၂၀၂၂ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၂။ သီတင်းကျွတ်လပြည့်နေ့ ပြည်သူလူထုကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးများဆုမွန်ကောင်းများတောင်းပေး
📌 ၃။ ပြည်သူ့ခုခံတွန်းလှန်စစ်တွင်ပါဝင်ဆောင်ရွက်နေသူများအားလုံးအမြန်ဆုံးပြည်တော်ဝင်နိုင်ကြပါစေလို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်း
📌 ၄။ နွေဦးတော်လှန်ရေး အောင်ပွဲအရောက် တောက်လျှောက် ချီတက်ကြမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
📌 ၅။ ဒုဝန်ကြီး အိသဉ္ဇာမောင် ကော်ပရာစစ်ကြောင်းသို့သွားရောက်၍ တော်လှန်ရေးရဲဘော်များနဲ့တွေ့ဆုံ
📌 ၆။ လက်နက်တပ်ဆင်မှု ၁၅ ရာခိုင်နှုန်းအထက်တိုးတက်မှုရှိလာတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်ဆို
📌 ၇။ မြန်မာပြည်အတွက် လိုအပ်သောနေရာများလှူဒါန်းရန် စိန်လည်ဆွဲနဲ့ဆွဲသီး ကံစမ်းမဲလက်မှတ်ရောင်းရငွေအမေရိကန်ဒေါ်လာ တစ်သောင်းကျော်ရရှိ
📌 ၈။ ဗန်းမောက်ရဲစခန်းကို KIA၊PDF များမှတိုက်ခိုက်မှု ရဲ ၁၁ ဦးသေဆုံး
📌 ၉။ ကျွန်းလှမြို့နယ် ဆင်စွယ်ရဲကင်းစခန်းကို ၄၀ မမ ဗုံးသီး တစ်လုံး၊လက်လုပ် ဗုံးသီးတစ်လုံးကိုဒရုန်းနဲ့ချိတ်ဆွဲကာပစ်ချတိုက်ခိုက်
📌 ၁၀။ ညနေပိုင်း (၆း၀၀) မှ မနက် (၆း၀၀) ထိ တမူး - ကလေး လမ်းအား မော်တော်ယာဥ်နဲ့ ဆိုင်ကယ်များဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်တမူး PDF တပ်ရင်း ၄ အသိပေး
📌 ၁၁။ IUF မှတော်လှန်ရေးအရှိန်အဟုန် မြင့်လာမှာဖြစ်တယ်လို့သတိပေး
📌 ၁၂။ မြိုင်ပကဖထံ အလင်းဝင်လာတဲ့ပျူစောထီးအယောက်ရှစ်ဆယ်အထိရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၉/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် ပညာရေး၊ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်
ထို့နောက်အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ သီတင်းကျွတ်လပြည့်နေ့ ပြည်သူလူထုကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးများဆုမွန်ကောင်းများတောင်းပေး
သီတင်းကျွတ်လပြည့်နေ့ ပြည်သူလူထုကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးများဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သီတင်းကျွတ်လပြည့်နေ့ အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်းတို့ ငြိမ်းချမ်းသာယာသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် နေ့ရက်သစ်များကိုပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်း ''တော်လှန်သတင်းကျွတ်မှသည် အောင်ပွဲသတင်းကျွတ်ဆီသို့...အသွေးအသက်ကိုတိုင်တည်၍ တာဝန်များကို ကြိုးပမ်းထမ်းဆောင်သွားမည်ဖြစ်ကြောင်း..."
သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် "Happy Thitinkyut Festival သီတင်းကျွတ်အခါသမယမှာ အားလုံးဘေးကင်းရန်ကွာ ကျန်းမာချမ်းသာကြပါစေ"
ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် "ပြည်သူသာအမိ၊ပြည်သူသာအဖပြည်သူကိုသာ အလေးအမြတ်ပြုကြ"
========================
📌📌 ၃။ ပြည်သူ့ခုခံတွန်းလှန်စစ်တွင်ပါဝင်ဆောင်ရွက်နေသူများအားလုံးအမြန်ဆုံးပြည်တော်ဝင်နိုင်ကြပါစေလို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်း
ပြည်သူ့ခုခံတွန်းလှန်စစ်တွင်ပါဝင်ဆောင်ရွက်နေသူများအားလုံးအမြန်ဆုံးပြည်တော်ဝင်နိုင်ကြပါစေလို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။
"ယနေ့ ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာနေ့)မှ စပြီး စစ်မှန်သော ပြည်သူ့ခုခံတွန်းလှန်စစ်တွင် စိတ်ပိုင်း၊ ရုပ်ပိုင်းပါဝင်ဆောင်ရွက်နေသူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး အမြန်ဆုံးပြည်တော်ဝင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကိုလာမယ့်တစ်နှစ်အတွင်း အပြီးသတ်မယ်လို့ NUG အစိုးရကကြေညာထားပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေး အောင်ပွဲအရောက် တောက်လျှောက် ချီတက်ကြမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
နွေဦးတော်လှန်ရေး အောင်ပွဲအရောက် တောက်လျှောက် ချီတက်ကြမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကွန်ရက်မှာရေးသားပြောပါတယ်။
"တစ်သံတည်းညီ၊ တစ်ချီတည်းရုန်းကြတဲ့ တော်လှန်ရေးအင်အားစုများက ၊ မရတော့ဘူးဟေ့ သွေးခွဲလို့၊အချိန်ဆွဲလို့၊လမ်းလွှဲလို့၊ညီကြသည်။ ကြည်ကြသည်။ တည်ကြသည်။ ချီကြပြီ။ အောက်ပွဲအရောက် တောက်လျှောက်ပဲ။ လာမယ့်သီတင်းကျွတ်လွပ်လပ်လတ်လတ်ပျော်ကြမယ်"လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။
========================
📌📌 ၅။ ဒုဝန်ကြီး အိသဉ္ဇာမောင် ကော်ပရာစစ်ကြောင်းသို့သွားရောက်၍ တော်လှန်ရေးရဲဘော်များနဲ့တွေ့ဆုံ
ဒုဝန်ကြီး အိသဉ္ဇာမောင် ကော်ပရာစစ်ကြောင်းသို့သွားရောက်၍ တော်လှန်ရေးရဲဘော်များနဲ့တွေ့ဆုံခဲ့ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ ကော်ပရာစစ်ကြောင်းက ဗိုလ်မိုးကြိုးက အသိပေးဆိုပါတယ်။
" NUG ဒုဝန်ကြီး အိသဉ္ဇာမောင်နဲ့ ကျနော်တို့ ရဲဘော်တွေ တွေ့ဆုံမိတ်ဆက်ပွဲလေး လုပ်ဖြစ်ခဲ့ကြပါတယ်။သိချင်တာလေးတွေ မေးကြ ပြောကြပြီး အတွေ့အကြုံလေးတွေကိုလည်း ရဲဘော်အသီးသီးက ပြောပြကြတယ်။ CDM ပြုလုပ်ထားတဲ့ ကျနော့်အကိုအတွက်လည်းဒု ဝန်ကြီးအား အကျိုးအကြောင်း ပြောပြပြီး အကူအညီတောင်းတဲ့အခါ ဝန်ကြီးမှ ချက်ချင်းပဲ လိုအပ်တဲ့ မှတ်တမ်းတွေ ယူပြီး ဖြစ်အောင်ကြိုးစား ဆောင်ရွက်ပေးမယ်လို့ ကတိပေးသွားတဲ့အတွက် ဝမ်းသာ ကျေနပ်မိပါတယ်"လို့ ဆိုပါတယ်။ ထို့နောက် ကော်ပရာစစ်ကြောင်းရဲဘော်များနဲ့ ဒုဝန်ကြီး ဝန်ကြီး အိသဉ္ဇာမောင်တို့ဟာ အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ လက်နက်တပ်ဆင်မှု ၁၅ ရာခိုင်နှုန်းအထက်တိုးတက်မှုရှိလာတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်ဆို
လက်နက်တပ်ဆင်မှု ၁၅ ရာခိုင်နှုန်းအထက်တိုးတက်မှုရှိလာတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်ဦးနိုင်ထူးအောင်ကဆိုပါတယ်။ အောက်တိုဘာလအတွင်း သတင်းဌာန တစ်ခုနဲ့မေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်ဦးနိုင်ထူးအောင်ကပြောပါတယ်။
"လက်နက်တပ်ဆင်မှုကတော့ တိုးတက်မှုရှိပါတယ်။အရင်တုန်းကတော့ ၁၅ ရာခိုင်နှုန်းပေါ့။အဲဒီထက် ကျော်လာပြီလို့ပြောလို့ရပါတယ်။ သို့သော် ပြည်သူလူထုတွေရဲ့ ပါဝင်မှုတိုးတက်လာတာနဲ့လက်နက်တပ်ဆင်မှုအင်အားမြင့်လာတာရှိပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ EOD ရှယ်ယာများ ရောင်းချရငွေနဲ့ ငွေတိုက်စာချုပ်များရောင်းချရငွေမှ ကာကွယ်ရေးအသုံးစရိတ်ကို ၉၅ ရာခိုင်နှုန်းအထိ အသုံးပြုလျက်ရှိပါတယ်။
========================
📌📌 ၇။ မြန်မာပြည်အတွက် လိုအပ်သောနေရာများလှူဒါန်းရန် စိန်လည်ဆွဲနဲ့ဆွဲသီး ကံစမ်းမဲလက်မှတ်ရောင်းရငွေအမေရိကန်ဒေါ်လာ တစ်သောင်းကျော်ရရှိ
မြန်မာပြည်အတွက် လိုအပ်သောနေရာများလှူဒါန်းရန် စိန်လည်ဆွဲနဲ့ဆွဲသီး ကံစမ်းမဲလက်မှတ်ရောင်းရငွေအမေရိကန်ဒေါ်လာ တစ်သောင်းကျော်ရရှိတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ ကံစမ်းမဲ လတ်မှတ်များရောင်းချပေးသူ ကိုထိန်လင်းကဆိုထားပါတယ်။
"ကံထူးရှင်ရွေးချယ်ပွဲ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါပြီ။ စုစုပေါင်း လက်မှတ် ၁၁၂၆ စောင် ရောင်းရတဲ့အတွက် ရန်ပုံငွေ $11260 (ဒေါ်လာ တစ်သောင်း တစ်ထောင် နှစ်ရာ့ ခြောက်ဆယ်) ရရှိပါတယ်။ ရရှိငွေအားလုံး မြန်မာပြည်အတွက်၊ မြန်မာပြည်တွင်းက လိုအပ်တဲ့နေရာတွေကို တိုက်ရိုက် လှူဒါန်းသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ ပေါက်မဲနံပါတ်နဲ့ ကံထူးရှင်များကတော. စိန်လည်ဆွဲ - 099 (ဆရာတော် ဦးဇဝန)နဲ့စိန်ဆွဲသီး - 956 (ကိုဝီလျံ - Daly City) တို့ဖြစ်ပါတယ်။
ယခုအစီအစဥ်အတွက် လက်ဝတ်ရတနာ လှူဒါန်းခဲ့တဲ့ နှမငယ်၊ လက်မှတ်နဲ့ ကြော်ငြာဒီဇိုင်းလုပ်ပေးတဲ့ ကိုဝင်းလှိုင်၊ ဒစ်ဂျစ်တယ် လက်မှတ်များပြုလုပ်ပေးတဲ့ CRPH-OFP Team၊ လက်မှတ်ဝိုင်းဝန်းရောင်းချပေးသူများ၊ ဝယ်ယူအားပေးကြသူများနဲ့ အစစ ပံ့ပိုးခဲ့သူများ အားလုံးကို အထူး ကျေးဇူးတင်ရှိတယ်လို့လည်းဆိုထားပါတယ်။
========================
📌📌 ၈။ ဗန်းမောက်ရဲစခန်းကို KIA၊PDF များမှတိုက်ခိုက်မှု ရဲ ၁၁ ဦးသေဆုံး
ဗန်းမောက်ရဲစခန်းကို KIA၊PDF များမှတိုက်ခိုက်မှုရဲ ၁၁ ဦးသေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၉ ရက်မှာ စစ်ရေးသတင်းကို ဗန်းမောက်တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။
"အောက်တိုဘာ ၄ ရက်နေ့ က ဗန်းမောက်ရဲစခန်းကို မိမိတို့ KIA+PDF များမှ သွေးပူလေ့ကျင့်ခန်း သွားရောက်ပစ်ခတ်ခဲ့သော ဖြစ်စဉ်တွင် စကစတပ်များ ၁၁ ဦးသေဆုံးသွားပါတယ်"လို့ဆိုပါတယ်။
ဖြစ်စဉ်ကို စကစမှ အသည်းအသန်ဖုံးဖိထားပြီး သေဆုံးအလောင်းများကိုလဲ ရဲစခန်းထဲတွင်သာ မြုပ်နှံလိုက်ကြောင်း၊ ဆွမ်းသွပ်တရားကို မြို့မကျောင်းတိုက်မှ ဆရာတော်ကိုပင့်ဖိတ်ပြီး တရားနာလိုက်ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၉။ ကျွန်းလှမြို့နယ် ဆင်စွယ်ရဲကင်းစခန်းကို ၄၀ မမ ဗုံးသီး တစ်လုံး၊လက်လုပ် ဗုံးသီးတစ်လုံးကိုဒရုန်းနဲ့ချိတ်ဆွဲကာပစ်ချတိုက်ခိုက်
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဆင်စွယ်ရဲကင်းစခန်းကို ၄၀ မမ ဗုံးသီး တစ်လုံး၊လက်လုပ် ဗုံးသီးတစ်လုံးကိုဒရုန်းနဲ့ချိတ်ဆွဲကာပစ်ချတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီ အချိန်ခန့်မှာ ကျွန်းလှမြို့နယ် ဆင်စွယ်ရဲကင်းစခန်းကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ တန့်ဆည် TRF ကဆိုပါတယ်။
"အောက်တိုဘာ ၉ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁၆) ရွှေဘို နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) တပ်ခွဲ (၄) ကန့်ဘလူခရိုင် တို့ပူးပေါင်းကာ ကျွန်းလှမြို့နယ် ဆင်စွယ်ရဲကင်းစခန်းကို ၄၀ မမ ဗုံးသီး တစ်လုံး၊လက်လုပ် ဗုံးသီးတစ်လုံး Drone ဖြင့်ချိတ်ဆွဲကာ တိုက်ခိုက်မှု့ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ပျူစောထီးနှင့်စကစတပ်များနားနေသော သစ်ပင်ရိပ်အောက် တည့်တည့်ကျသွားပြီး သေနတ်များလည်း ရမ်းသမ်းပစ်ခတ်နေတယ်လို့သတင်းရရှိပါတယ်။ လတ်တလောမှာထိခိုက်မှု့တိတိကျကျမသိရသေးဘူးလို့ဆိုပါတယ်။
========================
📌📌 ၁၀။ ညနေပိုင်း (၆း၀၀) မှ မနက် (၆း၀၀) ထိ တမူး - ကလေး လမ်းအား မော်တော်ယာဥ်နဲ့ ဆိုင်ကယ်များဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်တမူး PDF တပ်ရင်း ၄ အသိပေး
ညနေပိုင်း (၆း၀၀) မှ မနက် (၆း၀၀) ထိ တမူး - ကလေး လမ်းအား မော်တော်ယာဥ်နဲ့ ဆိုင်ကယ် များဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်တမူး PDF တပ်ရင်း ၄ အသိပေးဆိုလိုက်ပါတယ်။ အောက်တိုဘာလအတွင်းမှာ တမူး PDF တပ်ရင်း ၄ ကဆိုပါတယ်။
" ညနေပိုင်း (၆း၀၀) မှ မနက် (၆း၀၀) ထိ တမူး - ကလေး လမ်းအား မော်တော်ယာဥ်၊ ဆိုင်ကယ် စသည့် မည်သည့်ယာဥ်မျှ လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါရန် အသိပေးကြေညာအပ်ပါတယ်"လို့ ဆိုပါတယ်။
လမ်းအသုံးပြုရန် သတင်းပြန်လည်မကြေညာချိန်အထိ ဤထုတ်ပြန်ချက်အား လိုက်နာရန် People's Defense Force - Tamu တပ်ရင်း ၄ မှ ဆိုထားပါတယ်။
========================
📌📌 ၁၁။ IUF မှတော်လှန်ရေးအရှိန်အဟုန် မြင့်လာမှာဖြစ်တယ်လို့သတိပေး
IUF မှတော်လှန်ရေးအရှိန်အဟုန် မြင့်လာမှာဖြစ်တယ်လို့သတိပေးဆိုလိုက်ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ IUF ကအသိပေးဆိုထားပါတယ်။
"မိဘပြည်သူများမှ IUF ထံသို့ message ဖြင့် ပေးပို့လာတဲ့ ဒလန်သင်းများ၊ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်သတင်းများ၊ စစ်ကောင်စီကို အထောက်ပံ့ပြုနေသော စစ်မှုထမ်းဟောင်းသတင်းများ၊ စစ်ကောင်စီ၏ စီးပွါးရေးထောက်တိုင်သတင်းများကိုလဲ သေချာစွာစိစစ်ပြီး IUF အဖွဲ့သားများထံသာမက မဟာမိတ် မြို့ပြပြောက်ကျားအဖွဲ့များနှင့် အခြားတော်လှန်ရေးအင်အားစုများထံပါ ပေးပို့သွားမှာဖြစ်ပါတယ်။ တော်လှန်ရေးအရှိန်အဟုန် မြင့်လာမှာဖြစ်တဲ့အတွက် အများပြည်သူအနေနဲ့လည်း တော်လှန်ရေးသတိ၊ တော်လှန်ရေးအသိရှိကြရန် IUF မှ ထပ်မံနှိုးဆော်လိုက်ပါတယ်"လို့ဆိုပါတယ်။
IUF အဖွဲ့ဟာ အကြမ်းဖက် ခေါင်းဆောင်စိုးဝင်းရဲ့ဆရာ ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့သမက်ဖြစ်သူတို့ကိုရှင်းလင်းနိုင်ခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။
========================
📌📌 ၁၂။ မြိုင်ပကဖထံ အလင်းဝင်လာတဲ့ပျူစောထီးအယောက်ရှစ်ဆယ်အထိရှိလာ
မကွေးတိုင်း မြိုင်မြို့နယ် မြိုင်ပကဖထံ အလင်းဝင်လာတဲ့ပျူစောထီးအယောက်ရှစ်ဆယ်အထိရှိလာတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်ကအသိပေးဆိုပါတယ်။
"အောက်တိုဘာ၈ရက်နေ့တွင် ဇီးပြားရွာမှ ပျူ ကျား ၁၅ ယောက် မ ၁၂ ယောက်တို့ အမြင်မှန်ရရှိကာ စကစနှင့်ပူးပေါင်းခြင်း မရှိတော့ဘဲ ကျေးရွာနေအိမ်များမှ စွန့်ခွာကာ မိမိတို့ကာကွယ်ရေးအဖွဲ့များထံ ပူးပေါင်းလာသဖြင့် ဒေသအသီးသီး စစ်ရှောင်စခန်းများသို့ စားဝတ်နေရေးစောင့်ရှောက်ပေးခြင်း လက်ကိုင်ဖုန်းများမှ ဆင်းကတ်များသိမ်းဆည်းခြင်း အထိုင် ဖုန်းတို့ဖြင့် ဆွေမျိုးညာတိထံ ကောင်းမွန်စွာနေထိုင်ရကြောင်း ဆက်သွယ်စေခြင်း မိမိတို့သွားလိုရာဒေသများသို့ သွားလာ ရန်စီစဥ်ပေးခြင်းတို့လုပ်ဆောင်ပေးခဲ့တယ်"လို့ဆိုပါတယ်။
ယခင် ၅၃ ဦး နှင့် ယခု ၂၇ ဦး ပေါင်းပျူစောထီး ၈၀ ဦးခန့် ရှိပြီဖြစ်တယ်လို့သတင်းရရှိပါတယ်။ အခြားပျူများအနေဖြင့်လည်း ထိုနည်းတူ ပြည်သူရင်ခွင် ခိုလုံကြပါရန်မြိုင် ပကဖက အသိပေးနှိုးဆော်ထားပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment