6th SEP 2022 - Evening Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူများကို နည်းလမ်းမျိုးစုံနဲ့ နှိပ်စက်ပြီး တိုင်းပြည်မှ ထွက်ပြေးသွားအောင် နှင်ထုတ်နေတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလဆို

📌 ၂။ ပြည်သူ့ခုခံတော်လှန်စစ်ကြေညာတဲ့ တစ်နှစ်ပြည့်ယာယီသမ္မတ ဒူဝါလရှီးလနိုင်ငံ တော်အခြေပြ မိန့်ခွန်းပြောမယ်

📌 ၃။ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီးပြည်သူတရပ်လုံး လိုလား တောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုလည်း တည် ဆောက်ရမယ့် တော်လှန်ရေး ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးပြည်ထောင်စု နိုင်သုဝဏ္ဏပြောကြား

📌 ၄။ စစ်ကောင်စီကို အသာစီးနဲ့အနိုင်ယူနိုင်ဖို့ ဒရုန်းနည်းပညာကို ပိုပြီးအဆင့်မြင့်လာအောင်လုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးပြောကြား

📌 ၅။ ရှေ့တန်းစစ်မျက်နှာ တိုက်ပွဲတွေမှာ ဆန်းသစ်တဲ့နည်းပညာနဲ့လုပ်ဆောင်မှသာလျှင် အကြမ်းဖက် စစ်ကောင်စီကို အနိုင်ရရှိမယ်လို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ပြော

📌 ၆။ ဒေါ်အောင်ဆန်းစုကြည်သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်ကနေ အမေရိကန်ဒေါ်လာ . သန်းကျော်ရရှိ

📌 ၇။ နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲတစ်ခုဖြစ်တဲ့ “Center for College Preparation” မှတန်းခွဲသစ်များဖွင့်လှစ်

📌 ၈။ နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် သထုံ ပကဖ မှ ကြာပန်း တိုးဂိတ် အနီး စကစ စစ်ဆေးရေးဂိတ်အားယမန်နေ့ညက ၄၀ မမ ဖြင့်သွားရောက်ပစ်ခတ်

📌 ၉။ Tiger King အတွက် မောင်းပြန်လှူ ဟယ်ရီနဲ့အတူ ဝိုင်းလို့ကူ ကမ်ပိန်းစတင်

📌 ၁၀။ ဖရူဆိုမြို့နယ်ငွေတောင်ရွာသစ်ကျေးရွာတွင် စက်တင်ဘာလ () ရက်မှ () ရက် တာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် DMO PDF တို့ တိုက်ပွဲ()ကြိမ် ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ် ကား () စီး မြောင်းထဲထိုးကျ



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူများကို နည်းလမ်းမျိုးစုံနဲ့ နှိပ်စက်ပြီး တိုင်းပြည်မှ ထွက်ပြေးသွားအောင် နှင်ထုတ်နေတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလဆို


အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူများကို နည်းလမ်းမျိုးစုံနဲ့ နှိပ်စက်ပြီး တိုင်းပြည်မှ ထွက်ပြေးသွားအောင် နှင်ထုတ်နေတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကစက်တင်ဘာ ရက်နေ့ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။


"အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူများကို နည်းလမ်းမျိုးစုံနဲ့ နှိပ်စက်ပြီး တိုင်းပြည်မှ ထွက်ပြေးသွားအောင် နှင်ထုတ်နေတာ တွေ့ရပါတယ်။ ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရက နိုင်ငံပြင်ပကို အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာသွားတဲ့ တို့နိုင်ငံသားများကို ကူညီစောက်ရှောက်နိုင်ဖို့ လုပ်ဆောင်ပေး နေတဲ့ အစိုးရဖြစ်ပါတယ်။ ကာကွယ်ပေးဖို့လည်း တာဝန်ရှိ ပါတယ်"လို့ဆိုပါတယ်။


မြန်မာနိုင်ငံတဝှမ်းမှာ ပြည်တွင်းနေရပ်စွန့်ခွါသူဦးရေစုစုပေါင်းဟာ ဒသမ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းထဲမှာ ဖေဖော်ဝါရီလက အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၇၄,၀၀၀ ဦးနဲ့ ယင်းမတိုင်မီပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာရသူ ၃၃၀,၀၀၀ ဦးပါဝင်ပါတယ်။


ဆက်လက်ပြီးတော့လည်းပြည်သူ့ခုခံတော်လှန်စစ် ကြေညာတဲ့ တစ်နှစ်ပြည့်ကာလအတွင်း မိမိတို့အစိုးရအနေနဲ့ အောင်မြင်မှုများစွာ ရရှိခဲ့သလို စိန်ခေါ်မှုများ ထိခိုက် နစ်နာမှုများလည်း ရှိခဲ့ပါတယ်။ မိမိတို့အနေနဲ့ အဆိုပါ ထိခိုက်နစ်နာခဲ့မှုများကို သင်ခန်းစာအဖြစ်ယူပြီး စိန်ခေါ်မှုများကို ကျော်လွှားကာ ပြည်သူလူထုများ လိုလားမျှော်မှန်း နေတဲ့ ပန်းတိုင်ကို အမြန်ဆုံးရရှိအောင် ဆက်လက်အားတင်းပြီး ကြိုးစားရမှာ ဖြစ်ပါတယ်လို့ ယာယီသမ္မတက ပြော ကြားခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်သူ့ခုခံတော်လှန်စစ်ကြေညာတဲ့ တစ်နှစ်ပြည့်ယာယီသမ္မတ ဒူဝါလရှီးလနိုင်ငံ တော်အခြေပြ မိန့်ခွန်းပြောမယ်


မနက်ဖန်မှာ ကျရောက်မယ် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာတဲ့ တစ်နှစ်ပြည့်မှာလည်း နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ပြောကြားမှာဖြစ်တယ်ဆိုပြီးတော့လည်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီးပြည်သူတရပ်လုံး လိုလား တောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုလည်း တည် ဆောက်ရမယ့် တော်လှန်ရေး ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးပြည်ထောင်စု နိုင်သုဝဏ္ဏပြောကြား


နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီးပြည်သူတရပ်လုံး လိုလား တောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုလည်း တည် ဆောက်ရမယ့် တော်လှန်ရေး ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးပြည်ထောင်စု နိုင်သုဝဏ္ဏပြောကြားလိုက်ပါတယ်။ အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ မှ ပြောကြားခဲ့ပါတယ်။


"ယခုအခါ စစ်အာဏာရှင်စနစ်ကိုအပြီးအပိုင်ဖျက်သိမ်းမယ့် တော်လှန်ရေးတရပ်ကို ဆင်နွဲနေတဲ့ ကာလ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့တော်လှန်ရေးဟာ ဘက်စုံ၊ကဏ္ဍစုံကိုပါ တော်လှန်ပြောင်းလဲနေရတဲ့ တော် လှန်ရေး ဖြစ်ပါတယ်။ ယနေ့တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ကျနော်တို့ ပြည်သူတရပ်လုံး လိုလား တောင့်တသည့် ကျနော်တို့နိုင်ငံ၏ငြိမ်းချမ်းရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် ကျနော်တို့ တိုင်းရင်းသားလူမျိုး များအကြား သွေးစည်းညီညွတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် ပြည်ထောင်စုစနစ်ကိုလည်း တည် ဆောက်ရမည့် တော်လှန်ရေး ဖြစ်ပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီကို အသာစီးနဲ့အနိုင်ယူနိုင်ဖို့ ဒရုန်းနည်းပညာကို ပိုပြီးအဆင့်မြင့်လာအောင်လုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးပြောကြား


စစ်ကောင်စီကို အသာစီးနဲ့အနိုင်ယူနိုင်ဖို့ ဒရုန်းနည်းပညာကို ပိုပြီးအဆင့်မြင့်လာအောင်လုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးပြောကြားလိုက်ပါတယ်။ စက်တင်ဘာလအတွင်း သတင်းဌာနတစ်ခုမေးမြန်းချက်ကို သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာဝန်ကြီး ဦးထင်လင်းအောင်ကဆိုခဲ့ပါတယ်။


"ကျနော်တို့ကတော့ နည်းပညာကို ပိုပိုပြီးအဆင့်မြင့်လာအောင်လုပ်မယ်။ ပြီးရင်ပြန်လည်ဖြန့်ဝေပေးမယ်။ ပြီးတော့ ဘယ်သူပဲလုပ်လုပ် ကျနော်တို့နည်းပညာကိုဖြန့်ဝေပေးဖို့ဝန်မလေးဘူး။ အဓိကတော့ စစ်ကောင်စီကို အသာစီးနဲ့အနိုင်ယူနိုင်ဖို့ ပြီးတော့အမြစ်ပြတ်ဖို့ရည်ရွယ်တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ FEDERAL WINGS ဒရုန်းတပ်ဖွဲ့ဟာ စစ်ဆင်ရေးအကြိမ်တစ်ရာမှာ ဒရုန်းနဲ့တိုက်ခိုက်ရာ စကစတပ်သား ၅၀ ကျော်သေဆုံးပြီး ၈၀ ကျော်ထိခိုက်ခဲ့ပါတယ်။ တိုက်ပွဲဝင် MULTI ROTOR ဒရုန်းဟာ ၈၁ မမ ဗုံးသီးနှစ်လုံးသယ်ဆောင်နိုင်ကာ ၆၀ မမ ဗုံးသီးအနေနဲ့လေးလုံးအထိ သယ်ဆောင်နိုင်၍ ၁၀ကီလိုမီတာအထိသယ်ဆောင်နိုင်ပါတယ်။


========================


📌📌 ၅။ ရှေ့တန်းစစ်မျက်နှာ တိုက်ပွဲတွေမှာ ဆန်းသစ်တဲ့နည်းပညာနဲ့လုပ်ဆောင်မှသာလျှင် အကြမ်းဖက် စစ်ကောင်စီကို အနိုင်ရရှိမယ်လို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ပြော


စက်တင်ဘာလအတွင်း ဒရုန်းနဲ့ပတ်သက်လို့ ပြောကြားရာမှာ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ကအခုလိုပြောပါတယ်။


"ဒီနေ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ ခေတ်သစ်နည်းပညာနဲ့ နိုင်ငံရေးတို့ စစ်ရေးတို့အသုံးချပြီး တော့ လုပ်သွားမယ့်သဘောမျိုးရှိပါတယ်။တီထွင်မှူတွေ၊ဆန်းသစ်မှုတွေနဲ့ တိုက်ပွဲမှာ ဆန်းသစ်တဲ့နည်းပညာနဲ့ လုပ်ဆောင်မှသည်သာလျှင် အကြမ်းဖက် စစ်ကောင်စီကိုအနိုင်ရလိမ့်မယ်လို့ ယုံကြည်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် ဒရုန်းနည်းပညာများကို ပိုမိုလေ့လာ၍ တီထွင်ကာ တိုက်ပွဲတွင်အသုံးပြုသင့်ကြောင်းနဲ့ ယူကရိန်းစစ်ပွဲမှာ တူရကီဒရုန်းများနဲ့ ရုရှားကိုအနိုင်ယူခဲ့တာလို့ ဒုဝန်ကြီး နိုင်ကောင်းရွက်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်ကနေ အမေရိကန်ဒေါ်လာ . သန်းကျော်ရရှိ


ဒေါ်အောင်ဆန်းစုကြည်သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်ကနေ အမေရိကန်ဒေါ်လာ . သန်းကျော်ရရှိခဲ့ပြီလို့ စက်တင်ဘာ ရက်နေ့မှာ တော်လှန်ရေးရန်ပုံငွေရှာဖွေပေးသူ မပန်ဆယ်လိုကဆိုပါတယ်။


"ဆန်ရေပရော့ဂျက်ကနေ အမေရိကန်ဒေါ်လာ 1.7 သန်းကျော် Fundraise လုပ်နိုင်ခဲ့ပါတယ်။ မြန်မာပြည်အတွက် ရည်ရွယ်ဖန်တီးထားတဲ့ ကိုထိန်လင်းရဲ့ လက်ရာလေးအပေါ် ကိုထိန်လင်းက ဒေါ်လာနှစ်ထောင်၊ သုံးထောင်လောက်တော့ ဖြစ်နိုင်ပါတယ်နော်ဆိုတဲ့ မျှော်လင့်ချက်လေးကို ကိုယ်က နှစ်သိန်း၊ သုံးသိန်းထိ ဖြစ်စေရမယ်လို့ အာမခံခဲ့တယ်။ ပြည်သူက ချစ်ခြင်းမေတ္တာအားဖြင့် အမေရိကန်ဒေါ်လာ 1.7 Million အထိ မြှင့်တင်ပေးနိုင်ခဲ့တယ်"လို့ဆိုပါတယ်။ စက်တင်ဘာ () ရက်နေ့ မြန်မာအချိန်ည() နာရီတွင် ကိုထိန်လင်းကိုယ်တိုင် ကံထူးသူကို Live ဖြင့်ရွေးချယ်ပေးမှာဖြစ်ပါတယ်။


========================


📌📌 ၇။ နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲတစ်ခုဖြစ်တဲ့ “Center for College Preparation” မှတန်းခွဲသစ်များဖွင့်လှစ်


နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲတစ်ခုဖြစ်တဲ့ “Center for College Preparation” မှတန်းခွဲသစ်များဖွင့်လှစ်ပြီဖြစ်ပါတယ်။ နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲတစ်ခုဖြစ်တဲ့ “Center for College Preparation” မှ အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ နွေဦးတက္ကသိုလ်ကတော့ အာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်မှာ ပညာမသင်ကြားလိုတဲ့ ကျောင်းသားလူငယ်များ လေ့လာသင်ယူမှု ရပ်တန့်မသွားဖို့ရည်ရွယ်ပြီး နယ်ပယ်ပေါင်းစုံမှ ပညာရပ်များကို မျှဝေပေးလျက်ရှိတဲ့ နေရာပဲဖြစ်ပါတယ်လို့ဆိုပါတယ်။


ယခုတစ်ခါဖွင့်လှစ်သွားမယ့် အတန်းများကတော့ လူကြီး၊ လူငယ်မရွေးပြင်ဆင်ဖြေဆိုနိုင်မယ့် နိုင်ငံတကာ အရည်အချင်းစစ်စာမေးပွဲများဖြစ်တဲ့ IELTS (Foundation + Preparation)TOEFL iBT (Foundation + Preparation)Duolingo တို့အပြင် Pre-College Preparation Graduate Studies Preparation  တို့ကိုပါ စုံလင်စွာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုအတန်းများမှရရှိလာတဲ့ သင်တန်းကြေး အလှူငွေများကို နိုင်ငံတစ်ဝန်းမှာရှိတဲ့ CDM သူရဲကောင်းများထံ လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၈။ နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် သထုံ ပကဖ မှ ကြာပန်း တိုးဂိတ် အနီး စကစ စစ်ဆေးရေးဂိတ်အားယမန်နေ့ညက ၄၀ မမ ဖြင့်သွားရောက်ပစ်ခတ်


"စက်တင်ဘာ ရက်ည :၀၅ နာရီ အချိန်တွင် နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် သထုံ ပကဖ မှ ကြာပန်း တိုးဂိတ် အနီး စကစ စစ်ဆေးရေးဂိတ်အား တာဝန်ခံများ ဦးဆောင်၍ ၄၀ မမ ဖြင့် သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ အထိအခိုက်မသိရသေးပါ ရဲဘော်များ လုံခြုံသောနေရာသို့ပြန်လည်ရောက်ရှိပါတယ်"လို့ဖော်ပြပါတယ်။ အထိအခ်ိုက်အသေးစိတ်ထပ်မံ သတင်းရရှိပါကထုတ်ပြန်ပေးမယ်လို့သိရပါတယ်။


========================


📌📌 ၉။ Tiger King အတွက် မောင်းပြန်လှူ ဟယ်ရီနဲ့အတူ ဝိုင်းလို့ကူ ကမ်ပိန်းစတင်


Tiger King အတွက် မောင်းပြန်လှူ ဟယ်ရီနဲ့အတူ ဝိုင်းလို့ကူ ကမ်ပိန်းစတင်နေပြီး ကမ်ပိန်းကို  စက်တင်ဘာ၂၆ ရက်မှ စတင်ကာ ၃၀ ရက်အထိ ဖြစ်တယ်လို့သိရပါတယ်။


"မောင်းပြန် ( ) လက်နှင့် ကျည် ( ၅၀၀) Challenge လေးလာပါပြီ ။ရက်ပေါင်း ၃၅ ရက်နဲ့ သိန်း ၂၀၀ Challenge ဖြစ်ပါတယ်ဗျ။ Challenge လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့  ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်း (Tiger King ပျောက်ကျား တပ်ဖွဲ့) မှာ အခုချိန်ထိ မောင်းပြန် တစ်လက်သာရှိသေးသောကြောင့် ယခုလို Challenge လုပ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပထမဆုံး Challenge ဖြစ်တဲ့အတွက် မိဘပြည်သူ ညီကိုမောင်နှများ အနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်ဗျ"လို့ဖော်ပြပါတယ်။ တစ်ဦးတစ်ယောက်ချင်းပါဝင်မှုကနေ မောင်းပြန် တစ်လက်နဲ့ ကျည် ( ၅၀၀)  ကို ဖန်တီးပေးလိုက်ကြပါစို့လို့ Tiger King ကဆိုပါတယ်။


========================


📌📌 ၁၀။ ဖရူဆိုမြို့နယ်ငွေတောင်ရွာသစ်ကျေးရွာတွင် စက်တင်ဘာလ () ရက်မှ () ရက် တာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် DMO PDF တို့ တိုက်ပွဲ()ကြိမ် ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ် ကား () စီး မြောင်းထဲထိုးကျ


ကရင်နီဒေသ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ () ရက်မှ () ရက် တာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိမိတို့ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ () ကြိမ် ဖြစ်ပွားခဲ့တယ်လို့ DMO-Local PDF ကဆိုပါတယ်။


စက်တင်ဘာလ () ရက်နေ့တွင် ငွေတောင်ရွာသစ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ယာဥ်တန်းကို မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ နံနက် () နာရီဝန်းကျင်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဆိုပါတယ်။


စက်တင်ဘာလ () ရက်နေ့တွင် ငွေတောင်ရွာသစ်ကျေးရွာတွင် ဒီးမော့ဆိုဖက်သို့ဦးတည်လာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ နံနက်ပိုင်းအချိန်တွင် ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ကာ ညနေ () နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  လက်နက်ကြီးထိမှန်မှု့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ် ကား () စီး မြောင်းထဲထိုးကျပျက်စီးခဲ့တယ်လို့ဖော်ပြပါတယ်။


စက်တင်ဘာလ () ရက်နေ့တွင် ငွေတောင်ရွာသစ်ကျေးရွာတွင်း ပြည်သူနေအိမ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိမိတို့တပ်ဖွဲ့မှ နေ့လည် (၁၂) နာရီဝန်းကျင်အချိန်တွင် RPG () လုံးအနီးကပ် စတင်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဆိုပါတယ်။


အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ () မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ အလယ်ပိုင်းတိုင်း (၁၁၀၆) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်းတပ်ဖွဲ့ဖက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သည်  ဖရူဆို-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်နှင့် ၎င်းတပ်ခွဲထားသော ကျေးရွာအတွင်း နင်းမိုင်းအများအပြားထောင်ထားခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment