14th OCT 2022 - Morning Daily News by Radio NUG

၂၀၂၂ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ သက်ဆိုင်ရာဝန်ကြီးဌာနများမှမြေပြင်ရဲ့ လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန်ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ အကြမ်းဖက် စစ်ကောင်စီဟာ ကလေးလူကြီးမခွဲ ခြားတော့ဘဲ ပြည်သူကို ရန်သူလိုသဘောထားတိုက်ခိုက်နေပြီ လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၃။ စာသင်ကျောင်းတွေမှာ လေကြောင်းရန်ကြိုတင်ကာကွယ်ရေးစတင်နေပြီလို့ ပညာရေးဒုဝန်ကြီးအသိပေးဆို

📌 ၄။ စစ်ကိုင်းတိုင်းက အမွေအနှစ်ဆိုင်ရာဒေသ ၊နေရာနဲ့ အဆောက်အအုံ ၃၀ ခုကို  ကြားကာလအမွေအနှစ်များအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်သတ်မှတ် ကာ စစ်ရေးဆောင်ရွက် ခြင်းနဲ့ ထိခိုက်ဖျက်ဆီးမှုတွေကိုတားမြစ်

📌 ၅။ မအူပင်မြို့နယ်က ရွာအချို့မှာ တောင်သူတွေကို စစ်တပ်က နေကြာစိုက်ခင်းများ တစ်ဧက မဖြစ်မနေစိုက်ခိုင်း

📌 ၆။ တမူး PDF တပ်ရင်း မှ တပ်သားနှစ်ဦး ထွက်ပြေးသွား၍ တပ်ပြေးအဖြစ် ကြေညာထုတ်ပယ်

📌 ၇။ စစ်ကောင်စီတပ်ရဲ့ ပွန်ချောင်းခြေကုပ်တပ်စခန်းကလက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရန် လုပ်ဆောင်နေတုန်းမှာ KNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တို့တိုက်ခိုက်

📌 ၈။ ထီးလင်းမြို့နယ်အနောက်ဘက်ရွာမှာ အကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုးတုပ်လျှက် လူနေအိမ်ပေါ်တင်ကာ အပြစ်မဲ့ပြည်သူ ဦးကို မီးရှို့သတ်ဖြတ်ထား

📌 ၉။ တီးတိန်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ၂၆၉ မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ အရပ်သားတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ သက်ဆိုင်ရာဝန်ကြီးဌာနများမှမြေပြင်ရဲ့ လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန်ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


သက်ဆိုင်ရာဝန်ကြီးဌာနများမှမြေပြင်ရဲ့ လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။ အောက်တိုဘာ ၁၃ ရက်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာဝန်ကြီးချုပ်ကဆိုပါတယ်။


"မြေပြင်အခက်အခဲများအပေါ်ဖြေရှင်းဆောင်ရွက်ရာတွင် ပုံမှန်အစိုးရတစ်ရပ်ကဲ့သို့ ဆောင်ရွက်၍မရသည်ကိုလည်း နားလည်သဘောပေါက်ပါကြောင်း၊ ဆက်လက်ပြီး လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များရှိနေမှုများကြောင့် လုပ်ငန်းဆောင်ရွက်မှုများတွင် စိတ်ပင်ပန်းမှုများကို နားလည်သဘောပေါက်ပါကြောင်း၊ သို့သော်လည်း မြေပြင်တွင် တော်လှန်ရေးအတွက် အသက်စွန့်ဆောင်ရွက်နေသူများနှင့်ယှဉ်လျှင် မိမိတို့၏ စိတ်ပင်ပန်းမှုများသည် မပြောပလောက်ပါကြောင်း၊ မြေပြင်နှင့်ပြုလုပ်သည့် အစည်းအဝေးများတွင် စစ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ကြားသိရပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း မြေပြင်၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၁/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိသည့်ကိစ္စရပ်များအပေါ်  တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌ () ၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီဟာ ကလေးလူကြီးမခွဲ ခြားတော့ဘဲ ပြည်သူကို ရန်သူလိုသဘောထားတိုက်ခိုက်နေပြီ လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား


အကြမ်းဖက် စစ်ကောင်စီဟာ ကလေးလူကြီးမခွဲ ခြားတော့ဘဲ ပြည်သူကို ရန်သူလိုသဘောထားတိုက်ခိုက်နေပြီ လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ အောက်တိုဘာ ၁၃ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ကြီးမှုးကျင်းပသော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့ အထိမ်းအမှတ် စကားဝိုင်း မှာ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။


"အခုအခါမှာ အကြမ်းဖက် စစ်ကောင်စီကတိုက်ခိုက်တာရှိတယ်။လေကြောင်းနဲ့တိုက်ခိုက်တာရှိတယ်။ပြည်သူကို ရန်သူလိုသဘောထားပြီးဆောင်ရွက်နေတာမို့ လို့ဘာမှကို မခွဲ ခြားတော့ဘဲနဲ့ ပြည်သူအားလုံး ကလေးတွေလည်းပါတယ်။လူကြီးတွေလည်းပါတယ်။ မသန်စွမ်းနဲ့သက်ကြီးရွယ်အိုတွေလည်းပါတယ်။ အကုန်လုံးကို အန္တရာယ်ပေးနေတယ်။ဒါကိုအလျင်အမြန်တုံ့ပြန်ဖို့ ကျနော်တို့ စီစဥ်ရတော့မယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လက်ရှိမှာပညာရေးဝန်ကြီးဌာနအပါအဝင် ဌာနအသီးသီးပူးပေါင်းကာ လေကြောင်းရန် ကာကွယ်ရေး အသိပညာပေးမှုနဲ့လေ့ကျင့်မှုများ၊ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်ပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းလက်ယက်ကုန်း စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ ကလေး၆ဦးသေဆုံးခဲ့ပြီး မြေပြင်စစ်ကြောင်းထိုးမှုမှာလည်း အရပ်သား၇ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၃။ စာသင်ကျောင်းတွေမှာ လေကြောင်းရန်ကြိုတင်ကာကွယ်ရေးစတင်နေပြီလို့ ပညာရေးဒုဝန်ကြီးအသိပေးဆို


စာသင်ကျောင်းတွေမှာ လေကြောင်းရန်ကြိုတင်ကာကွယ်ရေးစတင်နေပြီလို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကပြောပါတယ်။ အောက်တိုဘာ ၁၃ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ကြီးမှုးကျင်းပသော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့ အထိမ်းအမှတ် စကားဝိုင်း မှာဒုဝန်ကြီးဂျာထွယ်ပန်ကဆိုပါတယ်။


"ကျောင်းတွေမှာဆိုရင်လည်း အခုဆိုရင် လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ကျမတို့ပညာရေးဝန်ကြီးဌာန နဲ့ဝန်ကြီးဌာနတွေပူးပေါင်းပြီးတော့မှ လေကြောင်းရန်ကြိုတင်ကာကွယ်ရေးကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။အခုကတော့ဒေသအလိုက်ပေါ့။ပထဝီအနေအထား လေ့လာဆန်းစစ်ပြီးမှ ကလေးတွေ၊ဆရာမတွေ ကျောင်းတွေ ကြိုတင်စီမံထားရမယ့်လုပ်ဆောင်ချက်တွေကို သူတို့ကို ပညာပေးလုပ်ဆောင်တာရှိတယ်"လို့ဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကြားကာလ ပညာသင်ကြားရေးအစီအစဥ်ကို အကောင်အထည်ဖော်ဆောင်နေသော အွန်လိုင်းပညာရေးကျောင်းများရှိနေပြီး မြေပြင်မှာလည်း ပြည်သူ့အခြေပြုစာသင်ကျောင်းများဖွင့်လှစ်သင်ကြားလျက်ရှိနေပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်းက အမွေအနှစ်ဆိုင်ရာဒေသ ၊နေရာနဲ့ အဆောက်အအုံ ၃၀ ခုကို  ကြားကာလအမွေအနှစ်များအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်သတ်မှတ် ကာ စစ်ရေးဆောင်ရွက် ခြင်းနဲ့ ထိခိုက်ဖျက်ဆီးမှုတွေကိုတားမြစ်


စစ်ကိုင်းတိုင်းက  အမွေအနှစ်ဆိုင်ရာဒေသ ၊နေရာနဲ့ အဆောက်အအုံ ၃၀ ခုကို  ကြားကာလအမွေအနှစ်များအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်သတ်မှတ် ကာ စစ်ရေးဆောင်ရွက် ခြင်းနဲ့ ထိခိုက်ဖျက်ဆီးမှုတွေကိုတားမြစ်လိုက်ပါတယ်။ အောက်တိုဘာ ၁၃ မှာ အမျိုးသားညီညွတ်ရေးအစိုးရ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗ ဟိုအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့ တို့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံ အုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ထားသောမူဝါဒများ၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များ၊ သဘာဝ အမွေအနှစ်ဆိုင်ရာစံ နှုန်းသတ်မှတ်ချက်တွေနဲ့အညီ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက ဒေသ/နေရာ/အဆောက်အအုံ စုစုပေါင်း ၃၀ ခုကို ကြားကာလအမွေအနှစ်များအဖြစ် သတ်မှတ်ပြီး အဲဒီဒေသတွေမှာ စစ်ရေးဆောင်ရွက် ခြင်းနဲ့ ထိခိုက်ဖျက်ဆီးမှုတွေ လုံးဝ(လုံးဝ) ဆောင်ရွက်ခြင်းမပြုဖို့တားမြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။


အဲဒီတားမြစ်ချက်တွေက  ကုန်းကြောင်းစစ် သို့မဟုတ် ရေကြောင်းစစ် သို့မဟုတ် လေကြောင်းစစ် ပြုလုပ်ခြင်း၊ စစ် ရေးပြုလုပ်ရန်အတွက် စခန်းနေရာချထားခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက် ဆီးခြင်း စသည့်ပျက်စီးရန်ဆောင်ရွက်ခြင်း၊ ခိုးယူခြင်း၊ ရောင်းချခြင်း၊ ကုန်သွယ်ခြင်း၊ ပြုပြင်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းနဲ့ ပုံစံပြောင်းခြင်းစတဲ့ မူလအနေအထား ပျက်စီးစေဖို့ ကြံဆောင်ခြင်းတို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။


တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ရင်  ယဉ်ကျေးမှုအမွေ အနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပ ဒေ(၂၀၁၉) ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၅) တို့အပြင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ တွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆက်လက်ဖော်ပြထားပါတယ်။


========================


📌📌 ၅။ မအူပင်မြို့နယ်က ရွာအချို့မှာ တောင်သူတွေကို စစ်တပ်က နေကြာစိုက်ခင်းများ တစ်ဧက မဖြစ်မနေစိုက်ခိုင်း


ဧရာဝတီတိုင်း မအူပင်မြို့နယ်က ရွာအချို့မှာ တောင်သူတွေကို စစ်တပ်က နေကြာစိုက်ခင်းများ တစ်ဧက မဖြစ်မနေစိုက်ခိုင်းတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၃ ရက်မှာ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အိအိပြုံးကပြောပါတယ်။


"ကျွန်မရဲ့  မဲဆန္ဒနယ် မှာ လယ်ဧက () ဧက ရှိတဲ့ တောင်သူ ဆိုလျှင် () ဧက ကို နေကြာမဖြစ်မနေ စိုက်ပေးရမယ် လို့ ဖိအားပေးကြောင်း သိရှိရပါတယ်။ အခုလောလောဆယ်တော့ ရွာတစ်ရွာက သတင်းပို့တာပေါ့။တခြားရွာတွေလည်း ဆက်စုံစမ်းနေတယ်။သူတို့ ယတြာချေတာဖြစ်ဖို့များပါတယ်"လို့ ဆိုပါတယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ ဗေဒင်ယတြာများကို ယုံကြည်သူဖြစ်ပြီးတော့ စစ်အာဏာသိမ်းပြီးနောက် ဘုရားများကို လိုက်လံ ယတြာချေနေသူလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ တမူး PDF တပ်ရင်း မှ တပ်သားနှစ်ဦး ထွက်ပြေးသွား၍ တပ်ပြေးအဖြစ် ကြေညာထုတ်ပယ်


တမူး PDF တပ်ရင်း မှ တပ်သားနှစ်ဦး ထွက်ပြေးသွား၍ တပ်ပြေးအဖြစ် ကြေညာထုတ်ပယ်လိုက်ပါတယ်။ အောက်တိုဘာ ၁၃ ရက်မှာ တမူး PDF တပ်ရင်း ကအသိပေးဆိုပါတယ်။


"ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း() တမူးမြို့၊ စစ်ကိုင်းတိုင်း မှ နေမင်းခန့် နှင့် ဆေးဘွိုင် တို့သည် တပ်ရင်း၏ စည်းမျဉ်း စည်းကမ်း များကို လိုက်နာမှု မရှိပဲ PDFတပ်ပြေး အဖြစ် ထွက်ပြေးသွားပါသဖြင့် မိမိတို့ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း () ၏တပ်ဖွဲ့ဝင် အဖြစ်မှ တရားဝင် ထုတ်ပယ်လိုက်ကြောင်း ကြေညာ အပ်ပါတယ်"လို့ ဆိုပါတယ်။


၎င်းတို့နှင့် ပါတ်သက်တဲ့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တပ်ရင်း () မှ (လုံးဝ) တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၊တမူးကဆိုပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီတပ်ရဲ့ ပွန်ချောင်းခြေကုပ်တပ်စခန်းကလက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရန် လုပ်ဆောင်နေတုန်းမှာ KNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တို့တိုက်ခိုက်


စစ်ကောင်စီတပ်ရဲ့ ပွန်ချောင်းခြေကုပ်တပ်စခန်းကလက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရန် လုပ်ဆောင်နေတုန်းမှာ  KNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တို့တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာလ (၁၃) ရက်နေ့ မှာစစ်ရေးသတင်းကို KNDF ကဆိုပါတယ်။


"လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရန် လုပ်ဆောင်နေသော လွိုင်ကော်မြို့နယ် နှင့် ရှာတောမြို့နယ်အကြားရှိ စစ်ကောင်စီတပ်၏ ပွန်ချောင်းခြေကုပ်စခန်း ရမ်းသမ်းပစ်ခတ်ရန် လုပ်ဆောင်နေတုန်းမှာ အောက်တိုဘာလ (၁၁) ရက်နေ့က မိမိတို့ ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီ၏ ပွန်ချောင်းခြေကုပ်စခန်းတွင် ၎င်းတို့တပ်သားများမှ လက်နက်ကြီးများ ပစ်ခတ်ရန် ပြင်ဆင်နေကြောင်း ထောက်လှမ်းသိရှိရ၍ မိမိတို့ ကရင်နီပူးပေါင်းတပ်များမှ နံနက် () နာရီမှစ၍ တစ်နာရီကျော်ကြာ ပစ်ခက်တိုက်ခိုက်ခဲ့ ပါတယ်"လို့ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုကို KNDF KA SSRY တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူ၏ ခြေကုပ်စခန်းတွင်းမှ ပစ်မှတ်များအား ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကာ စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများရှိနိုင်သလို ပူးပေါင်းတပ်များမှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၈။ ထီးလင်းမြို့နယ်အနောက်ဘက်ရွာမှာ အကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုးတုပ်လျှက် လူနေအိမ်ပေါ်တင်ကာ အပြစ်မဲ့ပြည်သူ ဦးကို မီးရှို့သတ်ဖြတ်ထား


မကွေးတိုင်း ထီးလင်းမြို့နယ်အနောက်ဘက်ရွာမှာ အကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုးတုပ်လျှက် လူနေအိမ်ပေါ်တင်ကာ အပြစ်မဲ့ပြည်သူ ဦးကို မီးရှို့သတ်ဖြတ်ထားတယ်လို့ သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၃ ရက်မှာYDFထီးလင်းက နယ်မြေရှင်းလင်းရေး လုပ်စဥ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ သတ်ဖြတ်ထားမှုကို တွေ့ရှိခဲ့တယ်လို့ အတည်ပြုဆိုပါတယ်။


"အောက်တိုဘာ ၁၃ ရက်မနက် နာရီ ၂၀ အချိန်အချိန်ခန့်တွင်အနောက်ဘက်ရွာမှစစ်ကြောင်းဆုတ်သွားကြသဖြင့် ယောကာကွယ်ရေးတပ် - YDF (ထီးလင်း)တပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ လက်ပြန်ကြိုးတုပ်လျှက် လူနေအိမ်ပေါ်တင်၍မီးရှို့ထားသော အပြစ်မဲ့ပြည်သူ အလောင်း () လောင်းအား စစ်ဆေးတွေ့ရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


စက်တင်ဘာ ၁၉ ရက်နေ့ကတည်းကထီးလင်းမြို့နယ်တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သော ခလရ (၅၀) မှ စကစတပ်နဲ့ပျူ တစ်ရာကျော်စစ်ကြောင်းဟာ အညာတောကျေးရွာမှစ၍ စစ်ကြောင်းတောက်လျှောက်ရှိ ကျေးရွာများအား မီးရှို့လုယက်ဖျက်စီးလာကြရာ ယနေ့အထိစုစုပေါင်းဆုံးရှုံးတဲ့ပြည်သူနေအိမ် (၄၂) အိမ်ထိ ရှိလာပြီဖြစ်ပါတယ်။


========================


📌📌 ၉။ တီးတိန်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ၂၆၉ မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ အရပ်သားတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံး


တီးတိန်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ၂၆၉ မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ အရပ်သားတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့၊ နာရီခန့်အချိန်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ ရုံးနှစ်ခု မီးလောင်မှု ဖြစ်ပွားနေချိန် တီးတိန်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ၂၆၉ မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် လိုင်လုံး ကျေးရွာ (Lai Lui) တွင် နေထိုင်သော ညန်လျန်ဝုန် (Ninng Lian Vun) သည် နေအိမ်အတွင်း အိပ်ပျော်နေစဉ် ဦးခေါင်းကို လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့တယ်လို့AAPPကဖော်ပြပါတယ်။


ထို့ပြင် အမျိုးသား တစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၅၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment