို ထိခိုက်စေမည့် အချက်အလက်များကို တောင်းယူခြင်း လုံးဝမပါဝင်ဘူးလို့အသိပေးဆိုထားပါတယ်။


========================


📌📌 ၆။ အကြမ်းဖက် စစ်တပ်ဟာ မြောက်ဦးက လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ရဲတဲ့ သူရဲဘောကြောင်သူတွေလို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော


အကြမ်းဖက် စစ်တပ်ဟာ မြောက်ဦးက လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ရဲတဲ့ သူရဲဘောကြောင်သူတွေလို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြောကြားလိုက်ပါတယ်။ စက်တက်ဘာ ရက် တွယ်တာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားပြောကြားလိုက်တာဖြစ်ပါတယ်။


"မြောက်ဦးက လက်နက်မဲ့ အရပ်သားများကိုသာ တိုက်ခိုက်ရဲတဲ့ သူရဲဘောကြောင်သူများ၊မြောက်ဦးစစ်ဆင်ရေးကို တပ်မ ၅၅ တပ်မှူးအမိန့်နဲ့တိုက်ရိုက်ဆောင်ရွက်တာ သိရတယ်"လို့ဆိုထားပါတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို စစ်မျက်နှာဖွင့်ထားသော်လည်း စကစတပ်များအထိနာပါက လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားများကို ပစ်မှတ်ထားတ်ုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၇။ BlackGod ပြောက်ကျားတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ တပ်ခွဲ အဖြစ် အသိအမှတ်ပြုပြီးဖြစ်တယ်လို့ဆို


BlackGod ပြောက်ကျားတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ တပ်ခွဲ အဖြစ် အသိအမှတ်ပြုပြီးဖြစ်တယ်လို့ဆိုပါတယ်။ စက်တင်ဘာလအတွင်းမှာ BlackGod ပြောက်ကျားတပ်ဖွဲ့ကအသိပေးဖော်ပြပါတယ်။


"ကျွန်တော်တို့ BlackGod ပြောက်ကျားတပ်ဖွဲ့ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ တပ်ခွဲ အဖြစ် ၂၀၂၂ ခုနှစ် လပိုင်း ၂၉ ရက်နေ့တွင် တရားဝင် အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၀ ခန့်ကိုမှတ်ပုံတင်ပေးပြီးဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်တပ်ဆင်ရေးနဲ့အမိန့်ပေးကွပ်ကဲမှုစနစ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ဦးစားပေးအလိုက် လုပ်ဆောင်နေလျက်ရှိပါတယ်။


========================


📌📌 ၈။ အခုရက်ပိုင်းမှာ Federal Wings ဒရုန်းတပ် တွေ ပါဝင်တိုက်ခိုက်နေတဲ့ တိုက်ပွဲသတင်းတွေ ပိုမိုကြားလာရဖို့ရှိတယ်လို့အသိပေးဆို


အခုရက်ပိုင်းမှာ Federal Wings ဒရုန်းတပ်တွေ ပါဝင်တိုက်ခိုက်နေတဲ့ တိုက်ပွဲသတင်းတွေ ပိုမိုကြားလာရဖို့ရှိတယ်လို့အသိပေးဆိုလိုက်ပါတယ်။ စက်တင်ဘာ ရက်နေ့ ညပိုင်းမှာ Federal Wings ဒရုန်းတပ်ဖွဲ့ကဆိုပါတယ်။


"Drone တွေကို စစ်မြေပြင်မှာသုံးတယ်ဆိုတာက လျှို့ဝှက်ချက်မဟုတ်တော့ပါ။အခုအချိန်အထိ ဒါတွေကို လျှို့ဝှက်ချက်လို့ထင်မြင်နေသေးရင်တော့ ထင်မြင်တဲ့သူဟာ မြေပြင်နဲ့ အတော်လေးကိုအဆက်ပြတ်နေပြီလို့ပဲ အားမနာတမ်းပြောရပါမယ်။ အခုရက်ပိုင်းမှာ Federal Wings တွေ ပါဝင်တိုက်ခိုက်နေတဲ့ တိုက်ပွဲသတင်းတွေ ပိုမိုကြားလာရဖို့ရှိပါတယ်"လို့ဆိုပါတယ်။


Federal Wings ရဲ့ အနယ်နယ်အရပ်ရပ်က Drone တပ်ဖွဲ့တွေ စစ်ဆင်ခဲ့တဲ့ Mission ပေါင်း (၁၀၀) ခန့်မှာ ရန်သူဖက်က သေဆုံးသူ (၅၀) ခန့်နဲ့ ဒါဏ်ရာရသူပေါင်းမြောက်မြားစွာရှိခဲ့ပါတယ်။ Federal Wings ဟာ Drone Project နဲ့ Sniper Project တွေအားလုံးအတွက် အမေရိကန်ဒေါ်လာ () သန်းကျော် သုံးစွဲကုန်ကျခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၉။ မြောင်နယ် ငါးရန့်အိုမှ ပန်းညိုသို့ ထွက်ခွာသော စကစတပ်စစ်ကြောင်းဟာ စစ်ရှောင်ပြည်သူများ သွားလာနေတာကိုမြင်၍  လှမ်းပစ်ရာ အမျိုးသမီးငယ်တစ်ဦးနောက်ကျောကိုကျည်ဆန်ထိမှန်


စစ်ကိုင်းတိုင်းမြောင်မြို့နယ် ငါးရန့်အိုမှ ပန်းညိုသို့ ထွက်ခွာသောစကစတပ်စစ်ကြောင်းဟာ စစ်ရှောင်ပြည်သူများ သွားလာနေတာကိုမြင်၍  လှမ်းပစ်ရာ အမျိုးသမီးငယ်တစ်ဦးနောက်ကျောကိုကျည်ဆန်ထိမှန်ခဲ့ပါတယ်။ စက်တင်ဘာ ရက်နေ့မှာ မြောင် CDSOM ကဖော်ပြပါတယ်။


"ငါးရန့်အိုမှ ပန်းညိုသို့ ထွက်ခွာသော အကြမ်းဖက်ခွေး စစ်ကြောင်းမှာ စစ်ရှောင်ပြည်သူများ သွားလာနေသည်ကိုမြင်၍ အဝေးမှ လက်နက်ဖြင့် လှမ်းပစ်ရာ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၏ နောက်‌‌ကျော ကျည်ထိမှန်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ ပန်းညို​​ရွာသို့ မီးရှို့မှုများကျူးလွန်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှူများ မသိရှိရသေးဘူးလို့သတင်းရရှိပါတယ်။


========================


📌📌 ၁၀။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ထုတ်လုပ်ထားသော ၈၁ မမ လက်နက်ကြီး မြေပြင်တိုက်ပွဲ ထိရောက်စွာ အသုံးပြုနေ


ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ထုတ်လုပ်ထားသော ၈၁ မမ လက်နက်ကြီး မြေပြင်တိုက်ပွဲ ထိရောက်စွာ အသုံးပြုနေပြီလို့ဆိုပါတယ်။ စက်တင်ဘာ ရက်နေ့မှာကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ကအသိပေးဆိုပါတယ်။


"ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)   ထုတ်လုပ်ထားသော ၈၁ မမ မှာ မြေပြင်တိုက်ပွဲ ထိရောက်စွာ အသုံးပြု ဒီမော့ဆို နှင့် ဖရူဆို လမ်းပိုင်း များတွင်လည်း အခြားသော မဟာမိတ် တပ်များ နှင့် ပူးပေါင်း တိုက်ထုတ်လျက်ရှိကြောင်း အသိပေး လိုက်ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲ အတွင်း လက်နက်ကြီးပစ်၍ ထိခိုက်ခြင်း၊ KRU sniper အဖွဲ့ နှင့် အခြား sniper အဖွဲ့ များ  မှ ပစ်ခတ် ခဲ့ခြင်းတို့ကြောင့် စကစတပ်က သေဆုံးမှုများ များခဲ့ပါတယ်။


========================


📌📌 ၁၁။ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာအနီး၌ စစ်ကြောင်းထိုးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အားကရင်နီတပ်မတော် (KA) နဲ့ပူးပေါင်းအဖွဲ့များတိုက်ခိုက်


ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာအနီး၌ စစ်ကြောင်းထိုးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အားကရင်နီတပ်မတော် (KA) နဲ့ပူးပေါင်းအဖွဲ့များတိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာလ () ရက်နေ့ နံနက် (:၃၀) နာရီအချိန်ခန့်တွင် ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာအနီး၌ စစ်ကြောင်းထိုးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အားကရင်နီတပ်မတော် (KA) KNDF B/10 တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့တာလို့ KNDF တပ်ရင်းကဖော်ပြပါတယ်။


ထိတွေ့တိုက်ပွဲမှာ () နာရီနီးပါကြာမြင့်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ () ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိသူ များပြားခဲ့ပြီး တိုက်ပွဲတွင်းမှ ၎င်းတို့ကိုင်ဆောင်သော MA-3 သေနတ် ()လတ် ခဲယမ်း နှင့်ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖက်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


ထို့အတူ ယနေ့ နေ့လည် (၁း၃၆)နာရီအချိန်တွင် ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာ နှင့် ထီးပေါ့ဆိုကျေးရွာများအနီးတွင် စစ်ကြောင်းထိုး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား KA KNDF B/04 B/15 တို့ပူးပေါင်း၍ () နာရီကျော်ကြာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကာ ပူးပေါင်းတပ်ဖက်မှ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။


အထက်ပါ ထိတွေ့တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ အထိနာ၍ လက်နက်ကြီးများအား အလွန်အကျွံအသုံးပြုပစ်ခတ်ခဲ့ပြီး လက်ရှိချိန်တွင်လည်း ဒီးမော့ဆို - ဖရူဆို လမ်းမကြီး တစ်လျှောက် စစ်ကြောင်းထိုး တပ်စွဲခြင်းများ လုပ်ဆောင်လျှက်ရှိပြီး နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment