7th SEP 2022 - Morning Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့ဘဏ္ဍာ တွေကို စိတ်ကြိုက်ချယ်လှယ် ခွင့်ရနေတဲ့ စစ်ကောင်စီဟာ အင်အားစုံသုံးပြီးတာတောင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို () နှစ်ကျော် ကာလအတွင်း ဖြိုချလို့ မရသေးဘူးလို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

📌 ၂။  ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ သားသမီးတွေကို မွေးစားရင်းလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ဒုဝန်ကြီးခူးထဲဘူးရှင်းလင်း

📌 ၃။ အခြေခံပညာပြီးဆုံးကြောင်းစစ်ဆေးခြင်းစာမေးပွဲအတွက် စစ်ဆေးမည့်မေးခွန်းပုံစံ (sample questions) တွေကိုစတင်ထုတ်ပြန်မယ်လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်အသိပေး

📌 ၄။ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူကိုအောင်ဇော်ဦး စစ်ကြောရေးကာလ အတွင်း ပြင်းထန်စွာ ရိုက်နှက်စစ်ကြောခြင်း ခံခဲ့ရသောဒဏ်ရာများနဲ့အကျဥ်းထောင်တွင်းသေဆုံး

📌 ၅။ မြန်မာနိုင်ငံ ၁၇ ရာခိုင်နှုန်း ခန့်ကိုသာ စစ်ကောင်စီ က ထိန်းချုပ်ထားနိုင်စွမ်းရှိတော့

📌 ၆။ 5.56 ကျည်ဆယ်တောင့်ထိုး ရိုင်ဖယ်သေနတ်ကို kani Guerrilla Force ကထုတ်လုပ်အောင်မြင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့ဘဏ္ဍာ တွေကို စိတ်ကြိုက်ချယ်လှယ် ခွင့်ရနေတဲ့ စစ်ကောင်စီဟာ အင်အားစုံသုံးပြီးတာတောင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို () နှစ်ကျော် ကာလအတွင်း ဖြိုချလို့ မရသေးဘူးလို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော


ပြည်သူ့ဘဏ္ဍာ တွေကို စိတ်ကြိုက်ချယ်လှယ် ခွင့်ရနေတဲ့ စစ်ကောင်စီဟာ အင်အားစုံသုံးပြီးတာတောင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို () နှစ်ကျော် ကာလအတွင်း ဖြိုချလို့ မရသေးဘူးလို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ စက်တင်ဘာ၆ရက်အမျိုးသားညီညွတ်ရေးအစိုးရ ၆၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။


"ပြည်သူ့ဘဏ္ဍာ တွေကို ကိုယ့်အတ္တအတွက် စိတ်ကြိုက်ချယ်လှယ် ခွင့်ရနေတဲ့ စစ်ကောင်စီဟာ အင်အားစုံသုံးပြီးတာတောင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို () နှစ်ကျော် ကာလအတွင်း ဖြိုချလို့ မရသေးဘူး။ ဒါကိုကြည့်ရင် ကျွန်တော်တို့ဟာအောင်ပွဲဆီကို လျှောက်လှမ်းနေတယ်ဆိုတာ ငြင်းလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒါ့ထက်မြန်မြန် လျှောက်လှမ်းဖို့ လိုတယ်။ တော်လှန်ရေးကြာလေ ပြည်သူနာလေ တိုင်းပြည်နာလေမို့ ဒီလောက်ထိ ရှည်ကြာလာတာကိုတောင် ကျွန်တော်တို့ အနေနဲ့ မချင့်မရဲဖြစ်ရ ပါတယ်။လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်များဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ ချင်းပြည်နယ်၊ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တို့ကို လေကြောင်းပစ်ကူနဲ့မြေပြင် စစ်ကြောင်းထိုးဆင်နွှဲမှုများပြုလုပ်နေသော်လည်း နယ်မြေစိုးမိုးမှုမရရှိဘူးဖြစ်နေပါတယ်။


========================


📌📌 ၂။  ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ သားသမီးတွေကို မွေးစားရင်းလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ဒုဝန်ကြီးခူးထဲဘူးရှင်းလင်း


ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ သားသမီးတွေကို မွေးစားရင်းလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ဒုဝန်ကြီးခူးထဲဘူးရှင်းလင်းပြောကြားခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ၆၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်။


အစည်းအဝေးမှာ ပြည်ထဲရေး လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခူးထဲဘူးက ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ သားသမီးတွေကို မွေးစားရင်းလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၆၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ နွေဦးတော်လှန်ရေးမှာ ပံ့ပိုးကူညီခဲ့တဲ့ ပြည်ပရောက် ပြည်ထောင်စုသားများကိုလည်း ဂုဏ်ထူးဆောင်နိုင်ငံသားများပေးအပ်ဖို့စီစဥ်လျက်ရှိနေပါတယ်။


========================


📌📌 ၃။ အခြေခံပညာပြီးဆုံးကြောင်းစစ်ဆေးခြင်းစာမေးပွဲအတွက် စစ်ဆေးမည့်မေးခွန်းပုံစံ (sample questions) တွေကိုစတင်ထုတ်ပြန်မယ်လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်အသိပေး


အခြေခံပညာပြီးဆုံးကြောင်းစစ်ဆေးခြင်းစာမေးပွဲအတွက် စစ်ဆေးမည့်မေးခွန်းပုံစံ (sample questions) တွေကိုစတင်ထုတ်ပြန်မယ်လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်အသိပေးပြောပါတယ်။ စက်တင်ဘာ ရက်နေ့မှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဂျာထွယ်ပန်က လူမှုကွန်ရက်မှာရေးသားပြောပါတယ်။


"၂၀၂၃ ဖေဖော်ဝါရီ မှာ ပထမဦးဆုံးအကြိမ်စတင်ကျင်းပမဲ့ အခြေခံပညာပြီးဆုံးကြောင်းစစ်ဆေးခြင်းစာမေးပွဲ (Basic Education Completion Assessment) အတွက် online/offline စစ်ဆေးမှုပုံစံတွေ လုပ်ဆောင်နေတာ တော်တော်ခရီးရောက်လာနေပြီ။ မကြာမီ ရက်ပိုင်းအတွင်းမှာပဲ စစ်ဆေးမည့်မေးခွန်းပုံစံ (sample questions) တွေကိုစတင်ထုတ်ပြန်ပေးတော့မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထုတ်ပြန်မှု အပြည့်အစုံကို ပညာရေးဝန်ကြီးဌာန FB page နဲ့ တရားဝင် page တွေကနေ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ ဖြေဆိုလိုသူ များအနေနဲ့ နာမည်စာရင်းသွင်းခြင်း registration ကို အောက်တိုဘာလ အတွင်းမှာ စတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Sample question များကို အင်တာနက်မရှိတဲ့ဒေသတွေအတွက်လည်း သက်ဆိုင်ရာ လုံခြုံတဲ့နည်းလမ်းများ ကတဆင့် ချိတ်ဆက်ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူကိုအောင်ဇော်ဦး စစ်ကြောရေးကာလ အတွင်း ပြင်းထန်စွာ ရိုက်နှက်စစ်ကြောခြင်း ခံခဲ့ရသောဒဏ်ရာများနဲ့အကျဥ်းထောင်တွင်းသေဆုံး


နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူကိုအောင်ဇော်ဦး စစ်ကြောရေးကာလ အတွင်း ပြင်းထန်စွာ ရိုက်နှက်စစ်ကြောခြင်း ခံခဲ့ရသောဒဏ်ရာများနဲ့အကျဥ်းထောင်တွင်းသေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ရက်နေ့မှာ AAPP ကအသိပေးဆိုပါတယ်။


"နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူကိုအောင်ဇော်ဦးဟာ စစ်ကြောရေးကာလ အတွင်း ပြင်းထန်စွာ ရိုက်နှက်စစ်ကြောခြင်း ခံခဲ့ရသောကြောင့် နံရိုးများကျိုးသွားခဲ့ပါတယ်။ အဆိုပါဒဏ်များကြောင့်  အကျဉ်းထောင်တွင်း ကျန်းမာရေးဆိုးရွားလာခဲ့ပြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ကုသသော်လည်း စက်တင်ဘာလ ရက်နေ့ တွင် သေဆုံးသွားခဲ့တယ်"လို့ AAPP ကဆိုပါတယ်။


နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ အောင်ဇော်ဦး () မိုဟာမက်ဖွာရူးက်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ မေလအတွင်း၌ ၎င်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် () နှစ် ချမှတ်ခြင်းခံခဲ့ရပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံ ၁၇ ရာခိုင်နှုန်း ခန့်ကိုသာ စစ်ကောင်စီ က ထိန်းချုပ်ထားနိုင်စွမ်းရှိတော့


မြန်မာနိုင်ငံ၏ ၁၇ ရာခိုင်နှုန်း ခန့်ကိုသာ စစ်ကောင်စီ က ထိန်းချုပ်ထားနိုင်စွမ်းရှိတော့တယ်လို့သတင်းရရှိပါတယ်။ "မြန်မာနိုင်ငံအားထိရောက်စွာ ထိမ်းချုပ်ထားနိုင်မူ" (Effective Control in Myanmar) လို့ ခေါ်တဲ့ စာတမ်းတစောင်ကို စက်တင်ဘာလ ရက်နေ့ကမြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ထုတ်ပြန်ပါတယ်။


NUG နှင့် တော်လှန်ရေးအင်အားစုများသည် မြန်မာနိုင်ငံ ၅၂ ရာခိုင်နှုန်းကိုထိရောက်စွာ ထိမ်းချုပ်ထားနိုင်သည် ကို SAC-M စမ်းစစ်ချက်အရ တွေ့ရှိရတယ်လို့ ဖော်ပြပါတယ်။ နောက်ထပ် ၂၃ ရာခိုင်နှုန်းနယ်မြေများတွင် စစ်ကောင်စီ ၏ထိန်းချုပ်နိုင်မှု ကို စိမ်ခေါ် ခံနေရပြီး မြန်မာနိုင်ငံ ၁၇ရာခိုင်နှုန်းခန့်ကိုသာ စစ်ကောင်စီ က ထိမ်းချုပ်ထားနိုင်စွမ်းရှိတော့တယ်လို့ ဆိုပါတယ်။


========================


📌📌 ၆။ 5.56 ကျည်ဆယ်တောင့်ထိုး ရိုင်ဖယ်သေနတ်ကို kani Guerrilla Force ကထုတ်လုပ်အောင်မြင်


5.56 ကျည်ဆယ်တောင့်ထိုး ရိုင်ဖယ်သေနတ်ကို kani Guerrilla Force ကထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ စက်တင်ဘာ ရက် မှာ kani Guerrilla Force ကအသိပေးဆိုပါတယ်။


"အသစ်အသစ်သော တီထွင်မှုတွေနဲ့အတူ အမှန်တရားအတွက် ရှေ့ဆက်နေတဲ့ K.G.F 5.56 ကျည်ဆယ်တောင့်ထိုး ကျည်ဘောက်လေးနဲ့ ရိုင်ဖယ်သေနတ်ကလေးဖြစ်ပါတယ်"လို့ဆိုပါတယ်။ kani Guerrilla Forceဟာ စစ်ကောင်စီတပ်များကို ခုခံတွန်းလှန်တိုက်ခိုက်နေတဲ့ အင်အားစုလည်းဖြစ်ပါတယ်။


 အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment