13th OCT 2022 - Evening Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ PDF ရဲဘော်တွေဟာ အမြဲတမ်းတိုက်လိုစိတ် အပြည့်ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြော

📌 ၂။ တစ်ဖက်ရန်သူကို အားလုံးခြေမှုန်းမယ့်ထိုးစစ်စတင်မှာမို့လို့ စုစည်းညီညွတ်ဖို့က အရေးကြီးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်

📌 ၃။ မြန်မာ့အရေးအတွက် ကိုရီးယားနိုင်ငံ၏ အခမ်းကဏ္ဍဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဒုဝန်ကြီး တက်ရောက်

📌 ၄။ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရန်ကုန်နှင့် မွန်ပြည်နယ်ရှိ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်များအား ရှင်းလင်းခဲ့တယ်လို့ SOF အဖွဲ့အသိပေး

📌 ၅။ CDM တွေ လှူဒါန်းထားတဲ့ လက်ဆောင်ပစ္စည်းများကို ဆုမဲလက်မှတ်ပြုလုပ် ရန်ပုံငွေ ရှာမယ်

📌 ၆။ မြိုင်မြို့နယ်အရှေ့ပိုင်းအိုးပြွန်ကျေးရွာမှ စတင်ထွက်ခွာလာသောစစ်ကြောင်းကိုမိုင်းခွဲတိုက်ခိုက်ရာ စကစတပ်က ဦး မိုင်းထိကာ ထိခိုက်သေဆုံးနိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ PDF ရဲဘော်တွေဟာ အမြဲတမ်းတိုက်လိုစိတ် အပြည့်ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြော


PDF ရဲဘော်တွေဟာ တိုက်ပွဲအတွေ့အကြုံကောင်းကောင်းမွန်မွန်ရနေပြီး အမြဲတမ်းတိုက်လိုစိတ် အပြည့်ရှိနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်ကဆိုပါတယ်။ အောက်တိုဘာ ၁၂ ရက်ကျင်းပတဲ့တော်လှန်ထောက်ပို့ တောင်ပိုင်းသို့ တော်လှန်ရေးရန်ပုံငွေ ကံစမ်းမဲလက်မှတ်အရောင်းပိတ်ပွဲ အခမ်းအနားမှာ ဝန်ကြီးကပြောပါတယ်။


"အခုဆိုရင် PDF ရဲဘော်တွေဟာ တိုက်ပွဲအတွေ့အကြုံလည်းကောင်းကောင်းမွန်မွန်ရနေပါပြီ။ အမြဲတမ်းတိုက်လိုစိတ် အပြည့်ရှိနေတဲ့ ရဲဘော်တွေကအပြည့်ပါ။ကျနော်တို့အမြဲတမ်းပြောပါတယ်။တိုက်စွမ်းရည်နဲ့တိုက်စွမ်းအား နှစ်ခုရှိတဲ့အထဲမှာ စွမ်းရည်ရော၊စွမ်းအားရော ပိုမိုတိုးတက်လာတဲ့ အခြေအနေရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်တစ်နှစ်တာ ကာလအတွင်း စကစတပ်ဖွဲ့ဝင် နှစ်သောင်းကျော်ကျဆုံးခဲ့ပြီး စစ်ကိုင်း၊မကွေး၊ချင်းပြည်နယ်၊ကရင်နီဒေသ၊ကရင်ပြည်နယ်တို့မှာ အကျအဆုံးအများဆုံးဖြစ်ပါတယ်။


========================


📌📌 ၂။ တစ်ဖက်ရန်သူကို အားလုံးခြေမှုန်းမယ့်ထိုးစစ်စတင်မှာမို့လို့ စုစည်းညီညွတ်ဖို့က အရေးကြီးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်


တစ်ဖက်ရန်သူကို အားလုံးခြေမှုန်းမယ့်ထိုးစစ်စတင်မှာမို့လို့ စုစည်းညီညွတ်ဖို့က အရေးကြီးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အောက်တိုဘာ ၁၂ ရက်ကျင်းပတဲ့တော်လှန်ထောက်ပို့ တောင်ပိုင်းသို့ တော်လှန်ရေးရန်ပုံငွေ ကံစမ်းမဲလက်မှတ်အရောင်းပိတ်ပွဲ အခမ်းအနားမှာ ပြော ကြားခဲ့ပါတယ်။


"အရေးကြီးဆုံးက စုစည်းညီညွတ်ဖို့လိုပါတယ်။အားကောင်းဖို့လိုပါတယ်။ပြောက်ကျား မဟုတ်တော့ဘူး။အားလုံးသိတဲ့အတိုင်းပဲ ပြောက်ကျားတိုက်မှာမဟုတ်တော့ပါဘူး။အခုက ထိုးစစ်လုပ်ရမှာ။တစ်ဖက်ကို အားလုံးချေမှုန်းကြရမှာဖြစ်ပါတယ်။ချေမှုန်းနိုင်ကြဖို့ ဆိုရင် အင်အားတေံလိုမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ ခန့်ရှိကာ ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော်၊ မြို့ပြပြောက်ကျားနဲ့လူငယ် ဒေသကာကွယ်ရေးအဖွဲ့ပေါင်း ၄၀၁ ဖွဲ့ရှိပါတယ်။


========================


📌📌 ၃။ မြန်မာ့အရေးအတွက် ကိုရီးယားနိုင်ငံ၏ အခမ်းကဏ္ဍဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဒုဝန်ကြီး တက်ရောက်


အောက်တိုဘာ ၁၂ ရက်နေ့တွင် မြန်မာ့အရေးအတွက် ကိုရီးယားနိုင်ငံ၏ အခမ်းကဏ္ဍဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမိုးဇော်ဦးမှ အွန်လိုင်းမှတဆင့် တက်ရောက်ကာအဖွင့်ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် ရုံးအဖွဲ့ People's Movement for Making a respected Nation အဖွဲ့မှ စီစဉ်ကျင်းပသော "မြန်မာ့အရေးအတွက် ကိုရီးယားနိုင်ငံ၏ အခမ်းကဏ္ဍ"  မြန်မာ့အရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါတယ်။


ဒီမိုကရက်ပါတီမှ လွှတ်တော်အမတ် မစ္စတာ အီယုန်ဆွန်း၊ မြန်မာ့ဒီမိုကရေစီကွန်ရက်ဥက္ကဌ မစ္စတာ ဂျောင်ဘောင်လဲ့နှင့်  မြန်မာ့အရေးတွက်ကြွစွာ ထောက်ခံအားပေးသည့် ခရစ်ယာန်သင်းအုပ်ဆရာများ တက်ရောက်ကာ ကိုရီးယားနိုင်ငံ အစိုးရအဖွဲ့နှင့် ပြည်သူများမှ ရှေ့ဆက်ပြီး မြန်မာ့ဒီမိုကရေစီရေးကို ကူညီနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျှင်း၍ အပြန်အလှန် ဆွေးနွေး သုံးသပ်ခဲ့ကြပါတယ်။


========================


📌📌 ၄။ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရန်ကုန်နှင့် မွန်ပြည်နယ်ရှိ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်များအား ရှင်းလင်းခဲ့တယ်လို့ SOF အဖွဲ့အသိပေး


နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရန်ကုန်နှင့် မွန်ပြည်နယ်ရှိ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်များအား ရှင်းလင်းခဲ့တယ်လို့ အောက်တိုဘာလ ၁၃ ရက်မှာ စစ်ရေးသတင်းကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.Fကအသိပေးဖော်ပြပါတယ်။


"အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ စကစ လက်အောက်ခံ  လက်နက်ကိုင်၍ ပြည်သူအားအကြမ်းဖက်နေတဲ့ ရန်ကုန် - ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာရှိ ပျူစောထီးခေါင်းဆောင် စိုးအောင် နှင့်အဖွဲ့ဝင်သုံးယောက်အား စက်တင်ဘာ ၁၄ ရက်နေ့တွင် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ပါတယ်။အောက်တိုဘာလ ၁၀ ရက်နေ့၊ ညနေ နာရီတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ရွာမှ အဒွေးနှင့် ငမိုးခေါင်းဆောင်သော ပျူစောထီးအဖွဲ့အားဝင်ရောက်ရှင်းလင်းရာ ခေါင်းဆောင်နှစ်ဦးအားသုတ်သင်နိုင်ခဲ့ပြီး အဖွဲ့ဝင်တစ်ချို့ထွက်ပြေးသွားပါတယ်"လို့ဆိုပါတယ်။


မြေပြင်သတင်းပေးပို့မှုအရ ၄င်းပျူစောထီးခေါင်းဆောင်များဟာ လူငယ်များအားမတရားဖမ်းဆီးနှိပ်စက်​​ခြင်း၊ မိသားစုများထံမှ ငွေကြေးများတောင်းခံခြင်းနှင့် လောင်းကစားဒိုင်များဖွင့်ကာ တရားမဝင် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ မစ်ရှင်ဆောင်ရွက်ခဲ့တဲ့ S.O.F  တပ်ဖွဲ့အားလုံး တပ်ရင်းဌာနချုပ်သို့ပြန်လည်ရောက်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၅။ CDM တွေ လှူဒါန်းထားတဲ့ လက်ဆောင်ပစ္စည်းများကို ဆုမဲလက်မှတ်ပြုလုပ် ရန်ပုံငွေ ရှာမယ်


CDM တွေ လှူဒါန်းထားတဲ့ လက်ဆောင်ပစ္စည်းစုစုပေါင်း (၁၄) မျိုးကို ဆုမဲလက်မှတ်ပြုလုပ် ရောင်းချသွားပြီး စာသင်ကျောင်းတွေမှာဗုံးခိုကျင်းများ၊ ပုန်းအောင်းနိုင်ဖို့ နေရာများအား တည် ဆောက် ပေးဖို့ရန်ပုံငွေ ရှာမယ်လို့ အောက်တိုဘာ ၁၂ ရက်နေ့မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကအသိပေးဆိုပါတယ်။


"စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြန်မာနိုင်ငံဟာ လက်နက်ကိုင်အကြမ်းဖက်မှု လူလုပ် ဘေးအန္တရာယ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရပါတယ်။ ဒီပဲယင်းက လက်ယက်ကုန်း ဖြစ်စဥ်ဟာ အကြမ်းဖက်စစ်တပ်က ကလေးတွေကိုတောင် အလွတ်မပေးဘဲ သတ်ဖြတ်နေတဲ့ သက်သေတစ်ခု ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက် စစ်တပ်က စာသင်ကျောင်းကို ပြစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ မြန်မာပြည်နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့အတွက် စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ ပုန်းခိုစရာနေရာတွေ အရေးတကြီးလိုအပ်လျက်ရှိပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာ CDM တွေ လှူဒါန်းထားတဲ့ လက်ဆောင်ပစ္စည်းစုစုပေါင်း (၁၄) မျိုးကို ဆုမဲလက်မှတ်ပြုလုပ် ရောင်းချသွားပြီး ရန်ပုံငွေ ရှာဖွေကြမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့  DRR Day ရဲ့ ဆောင်ပုဒ် “Early Warning and Early Action for All” နဲ့လည်း ဒီရန်ပုံငွေ ရှာဖွေရေး အစီအစဥ်က ကိုက်ညီနေတာကြောင့် DRR Day အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာလ ၁၃ ရက်က စတင်ပြီး ကံစမ်းမဲလက်မှတ်များကို နိုင်ငံတကာရှိ Fundraiser တွေကနေ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၆။ မြိုင်မြို့နယ်အရှေ့ပိုင်းအိုးပြွန်ကျေးရွာမှ စတင်ထွက်ခွာလာသောစစ်ကြောင်းကိုမိုင်းခွဲတိုက်ခိုက်ရာ စကစတပ်က ဦး မိုင်းထိကာ ထိခိုက်သေဆုံးနိုင်


မကွေးတိုင်း မြိုင်မြို့နယ်အရှေ့ပိုင်းအိုးပြွန်ကျေးရွာမှ စတင်ထွက်ခွာလာသောစစ်ကြောင်းကိုမိုင်းခွဲတိုက်ခိုက်ရာ စကစတပ်က ဦး မိုင်းထိကာ ထိခိုက်သေဆုံးနိုင်တယ်လို့ အောက်တိုဘာ ၁၃ ရက်မှာ စစ်ရေးသတင်းကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ- ကအသိပေးဆိုပါတယ်။


"မြိုင်မြို့နယ်အရှေ့ပိုင်းအိုးပြွန်ကျေးရွာမှ စတင်ထွက်ခွာလာသောစစ်ကြောင်းအားကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF) MRTF နှင့် သံမဏိသိန်းငှက် မဟာမိတ်စုပေါင်းတပ်ဖွဲ့  ဖွဲ့စုပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စကစတပ်ကလေးဦးထိခိုက်ကာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးနိုင်တယ်လို့ဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment