10th OCT 2022 - Evening Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ နွေဦးတော်လှန်ရေး ရန်ပုံငွေ ရှာဖွေပွဲ ကျင်းပ

📌 ၂။ နွေဦးတော်လှန်ရေးဟာ မြန်မာတင်မက ကမ္ဘာကိုပါ သက်သေပြု ချန်ရစ်ထားခဲ့မယ့် တော်လှန်ရေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၃။ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေဆက်ရှိနေသေးတာကို စိတ်မကောင်းစရာတွေ့မြင်နေရတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား

📌 ၄။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦးလက်နက်ချအလင်းဝင်

📌 ၅။ ရွှေအောင်သာ အထိုင်တပ်အနီး YDF(Htilin) ထောင်ထားတဲ့ တိုက်မိုင်း‌ကြောင့် စကစတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးနိုင်

📌 ၆။ ကျောက်ရစ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးဂိတ်အားအမျိုး သမီးစစ်သည်တော်တပ်ရင်း (မြောင်) - M2W မှ အထူးသီးသန့် စီမံထားတဲ့မိုင်းကိုဖောက်ခွဲရာ စကစတပ်ကနှစ်ဦးသေဆုံး

📌 ၇။ မြန်မာနိုင်ငံဟာ  ကမ္ဘာအဝှမ်းတွင် သေဒဏ်ကွပ်မျက်စီရင်မှု ပြုလုပ်တဲ့ နိုင်ငံပေါင်း (၁၈) နိုင်ငံအနက်မှ တစ်နိုင်ငံအဖြစ်ပါဝင်လာ

📌 ၈။ "ဆေးတက္ကသိုလ်()ကျောင်းသားသမဂ္ဂထံမှာ ဆေးတက္ကသိုလ်() ကျောင်းသူကျောင်းသားများ NUGPay account လာရောက်ဖွင့်လှစ်နိုင်ပြီဖြစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ နွေဦးတော်လှန်ရေး ရန်ပုံငွေ ရှာဖွေပွဲ ကျင်းပ


နွေဦးတော်လှန်ရေး ရန်ပုံငွေ ရှာဖွေပွဲ အခမ်းအနားကိုအောက်တိုဘာ ရက်နေ့မှာ ကျင်းပခဲ့ပြီးတော့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ကျန်းမာရေးဝန်ကြီးဒေါက်တာ ဇော်ဝေစိုး၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး နှင့် အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးမှ ဝန်ကြီးဒေါ်နော်စူစန်နာလှလှစိုး တို့ အွန်လိုင်းမှ တစ်ဆင့်တက်ရောက်ခဲ့ကြပါတယ်။


လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်မှ Mara ကာကွယ်ရေးတပ်အကြား တိုင်းရင်းသား ကာကွယ်ရေးတပ်များအကြား သွေးမကွဲရန်နှင့်စည်းလုံးမှုရှိကြရန် သွေးကွဲမစည်းလုံးလျှင် ရန်သူ့ စစ်ကောင်စီ အကြိုက်ဖြစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပွဲတွင် ရိုးရာ အစားအစာများရောင်းချခဲ့ပြီးတော့ တော်လှန်ရေးအခမ်းအနားများလည်းပါဝင်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကိုမရာ ပြည်သူ့အုပ်ချုပ်ရေးကောင်စီ (MATC) supporters များမှ ဦးစီးကျင်းပခဲ့ပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးဟာ မြန်မာတင်မက ကမ္ဘာကိုပါ သက်သေပြု ချန်ရစ်ထားခဲ့မယ့် တော်လှန်ရေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


အောက်တိုဘာလအတွင်း စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကအခုလိုပြောကြားခဲ့ပါတယ်။


"တရားတဲ့သူသာ နိုင်ကြေးဟေ့" ဆိုတဲ့ အမတေ တရားတော်ကို မြန်မာတင်မက ကမ္ဘာကိုပါ သက်သေပြု ချန်ရစ်ထားခဲ့မည့် တော်လှန်ရေး။ အမှန်တရားဘက်တော်သားတွေရဲ့ အသက်သွေးချွေး စတေးပေးဆပ်မှုတွေရဲ့ ရေလောင်းပေါင်းသင်မှုနဲ့အတူ သင်းပျံ့မွှေးကြူ ဖွေးဖွေးလှုပ်ပွင့်လန်းစေမယ့် ပန်း"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ဟာပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေဆက်ရှိနေသေးတာကို စိတ်မကောင်းစရာတွေ့မြင်နေရတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား


အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေဆက်ရှိနေသေးတာကို စိတ်မကောင်းစရာတွေ့မြင်နေရတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။


"အခုအချိန်အထိ လူချင်းတူပေမဲ့ လိင်ကွဲပြားမှုကို အခြေခံပြီးတော့ အမျိုးသမီးတွေကို တဆင့်နှိမ့် လူသားအဖြစ်မြင်တဲ့ကိစ္စတွေ၊ အမျိုးသမီးတွေဟာ စော်ကားစရာ၊ လှောင်ပြောင်စရာ၊ အနိုင်ကျင့်စရာ၊ အကြမ်းဖက်စရာလို့ မြင်နေတဲ့ စိတ်ဓါတ်တွေရဲ့ စေ့ဆော်မှုတွေကြောင့် အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေဆက်ရှိနေသေးတာကို စိတ်မကောင်းစရာတွေ့မြင်နေရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုင်း- မှာ လူတိုင်းမှာ မွေးဖွားလာ ကတည်းက တူညီတဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးရှိတယ် လို ပြဋ္ဌာန်းထားပါတယ်။ အပိုဒ်- မှာတော့ အသားအရောင်၊ လိင်၊ ကိုးကွယ်တဲ့ ဘာသာ၊ ကျား/ ကွဲပြားမှု ဘယ်လိုပဲရှိပါစေ ဘယ်သူ့ကိုမှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရဘူးလို့လည်း အတိအလင်း ထပ်မံဖော်ပြထားပါတယ်။ 


ဒါပေမဲ့လည်း စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးများအပေါ် အကြမ်းဖက် စစ်တပ်ဟာ အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုတွေပိုမိုကျူးလွန်လာပါတယ်။


========================


📌📌 ၄။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦးလက်နက်ချအလင်းဝင်


ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ လိပ်ရနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA) က ယနေ့နံနက်သိမ်းပိုက်ရရှိရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦးလက်နက်ချအလင်းဝင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၀ ရက် နာရီခန့်မှစတင်ကာ နှစ်ဘက်တိုက်ပွဲအပြင်းအထန် ဖြစ်ပြီးနောက် နံနက် နာရီအချိန်မှာ စခန်းကိုအပြီးသတ်သိမ်းနိူင်ခဲ့တာလို့ဒေသခံ သတင်းအရင်းအမြစ်များကတဆင့်အတည်ပြုရရှိပါတယ်။ တိုက်ခိုက်သိမ်းပိုက်အပြီးနောက် နယ်ခြားစောင့် ၁၄ ဦးသည် (AA)ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ပါတယ်။ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများလည်းရှိကာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနဲ့ပစ်ခတ်နေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၅။ ရွှေအောင်သာ အထိုင်တပ်အနီး YDF(Htilin) ထောင်ထားတဲ့ တိုက်မိုင်း‌ကြောင့် စကစတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးနိုင်


မကွေးတိုင်း ထီးလင်းမြို့နယ်ရွှေအောင်သာအထိုင်တပ်အနီး YDF(Htilin) ထောင်ထားတဲ့ တိုက်မိုင်းတစ်လုံးယနေ့မနက်အစောပိုင်းပေါက်ကွဲ၍ စကစတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးနိုင်တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ မနက် နာရီအချိန်မှာ စကစတပ်များ မိုင်းမိခဲ့တယ်လို့ YDF(Htilin) ကအတည်ပြုပါတယ်။


"ယနေ့မနက် ၁နာရီအချိန်ခန့် တွင်ရွှေအောင်သာအထိုင်တပ်အနီးမှပေါက်ကွဲသံကြားရပြီးနောက် လက်နက်ငယ်များအဆက်မပြတ်ပစ်ဖောက်နေခဲ့ပါတယ်။မြေပြင်တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ YDF(Htilin) ထောင်ထားသည့် တိုက်မိုင်းတစ်လုံးကွဲထားကြောင်းတွေ့ရှိရတယ်"လို့ဆိုပါတယ်။ မိုင်းထိ၍ စကစတပ်များရဲ့သွေးစသွေးနများ စကစတပ်သားများ၏ ဖိနပ်ခြေရာများ တွေ့ကြရသဖြင့် အနည်းဆုံးတစ်ဦးမှငါးဦးထိ သေဆုံးဒဏ်ရာရနိုင်တယ်လို့ Yaw Defence Force(Htilin) ကဆိုပါတယ်။


========================


📌📌 ၆။ ကျောက်ရစ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးဂိတ်အားအမျိုး သမီးစစ်သည်တော်တပ်ရင်း (မြောင်) - M2W မှ အထူးသီးသန့် စီမံထားတဲ့မိုင်းကိုဖောက်ခွဲရာ စကစတပ်ကနှစ်ဦးသေဆုံး

      

"အောက်တိုဘာလ ရက်နေ့၊ နံနက် (၁၀ : ၃၀) မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းကျောက်ရစ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကျွန်မတို့ အမျိုး သမီးစစ်သည်တော်တပ်ရင်း (မြောင်) - M2W မှ အထူးသီးသန့် မိုင်းကိုအသုံးပြု၍ စစ်ဆင်ရေး ဖော်ဆောင်ခဲ့ပါတယ်"လို့ဆိုပါတယ်။

 

မိုင်းကွဲ၍ လုံခြုံရေးဂိတ်အတွင်းရှိ အကြမ်းဖက်စကစတပ်မှ ဦးအနက် ဦးမှာ သေ ဆုံးသွားခဲ့ပါတယ်။ အဆိုပါ စစ်ဆင်ရေးကို အမျိုးသမီးစစ်သည်တော်များအဖွဲ့ (မြောင်) – M2W နှင့်အတူ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM Joker GZ စသည့် မဟာမိတ်အဖွဲ့ သုံးဖွဲ့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြပါတယ်။


========================


📌📌 ၇။ မြန်မာနိုင်ငံဟာ  ကမ္ဘာအဝှမ်းတွင် သေဒဏ်ကွပ်မျက်စီရင်မှု ပြုလုပ်တဲ့ နိုင်ငံပေါင်း (၁၈) နိုင်ငံအနက်မှ တစ်နိုင်ငံအဖြစ်ပါဝင်လာ


မြန်မာနိုင်ငံဟာ  ကမ္ဘာအဝှမ်းတွင် သေဒဏ်ကွပ်မျက်စီရင်မှု ပြုလုပ်တဲ့ နိုင်ငံပေါင်း (၁၈) နိုင်ငံအနက်မှ တစ်နိုင်ငံအဖြစ်ပါဝင်လာတယ်လို့ ဒိန်းမတ်သံရုံး ရန်ကုန်က ယနေ့ထုတ်ပြန်ပါတယ်။


ယနေ့တွင်ကျရောက်သည့် ဥရောပနှင့် တကမ္ဘာလုံးဆိုင်ရာ သေဒဏ်ဆန့်ကျင်ရေးနေ့တွင် ဥရောပသမဂ္ဂသည် အသက်ရှင်သန်နေထိုင်ခွင့်ကို ချိုးဖောက်သည့် ပြင်းထန်ရက်စက်ပြီး လူမဆန်သော ပြစ်ဒဏ်ကို အချိန်အခါတိုင်းနှင့် အခြေအနေအရပ်ရပ်တွင် ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်းကို ထပ်လောင်းအတည်ပြုပါတယ်။ကိုဖြိုးဇေယျသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော် နှင့် ကိုလှမျိုးအောင်တို့ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် စစ်အစိုးရမှ ရက်စက်စွာ ကွပ်မျက်ခဲ့မှု သည် မြန်မာနိုင်ငံတွင် သေဒဏ်ပေးခြင်းကို ဆိုင်းငံ့ထားခဲ့သည့် (၃၄) နှစ်တာ ဂုဏ်ယူစရာ သမိုင်းကြောင်းကို ပျက်သုဥ်းစေခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို ပိုမိုပျက်ယွင်းစေခဲ့တယ်လို့  ဒိန်းမတ်သံရုံးရန်ကုန်ကဖော်ပြပါတယ်။


ယခုအခါ မြန်မာနိုင်ငံသည်  ကမ္ဘာအဝှမ်းတွင် သေဒဏ်ကွပ်မျက်စီရင်မှု ပြုလုပ်သည့် နိုင်ငံပေါင်း (၁၈) နိုင်ငံအနက်မှ တစ်နိုင်ငံဖြစ်လာပြီး ကမ္ဘာအနှံ့ထင်ရှားစွာလုပ်ဆောင်လျက်ရှိသည့်  သေဒဏ်ဖျက်သိမ်းရေးကို ဆန့်ကျင်လျက်ရှိတယ်လို့ဆိုပါတယ်။ ကြိမ်မြောက် သေဒဏ်ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ ညီလာခံကို ယခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှ ၁၈ ရက်ထိ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်တွင် ကျင်းပသွားမှာဖြစ်ပါတယ်။ သေဒဏ်ဖျက်သိမ်းရေးထောက်ခံသူများအတွက် အရေးအကြီးဆုံးဖြစ်သည့် ယင်းအစည်းအဝေးကို နိုင်ငံပေါင်း ၉၀ မှ လူပေါင်းတစ်ထောင်ကျော်ခန့်က တက်ရောက်ကြမှာဖြစ်ပါတယ်။


========================


📌📌 ၈။ "ဆေးတက္ကသိုလ်()ကျောင်းသားသမဂ္ဂထံမှာ ဆေးတက္ကသိုလ်() ကျောင်းသူကျောင်းသားများ NUGPay account လာရောက်ဖွင့်လှစ်နိုင်ပြီဖြစ်


အောက်တိုဘာ ၁၀ ရက်နေ့မှာ "ဆေးတက္ကသိုလ် ()ကျောင်းသားသမဂ္ဂက အခုလိုအသိပေးဆိုပါတယ်။


"NUGPay ဝာစစ်ကောင်စီရဲ့ ထိန်းချုပ်မှုကင်းပြီး တော်လှန်ရေးထောက်ပို့များနဲ့ တာဝန်ခံများအကြား ငွေကြေးစီးဆင်းမှု လုံခြုံစိတ်ချရမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်ထားသော ဒီဂျစ်တယ်ငွေကြေးစနစ်ဖြစ်ပါတယ်။ NUGPay စနစ်ကို အသုံးပြုနေသ၍ NUG အစိုးရထံ တော်လှန်ရေးရန်ပုံငွေ ရရှိနေစေမှာဖြစ်လို့ အရေးကြီးသည့် ထောက်ပို့နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ထို့ကြောင့် ဆေးတက္ကသိုလ်() ကျောင်းသားများအနေဖြင့် NUGPay account ဖွင့်လိုပါက ကျွန်ုပ်တို့ UM1SU Facebook page chatbox မိမိ moodle username ဖြင့် လာရောက်အသိပေးပြောပြကာ အကောင့်ဖွင့်နိုင်ပြီဖြစ်ကြောင်း အသိပေးလိုပါတယ်"လို့ဆိုထားပါတယ်။ အစီအစဉ်တွင် UM1SU မှ အကောင့်ဖွင့်ဆောင်ရွက်ပေးခြင်းကို CDM ဆေးတက္ကသိုလ်() ကျောင်းသားများ သီးသန့်သာ ရရှိဦးမှာဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment