၂၀၂၂ စက်တင်ဘာလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူ့အစိုးရလက်ထက် ကျန်းမာရေးတိုးတက်မှုအားလုံးပျောက်ကွယ်ခဲ့ရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရာမှာ ဖက်ဒရယ် ကျန်းမာရေးစနစ်နဲ့မူဝါဒ ပေါ်ပေါက်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
📌 ၃။ အကြမ်းဖက်စစ်ကောင်စီကြောင့် ဆေးမကုသရလိုက်ဘဲ အသက်ဆုံးရှုံးရသူ မြောက်များစွာရှိခဲ့တယ်လို့ CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ဆို
📌 ၄။ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိနေရေးဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတယ်လို့ လူထုသပိတ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန တယ်လီဂရမ် ချန်နယ်စတင်ဖွင့်လှစ်ကြောင်းအသိပေးကြေညာ
📌 ၆။ NUGအစိုးရ MOD ကာကွယ်ရေး၀န်ကြီး ဌာနအသိအမှတ်ပြုခြင်း ခံထားရတဲ့CAF SUPDF တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပ
📌 ၇။ နွေဦးရိပ်မွန် စီမံကိန်းမှ မြေကွက်များ ၅၀ ကျော်ရောင်းချပြီးဖြစ်၍ “မြေကွက် ၄၀ ကျော်သာ ကျန်တော့ကာ အမြန်ဝယ်ယူရန်လိုအပ်
📌 ၈။ မြန်မာနိုင်ငံတဝှမ်းမှာ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေစုစုပေါင်းဟာ ၁ ဒသမ ၃ သန်းကျော် ရှိလာ
📌 ၉။ အမှတ် ၄ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက ၄) သင်တန်းကျောင်းပြန်လာတဲ့ အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင် ၈ ဦးကိုကာကွယ်ရေးတပ်ဖွဲ့များ မွန်ပြည်နယ်မှာ ဖမ်းဆီးရမိ
📌 ၁၀။ ပခုက္ကူဧရာဝတီတံတားတောင်ဘက်ရှိစကစတပ်သားများဂိတ်စခန်းကို ပစ်ခတ်တိုက်ခိုက်၍ မောင်းပြန်သေနတ် နှစ်လက် သိမ်းဆည်းရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူ့အစိုးရလက်ထက် ကျန်းမာရေးတိုးတက်မှုအားလုံးပျောက်ကွယ်ခဲ့ရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
စစ်အာဏာသိမ်းမှုကြောင့် ပြည်သူ့အစိုးရလက်ထက် ကျန်းမာရေးတိုးတက်မှုအားလုံးပျောက်ကွယ်ခဲ့ရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၅ ရက် ကျင်းပတဲ့အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားမှာ ယာယီသမ္မတကပြောပါတယ်။
"မြန်မာနိုင်ငံက တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးဟာ ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှု၊မှားယွင်းတဲ့ စီးပွားရေးစီမံခန့်ခွဲမှု၊ညံ့ဖျင်းတဲ့ပညာရေး၊ကျန်းမာရေးစနစ်နဲ့ အဆင့်အတန်း နိမ့်ကျခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြည်သူ့အစိုးရတက်လာပြီး ယခင် စစ်အာဏာရှင်စနစ်အောက်မှာ လစ်လျူခံခဲ့ရတဲ့ ကျန်းမာရေးကဏ္ဍကိုတိုးတက်အောင် တဖြည်းဖြည်းကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့သလို တိုးတက်အောင်မြင်မှုတချို့ကိုရလာခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာရှင်တွေက မတရားအာဏာပြန်သိမ်းလိုက်တာကြောင့် ကျန်းမာရေးကဏ္ဍအပါအဝင် ကဏ္ဍာပေါင်းစုံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတက်မှုအားလုံးဟာ ပျောက်ကွယ်သွားခဲ့ရပါတော့တယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာပြည်သူများဟာ အသက်မဆုံးပါးသင့်ဘဲ စစ်တပ်ရဲ့အောက်မှာ ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုလစ်ဟာမှုတွေကြောင့် အသက်များဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌 ၂။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရာမှာ ဖက်ဒရယ် ကျန်းမာရေးစနစ်နဲ့မူဝါဒ ပေါ်ပေါက်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရာမှာ ဖက်ဒရယ် ကျန်းမာရေးစနစ်နဲ့မူဝါဒ ပေါ်ပေါက်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။ စက်တင်ဘာ ၅ ရက်ကျင်းပတဲ့အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
"စစ်အာဏာရှင်စနစ်ကိအမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံကို တည်ဆောက်ဖို့ကြိုးစားတဲ့နေရာမှာ ဖက်ဒရယ် ကျန်းမာရေးစနစ်ပေါ်ပေါက်လာရေး၊ပြည်သူအားလုံးရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးကိုအာမခံတဲ့ဖက်ဒရယ်ကျန်းမာရေးမူဝါဒပေါ်ပေါက်လာရေး၊လူတိုင်းလက်လှမ်းမီနိုင်တဲ့ ကျန်းမာရေး လွှမ်းခြုံမှုရရှိနိုင်ရေးအတွက် ဒီနှီးနှောဖလှယ်ပွဲကနေ ပြင်ဆင်ကြဖို့လိုအပ်ပါလိမ့်မယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအက်အားစုများနဲ့ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို အခြေခံကစတင်ကာ ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီကြောင့် ဆေးမကုသရလိုက်ဘဲ အသက်ဆုံးရှုံးရသူ မြောက်များစွာရှိခဲ့တယ်လို့ CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ဆို
အကြမ်းဖက်စစ်ကောင်စီကြောင့် ဆေးမကုသရလိုက်ဘဲ အသက်ဆုံးရှုံးရသူ မြောက်များစွာရှိခဲ့တယ်လို့ CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ကပြောပါတယ်။ စက်တင်ဘာ ၅ ရက်ကျင်းပတဲ့အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌဦးအောင်ကြည်ညွန့်ကပြောပါတယ်။
"အကြမ်းဖက် စစ်ကောင်စီက မတရားအာဏာသိမ်းခဲ့တဲ့အချိန်ကနေ အခုချိန်ထိဆိုရင် စစ်ဘေးရှောင်ရင်း ဆေးကုသမှုမရရှိတဲ့အတွက် အသက်ဆုံးရှုံးရသူတွေ၊ အကြမ်းဖက် စစ်တပ်ရဲ့ လူမဆန်စွာ နှိပ်စက်မှုကြောင့် အချိန်မီ မကုသနိုင်တဲ့အတွက် ကျဆုံးခဲ့ရသူတွေ၊တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရရှိပြီးတော့ ဆေးဝါးမပြည့်စုံခြင်းတို့ကြောင့် ကျဆုံးခဲ့ရသူတွေ အသက်မဆုံးရှုံးသင့်ရဘဲ ဆုံးရှုံးရသူမြောက်များစွာရှိနေပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ၄င်းတို့ ကျူးလွန်တဲ့ရာဇဝတ်မှုများကို ဖုံးဖိရန် ဆေးကုသမှုမပေးဘဲ အလောင်းဖျောက်ဖျက်မှုတို့ပင်ရှိခဲ့ပါတယ်။
========================
📌📌 ၄။ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိနေရေးဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတယ်လို့ လူထုသပိတ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိနေရေးဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတယ်လို့ လူထုသပိတ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းနှင့် ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို UN မှာ ဆက်လက် ထားရှိပေးဖို့ လူထုဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့တွင် ဆောမြို့နယ်၌ ကျင်းပခဲ့ရာမှာ ဝန်ကြီးက ရုပ်သံဖိုင်နဲ့ပြောကြားခဲ့ပါတယ်။
“ဒီနေ့ပြုလုပ်ရတဲ့ သပိတ်တိုက်ပွဲကတော့ ကျွန်တော်တို့ရဲ့ ကုလသမဂ္ဂ အထူးသံအမတ်ကြီး ဦးကျော်မိုးထွန်း လက်သုံးချောင်းထောင်ပြီး ပြည်သူနဲ့အတူ ကမ္ဘာသိအောင် နွေဦးတော်လှန်ရေးနဲ့အတူ ရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နေရာဆက်ပြီး ရရှိရေးအတွက် ပြည်သူ့အသံနဲ့ ပြည်သူ့ဆန္ဒကို ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိနေရေးဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် အရေးကြီးပါတယ်။”လို့ဝန်ကြီးကဆိုပါတယ်။
ကုလသမဂ္ဂသည် ပြည်သူလူထုအတွက် ထူးထူးခြားခြား ထောက်ပံ့မှုများ မရှိသေးသော်လည်း ပြည်သူနှင့်အတူ၊ နွေဦးတော်လှန်ရေးနှင့် အတူ ရပ်တည်ပေးနေကြောင်းနှင့် ပြည်သူနှင့်အတူ မရပ်တည်ဘဲ စစ်ကောင်စီက လွှတ်လိုက်သည့် ကိုယ်စားလှယ်ကို လက်ခံပြီး စစ်ကောင်စီနှင့်အတူ ရပ်တည်လိုက်ပါက တော်လှန်ရေးတွင် အခက်အခဲ ဖြစ်စေနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကထပ်လောင်းပြောပါတယ်။
ဆန္ဒခံယူပွဲကို The Youth Force ( Saw-Kyaukhtu) က ဦးဆောင်ပြုလုပ်ခဲ့ပြီး ဆောမြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များမှလည်း အင်းအားဖြည့် ပူးပေါင်း ကူညီပေးခဲ့ကြပါတယ်။ အခမ်းအနားကို တက်ရောက်သည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်သော ချင်း၊ ဗမာ ၊ တောင်သား စသည့် တိုင်းရင်းသားများနှင့် ကျောင်းသား ကျောင်းသူများ၊ဆရာ ဆရာမများ၊ပြည်သူ အင်အား (၁၀၀၀) ကျော်အတွက် လုံခြုံဘေးကင်းစေရန် တာဝန်ယူပေးခဲ့ပါတယ်။
========================
📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန တယ်လီဂရမ် ချန်နယ်စတင်ဖွင့်လှစ်ကြောင်းအသိပေးကြေညာ
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန တယ်လီဂရမ် ချန်နယ်စတင်ဖွင့်လှစ်ကြောင်းအသိပေးကြေညာလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန တယ်လီဂရမ် ချန်နယ်စတင်ဖွင့်လှစ်ကြောင်း ပြည်သူများသိစေရန် အသိပေးကြေညာအပ်ပါတယ်လို့ စက်တင်ဘာ ၅ ရက်မှာဖော်ပြပါတယ်။
အဆိုပါတယ်လီဂရမ် ချန်နယ်တွင် လုပ်သား ပြည်သူများ သိသင့်သိထိုက်သည့်သတင်းအချက်အလက်များအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်များ၊ ကြေညာချက်များကို အချိန်နှင့်တပြေးညီဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လုပ်သားပြည်သူများအနေဖြင့်တယ်လီဂရမ် ချန်နယ်မှတဆင့် ဝန်ကြီးဌာန၏ သတင်းအချက်အလက်များ၊ အသိပေးထုတ်ပြန်ချက်များ၊ ကြေညာချက်များ ကိုအချိန်နှင့်တပြေးညီဝင်ရောက်ဖတ်ရှုနိုင်ပြီဖြစ်တယ်လို့ဆိုထားပါတယ်။
တယ်လီဂရမ်ချန်နယ် - https://t.me/MoLNUGMyanmar
========================
📌📌 ၆။ NUGအစိုးရ MOD ကာကွယ်ရေး၀န်ကြီး ဌာနအသိအမှတ်ပြုခြင်း ခံထားရတဲ့CAF SUPDF တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပ
NUG အစိုးရ MOD ကာကွယ်ရေး၀န်ကြီး ဌာနအသိအမှတ်ပြုခြင်း ခံထားရတဲ့CAF SUPDF တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပခဲ့ပါတယ်။ စက်တင်ဘာ ၅ ရက်မှာ CAF-SUPDF ကအသိပေးဖော်ပြဆိုပါတယ်။ NUGအစိုးရ MOD ကာကွယ်ရေး၀န်ကြီး ဌာနအသိအမှတ်ပြုခြင်း ခံထားရတဲ့ CAF SUPDF တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းနားတစ်ရပ်ကို စက်တင်ဘာ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ချင်းဖြစ်ပါတယ်။ အခမ်းအနားအစပိုင်းမှာ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသောအာဇာနီသူရဲကောင်းအားအလေးပြုခြင်း တပ်ရင်းမူး ဒုတပ်ရင်းမှူးတို့မှ့အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
တပ်ရင်းမှူး လူလှ မှ ဒီနေ့ဟာ ကျွန်ပ်တို့တပ်ရဲ့မွေးနေ့ သို့မဟုတ် တစ်နှစ်ပြည့်အခမ်းအနားဖြစ်ပါတယ်။ ကျွန်ပ်တို့အဖွဲ့ဟာ NUG အစိုးရ MOD အစိုးရနဲ့ချိတ်ဆက်ထားတဲ့ မြို့နယ်တပ်ရင်းဖြစ်ပါတယ် အဲကြောင့်ကျွန်ပ်တို့တပ်ရင်းအနေနဲ့စည်ကမ်းရှိစွာ လုပ်ဆောင်ကြဖို့ ပြည်သူအားလုံးကိုကိုယ်စားပြုတဲ့ ပြည်သူကာကွယ်ရေးဖြစ်တာကြောင့် ပြည်သူ့အစေခံတပ်သားတွေဖြစ်ပါတယ်။ ပြည်သူကိုအနိုင်ကျင့်ချင်လို့ အဖွဲ့ကိုဖွဲ့စည်းခဲ့တာမဟုတ်ပါဘူး ပြည်သူကိုအကျိုးပြုတဲ့အဖွဲ့ဖြစ်အောင် စနစ်တကျဖြစ်အောင်ဖွဲ့စည်းခဲ့တာပါကျွန်ပ်တို့တပ်ရင်းအနေနဲ့မဟာမိတ်များနှင့်စည်းလုံးညီညွတ်စွာနေထိုင်ကြဖို့စစ်အာဏာရှင်စနစ်ကိုလဲမဟာမိတ်အဖွဲ့များနဲ့တိုက်ထုတ်သွားမှာဖြစ်ကြောင်း မှာကြားရင်း ကျွန်ပ်တို့တပ်ရင်းအနေနဲ့လဲစည်းစည်းလုံးလုံးနေထိုင်ကြဖို့ပြောကြားသွားခဲ့ပါတယ်။
========================
📌📌 ၇။ နွေဦးရိပ်မွန် စီမံကိန်းမှ မြေကွက်များ ၅၀ ကျော်ရောင်းချပြီးဖြစ်၍ “မြေကွက် ၄၀ ကျော်သာ ကျန်တော့ကာ အမြန်ဝယ်ယူရန်လိုအပ်
နွေဦးရိပ်မွန် စီမံကိန်းမှ မြေကွက်များ ၅၀ ကျော်ရောင်းချပြီးဖြစ်၍ “မြေကွက် ၄၀ ကျော်သာ ကျန်တော့ကာ အမြန်ဝယ်ယူရန်လိုအပ်မယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ ညပိုင်းမှာ EOD ကအသိပေးဖော်ပြပါတယ်။
"နွေဦးရိပ်မွန် စီမံကိန်းမှ မြေကွက်များအား တော်လှန်ပြည်သူတွေရဲ့ ငါတို့နိုင်ကို နိုင်မှာဆိုတဲ့ ယုံကြည်ခိုင်မြဲစိတ်၊ အောင်နိုင်ရေးအတွက် ထောက်ပို့ကူညီစိတ်၊ ၂ မျိုးလုံးကြောင့်သာ ၄ ရက်မပြည့်ခင်မှာပဲ မြေကွက် ၅၀ ကျော်ရောင်းချ နိုင်ခဲ့တာပါ။ အောင်နမိတ်နဲ့ “နွေဦးရိပ်မွန်” ကို ဝယ်ယူဖို့ EOD ကိုယ်စားလှယ်တွေနဲ့ အမြန်ဆုံး ဆက်သွယ်ကြပါ"လို့ဆိုပါတယ်။
မင်းဓမ္မလမ်းနေရာကလည်း ရန်ကုန်ရဲ့ ဒုတိယ စီးပွါးရေး အချက်အချာ နယ်မြေ ဖြစ်လာမယ့်နေရာဖြစ်ကာဆေးရုံ၊ ကုန်တိုက်များ၊ လေဆိပ် အားလုံးနဲ့ နီးတဲ့နေရာဖြစ်ပြီး ပတ်ဝန်းကျင်မှာလည်း commercial development အတွက် စီမံကိန်းများ ရှိတဲ့နေရာ ဖြစ်ပါတယ်။ စီးပွားရေး အကွက်အကွင်းကျတာနဲ့ တပြိုင်တည်း ဆိတ်ငြိမ်ရပ်ကွက်လည်း ဖြစ်နေပြန်တယ်။ သဘာဝ အလှအပတွေကို ထိန်းသိမ်းမယ့် အစီအစဉ်တွေလည်းရှိနေပြန်တယ်။ အထူးအားဖြင့် ဂုဏ်သိက္ခာ မြင့်မားတဲ့ အိမ်ရာစီမံကိန်း တစ်ခုဖြစ်ပါတယ်။
========================
📌📌 ၈။ မြန်မာနိုင်ငံတဝှမ်းမှာ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေစုစုပေါင်းဟာ ၁ ဒသမ ၃ သန်းကျော် ရှိလာ
မြန်မာနိုင်ငံတဝှမ်းမှာ ပြည်တွင်းနေရပ်စွန့်ခွါသူဦးရေစုစုပေါင်းဟာ ၁ ဒသမ ၃ သန်းကျော် ရှိလာတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာ UN OCHA Myanmar ကထုတ်ပြန်ဖော်ပြပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေစုစုပေါင်းဟာ ၁ ဒသမ ၃ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းထဲမှာ ဖေဖော်ဝါရီလက အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၇၄,၀၀၀ ဦးနဲ့ ယင်းမတိုင်မီပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာရသူ ၃၃၀,၀၀၀ ဦးပါဝင်ပါတယ်"လို့ ဖော်ပြပါတယ်။ အများစုက လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်ကူညီထောက်ပံ့ဖို့ခက်ခဲ့တဲ့ ဒေသတွေမှာ တိမ်းရှောင်နေထိုင်နေရပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရကလည်း လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်လျက်ရှိပါတယ်။
========================
📌📌 ၉။ အမှတ် ၄ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက ၄) သင်တန်းကျောင်းပြန်လာတဲ့ အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင် ၈ ဦးကိုကာကွယ်ရေးတပ်ဖွဲ့များ မွန်ပြည်နယ်မှာ ဖမ်းဆီးရမိ
အမှတ် ၄ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက ၄) သင်တန်းကျောင်းပြန်လာတဲ့ အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင် ၈ ဦးကိုကာကွယ်ရေးတပ်ဖွဲ့များ မွန်ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ ဖမ်းဆီးရမိတဲ့အထဲမှာ အရာရှိတစ်ဦးပါဝင်ကြောင်း တော်လှန်ရေး အင်အားစုများထံက စုံစမ်းရရှိပါတယ်။
သင်တန်းကပြန်လာတဲ့ အကြမ်းဖက် စစ်တပ်က အရာရှိနဲ့တပ်ဖွဲ့ဝင်တွေကို မွန်ပြည်နယ် ရေးမြို့နယ်နဲ့သံဖြူဇရပ်မြို့နယ် နှစ်ခုကြားမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ မည်သည့်ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးရမည်သည်ကို လုံခြုံရေးအရအသေးစိတ် သတင်းထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။
========================
📌📌 ၁၀။ ပခုက္ကူဧရာဝတီတံတားတောင်ဘက်ရှိစကစတပ်သားများဂိတ်စခန်းကို ပစ်ခတ်တိုက်ခိုက်၍ မောင်းပြန်သေနတ် နှစ်လက် သိမ်းဆည်းရမိ
ပခုက္ကူဧရာဝတီတံတားတောင်ဘက်ရှိ စကစတပ်သားများဂိတ်စခန်းကို ပစ်ခတ်တိုက်ခိုက်၍ မောင်းပြန်သေနတ် နှစ်လက် သိမ်းဆည်းရမိတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၄ ရက် ကဖြစ်ပွားခဲ့သော ပခုက္ကူဧရာဝတီတံတားတောင်ဘက်ရှိ ခွေးဂိတ်မစ်ရှင် mission ကရရှိတာလို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ - (တပ်ဖွဲ့-၂) ကဖော်ပြပါတယ်။
"ရဲဘော်ဒီး၊ရဲဘော်ဂျွန်ဖောနှင့်ရဲမေပူတူး တို့၏ တော်လှန်စိတ်ပြင်းထန်မှု၊ရဲဘော်တွေအားမောင်းပြန်ကိုင်စေလိုသော စိတ်ဖြင့်အသက်ကိုရင်းသော စွန့်လွှတ်အနစ်နာခံမှု ၊ တစ်ချက်ပစ်ပြီးနောက် ကျည်ညှပ်နေသောကြားထဲကနေခွေးသေနတ်အား မရမက ကောက်ပြေးသော ရဲရင့်မှု၊
တစ်လကျော်ကြာအချိန်ယူ ပြင်ဆင်ပြီး ပြုလုပ်သော ဇွဲလုံလပြည့်ဝမှု တို့အား သတင်းအပြည့်အစုံမတင်မီ ဤpost ဖြင့် ဦးစွာဂုဏ်ပြုရေးသားအပ်ပါတယ်"လို့ဆိုထားပါတယ်။ မိဘပြည်သူများရဲ့မေတ္တာကြောင့် ၈/ အညာသားကြီးနှစ်ယောက်ရော အညာသူလေးရော ဘေးကင်းစွာဖြင့်စခန်းသို့ပြန်ရောက်ပါပြီခင်ဗျလို့ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ - (တပ်ဖွဲ့-၂) ကဖော်ပြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment