8th SEP 2022 - Evening Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီတပ် လက်အောက်ခံ ဗိုလ်နဲ့တပ်သားတွေ ပြည်သူ့တော်လှန်ရေးနဲ့ ပူးပေါင်းပါဝင်ရပ်တည်ပေးကြဖို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဖိတ်ခေါ်

📌 ၂။ ချင်းတစ်မျိုးသားလုံးနွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်သလို တိုင်းရင်းသားအားလုံးလည်း ပူးပေါင်းပါဝင်ပေးဖို့ ဖက်ဒရယ်ရေးရာဝန်ကြီးတိုက်တွန်းပြောကြား

📌 ၃။ အကြမ်းဖက် စစ်တပ်ဟာ ရက်စက်ပြီး နှလုံးသားမရှိတဲ့ လူသတ်ကောင်အဖွဲ့အစည်းတစ်ခုအဖြစ် အားလုံးက မှန်မှန်ကန်ကန်မြင်လာကြပြီလို့ ပရော်ဖက်ဆာယမ်ဟီးလီဆို

📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီကားချပ်ကို အမေရိကန်နေထိုင်သူ မြန်မာအမျိုးသမီးတစ်ဦးကံထူးရရှိ

📌 ၅။ ဂန့်ဂေါမြို့နယ်မှာ NUGပညာရေးဝန်ကြီးဌာန ရဲ့အကဲဖြတ်မှု စာမေးပွဲတွင် ကျောင်းသူကျောင်းသားပေါင်း ၆၀၀၀ ကျော်ဝင်ဖြေ

📌 ၆။ မိုးဗြဲမှာနှစ်ဖက် တိုက်ပွဲများပြင်းထန်

📌 ၇။ “Spring Inya” ကို EOD ကထပ်မံမိတ်ဆက်အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီတပ် လက်အောက်ခံ ဗိုလ်နဲ့တပ်သားတွေ ပြည်သူ့တော်လှန်ရေးနဲ့ ပူးပေါင်းပါဝင်ရပ်တည်ပေးကြဖို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဖိတ်ခေါ်


စက်တင်ဘာ ရက်ကျင်းပတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်စကားဝိုင်းမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က အခုလိုပြောကြားခဲ့ပါတယ်။


"အသိဥာဏ်မဲ့တဲ့ သူရဲဘောကြောင်တဲ့ စစ်ခေါင်းဆောင် လူမိုက်တစ်စုကြောင့်သာလျှင် တန်ဖိုးရှိတဲ့ အသက်တွေ အလဟသတ် ဆုံးရှုံးနေရတာဖြစ်တယ်။ဒီအသက်တွေ ဆက်ပြီးတော့ ဆုံးရှုံးမနေဖို့ ကျနော်တို့နိုင်ငံရဲ့ပြည်သူတွေရဲ့ ဒုက္ခတွေ အမြန်ဆုံး ရပ်တန့်နိုင်ဖို့ဆိုရင် ဒီ စစ်ကောင်စီလက်အောက်ခံ တပ်ကဗိုလ်နဲ့တပ်သားတွေ အမြန်ဆုံးပြည်သူ့တော်လှန်ရေးနဲ့ပြည်သူနဲ့ပူးပေါင်းပါဝင်ပြီးတော့မှ ရပ်တည်ပေးကြပါ"လို့ဆိုပါတယ်။


လက်ရှိမှာ တပ်နဲ့ရဲ CDM သောင်းနဲ့ချီ ရှိလာပြီး အချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရအောက် တပ်ရင်းတပ်ဖွဲ့များမှာတာဝန် ပြန်လည်ထမ်းဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ ချင်းတစ်မျိုးသားလုံးနွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်သလို တိုင်းရင်းသားအားလုံးလည်း ပူးပေါင်းပါဝင်ပေးဖို့ ဖက်ဒရယ်ရေးရာဝန်ကြီးတိုက်တွန်းပြောကြား


စက်တင်ဘာ ရက်ကျင်းပတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်စကားဝိုင်းမှာ ဖက်ဒရယ်ရေးရာဝန်ကြီးဒေါက်တာလျှံမှုန်းဆာခေါင်းကအခုလိုဆိုလိုက်ပါတယ်။


"ချင်းတမျိုးသားလုံး ဒီတော်လှန်ရေးမှာ ပူးပေါင်းပါဝင်သလို အခြားတိုင်းရင်းသားအားလုံစ ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ပါ။ဆက်ပြီးတော့ ကျနော်တို့ တိုက်ပွဲဝင်ကြရအောင်၊ ဆက်ပြီးတော့ ကျနော်တို့ လက်တွဲရအောင်၊ဆက်ပြီးတော့ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်တဲ့အထိ ပူးပေါင်းပါဝင်ကြရအောင်လို့တိုက်တွန်းပါတယ်"လို့ဆိုပါတယ်။


စစ်ကောင်စီတပ်များဟာ ချင်းပြည်နယ် ထန်တလန်မြို့ကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ချင်းတိုင်းရင်းသားများကိုလည်း ဖမ်းဆီးနှိပ်စက်ခြင်းနဲ့သတ်ဖြတ်ခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် စစ်တပ်ဟာ ရက်စက်ပြီး နှလုံးသားမရှိတဲ့ လူသတ်ကောင်အဖွဲ့အစည်းတစ်ခုအဖြစ် အားလုံးက မှန်မှန်ကန်ကန်မြင်လာကြပြီလို့ ပရော်ဖက်ဆာယမ်ဟီးလီဆို


အကြမ်းဖက် စစ်တပ်ဟာ ရက်စက်ပြီး နှလုံးသားမရှိတဲ့ လူသတ်ကောင်အဖွဲ့အစည်းတစ်ခုအဖြစ် အားလုံးက မှန်မှန်ကန်ကန်မြင်လာကြပြီလို့ ပရော်ဖက်ဆာယမ်ဟီးလီကဆိုလိုက်ပါတယ်။ စက်တင်ဘာ ရက်ကျင်းပတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်စကားဝိုင်းမှာ Founder of the Special Advisory Council for Myanmar မှ ပရော်ဖက်ဆာယမ်ဟီးလီ ကဆိုပါတယ်။


"စစ်တပ်ဟာ ရက်စက်ပြီး နှလုံးသားမရှိတဲ့ လူသတ်ကောင် အဖွဲ့အစည်းတစ်ခုအဖြစ် အားလုံးမှန်မှန်ကန်ကန် မြင်လာကြပါပြီ။စစ်တပ်ကို စတင်ဖွဲ့စည်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှာ လူတွေကို ကာကွယ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဲဒီတုန်းကထက် အခုဆိုရင် အများကြီးပြောင်းလဲ သွားပါပြီ။လူပေါင်းများစွာဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်ရဲ့ရက်စက်မှုအောက်မှာ များစွာဆင်းရဲခံစားရပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတဲ့လူငယ်များကို ဦးခေါင်းနဲ့ရင်ဘတ်များကို စစ်တပ်က ချိန်ရွယ်ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ လက်ရှိမှာ လူပေါင်းနှစ်ထောင်ကျော်သေဆုံးခဲ့ပြီး လူပေါင်းတစ်သောင်းကျော် ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။


========================


📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီကားချပ်ကို အမေရိကန်နေထိုင်သူ မြန်မာအမျိုးသမီးတစ်ဦးကံထူးရရှိ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီကားချပ်ကို အမေရိကန်နေထိုင်သူ မြန်မာအမျိုးသမီးတစ်ဦးကံထူးရရှိသွားပါတယ်။ ချိုးဖြူငှက်တို့ ပျံသန်းစေ မေ့သားရဲ့မေတ္တာ ဆန်ရေ အစီအစဥ်မှ ကံထူးရှင်ရွေးချယ်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုမှ 08684 နံပါတ်နဲ့ကံထူးသွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ရက်နေ့ည နာရီမှာ ကံထူးရှင်ကို ကိုထိန်းလင်းကိုယ်တိုင်မဲဖောက်ရွေးချယ်ပေးခဲ့ပါတယ်။


"ချိုးဖြူငှက်တို့ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေဆိုပြီး အမည်ပေးထားတဲ့ အဲဒီပရောဂျက်ကို သြဂုတ်လ (၂၅) ရက်နေ့မှ စက်တင်ဘာလ () ရက်နေ့အထိ လက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ (၁၀၀) နဲ့ရောင်းချခဲ့ပါတယ်။ စုစုပေါင်း အမေရိကန်ဒေါ်လာ . မီလီယံရရှိခဲ့ကာ ၄င်းငွေများကို တော်လှန်ရေးနဲ့ စစ်ဘေးရှောင်များအတွက်ပေးအပ်ကူညီသွားမှာဖြစ်ပါတယ်။


========================


📌📌 ၅။ ဂန့်ဂေါမြို့နယ်မှာ NUGပညာရေးဝန်ကြီးဌာန ရဲ့အကဲဖြတ်မှု စာမေးပွဲတွင် ကျောင်းသူကျောင်းသားပေါင်း ၆၀၀၀ ကျော်ဝင်ဖြေ


မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ NUG ပညာရေးဝန်ကြီးဌာန ရဲ့ ကြားကာလပညာရေး အခန်းဆုံးစစ်ဆေးအကဲဖြတ်မှု စာမေးပွဲ ကျောင်းသူကျောင်းသားပေါင်း ၆၀၀၀ ကျော်ဝင်ဖြေခဲ့ကြပါတယ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနကြားကာလပညာရေး အခန်းဆုံးစစ်ဆေးအကဲဖြတ်မှုကို ကျောင်းသား ,၀၀၀ကျော်ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ (ယာယီ) ကသတင်းရရှိပါတယ်။


အခန်းဆုံးစစ်ဆေးမှုကို Grade – 4 မှ Grade 11 အထိစစ်ဆေးနေခြင်းဖြစ်ပါတယ်။ ဂန့်ဂေါမြို့နယ်တွင် ကြားကာလ ပညာရေးကျောင်း ၇၇ကျောင်း၌ ကျောင်းသား ဦးရေ ၁၁,၈၂၈ ဦးရှိကာ CDM ဆရာ ဆရာမ နှင့် စေတနာ့ဝန်ထမ်း ,၂၀၉ ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိပါတယ်။


========================


📌📌 ၆။ မိုးဗြဲမှာနှစ်ဖက် တိုက်ပွဲများပြင်းထန်


မိုးဗြဲမြို့နယ်မှာ နှစ်ဖက် တိုက်ပွဲများပြင်းထန်နေတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ရက်နေ့ မနက်ပိုင်းမှာ မိုးဗြဲ MBPDF ကအသိပေးပြောပါတယ်။


"အကြမ်းဖက်စကစမှ မိုးဗြဲမြို့ လူနေရပ်ကွက်ထဲဝင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အပြန်အလှန်ပစ်ခတ်မူများပြင်းထန်နေပါတယ်"လို့ ဆိုပါတယ်။


 ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေပေးကြဖို့ နှင့် ခရီးသွားမိဘပြည်သူများအနေဖြင့် မိုးဗြဲလမ်းကို အသုံးမပြုသေးဖို့ သတိပေးအပ်ပါတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF ကဖော်ပြပါတယ်။


========================


📌📌 ၇။ “Spring Inya” ကို EOD ကထပ်မံမိတ်ဆက်အသိပေး


“Spring Inya”ကို EOD ကထပ်မံမိတ်ဆက်အသိပေးလိုက်ပါတယ်။ စက်တင်ဘာလအတွင်းမှာ endofdictatorship ကအသိပေးဆိုပါတယ်။


"တော်လှန်ပြည်သူတွေနဲ့ ထိုက်တန်လှတဲ့ နွေဦးနဲ့အတူ ထွန်းတောက်မယ့် ရန်ကုန်မြေ ဖြစ်လာစေဖို့ နောက်ထပ် စီမံကိန်း တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီမံကိန်းဟာဆိုရင် နွေဦး အောင်ပွဲခံ လူငယ်တွေ၊ Generation Z မျိုးဆက်တွေရဲ့လွတ်လပ်ခြင်း၊ ရဲ့ရင့်ခြင်း၊ တက်ကြွခြင်း၊ လူသားတစ်ဦးရဲ့ ဖြစ်တည်မှုနဲ့ မူလကိုယ်ပိုင် တန်ဖိုးတွေ အလျင်မပြတ် စီးဆင်းနေစေဖို့၊ နွေဦးမှာ ဖူးသစ်ခဲ့ကြတဲ့ စွန့်လွှတ်အနစ်နာခံ စိတ်တွေ ရှင်သန်ကြီးထွားနေစေဖို့ လူငယ် ပြည်သူတွေကို ဂုဏ်ပြုပေးမယ့် စီမံကိန်းလည်း ဖြစ်ပါတယ်။စီမံကိန်း တည်နေရာကတော့ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်နေရာ အင်းလျား ဖြစ်ပါတယ်"လို့ဆိုပါတယ်။


စီမံကိန်းမှာ -ပြည်သူတွေပိုင်တဲ့ အင်းလျားကန်ကြီးကို အားပါးတရ တစ်ပတ်ကြီး လျောက်လို့ ရမယ့် ကန်ပတ်လမ်း သာယာလှပတဲ့ ရှုခင်းတွေကို ကြည်နူးခံစားဖို့ နေရာထိုင်ခင်းတွေ၊ ကျွန်းဆက်လမ်းတွေ၊ အင်းလျားမျှော်စင်တွေ ထည့်သွင်းတည်ဆောက်မယ်လို့ဆိုပါတယ်။


ဒါ့အပြင်အင်းလျားရဲ့ ကျွန်းဆွယ်တစ်ခုမှာ လူငယ်တွေရဲ့ အနုပညာ ဖန်တီးမှုတွေကို လွတ်လွတ်လပ်လပ် ဖန်တီးဖို့၊ မျှဝေဖို့၊ ခံစားဖို့ Open Amphitheater တစ်ခုကို အခင်းအကျင်း ပစ္စည်းကိရိယာ ပြည့်ပြည့်စုံစုံနဲ့ ထည့်သွင်းတည်ဆောက်မယ်လို့လည်းသတင်းရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment