8th SEP 2022 - Morning Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။
အကြမ်းဖက် စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ လူနေအဆောက်အအုံပေါင်း သုံးသောင်းနီးပါးမီးရှို့ဖျက်ဆီးထားပြီး လူတွေကို အရှင်လတ်လတ် မီးရှိူ့သတ်ဖြတ်ခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို

📌 ၂။ ချက်သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဌနှင့် အဖွဲ့က မြန်မာပြည် ငြိမ်းချမ်းပါစေ ဟု မြန်မာစာ ၊ချက်ဘာသာဖြင့် ရေးသားထားသော ဆုတောင်း စာရွက်အား မြန်မာကိုယ်စားလှယ်အဖွဲ့အား ပေးအပ်

📌 ၃။ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအပါအဝင် အခြားနေရာဒေသများမှ ပြည်သူလူထုတိုင်ကြားစာ ငါးရာခန့်ကို ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေလုပ်ဆောင်နေပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနကအသိပေး

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်များအားလုံး လာမယ့်တစ်နှစ်အတွင်း တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဆို

📌 ၅။ စစ်အာဏာရှင်ရဲ့ရက်စက်မှုကြောင့်  ရိုက်ချိုးဖျက်စီးခံရဆဲဖြစ်တဲ့  မြန်မာပြည်သူတွေရဲ့ဘဝတွေကို လစ်လျူရူထားလို့မရနိုင်ဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၆။ မင်းအောင်လှိုင်နဲ့တကွ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့ရှေ့ဒူးထောက်အရှုံးပေးဖို့သာ ကျန်တော့တယ်လို့ ကိုနေဘုန်းလတ်ဆို

📌 ၇။ ဝေဟင်ပျံဝဲ တော်လှန်မယ့်ပွဲ ခေါင်းစဥ်နဲ့ စကားဝိုင်းမှာ သရုပ်ဆောင် မင်းမော်ကွန်းနဲ့ မြနှင်းရည်လွင်တို့ပါဝင်ဆွေးနွေးမယ်

📌 ၈။ တရားမဝင် စိတ်ကြွ ရူးသွပ် ဆေးပြား (WY) အများအပြား ပီနံအိတ်ဖြူ () လုံးဖြင့် သယ်ဆောင် လာတာကို တမူး PDF တပ်ရင်း ဖမ်းဆီးရမိ

📌 ၉။ ငွေတောင် အခြေစိုက် ခလရ ၁၀၂ တပ်ရင်းက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အတွဲလိုက် ဒုံးများနဲ့ပစ်ခတ်ရာ စာသင်ကျောင်းဝန်းအတွင်း ဝန်ထမ်းအိမ်ရာထိမှန် 

📌 ၁၀။ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်လာသော စစ်ရေယာဥ်နဲ့ စကစမော်တော် ရေယာဥ်အားတစ်ဖက်ပွင့်မိုင်းများနဲ့ ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ လူနေအဆောက်အအုံပေါင်း သုံးသောင်းနီးပါးမီးရှို့ဖျက်ဆီးထားပြီး လူတွေကို အရှင်လတ်လတ် မီးရှိူ့သတ်ဖြတ်ခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို


အကြမ်းဖက် စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ လူနေအဆောက်အအုံပေါင်း သုံးသောင်းနီးပါးမီးရှို့ဖျက်ဆီးထားပြီး လူတွေကို အရှင်လတ်လတ် မီးရှိူ့သတ်ဖြတ်ခဲ့တယ်လို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ရက်နေ့မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တစ်နှစ်ပြည့် ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာထည့်သွင်းပြောပါတယ်။


"အကြမ်းဖက် စစ်တပ်ဟာ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုသလိုပဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတယ်။ ရွာတွေကို မီးရှို့တယ်။အခုဆိုရင် အခုဆိုရင် တစ်နိုင်ငံလူံးမှာလူနေပေါင်း သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးထားပါတယ်။ လူတွေကိုအရှင်လတ်လတ် မီးရှို့တယ်။အစုလိုက်အပြုံလိုက်သတ်ဖြတ်တယ်။ဖမ်းဆီးထားတဲ့တော်လှန်ရေးခေါင်းဆောင်တွေကို ထောင်တွင်းမှာ သတ်ဖြတ်လိုက်တယ်။မြို့တွေ၊ရွာတွေကို လေကြောင်းနဲ့ဗုံးကြဲတယ်။စက်သေနတ်နဲ့တိုက်ခိုက်တယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ ကရင်နီပြည်နယ် ဖရူဆို၊ မိုဆိုရွာမှာ အမျိုးသမီး ကလေးသူငယ်များအပါအဝင် လူ ၃၆ ဦးကို ကားပေါ်မှာမီးရှို့သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၂။ ချက်သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဌနှင့် အဖွဲ့က မြန်မာပြည် ငြိမ်းချမ်းပါစေ ဟု မြန်မာစာ ၊ချက်ဘာသာဖြင့် ရေးသားထားသော ဆုတောင်း စာရွက်အား မြန်မာကိုယ်စားလှယ်အဖွဲ့အား ပေးအပ်


ချက်သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဌနှင့် အဖွဲ့က မြန်မာပြည် ငြိမ်းချမ်းပါစေ ဟု မြန်မာစာ ၊ချက်ဘာသာဖြင့် ရေးသားထားသော ဆုတောင်း စာရွက်အား မြန်မာကိုယ်စားလှယ်အဖွဲ့အား ပေးအပ်ခဲ့ပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့အား ချက်သမ္မတနိုင်ငံ အောက် လွှတ်တော် ဥက္ကဌ မစ္စ Markéta Pekarová Adamová နှင့် အဖွဲ့က လွှတ်တော်ဥက္ကဌ၏ ဧည့်ခန်းတွင် စက်တင်ဘာလ ရက်နေ့မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။


ထိုသို့တွေ့ဆုံရာမှာချက်သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဌက မြန်မာနိုင်ငံတွင် သွေးစွန်းတဲ့ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ရှုပ်ချကြောင်း၊ စစ်အာဏာသိမ်းမှု မဖြစ်ပွားခင်နှစ်က ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အရပ်သားအစိုးရသာလျှင် ချက်နိုင်ငံ၏ အားပေးထောက်ခံမှုကို ရရှိမှာဖြစ်ကြောင်း၊ ဒီ ကမ္ဘာတခွင်မှာ အကြမ်းဖက်ပြီး လူမှုပြဿနာတွေကို အဖြေရှာဖို့ မဖြစ်နိုင်ကြောင်း ဆွေးနွေးပွဲအတွင်းပြောဆိုခဲ့ပါတယ်။


NUG နိုင်ငံခြားရေးဝန်ကြီး၊ CRPH အဖွဲ့ဝင် ဒေါ်ဇင်မာအောင်ကလည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ အမျိုးသား ညီညွတ်ရေး အစိုးရ၏ အခန်းကဏ္ဍနှင့် လုပ်ဆောင်ချက်များ၊ အမျိုးသား ညီညွှတ်ရေး အတိုင်ပင်ခံ ကောင်စီ၏ အခန်းကဏ္ဍနှင့် ပဋိဉာဉ်အပါအဝင် လုပ်ဆောင်ချက်များ၊ တတိယ အကြိမ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အခန်းကဏ္ဍနှင့် လုပ်ဆောင်ချက်များ၊ လတ်တလော တော်လှန်ရေး အစိုးရနှင့် မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေး အစုအဖွဲ့များ၊လူမှု အစုအဖွဲ့များ၏ အနာဂါတ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေး လမ်းပြမြေပုံနှင့် အကောင်အထည်ဖော်ဆောင်နေမှုများကို ဆွေးနွေးဖလှယ်ပြောကြားခဲ့ပါတယ်။


ယင်းနောက်ချက်သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဌနှင့် အဖွဲ့က မြန်မာပြည် ငြိမ်းချမ်းပါစေ လို့ မြန်မာစာ ၊ချက်ဘာသာဖြင့် ရေးသားထားသော ဆုတောင်း စာရွက်အား မြန်မာကိုယ်စားလှယ်အဖွဲ့အား ပေးအပ်ပြီး အမှတ်တရ လက်ဆောင်များ ဖလှယ်ကာ မှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ချက်သမ္မတ နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအပါအဝင် အခြားနေရာဒေသများမှ ပြည်သူလူထုတိုင်ကြားစာ ငါးရာခန့်ကို ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေလုပ်ဆောင်နေပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနကအသိပေး


စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအပါအဝင် အခြားနေရာဒေသများမှ ပြည်သူလူထုတိုင်ကြားစာ ငါးရာခန့်ကို ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေလုပ်ဆောင်နေပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနကအသိပေးဆိုပါတယ်။ စက်တင်ဘာ၇ရက် radio NUG ကဆက်သွယ်မေးမြန်းမှုကို ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုဖြေကြားပါတယ်။


"ဒီတိုင်ကြားမှုတွေကို ဥပဒေကြောင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်ထဲရောက်ရှိဖို့ လိုအပ်တဲ့ပြင်ဆင်ချက်တွေ လုပ်နေပါပြီ"လို့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ ရာဇဝတ်မှုကျူးလွန်မှုများကို ဒေသခံ ပြည်သူလူထုမှ တိုင်တန်းထားမှုပေါင်း ၅၀၀ ခန့်ရှိပါတယ်။ ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့များအနေနဲ့ လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်နေပြီလို့လည်း သတင်းရရှိပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်များအားလုံး လာမယ့်တစ်နှစ်အတွင်း တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဆို


အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်များအားလုံး လာမယ့်တစ်နှစ်အတွင်း တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။ စက်တင်ဘာ ရက်နေ့ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့် ရေဒီယိုမိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။


"ပြီးခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ကာလကို သုံးသပ်ရင် တော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ ရေခံမြေခံ အားလုံးကို ငါတို့တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်တယ်။ ရှေ့လာမယ့်နှစ်ကတော့ တော်လှန်ရေးအတွက် အထူးအရေးကြီးလိမ့်မယ်။ ရန်သူကို အချိန်ပေးလို့ မရတော့ဘူးဆိုတာ သေချာတယ်။ ဒီ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်များအားလုံး လာမယ့်တစ်နှစ်အတွင်း တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်တယ်ဆိုတာလည်း အသိပေးလိုတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တက်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာ  နယ်မြေစိုးမိုးမှု မြန်မာနိုင်ငံ ၁၇ ရာခိုင်နှုန်းခန့်ကိုသာ စစ်ကောင်စီ က ထိမ်းချုပ်ထားနိုင်စွမ်းရှိတော့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ စစ်အာဏာရှင်ရဲ့ရက်စက်မှုကြောင့်  ရိုက်ချိုးဖျက်စီးခံရဆဲဖြစ်တဲ့  မြန်မာပြည်သူတွေရဲ့ဘဝတွေကို လစ်လျူရူထားလို့မရနိုင်ဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


စစ်အာဏာရှင်ရဲ့ရက်စက်မှုကြောင့်  ရိုက်ချိုးဖျက်စီးခံရဆဲဖြစ်တဲ့  မြန်မာပြည်သူတွေရဲ့ဘဝတွေကို လစ်လျူရူထားလို့မရနိုင်ဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။ စက်တင်ဘာ ရက်မှာလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာရေးသားပြောပါတယ်။


"ဂျီနီဗာ ကုလရုံးရှေ့က ခြေတချောင်းကျိုးထိုင်ခုံကြီးက မြေမြုပ်မိုင်းကြောင့်ထိခိုက်သူတွေအထိမ်းအမှတ်စိုက်ထူထားတာဖြစ်တယ်။ ၂၅ နှစ်ပြည့်ပြပွဲတွေ ကျင်းပနေပါတယ်။ မြေမြုပ်မိုင်းကြောင့် ဘဝတွေကျိူးကြေပျက်စီးသွားကြသလို စစ်အာဏာရှင်ရဲ့ရက်စက်မှုကြောင့်  ရိုက်ချိုးဖျက်စီးခံရဆဲဖြစ်တဲ့  မြန်မာပြည်သူတွေရဲ့ဘဝတွေကို လစ်လျူရူထားလို့မရနိုင်ပါဘူး။တာဝန်တွေနဲ့အတူ ဆက်လက်ကြိုးပမ်းဆဲပါ"လို့ ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်း၊မကွေး၊ချင်းပြည်နယ်နဲ့ကရင်နီဒေသတို့မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကို အများအပြားကျူးလွန်ထားပါတယ်။ လက်ရှိမှာ အကြမ်းဖက် စသ်အုပ်စုဟာ လူပေါင်းနှစ်ထောင်ကျော်ကို သတ်ဖြတ်ထားပြီး လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပါတယ်။


========================


📌📌 ၆။ မင်းအောင်လှိုင်နဲ့တကွ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့ရှေ့ဒူးထောက်အရှုံးပေးဖို့သာ ကျန်တော့တယ်လို့ ကိုနေဘုန်းလတ်ဆို


မင်းအောင်လှိုင်နဲ့တကွ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့ရှေ့ဒူးထောက်အရှုံးပေးဖို့သာ ကျန်တော့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ press secretary ကိုနေဘုန်းလတ်ကဆိုပါတယ်။ စက်တင်ဘာ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ press secretary ကိုနေဘုန်းလတ်က လူမှုကွန်ရက်မှာ သုံးသပ်ရေးသားပြောဆိုပါတယ်။


"အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေ ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို အမြဲတမ်းခံနေရပြီး အုပ်ချုပ်ရေးယန္တရားတွေ ပြိုလဲနေတဲ့ မြို့နယ်က (၁၁၀) မြို့နယ်ရှိပြီး  ရာခိုင်နှုန်းအားဖြင့် (၃၃) ရာခိုင်နှုန်းရှိနေတယ်။ မြေဧရိယာအကျယ်အဝန်းအနေနဲ့ဆို မြန်မာတစ်နိုင်ငံလုံးရဲ့ (၂၃) ရာခိုင်နှုန်းမှာ အကြမ်းဖက်စစ်ကောင်စီ အမြဲတမ်းတိုက်ခိုက်ခံနေရပြီး စကစရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြိုလဲနေပြီလို့ အချက်အလက်တွေက ပြနေပါတယ်။ သေချာတာတော့ မြန်မာပြည်သူတွေကတော့ အကြမ်းဖက်စစ်တပ်ကို အမြစ်မဖြတ်နိုင်သေးသရွေ့ ရပ်တန့်မှာ မဟုတ်တော့ပါဘူး။ မင်းအောင်လှိုင်နဲ့တကွ အကြမ်းဖက်စစ်တပ်ဘက်ကနေရပ်ပြီး ပြည်သူကို သစ္စာဖောက်နေကြတဲ့ လောက်ကောင်တွေအားလုံး  အတွက် ကျန်တာက အခြေအနေနှစ်ရပ်ပဲ ရှိပါတယ်။ တစ်ခုကတော့ အရှက်သိက္ခာမဲ့စွာနဲ့ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ ရှုံးမယ့်နေ့ကို ဆက်စောင့်မလား ဆိုတာနဲ့ အချိန်ကျန်တုန်းလေး ပြည်သူ့ရှေ့ဒူးထောက်အရှုံးပေးပြီး ကျန်သေးတဲ့သိက္ခာသေးသေးလေးကို အဖတ်ဆယ်မလားဆိုတာပါပဲ"လို့ဆိုထားပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar (SAC-M) မြန်မာနိုင်ငံရဲ့ ထိရောက်သောထိန်းချုပ်နိုင်မှု(Effective Control in Myanmar) အမည်နဲ့ ရှင်းလင်းချက်စာတမ်းတစ်ခုကို စက်တင်ဘာလ ရက်နေ့ကထုတ်ပြန်ချက်အရတစ်နိုင်ငံလုံးရဲ့ ၁၇ ရာခိုင်နှုန်းကိုပဲ စကစက တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်တော့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၇။ ဝေဟင်ပျံဝဲ တော်လှန်မယ့်ပွဲ ခေါင်းစဥ်နဲ့ စကားဝိုင်းမှာ သရုပ်ဆောင် မင်းမော်ကွန်းနဲ့ မြနှင်းရည်လွင်တို့ပါဝင်ဆွေးနွေးမယ်


ဝေဟင်ပျံဝဲ တော်လှန်မယ့်ပွဲ ခေါင်းစဥ်နဲ့ စကားဝိုင်းမှာ သရုပ်ဆောင် မင်းမော်ကွန်းနဲ့ မြနှင်းရည်လွင်တို့ပါဝင်ဆွေးနွေးမယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ရက်နေ့မှာ Project Skywalk ကအသိပေးဖော်ပြပါတယ်။ ကောင်းကင်​​ဝေဟင်ကနေ ဖက်ဒရယ်ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းဆီကို ဦးတည်လျှောက်လှမ်းမယ့် Project Skywalkအတွက်  "ဝေဟင်ပျံဝဲ တော်လှန်မယ့်ပွဲ"  ခေါင်းစဉ် နဲ့ အနုပညာရှင်မောင်နှမများ၊ အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်ဆွေးနွေးကြမယ့် စကားဝိုင်း အစီအစဉ်လေးရှိနေပါတယ်။


ဒီအစီစဉ်မှာ ပါဝင်အားဖြည့်ကြမယ့်သူတွေကတော့ ကိုမင်းမော်ကွန်း၊ မမြနှင်းရည်လွင် မရွှေမိုး(ကိုရီးယား)၊ဒေါက်တာအောင်အောင် ( Force for Federal Democracy ) တို့အပြင် - Captain Zero ကလည်း Moderator အဖြစ်ပါဝင် ဆောင်ရွက်ကျင်းပသွားမှာဖြစ်ပါတယ်။ စက်တင်ဘာလ ရက်နေ့ ညနေ () နာရီမှာ တိုက်ရိုက်ထုတ်လွှင့်ကျင်းပသွားမှာဖြစ်ပါတယ်။


========================


📌📌 ၈။ တရားမဝင် စိတ်ကြွ ရူးသွပ် ဆေးပြား (WY) အများအပြား ပီနံအိတ်ဖြူ () လုံးဖြင့် သယ်ဆောင် လာတာကို တမူး PDF တပ်ရင်း ဖမ်းဆီးရမိ


တရားမဝင် စိတ်ကြွ ရူးသွပ် ဆေးပြား (WY) အများအပြား ပီနံအိတ်ဖြူ () လုံးဖြင့် သယ်ဆောင် လာတာကို တမူး PDF တပ်ရင်း ကဖမ်းဆီးရမိခဲ့ပါတယ်။ စက်တင်ဘာ ရက် နေ့လည် (:၀၉) မိနစ် အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ ခွန်မွန်းနွန် ကျေးရွာအနီး၌ မန္တလေးမြို့ မှ တမူးမြို့ ဘက်သို့ မောင်းနှင် လာတဲ့မော်တော်ယာဉ် တစ်စီးအား ရပ်တန့် စစ်ဆေးရာမှာ တွေ့ရှိခဲ့တာလို့ တမူး PDF တပ်ရင်း ကဆိုပါတယ်။


"စက်တင်ဘာလ ရက် မွန်းလွဲ (:၀၉) မိနစ် အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ ခွန်မွန်းနွန် ကျေးရွာအနီး၌ မန္တလေးမြို့ မှ တမူးမြို့ ဘက်သို့ မောင်းနှင် လာသည့်မော်တော်ယာဉ် တစ်စီးအား ရပ်တန့် စစ်ဆေး ရှာဖွေမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်အတွင်း၌ သိုဝှက် သယ်ဆောင်လာသော တရားမဝင် စိတ်ကြွ ရူးသွပ် ဆေးပြား (WY) အများအပြား: ပီနံအိတ်ဖြူ () လုံးဖြင့် သယ်ဆောင် လာသည်ကို ရှာဖွေ တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။ ၎င်းဖြစ်စဉ် နှင့် ပတ်သက်၍ ပါဝင် ပတ်သက်သည့် ကွင်းဆက် တရားခံများအား ဆက်လက် စုံစမ်းဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ငွေတောင် အခြေစိုက် ခလရ ၁၀၂ တပ်ရင်းက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အတွဲလိုက် ဒုံးများနဲ့ပစ်ခတ်ရာ စာသင်ကျောင်းဝန်းအတွင်း ဝန်ထမ်းအိမ်ရာထိမှန် 


အကြမ်းဖက် စစ်တပ်ရဲ့ ငွေတောင် အခြေစိုက် ခလရ ၁၀၂ တပ်ရင်းက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အတွဲလိုက် ဒုံးများနဲ့ပစ်ခတ်ရာ စာသင်ကျောင်းဝန်းအတွင်း ဝန်ထမ်းအိမ်ရာထိမှန် ပျက်စီးခဲ့ပါတယ်။ စက်တင်ဘာ ရက် မွန်းလွဲ နာရီ ၄၅ အချိန်မှာ အကြမ်းဖက် စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ အတွဲလိုက်ဒုံးများပစ်ခတ်ခဲ့တာလို့ DMO Local PDF ကဖော်ပြပါတယ်။


အတွဲလိုက်ဒုံး လုံး နဲ့ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းဝန်းရှိ ဝန်ထမ်းအိမ်ရာထိမှန်ကာ ပျက်စီးခဲ့ပါတယ်။ ဒီမော့ဆိုး စစ်ရှောင်ပြည်သူများအနေနဲ့ စာသင်ကျောင်းနဲ့ မိမိနေအိမ်အောက် ဗုံးခိုကျင်းများတူးထားကြရန် မိမိစွန့်ခွာလာတဲ့နေရပ်တွင် မြေမြုပ်မိုင်းများရှိနိုင်၍ နေရပ်ပြန်ခြင်းကို သတိပြုရှောင်ရှားရန် DMO LocalPDF ကဆိုထားပါတယ်။


========================


📌📌 ၁၀။ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်လာသော စစ်ရေယာဥ်နဲ့ စကစမော်တော် ရေယာဥ်အားတစ်ဖက်ပွင့်မိုင်းများနဲ့ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်


ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်လာသော စစ်ရေယာဥ်နဲ့ စကစမော်တော် ရေယာဥ်အားတစ်ဖက်ပွင့်မိုင်းများနဲ့ ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာ ရက်ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်လာသော စစ်ရေယာဥ်နဲ့ ၁၀ နာရီခန့်အချိန်တွင် စုန်လာသော စကစမော်တော် ရေယာဥ်အားတစ်ဖက်ပွင့်မိုင်းများနဲ့ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Peregrine PDF ကဆိုပါတယ်။


"စက်တင်ဘာလ၊ ရက်နေ့ မနက် နာရီခန့်အချိန်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်လာသော စစ်သင်္ဘောနှင့် ၁၀ နာရီခန့်အချိန်တွင် စုန်လာသော စကစမော်တော်ယာဥ်အား တစ်ဖက်ပွင့်မိုင်းများဖြင့် ပူးပေါင်း တိုက်ခိုက်ခဲ့တယ်"လို့ ဆိုပါတယ်။


စစ်ဆင်ရေးကို Monywa Peregrine PDF ဇာမဏီ People Defence Force ZPDF လင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကျေးရွာ (.က.) တို့ပူးပေါင်းခဲ့ပါတယ်။ တိုက်ပွဲဝင်ညီအကိုများအထိခိုက်မရှိပြန်လည်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်မှ အကျဆုံးရှိမရှိကို ဆက်လက်စုံစမ်းတင်ပြသွားမယ်လို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment