9th SEP 2022 - Morning Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးသဖြင့်  တန်ဖိုးထားပြီးအလုပ်လုပ်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းဆို

📌 ၂။ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်သမ္မတနိုင်ငံ နိုင်ငံတကာ ရေးရာ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထက် လွှတ်တော် ကော်မတီ ဥက္ကဌ မစ္စတာ ပါဗဲလ် ဖစ်ရှာ တို့တွေ့ဆုံဆွေးနွေး

📌 ၃။ ဒေသတိုင်းမှာ ပြန့်နှံ့ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကို Chain of Command တစ်ခုအောက်မှာ စုစည်းနိုင်ရေးဟာ အရေးကြီးဆုံးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား

📌 ၄။ InyaView@6.5 Mile ရှယ်ယာသုံးသောင်းကျော်ရောင်းချပြီးဖြစ်ကာ အမေရိကန်ဒေါ်လာ သန်းကျော်ရရှိထား

📌 ၅။ လက်နက်တပ်ဆင်ထားနိုင်ပြီလို့ Earthquake People's Defence Force အဖွဲ့အသိပေး

📌 ၆။ ဒီပဲယင်းစစ်ဆေးရေးဂိတ်များအား ရှော့ဒုံးများနဲ့ပစ်ခတ်၍ စကစတပ်ဘက်က လေးဦးသေဆုံး

📌 ၇။ မုံရွာ-မန္တလေးကားလမ်းပိုင်းမှာ တင့်ကားသယ်လာသော စကစတပ်ကားများကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ TGR မြောင်တပ်ဖွဲ့ကဆို

📌 ၈။ စကစတပ်များနဲ့ တမူး PDF တပ်ရင်း တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား

📌 ၉။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ လမ်းကြောင်းတစ်ခုအတွက် မိုင်းလာရှင်းတဲ့ စကစတပ်များ အတွဲလိုက် ပဒေသာမိုင်းမိ၍ အယောက်၂၀ ခန့်သေဆုံးနိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးသဖြင့်  တန်ဖိုးထားပြီးအလုပ်လုပ်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းဆို


တော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးသဖြင့် တန်ဖိုးထားပြီးအလုပ်လုပ်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၂၈/၂၀၂၂)ကျင်းပရာမှာ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။


"သယံဇာတစီမံခန့်ခွဲမှု ကိစ္စရပ်များအား စနစ်တကျပြုလုပ်ရန် လိုအပ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနများမှာလုပ်ငန်းများ အလွန်များပြားသဖြင့် စနစ်တကျ လုပ်နိုင်သူများအား တာဝန်ပေးရန်လိုအပ်ကြောင်း၊ တော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးသဖြင့် အချိန်တိုင်းကို တန်ဖိုးထားပြီးအလုပ်လုပ်ကြရန်လိုအပ်ကြောင်း၊ ကော်မတီ၏ တစ်နှစ်ပြည့်အစီရင်ခံစာအား Cabinet တွင် တင်ပြပြီး အခြားဝန်ကြီးများ၏ အကြံဉာဏ်များကိုယူရန်လိုအပ်ကြောင်း၊ ရှေ့လုပ်ငန်းစဥ်ပါ လုပ်ငန်းများကို ပြီးပြတ်အောင် လုပ်ဆောင်ပေးဖို့"ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ(၂၇/၂၀၂၂)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိသည့်ကိစ္စရပ်များအပေါ်  တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ဒုတိယဥက္ကဌ()၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်သမ္မတနိုင်ငံ နိုင်ငံတကာ ရေးရာ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထက် လွှတ်တော် ကော်မတီ ဥက္ကဌ မစ္စတာ ပါဗဲလ် ဖစ်ရှာ တို့တွေ့ဆုံဆွေးနွေး


နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်သမ္မတနိုင်ငံ နိုင်ငံတကာ ရေးရာ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထက် လွှတ်တော် ကော်မတီ ဥက္ကဌ မစ္စတာ ပါဗဲလ် ဖစ်ရှာ တို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ချက်သမ္မတနိုင်ငံ နိုင်ငံတကာ ရေးရာ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထက် လွှတ်တော် ကော်မတီ ဥက္ကဌ မစ္စတာ ပါဗဲလ် ဖစ်ရှာ ( Mr. Pavel Fischer ) က အထက်လွှတ်တော်ရှိ ၎င်း၏ ရုံးခန်းတွင် စက်တင်ဘာလ ရက်နေ့ ဒေသစံတော်ချိန် ညနေ နာရီက လက်ခံတွေ့ဆုံခဲ့ပါတယ်။


တွေ့ဆုံမှုမှာ မစ္စတာ ပါဗဲလ် ဖစ်ရှာက ကွယ်လွန်သူ ချက် သမ္မတဟောင်း မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ်လက်ထက်ကတည်းက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှားနေကြသော မြန်မာပြည်သူများနဲ့ အတူ တသားတည်း ရှိကြောင်း၊ CRPH အဖွဲ့ဝင်၊နိုင်ငံရေးအကျဉ်းသူဟောင်း၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား ယခုလို လက်ခံတွေ့ဆုံခွင့်ရခြင်းအတွက် အထူးဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင်မစ္စတာ ပါဗဲလ်ဖစ်ရှာက နေပြည်တော် အကြမ်းဖက်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အပေါ် မတော်မတရား အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ချမှတ်နေမှုအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများက ရွေးကောက်တင်မြှောက်ခံထားရသူ ခေါင်းဆောင်များအား အကြမ်းဖက် ဖိနှိပ်မှုများတွက် စစ်အရာရှိများအနေဖြင့် တာဝန်ရှိကြောင်း၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ကိုယ်စားလှယ်များအား အကြမ်းဖက် ဖိနှိပ်မှုများ အရှိန်ဖြင့် လုပ်ဆောင်နေသည့် စစ်အရာရှိများအနေနဲ့  နောက်ဆုံးစကားပင် ပြောနိုင်စရာ မရှိကြောင်း၊ ဒီမိုကရေစီသည်သာ မုချ အောင်မြင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါတယ်။


NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ၊ NUG အစိုးရ၊ NUCC မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ သပိတ်အဖွဲ့များ၊ လူမှုအသင်းအဖွဲ့များ၊ ဖက်ဒရယ် ပဋိဉာဉ် အပါအဝင် PDF LPDF, ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များး၏ အခန်းကဏ္ဍအား ရင်းနှီးပွင့်လင်းစွာ ပြောကြားခဲ့ပါတယ်။



========================


📌📌 ၃။ ဒေသတိုင်းမှာ ပြန့်နှံ့ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကို Chain of Command တစ်ခုအောက်မှာ စုစည်းနိုင်ရေးဟာ အရေးကြီးဆုံးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား


ဒေသတိုင်းမှာ ပြန့်နှံ့ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကို Chain of Command တစ်ခုအောက်မှာ စုစည်းနိုင်ရေးဟာ အရေးကြီးဆုံးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်ပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်မိန့်ခွန်းမှာ ကာကွယ်ရေးဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။


"အရေးအကြီးဆုံးကတော့ ဒေသတိုင်းမှာ ပြန့်နှံ့ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကို Chain of Command တစ်ခုအောက်မှာ စုစည်းနိုင်ရေး ဖြစ်တယ်။ ဒီ့အတွက် လွန်ခဲ့တဲ့တစ်နှစ်လုံး အားစိုက်လုပ်ဆောင်ခဲ့ကြရတယ်။ ကွပ်ကဲမှု တည်ဆောက်တဲ့အခါ စစ်ဒေသအဆင့်နဲ့ ခရိုင်အဆင့် အဓိကအဆင့်နှစ်ဆင့်ရှိတယ်ဆိုတာ ရဲဘော်တို့လည်း သိပြီး ဖြစ်တယ်။ စစ်ဒေသကို မဟာဗျူဟာလိုအပ်ချက်အရ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များရဲ့ ပူးပေါင်းပါဝင်မှုနဲ့ဖွဲ့ စည်းတယ်။ လိုအပ်တဲ့နေရာတွေမှာ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တွေ ဖွဲ့စည်းလုပ်ဆောင်ရတာလည်း ရှိတယ်။ ခရိုင်အဆင့်ကွပ်ကဲမှုကတော့ ခရိုင်ကွပ်ကဲရေးမှူးဦးဆောင်ပြီး ဒေသတွင်းက PDF တွေ၊ ပကဖ တွေ၊ LDF တွေ အားလုံးကို စုစည်းကာ ဗျုဟာမြောက် ကွပ်ကဲမှုနဲ့စစ်ဆင်မှုဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ PDFတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ နီးပါးရှိပြီဖြစ်ကာ မှတ်ပုံတင်ပြီးတဲ့တပ်ဖွဲ့ပေါင်း ၂၅၀ ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၄။ InyaView@6.5 Mile ရှယ်ယာသုံးသောင်းကျော်ရောင်းချပြီးဖြစ်ကာ အမေရိကန်ဒေါ်လာ သန်းကျော်ရရှိထား


InyaView@6.5 Mile ရှယ်ယာသုံးသောင်းကျော်ရောင်းချပြီးဖြစ်ကာ အမေရိကန်ဒေါ်လာ သန်းကျော်ရရှိထားပြီးပြီလို့ EOD ကဆိုပါတယ်။ စက်တင်ဘာ ရက်နေ့မှာ end of dictatorship ကအသိပေးဖော်ပြပါတယ်။


"အခုဆို InyaView@6.5 Mile ကလည်း မနေ့ကတင် ဒေါ်လာ သန်းကျော်သွားပြီ။ ရှယ်ယာ ၇သောင်းမှာ သောင်းကျော် ရောင်းပြီးပြီပေါ့။ ကာလတန်ဖိုးရဲ့ ပုံ ပုံ ပဲ ဈေးဖြတ်ထားတာဆိုတော့ တော်လှန်ရေးပြီးတာနဲ့  က သေချာပေါက် မြတ်ပြီးသား ဖြစ်လို့ စုမိရင် စုမိသလို ဝယ်ထား။ တော်လှန်ရေးလည်း အမြန်ပြီး၊ အကျိုးအမြတ်လဲ ကျန် မှာဖြစ်လို့  ငွေရှိလို့ ရွှေဝယ်ထား၊ အိမ်ဝယ်ထားတာထက် ပိုပြီးတိုင်းပြည်အတွက်ရော ကိုယ့်အတွက်ပါ အကျိုးရှိမှာ အသေအချာ။ နောင်တစ်ချိန် ကိုယ့်ပြည် ကိုယ့်မြေမှာ အခြေပြန်ချဖို့ စဉ်းစားထားရင်လည်း  စုဆောင်းငွေကို ဘဏ်ထဲ သိမ်းထားမယ့် အစား ခြင်းကြားရှင်းမယ့် ငွေအဖြစ် ပြောင်းလဲပြီး ဝယ်ထားသင့်တဲ့ InyaView@6.5 Mile ရဲ့ ရှယ်ယာတွေပါ"လို့ ဆိုပါတယ်။


မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ဒေါ်လာသန်း၂၀ ကျော်တန်သော်လည်း ဒေါ်လာ သန်းနဲ့သာ EOD ကရောင်းချပေးနေတာဖြစ်ပါတယ်။ မြေနဲ့ အိမ်ရဲ့ ကာလတန်ဖိုးက ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိသော်လည်း ကြိုပွိုင့်မို့ ဒေါ်လာ သန်းနဲ့ Financial Right ကို အစုရှယ်ရာ အနေနဲ့  တစ်စုကို ဒေါ်လာ ၁၀၀ နဲ့  ရှယ်ယာပေါင်းက သောင်းတိတိကိုရောင်းချပေးမှာဖြစ်ပါတယ်။


========================


📌📌 ၅။ လက်နက်တပ်ဆင်ထားနိုင်ပြီလို့ Earthquake People's Defence Force အဖွဲ့အသိပေး


လက်နက်တပ်ဆင်ထားနိုင်ပြီလို့ Earthquake People's Defence Force အဖွဲ့အသိပေးဆိုပါတယ်။ စက်တင်ဘာ ရက်နေ့မှာ Earthquake People's Defence Force အဖွဲ့က ဖော်ပြပါတယ်။


"စစ်အာဏာရှင်စနစ်ကိုတော်လှန်ဖို့ ခေတ်ကာလ လူငယ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ လူငယ်လေးတစ်စုက လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ဖို့ ရတဲ့နည်းလမ်းနဲ့ ကြိုးစားနေကြပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်းက မြို့တွေမှာ လူငယ်တွေဖွဲ့စည်းပြီး အာဏာရှင်ကို တိုက်ထုတ်ဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးစားနေကြတဲ့အထဲမှာ ကျွန်တော်တို့ Earthquake People's Defence Force အဖွဲ့လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ လူငယ်တွေနဲ့ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး စစ်အာဏာရှင်ကိုတော်လှန်ဖို့ ဘာမှမရှိတဲ့အချိန်ကနေစပြီး စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ဖို့ ကြိုးစားခဲ့ရပြီး ပြည်သူတွေပါဝင်လှူဒါန်းကူညီခဲ့တာကြောင့် လက်နက်တပ်ဆင်ထားနိုင်ပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


Earthquake People's Defence Force အဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ ဒီပဲယင်းစစ်ဆေးရေးဂိတ်များအား ရှော့ဒုံးများနဲ့ပစ်ခတ်၍ စကစတပ်ဘက်က လေးဦးသေဆုံး


ဒီပဲယင်းစစ်ဆေးရေးဂိတ်များအား ရှော့ဒုံးများနဲ့ပစ်ခတ်၍ စကစတပ်ဘက်က လေးဦးသေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ရက် မနက် နာရီ ၃၀ အချိန်မှာ မဟာမိတ်တပ်များနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ကောင်းကင် PDF ကအတည်ပြုဆိုပါတယ်။


"စက်တင်ဘာ၈ရက် မနက် နာရီခွဲအချိန်ခန့်မှစ၍ဒီပဲယင်းစစ်ဆေးရေးဂိတ်များအား ကောင်းကင် PDF ဗိုလ်ဇေယျ PDF တပ်ရင်း ၁၂ မိုက်ခဲ PDF ရေကျော်ဖိုက်တာ သရဲ PDF နှင့် အခြားအဖွဲ့များပူးပေါင်း၍တိုက်ခိုက်မှုစတင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ ဒီပဲယင်းတောင်ဘက်အထွက် ကသစ်အိမ်တွင်ရှိသောစကစတပ်ဂိတ် အားရှော့ဒုံး လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး တင်းတိန်ရံဘက်အထွက်စစ်ဆေးရေးဂိတ်အား ရှော့ဒုံး လုံး နဲ့ပစ်ခတ်ခဲ့ပါတယ်။ ထို့နောက် လက်နက်ငယ်အဖွဲ့က မီတာ ၅၀ အတွင်းထိဝင်ရောက်၍အလစ်အငိုက်ဝင်တိုက်ရာ စကစတပ်က ဦးသေ၍ ဦးဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၇။ မုံရွာ-မန္တလေးကားလမ်းပိုင်းမှာ တင့်ကားသယ်လာသော စကစတပ်ကားများကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ TGR မြောင်တပ်ဖွဲ့ကဆို


မုံရွာ-မန္တလေးကားလမ်းပိုင်းမှာ တင့်ကားသယ်လာသော စကစတပ်ကားများကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ TGR မြောင်တပ်ဖွဲ့ကဆိုပါတယ်။ စက်တင်ဘာ ရက်နေ့မှာ T.G.R Women Drone Force မှ ဦးဆောင်ခဲ့တာလို့ TGR မြောင်ကပြောပါတယ်။


"စစ်ဆင်ရေးကဟုတ်ပါတယ်ဗျ။ အထိအခိုက်အပျက်အစီးတော့ရှိနိုင်ပါတယ်"လို့ဆိုပါတယ်။ T.G.R Women Drone Force မှ မုံရွာ - မန္တလေးကားလမ်းပိုင်းမှတင့်ကားသယ်လာသောကား များကို အညာထန်းသီးဖြင့်ချထားပါတယ်လို့ မြောင် TGR မှဗိုလ်တိုက်ဂါးကလည်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ စကစတပ်များနဲ့ တမူး PDF တပ်ရင်း တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား


စစ်ကိုင်းတိုင်း တမူးနယ်မှာ စကစတပ်များနဲ့ တမူး PDF တပ်ရင်း တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာ ရက် မွန်းလွဲ နာရီ ၃၀ အချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တမူး PDF တပ်ရင်း ကဆိုပါတယ်။


"ယနေ့ နေ့လည် (၂း၃၀) ဝန်းကျင်၌ အကြမ်းဖက်စကစအဖွဲ့နှင့် မိမိတို့မဟာမိတ်ပေါင်းစုများဖြစ်ကြသော (PDF(Tamu) - တပ်ရင်း ၄၊ ပကဖ၊ BSO FRT ABSDF Fighter Police) တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်"လို့ ဆိုပါတယ်။ တပ်ရင်း (တမူး) မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စကစဘက်မှ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ စကစဘက်က အသေအပျောက်များ ရှိနိုင်သော်လည်း အတိအကျ မသိရှိရသေးဘူးလို့ဆိုပါတယ်။


========================


📌📌 ၉။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ လမ်းကြောင်းတစ်ခုအတွက် မိုင်းလာရှင်းတဲ့ စကစတပ်များ အတွဲလိုက် ပဒေသာမိုင်းမိ၍ အယောက်၂၀ ခန့်သေဆုံးနိုင်


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ လမ်းကြောင်းတစ်ခုအတွက် မိုင်းလာရှင်းတဲ့ စကစတပ်များ အတွဲလိုက် ပဒေသာမိုင်းမိ၍ အယောက်၂၀ ခန့်သေဆုံးနိုင်တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ရက် မနက် နာရီ ၅၃ အချိန်မှာ မိုင်းရှင်းလာတဲ့ စကစတပ်များကို တိုက်ခိုက်ခဲ့တာလို့ လျှပ်တစ်ပြက်စွန်ညိုပျောက်ကြားတပ်ဖွဲ့ကဆိုပါတယ်။


စကစတပ်ကလမ်းကြောင်းတစ်ခုအတွက် မိုင်းရှင်းလင်းရန်လာသော စစ်အုပ်စုအား လျှပ်တစ်ပြက်စွန်ညိုနှင့်အတူ ညီနောင်မဟာမိတ်များဖြစ်သော ဗိုလ်နေတိုး (BNT) ၊ဗိုလ်တောက်ထွန်း (MBTT) CRA တပ်ခွဲ () Aung San Force (A.S.F) B.C အထူးပျောက်ကြားတပ် တို့မှ (၅လုံးတွဲပဒေသာ) (၄လုံးတွဲပဒေသာ) ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။


အဆိုပါဖြစ်စဥ်မှာ ကာကွယ်ရေးဘက်က လုံးတွဲပဒေသာ ပွိုင့်ဆုံးရှံးခဲ့ရပြီး စကစတပ်၂၀ ဦးပွဲချင်းပြီး သေဆုံးခဲ့ ကြောင်းဖော်ပြပါတယ်။ ကျန်စကစတပ်အများစုမှာ ဒါဏ်ရာပြင်းထန်ရရှိခဲ့ပြီး အချို့မှာ သေဆုံးနိုင်ဖွယ်ရှိကြောင်းသတင်းရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment