17th OCT 2022 - Morning Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၂။ PDF တွေဟာ လက်နက်ကိုင်ဖြစ်လို့ အခွန်ကောက်ခံခွင့် ကာကွယ်ရေးဝန်ကြီးဌာနက မပေးထား

📌 ၃။ ချင်းပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်များ မြို့ပေါ်မှာသာကျန်ရှိတော့တယ်လို့ ကာကွယ်ရေးဒုဝန်ကြီးဆို

📌 ၄။ နွေဦးတော်လှန်ရေးဟာ အောင်ပွဲရှိလာမှာမို့လို့ ပြည်သူလူထုက စိတ်ဓာတ်မကျရန် ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို

📌 ၅။ အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန စီမံမှုနဲ့ ပြည်သူလူထုများထောက်ပံ့ထားသော တပ်ရင်းအသုံးစရိတ် မြစ်ငယ် PDF ပထမဆုံးအကြိမ်ရရှိ

📌 ၆။ စစ်တပ်ရဲ့ ပို့ဆောင်ရေးရဟတ်ယာဥ်တစ်စီး CDF ကန်ပက်လက် မှပစ်ခတ်တိုက်ခိုက်ရာ ဆီတိုင်ကီပေါက်၍ ပန်ကာထိမှန်

📌 ၇။ စစ်ကိုင်း Local PDF နှင့်တကွ ပကဖအဖွဲ့ညီ‌နောင်များထံသို့ SKL Semi Auto မောင်းပြန်လက်နက်များကို Z3 ဆေးကြိမ်လုံး ညီနောင်များအဖွဲ့ကဖြန့်ဝေ

📌 ၈။ အောက်တိုဘာလ (၁၁) ရက်နေ့အထိ တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့သော အမျိုးသမီး ၂၇၁ ဦးရှိခဲ့ပြီး အများဆုံးသေဆုံးသူများမှာ စစ်ကိုင်းတိုင်းဒေသကြီးမှဖြစ်

📌 ၉။ မုံရွာမြို့အဝင်ဘိုးဘွားရိပ်သာတောင်ဘက်အနီး မိုင်းထောင်နေစဥ် ကာကွယ်ရေးတပ်များနဲ့ စကစတပ်များ ထိပ်တိုက်တွေ့၍ ပစ်ခတ်ရာ အကြမ်းဖက်စစ်တပ်ဘက်က ခေါင်းထိမှန်ကာတစ်ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၀/၂၀၂၂) ကို  ကျင်းပခဲ့ပါတယ်။


အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ဝင်းမြတ်အေး‌မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့်  ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။


အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရတဲ့ အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ PDF တွေဟာ လက်နက်ကိုင်ဖြစ်လို့ အခွန်ကောက်ခံခွင့် ကာကွယ်ရေးဝန်ကြီးဌာနက မပေးထား


PDF တွေဟာ လက်နက်ကိုင်ဖြစ်လို့ အခွန်ကောက်ခံခွင့် ကာကွယ်ရေးဝန်ကြီးဌာနက မပေးထားဘူးလို့ ဒုဝန်ကြီး နိုင်ကောင်းရွက်ကဆိုပါတယ်။ အောက်တိုဘာ ၁၆ ရက် ကျင်းပတဲ့ချောင်းဦး PDF-Project 10K ထောက်ပို့ကံစမ်းလက်မှတ်များဆုမဲဖောက်ပွဲအခမ်းအနားမှာ ကာကွယ်ရေး ဝန်ကြီး ဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်ကဆိုပါတယ်။


"PDF တွေဆိုလို့ရှိရင် လက်နက်ကိုင်ဖြစ်လို့ အခွန်ကောက်လို့မရပါဘူး။အခွန်ကောက်မယ်ဆိုရင် အခွန်ဌာနက ကောက်ရပါမယ်"လို့ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကိုင်၍ ပြည်သူလူထုအပေါ် မောက်မာစွာ ကျင့်ကြံဆက်ဆံခြင်းနဲ့ ရာဇဝတ်မှုများကျူးလွန်ခြင်းများရှိပါက ကာကွယ်ရေးဝန်ကြီးဌာန ဗဟိုစုံစမ်းစစ်ဆေးရေးကော်မရှင်က ကိုင်တွယ်ဆောင်ရွက်တယ်လို့ဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့ ပေါင်း ၃၀၀ ခန့်ရှိကာ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော်ရှိပါတယ်။


========================


📌📌 ၃။ ချင်းပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်များ မြို့ပေါ်မှာသာကျန်ရှိတော့တယ်လို့ ကာကွယ်ရေးဒုဝန်ကြီးဆို


ချင်းပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်များ မြို့ပေါ်မှာသာကျန်ရှိတော့တယ်လို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ကပြောပါတယ်။ အောက်တိုဘာ ၁၆ ရက် ကျင်းပတဲ့ချောင်းဦး PDF-Project 10K ထောက်ပို့ကံစမ်းလက်မှတ်များဆုမဲဖောက်ပွဲအခမ်းအနားမှာ ကာကွယ်ရေး ဝန်ကြီး ဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်ကဆိုပါတယ်။


"အခုဆိုရင် စစ်ကိုင်းနဲ့မကွေးတို့ကို နယ်မြေစိုးမိုးမှုတွေဘအများကြီးလုပ်နိုင်ပါတယ်။ ချင်းဆိုလို့ရှိရင် ၇၀ ရာခိုင်နှုန်း စိုးမိုးနိုင်တယ်။မြို့ပေါ်မှာပဲ သူတို့ရှိတော့တယ်။ကျန်တာ CDF တွေအကုန်လုံးစိုးမိုးထားတာဖြစ်တယ်။ ကယားလည်း ဒီလိုပါပဲ။စစ်ကိုင်းမှာဆိုရင် ကသာတို့၊ကောလင်းတို့မှာ တရားရုံးတွေ ဖွင့်လှစ်နိူင်ခဲ့ပြီ။တကယ်ကို ရုံးထိုင်နေပြီ"လို့ ဒုဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိန်းချုပ်နယ်မြေအချို့မှာ တရားရုံးများဖွင့်လှစ်နိုင်ပြီဖြစ်၍ လွတ်လပ်တဲ့တရားစီရင်ရေးကို အမှုအခင်းတွေ တိုင်ကြားနိုင်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးဟာ အောင်ပွဲရှိလာမှာမို့လို့ ပြည်သူလူထုက စိတ်ဓာတ်မကျရန် ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို


နွေဦးတော်လှန်ရေးဟာ အောင်ပွဲရှိလာမှာမို့လို့ ပြည်သူလူထုက စိတ်ဓာတ်မကျရန် ဒုဝန်ကြီးအိသဉ္ဇာမောင်ကဆိုလိုက်ပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာ ဒုဝန်ကြီးအိသဉ္ဇာမောင်က လူမှုကွန်ရက်မှာရေးသားဆိုပါတယ်။


"ရှေ့တန်း မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေမှာနေ့ဘက်ဆို ရာသီဥတု က နေ့ဆိုပူပြီး ညဆို အေးတော့ သူတို့ တော်တော်ပင်ပန်းပါတယ်။ ညဘက်ဆို အေးတာမှ တော်တော်ကိုအေးတာ။ဘယ်လိုပဲ ပင်ပန်းပါစေ ပြည်သူလူထုတရပ်လုံး အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး အတွက် ဆက်ပြီး တိုက်ပွဲဝင်ပေးနေလို့ ကျေးဇူးတင်ပြီး လေးစားပါတယ်။ ကျမတို့ ပြည်သူလူထုကလည်း စိတ်ဓာတ်မကျပါနဲ့။ဒီအရွေ့မှာ မှန်ကန်တဲ့ဘက်က ပြိုင်တူတွန်းနေကြတဲ့ အတွက် တိုက်ပွဲရှိရင် အောင်ပွဲရှိလာမှာမို့ ရဲဘော်တွေကို ဒီထက်ပိုပြီး စိတ်ခွန်အား၊ ငွေကြေး အင်အား တတ်နိုင်သလောက် ပံ့ပို့ပေးကြမယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ အကြမ်းဖက် စစ်တပ်ကို တစ်နှစ်တာအတွင်း အပြီးသတ်မယ့်စီမံချက်နဲ့စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။


========================


📌📌 ၅။ အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန စီမံမှုနဲ့ ပြည်သူလူထုများထောက်ပံ့ထားသော တပ်ရင်းအသုံးစရိတ် မြစ်ငယ် PDF ပထမဆုံးအကြိမ်ရရှိ


အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန စီမံမှုနဲ့ ပြည်သူလူထုများထောက်ပံ့ထားသော တပ်ရင်းအသုံးစရိတ် မြစ်ငယ် PDF ပထမဆုံးအကြိမ်ရရှိတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့မှာ Myitnge - People Defence Force ကအသိပေးဆိုပါတယ်။


"အမျိုးသားညီညွှတ်ရေးအစိုးရကာကွယ်ရေး၀န်ကြီးဌာန စီမံမှုဖြင့်ပြည်သူလူထုများထောက်ပံ့ထားသောငွေများထဲမှ ကျနော်တို့ MN PDF အဖွဲ့အတွက် ပထမအကြိမ် အသုံးစရိတ်အဖြစ်ပေးပို့လာပါတယ်"လို့ဆိုပါတယ်။ အဆိုပါ ထောက်ပံ့ငွေများထဲမှ  တစ်ချို့ကို ရဲဘော်ရဲဘက်များကိုတစ်ယောက် သောင်းကျပ်နှုန်းဖြင့် အလိုရှိရာအသုံးပြုနိုင်ရန် မုန့်ဖိုးပြန်လည် မျှဝေပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ကျန်ရှိငွေများကို အဓိကလိုအပ်သော လက်နဲ့ခဲယမ်းများ၀ယ်ယူရရှိနိုင်ရေးအတွက် ဖြည့်တင်းသွားမယ်လို့မြစ်ငယ် PDF ကဆိုပါတယ်။


========================


📌📌 ၆။ စစ်တပ်ရဲ့ ပို့ဆောင်ရေးရဟတ်ယာဥ်တစ်စီး CDF ကန်ပက်လက် မှပစ်ခတ်တိုက်ခိုက်ရာ ဆီတိုင်ကီပေါက်၍ ပန်ကာထိမှန်


အကြမ်းဖက် စစ်တပ်ရဲ့ ပို့ဆောင်ရေးရဟတ်ယာဥ်တစ်စီး CDF ကန်ပက်လက်မှပစ်ခတ်တိုက်ခိုက်ရာ ဆီတိုင်ကီပေါက်၍ ပန်ကာထိမှန်ခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာ ရဟတ်ယာဥ်နဲ့ပတ်သတ်လို့ Chin Defense Force - Kanpetlet ကဆိုပါတယ်။


"ပျက်တော့ ပျက်ကျမပါဘူး။အပျက်အစီးရှိနိုင်ပါတယ်။ လူထိမထိကစုံစမ်းနေတုန်းပါ။ အခုပြင်နေကြတယ်လို့သိရပါတယ်"လို့ CDF ကန်ပက်လက်က ပြောပါတယ်။


အောက်တိုဘာလ (၁၆) ရက်နေ့တွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီပို့ဆောင်ရေး ရဟတ်ယာဥ် နှစ်စီးအား အမြင့်တစ်နေရာမှ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ထိုတိုက်ခိုက်မှုမှာ ပို့ဆောင်ရေးရဟတ်ယာဥ်နှစ်စီး အနက်တစ်စီး မှာ ဆီတိုင်ကီ ပေါက်သွားသည့်အပြင် ပန်ကာတစ်ချောင်းကျိုးသွားခဲ့တာလို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ စစ်ကိုင်း Local PDF နှင့်တကွ ပကဖအဖွဲ့ညီ‌နောင်များထံသို့ SKL Semi Auto မောင်းပြန်လက်နက်များကို Z3 ဆေးကြိမ်လုံး ညီနောင်များအဖွဲ့ကဖြန့်ဝေ


စစ်ကိုင်း Local PDF နှင့်တကွ ပကဖအဖွဲ့ညီ‌နောင်များထံသို့ SKL Semi Auto မောင်းပြန်လက်နက်များကို Z3 ဆေးကြိမ်လုံး ညီနောင်များအဖွဲ့ကဖြန့်ဝေခဲ့ပါတယ်။ အောက်တိုဘာ၁၆ရက်မှာ Z3 ဆေးကြိမ်လုံး ညီနောင်များကအသိပေးဆိုပါတယ်။


"Z3 ဆေးကြိမ်လုံး ညီနောင်များလဲရာမှ အကြိမ်ကြိမ် ပြန်ထ၍ ကြိုးစားမှုအဖြစ်စစ်ကိုင်း Local PDF နှင့်တကွ ပကဖအဖွဲ့ညီ‌နောင်များထံသို့ SKL Semi Auto မောင်းပြန် စုစုပေါင်း ချောင်းကို ညီနောင်များဆီအရောက် ညတွင်းချင်း ပံ့ပိုး လှူဒါန်းပေးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


နောက်လများမှာ မန္တလေးတိုင်းနှင့် မကွေးတိုင်း ညီနောင်များရှိရာဆီသို့ ဆက်လက် ပံ့ပိုးလှူဒါန်းနိုင်အောင် ကြိုးစားသွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ အောက်တိုဘာလ (၁၁) ရက်နေ့အထိ တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့သော အမျိုးသမီး ၂၇၁ ဦးရှိခဲ့ပြီး အများဆုံးသေဆုံးသူများမှာ စစ်ကိုင်းတိုင်းဒေသကြီးမှဖြစ်


အောက်တိုဘာလ (၁၁) ရက်နေ့အထိ တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့သော အမျိုးသမီး ၂၇၁ ဦးရှိခဲ့ပြီး အများဆုံးသေဆုံးသူများမှာ စစ်ကိုင်းတိုင်းဒေသကြီးမှဖြစ်တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာလအတွင်းမှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကထုတ်ပြန်ဖော်ပြပါတယ်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့အထိ တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့သော အမျိုးသမီး ၂၇၁ဦးရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးသူအမျိုးသမီး ၁၁၀ဦး၊ မန္တလေးမှာ သေဆုံးသူအမျိုးသမီး ၃၇ ဦး၊ မကွေးတိုင်းမှာ သေဆုံးသူအမျိုးသမီး ၂၄ ဦး တို့ရှိခဲ့ပါတယ်။ ဒါ့အပြင်လူငယ်ဦးရေ သေဆုံးမှု၉၅၅ဦးမှာ သေဆုံးသူလူငယ်အမျိုးသမီး ၈၅ဦးပါဝင်ပါတယ်။


========================


📌📌 ၉။ မုံရွာမြို့အဝင်ဘိုးဘွားရိပ်သာတောင်ဘက်အနီး မိုင်းထောင်နေစဥ် ကာကွယ်ရေးတပ်များနဲ့ စကစတပ်များ ထိပ်တိုက်တွေ့၍ ပစ်ခတ်ရာ အကြမ်းဖက်စစ်တပ်ဘက်က ခေါင်းထိမှန်ကာတစ်ဦးသေဆုံး


မုံရွာမြို့အဝင်ဘိုးဘွားရိပ်သာတောင်ဘက်အနီး မိုင်းထောင်နေစဥ် ကာကွယ်ရေးတပ်များနဲ့ စကစတပ်များ ထိပ်တိုက်တွေ့၍ ပစ်ခတ်ရာ အကြမ်းဖက်စစ်တပ်ဘက်က ခေါင်းထိမှန်ကာတစ်ဦးသေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက် ညနေ နာရီ ၄၅ မိနစ်အချိန် Golden Eagle Force- Monywa အဖွဲ့မှစကစတပ်နဲ့ထိပ်တိုက်တွေ့၍ ပစ်ခတ်ခဲ့တယ်လို့အတည်ပြုပါတယ်။


"အောက်တိုဘာ ၁၆ ရက် ညနေ နာရီ ၄၅ မိနစ်ခန့်တွင် ကျွန်ုပ်တို့ Golden Eagle Force- Monywa အဖွဲ့မှ မုံရွာမြို့အဝင်ဘိုးဘွားရိပ်သာတောင်ဘက်အနီးတွင် စကစတပ်ကားများလာမည့်သတင်းရ၍ မိုင်းထောင်နေချိန် စကစတပ်များနှင့်ထိပ်တိုက်တွေ့၍ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်စဥ်မှာ စကစတပ်သားတစ်ဦး ခေါင်းထိမှန်သေဆုံးပြီးကားပေါ်ဆွဲတင်သွားကြောင်း ဆိုပါတယ်။ စကစတပ်များ၏လိုက်လံပစ်ခတ်မှုကြောင့် မိုင်းနှင့်အဝေးထိန်းပစ္စည်းများ ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment