7th SEP 2022 - Evening Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ခုခံတွန်းလှန်စစ် ဒုတိယနှစ်အတွင်းမှာ စိုးမိုးထိန်းချုပ်နယ်မြေ များစွာပေါ်လာလိမ့်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြည်သူလူထုကို သတင်းစကားပါး

📌 ၂။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ချက်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ နှင့် တွေ့ဆုံ

📌 ၃။ PDF ဟာ ရန်သူဘယ်လိုမှချေမှုန်းဖို့မဖြစ်နိုင်တော့ တပ်မတော်တစ်ခုအဖြစ် ပေါ်ထွက်ခဲ့ပြီလို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို

📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုမြန်မြန်အဆုံးမသတ်ရင် ဗီယက်နမ်လို တစ်သိန်းတန်ထွက်လာနိုင်တယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို

📌 ၅။ Special Advisory Council for Myanmar က သုံးသပ်ချက်စာတမ်းကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နောက်ထပ် တစ်နှစ် တာဝန်ဆက်ယူနိုင်ရေးအတွက် ထိရောက်အဓိပ္ပါယ်ရှိလှတယ်လို့ သြစတြေးလျ NUG ကိုယ်စားလှယ်ဆို

📌 ၆။ မြင်းမူမြို့အထက () ကျောင်းအတွင်းမှစကစတပ်အင်အား ၂၀ ခန့်ကို ၄၀ မမ နဲ့ပစ်ခတ်တိုက်ခိုက်ကာပေါက်ကွဲအားပြင်း မိုင်းဘီလူးနဲ့ပါ မိုင်းဆွဲ

📌 ၇။ လေးရက်အချိန်ယူထုတ်လုပ်ခဲ့တဲ့ လက်လုပ်ခြောက်လုံးပြူးသေနတ် ဒေါင်းသွေနီ PDF ထုတ်လုပ်အောင်မြင်

📌 ၈။ နွေဦးထီ Messager Chat Bot မှနွေဦးထီရောင်းချခြင်းလုပ်ငန်းစဉ်ကို NUG Pay နဲ့ယနေ့ကစကာ ပြန်လည်စတင်တော့မယ်လို့ နွေဦးထီမိသားစုကအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ခုခံတွန်းလှန်စစ် ဒုတိယနှစ်အတွင်းမှာ စိုးမိုးထိန်းချုပ်နယ်မြေ များစွာပေါ်လာလိမ့်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြည်သူလူထုကို သတင်းစကားပါး


ခုခံတွန်းလှန်စစ်ဒုတိယနှစ်အတွင်းမှာ စိုးမိုးထိန်းချုပ်နယ်မြေ များစွာပေါ်လာလိမ့်မယ်လို့ ယာယီ သမ္မတ ဒူဝါလရှီးလ ပြည်သူလူထုကို စက်တင်ဘာ ရက်နေ့မှာ သတင်းစကားပါးပြောကြားလိုက်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တစ်နှစ်ပြည့် ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာထည့်သွင်းပြောပါတယ်။


"ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရှေ့တစ်နှစ်ဖြစ်တဲ့ ခုခံတွန်းလှန် စစ်ဒုတိယနှစ်အတွင်းမှာ လူထုရဲ့ တော်လှန်ရေးကြီးကို အင်နဲ့အားနဲ့အရှိန်ဟုန်မြှင့်တင်ပြီး စိုးမိုးထိန်းချုပ်နယ်မြေ ပေါင်းများစွာပေါ်လာလိမ့်မယ်လို့ပြောချင်ပါတယ်"လို့ဆိုပါတယ်။


"ဖက်ဆစ် အကြမ်းဖက် စစ်အုပ်စုက လူသတ်ကောင်၊ရာဇဝတ်ကောင်၊ပြည်သူ့ချဥ်ဖတ်များသာဖြစ်ကြပြီး ကျနော်တို့ PDFတပ်မတော်နဲ့တော်လှန် ရေးသမားတော့ ပြည်သူ့ အချစ်တော် သူရဲကောင်းများဖြစ်နေပါတယ်"လို့လည်းဆိုပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးထားတဲ့ ဒေသတွေမှာ လူထုရဲ့ ပညာရေး၊ကျန်းမာရေးနဲ့ အခြေ ခံစားဝတ်နေရေးတို့အတွက်အစွမ်းကုန်ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ယာယီသမ္မတကထပ်လောင်းပြောပါတယ်။ လက်ရှိမှာ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းက၃၆မြို့နယ်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီး ကသာ၊ကောလင်း၊ကန့်ဘလူ ကသုံးလုံး သုံးမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးနဲ့ပညာရေး၊ ကျန်းမာရေးလုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းစစ်တပ်ဟာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး လူပေါင်းနှစ်ထောင်ကျော်ကို ညှင်းပန်းသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ချက်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ နှင့် တွေ့ဆုံ


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ တို့ဟာစက်တင်ဘာ၆ရက်နေ့က ချက်နိုင်ငံပရာဟာမြို့တော် ရှိ ပါလီမန်အဆောက်အဦမှာတွေ့ဆုံခဲ့တာလို့သတင်းရရှိပါတယ်။


စက်တင်ဘာ ရက်နေ့၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ချက်နိုင်ငံပရာဟာမြို့တော် ရှိ ပါလီမန်အဆောက်အဦတွင် ချက်အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. (Ms) Markéta Pekarová Adamová နှင့် တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံ ဆက်ဆံရေးနှင့် မြန်မာ့အရေးကိစ္စရပ်များကိုဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ တွေ့ဆုံရာသို့ ချက်နိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ် ဦးလင်းသန့်လည်းတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ PDF ဟာ ရန်သူဘယ်လိုမှချေမှုန်းဖို့မဖြစ်နိုင်တော့ တပ်မတော်တစ်ခုအဖြစ် ပေါ်ထွက်ခဲ့ပြီလို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို


စက်တင်ဘာ ရက်နေ့မှာ PDF ရဲဘော်များသို့ပြောကြားတဲ့ မိန့်ခွန်းမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကအခုလိုဆိုပါတယ်။


"စစ်ပွဲတစ်နှစ်တာအတွင်း ငါတို့ဟာ သိသာထင်ရှားတဲ့ တိုးတက်မှု၊အောင်မြင်မှုတွေရယူနိုင်ခဲ့သလို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ရမယ့်လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာလည်းတွေ့နိုင်တယ်။ ဘယ်လိုတိုးတက်တက်အောင်မြင်မှုရယူနိုင်ခဲ့သလဲ PDF ဟာ ရန်သူဘယ်လိုမှ ချေမှုန်းဖို့မဖြစ်နိုင်တော့ တပ်မတော်သစ်တစ်ခုအဖြစ်ပေါ်ထွက်ခဲ့ပြီဖြစ်တယ်"လို့ ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ပြည်သူ့ ခုခံတွန်းလှန်စစ်စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့ပေါင်း၂၅၇ ရင်း၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၅၀ နဲ့ LDF လူငယ်မြို့ပြပြောက်ကျားပေါင်း ၄၀၁ ဖွဲ့ရှိနေပြီဖြစ်ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုမြန်မြန်အဆုံးမသတ်ရင် ဗီယက်နမ်လို တစ်သိန်းတန်ထွက်လာနိုင်တယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုမြန်မြန်အဆုံးမသတ်ရင် ဗီယက်နမ်လို တစ်သိန်းတန်ထွက်လာနိုင်တယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်က စက်တင်ဘာလအတွင်းမှာ ရေးသားပြောကြားခဲ့ပါတယ်။


"အမျိုးချစ်ပါတယ် ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်တဲ့ မြန်မာငွေကြေးက အရွက်ပြောင်းတာ မြန်လိုက်တဲ့ ဖြစ်ခြင်း၊နေဝင်းခေတ်မှာ ၁၀၀ တန် ကနေ ၇၅၊ ၄၅၊ ၉၀ တန် အဆုံး.. သန်းရွှေခေတ်မှာ ၁၀၀၀ တန် ၅၀၀၀ တန်။သိန်းစိန်ခေတ်မှာ သောင်းတန်။ မင်းအောင်လှိုင်

ခေတ်မြန်မြန် အဆုံးမသတ်ရင် ဗီယက်နမ်လို တသိန်းတန်တောင် ထွက်လာမလားမသိသေးဘူး။ သောင်းတန်တော့ မကြာမှီ ထွက်လာမယ် ထင်တာပဲ"လို့ဆိုပါတယ်။ လက်ရှိမှာ ရွှေစျေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းဟာ အဆမတန်စျေးနှုန်းမြင့်တက်လျက်ရှိပါတယ်။


========================


📌📌 ၅။ Special Advisory Council for Myanmar က သုံးသပ်ချက်စာတမ်းကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နောက်ထပ် တစ်နှစ် တာဝန်ဆက်ယူနိုင်ရေးအတွက် ထိရောက်အဓိပ္ပါယ်ရှိလှတယ်လို့ သြစတြေးလျ NUG ကိုယ်စားလှယ်ဆို


စက်တင်ဘာလအတွင်းမှာ သြစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ် ဦးထွန်းအောင်ဆွေကအခုလို ဆိုခဲ့ပါတယ်။


"Special Advisory Council for Myanmar က Effective Control in Myanmar ဆိုတဲ့ သုံးသပ်ချက်စာတမ်းကို --၂၀၂၂ နေ့မှာ ထုတ်ပြန်လိုက်တာဟာ PDF ဖွဲ့စည်းခြင်း တနှစ်ပြည့်ကာလအတွက်ရော၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နောက်ထပ် တစ်နှစ် တာဝန်ဆက်ယူနိုင်ရေးအတွက်ရော အထူးပဲ အဓိပ္ပါယ်ရှိလှပါတယ်"လို့ဆိုပါတယ်။ နယ်မြေထိန်းချုပ်နိုင်မှု ဆိုတဲ့ အချက်က ကုလသမဂ္ဂ မှာ ကိုယ်စားပြုမှုအတွက် အရေးပါတဲ့ စဉ်းစားချက် ခုအနက် တခု ဖြစ်သလို ပြည်သူ့ခုခံစစ်ရဲ့ တနှစ်တာအတွင်း ရရှိခဲ့တဲ့ တိုးတက်မှုတွေကို ဖေါ်ပြရာလည်း ရောက်ပါတယ်လို့ ဦးထွန်းအောင်ဆွေကထပ်လောင်းပြောပါတယ်။


"မြန်မာနိုင်ငံအားထိရောက်စွာ ထိမ်းချုပ်ထားနိုင်မူ" (Effective Control in Myanmar) လို့ ခေါ်တဲ့ စာတမ်းတစောင်ကို စက်တင်ဘာလ ရက်နေ့ကမြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ က ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရမြန်မာနိုင်ငံ ၁၇ ရာခိုင်နှုန်း ခန့်ကိုသာ စစ်ကောင်စီ က ထိန်းချုပ်ထားနိုင်စွမ်းရှိတော့တယ်လို့ဆိုထားပါတယ်။ NUG နှင့် တော်လှန်ရေးအင်အားစုများသည် မြန်မာနိုင်ငံ ၅၂ ရာခိုင်နှုန်းကိုထိရောက်စွာ ထိမ်းချုပ်ထားနိုင်သည် ကို SAC-M စမ်းစစ်ချက်အရ တွေ့ရှိရတယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၆။ မြင်းမူမြို့အထက () ကျောင်းအတွင်းမှစကစတပ်အင်အား ၂၀ ခန့်ကို ၄၀ မမ နဲ့ပစ်ခတ်တိုက်ခိုက်ကာပေါက်ကွဲအားပြင်း မိုင်းဘီလူးနဲ့ပါ မိုင်းဆွဲ


စက်တင်ဘာ ရက် () နာရီ (၁၅) မိနစ် အချိန်ခန့်တွင်မြင်းမူမြို့အထက () ကျောင်းအတွင်းမှစကစတပ်သား (၂၀) ခန့်ကို တိုက်ခိုက်ခဲ့တာလို့ DK PDF-MMU ကဆိုပါတယ်။


"ယမန်နေ့ည () နာရီ (၁၅) မိနစ်အချိန်ခန့်တွင်မြင်းမူမြို့အထက () ကျောင်းအတွင်းမှစကစတပ် (၂၀) ခန့်အား ၄၀ မမ နှင့် စစ်အုပ်စုကြားသို့ပစ်ခတ်ခြင်း၊အထူးပြုလုပ်ထားသောမိုင်း(မိုင်းဘီလူး)ဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးမြို့ရှောင်လမ်းတွင်လည်းအာရုံလွှဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စစ်ဆင်ရေးကိုPeople's Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) တပ်ခွဲ၊ DK PDF(MMU) People Knight Defence Foce Myinmu(PKDF MMU) TAUNGTHA(TTA PDF)D.B.B.F MMU မဟာမိတ်အဖွဲ့များပါဝင်ခဲ့ပါတယ်။ စစ်အုပ်စုကြားထဲသို့အပီအပြင်တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့်စကစတပ်အသေအပျောက်များနိုင်တယ်လို့ဆိုပါတယ်၊၊


========================


📌📌 ၇။ လေးရက်အချိန်ယူထုတ်လုပ်ခဲ့တဲ့ လက်လုပ်ခြောက်လုံးပြူးသေနတ် ဒေါင်းသွေနီ PDF ထုတ်လုပ်အောင်မြင်


လေးရက်အချိန်ယူထုတ်လုပ်ခဲ့တဲ့ လက်လုပ်ခြောက်လုံးပြူးသေနတ် ဒေါင်းသွေးနီ PDF ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ ဒေါင်းသွေးနီ PDF ကအသိပေးဆိုပါတယ်။


"ဒေါင်းသွေးနီ-pdf မှခြောက်လုံးပြူး သေနတ် ထမ်မံ ထုတ်လုပ် အောင်မြင် ပြီးစီးခဲ့ပါတယ် အဆိုပါ ခြောက်လုံးပြူးကို တီထွင်ထုတ်လုပ်ရာလေးရက်တိုင် ထုတ်လုပ်ခဲ့ရပါတယ်ခင်ဗျာ"လို့ဆိုပါတယ်။ ဒေါင်းသွေးနီ-PDF ဟာ စစ်အာဏာရှင်စနစ်ကိုခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


========================


📌📌 ၈။ နွေဦးထီ Messager Chat Bot မှနွေဦးထီရောင်းချခြင်းလုပ်ငန်းစဉ်ကို NUG Pay နဲ့ယနေ့ကစကာ ပြန်လည်စတင်တော့မယ်လို့ နွေဦးထီမိသားစုကအသိပေး


စက်တင်ဘာ ရက်မှာ နွေဦးထီမိသားစုက ထီလက်မှတ်နဲ့ပတ်သက်လို့အခုလိုအသိပေးဖော်ပြပါတယ်။


"မိဘပြည်သူများ၏ သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေးဟာ အဓိကဦးစားပေးဖြစ်သည့် အတွက် ကြုံတွေ့ရသည့်ဝန်ဆောင်မှုလိုအပ်ချက်များ၊ နည်းပညာပိုင်းဆိုင်ရာအတားအဆီးများနှင့် ပိုမိုကောင်းမွန်လုံခြုံသည့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်မေလ၁

ရက်နေ့မှစ၍ နွေဦးထီ Messager Chat Bot မှနွေဦးထီရောင်းချခြင်းလုပ်ငန်းစဉ်ကိုခေတ္တခဏ ရပ်ဆိုင်းခဲ့ပါတယ်။ ယခုအခါ ကျွန်ုပ်တို့၏ နွေဦးထီ Messager Chat Bot မှနွေဦးထီရောင်းချခြင်းလုပ်ငန်းစဉ်ကိုစက်တင်ဘာ ရက်နေ့မှစ၍ ပိုမိုကောင်းမွန်လုံခြုံသည့် ဝန်ဆောင်မှုနှင့်အတူ ပြန်လည်စတင်တော့မည်ဖြစ်ပြီး နွေဦးထီ၏ နိုင်ငံတကာကိုယ်စားလှယ်များရောင်းချသော ပြည်ပ Bulk Purchase စနစ်ကို ကိုယ်စားလှယ်များထပ်တိုး၍ ဝန်ဆောင်မှုပုံစံအသစ်နှင့် ပိုမိုကျယ်ပြန့်လွတ်လပ်သော အွန်လိုင်းငွေပေး ချေမှုပုံစံ (NUGPay) ဖြင့် လုံခြုံစိတ်ချမှုအပြည့်နှင့် မိဘပြည်သူများရှေ့မှောက် ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်"လို့ဆိုပါတယ်။ 


ချစ်ခင်လေးစားရပါသော မိဘပြည်သူများအနေနဲ့ "အောင်လံလွှင့်ချီ နွေဦးထီ"ကို စတင်ရောင်းချခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့မှစ၍ ယနေ့အထိ အခက်အခဲများကြားမှ တော်လှန်ရေးစိတ်ဓါတ်ဖြင့် အစွမ်းကုန်ပူးပေါင်း ဝယ်ယူကံစမ်းကြသည့်အတွက် တစ်ဦးချင်း၊ တစ်ယောက်ချင်းဆီကို အထူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့လည်းဖော်ပြထားပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment