18th OCT 2022 - Morning Daily News by Radio NUG

၂၀၂၂ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာနတို့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

📌 ၂။ ကလေးသူငယ်တွေအပေါ် မတော်မတရားပြုမူခြင်းဟာကျူးလွန်သူတွေမှာသာ တာဝန်ရှိသလို ဥပဒေကြောင်းအရ အရေးယူခံရမဲ့ကိစ္စရပ်သာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးပြောကြား

📌 ၃။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍  ဖြေဆိုခွင့်ကို အောက်တိုဘာ၂၉ ရက်နေ့မှ ဒီဇင်ဘာ၂၉ ရက်နေ့အထိလျှောက်ထားနိုင်

📌 ၄။ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတို နိုဝင်ဘာလကုန်အထိ နိုင်ငံအစုံ ပွဲစဥ်များပြည့်နေ

📌 ၅။ ဟားငါးကောင် လူရွှင်တော်အဖွဲ့မှ ကိုတိုင်းကျော် KNU ​​ကော်သူးလေနယ်​​မြေမှာ လက်ထပ်ပွဲအကျဥ်းရုံးကျင်းပ

📌 ၆။ စစ်ကိုင်းတိုင်းအမတ် ဒေါ်သန့်ဝေကျော်ရဲ့ ကလေးမြို့က မိသားစုနေအိမ်ကို စကစတပ်နဲ့ရဲများကဖောက်ထွင်းဝင်ရောက်၍  ရှိသမျှ ပစ္စည်းများအကုန်ခိုးယူ

📌 ၇။ ရဲအရာရှိဘက်မှ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတစ်ဦးကို ဝမ်းတွင်း WTRF တပ်ဖွဲ့က ရှင်းလင်း

📌 ၈။ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စကခ (၁၃) လက်အောက်ခံ ခမရ ၃၅၈ တပ်ရင်းနှင့် KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စကစတပ်က၆ဦးသေ ၁၆ ဦးအရှင်ဖမ်းဆီးရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာနတို့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာနတို့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


အောက်တိုဘာ ၁၇ ရက်မှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံပွဲကိုကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲမှာ .အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က အမှာစကား ပြောကြားပြီးနောက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုး က ဝန်ကြီးဌာန၏ မူဝါဒချမှတ်ထားသော လုပ်ငန်းစဥ်များ၊ အကောင်အထည်ဖော်လုပ်ဆောင်နေသည့် ကိစ္စရပ်များ၊ ကဏ္ဍအလိုက် ဘတ်ဂျက်ခွဲ‌ဝေအသုံးပြုမှုနှင့် Beneficiaries Guideline ပါ ဦးစားပေးသတ်မှတ်ချက်၊ ကာလ သတ်မှတ်ချက်၊ ပေးအပ်သွားမည့် အကူအညီတို့အား အသေးစိတ်ရှင်းလင်းတင်ပြကာ တွေ့ကြုံရသည့် အခက်အခဲများကို  ရှင်းလင်းတင်ပြခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြချက်များအပေါ်တက်ရောက်လာသည့် ကော်မတီဝင်များက မေးခွန်းများ မေးမြန်းခဲ့ကြကာကော်မတီနှင့် ဝန်ကြီးဌာနတို့အကြား ချိတ်ဆက်ပူး‌ပေါင်း‌ ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားနိုင်‌ရေး အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ ကလေးသူငယ်တွေအပေါ် မတော်မတရားပြုမူခြင်းဟာကျူးလွန်သူတွေမှာသာ တာဝန်ရှိသလို ဥပဒေကြောင်းအရ အရေးယူခံရမဲ့ကိစ္စရပ်သာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးပြောကြား


ကလေးသူငယ်တွေအပေါ် မတော်မတရားပြုမူခြင်းဟာကျူးလွန်သူတွေမှာသာ တာဝန်ရှိသလို ဥပဒေကြောင်းအရ အရေးယူခံရမဲ့ကိစ္စရပ်သာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၁၇ ရက်မှာ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက လူမှုကွန်ရက်မှာရေးသားပြောပါတယ်။


"မြန်မာပြည်သူတွေ စိတ်မကောင်းဖြစ်နေတဲ့ Child Abuse ( ကလေးသူငယ်တွေအပေါ် လွဲမှားစွာပြုကျင့်ခြင်း) ကိစ္စကို ကြားသိရပါတယ်။ .အဲဒီကိစ္စနဲ့ပတ်သက်ပြီး လှောင်‌ပြောင်နေကျတဲ့သူတွေ အထဲမှာ လွှတ်တော်အမတ်ဟောင်းတွေ၊ Social Influencer တွေတောင် ပါဝင်နေတာကို အတော်လေးအံ့သြမိပါတယ်။ 


ကလေးသူငယ်တွေအပေါ် မတော်မတရားပြုမူခြင်းကိစ္စ ဟာနစ်နာသူတွေအဖို့ ရှက်စရာ၊ ကြောက်နေစရာမဟုတ်သလို၊ လက်ခံရမဲ့ ကိစ္စလည်းမဟုတ်ပါဘူး။ ဒါဟာ ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်တွေသာဖြစ်ပါတယ်။ ကျူးလွန်ခံရတဲ့သူတွေမှာ ဘာအပြစ်မှမရှိသလို၊ ဘာအမှားမှလည်းမရှိကြပါဘူး။ကျူးလွန်သူတွေမှာသာ တာဝန်ရှိသလို၊ ဥပဒေကြောင်းအရ အရေးယူခံရမဲ့ကိစ္စရပ်သာဖြစ်ပါတယ်"လို့ဆိုပါတယ်။


စစ်အာဏာရှင်များကို တွန်းလှန်နေရင်း တပြိုင်နက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တရားဥပဒေစိုးမိုးခြင်းတွေကိုဆောင်ရွက်နေတာမို့လို့ မတရားမှုမှန်သမျှ၊ ကြီးနိုင်ငယ်ညှဉ်းမှုမှန်သမျှတွေကို တပါတည်း တိုက်ဖျက်သွားရမှာလို့ ပြည်ထောင်စုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍  ဖြေဆိုခွင့်ကို အောက်တိုဘာ၂၉ ရက်နေ့မှ ဒီဇင်ဘာ၂၉ ရက်နေ့အထိလျှောက်ထားနိုင်


အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ ဖြေဆိုခွင့်ကို အောက်တိုဘာ၂၉ ရက်နေ့မှ ဒီဇင်ဘာ၂၉ ရက်နေ့အထိလျှောက်ထားနိုင်ပြီလို့သတင်းရရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဖြေဆိုလျှောက်ထားခွင့်များကိုအသိပေးကြေညာခဲ့ပါတယ်။


အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ဖေဖော်ဝါရီလမှာ ပထမအကြိမ်နဲ့  ၂၀၂၃ သြဂုတ်လမှာ ဒုတိယအကြိမ်ကျင်းပမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကဆိုပါတယ်။ ဝင်ရောက်ဖြေဆိုမည့်သူများအနေနဲ့ ဖြေဆိုမယ့်ဘာသာတွဲအလိုက် ဖြေဆိုခွင့်ကို အောက်တိုဘာ၂၉ရက်နေ့မှ ဒီဇင်ဘာ၂၉ရက်နေ့အထိလျှောက်ထားရမှာဖြစ်ပါတယ်။ ဖြေဆိုခွင့်များကို အွန်လိုင်းဖြင့်လျှောက်လွှာပုံစံသွင်း၍ ကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ပြီး မည်သည့်အခကြေးငွေမှပေးရန်မလိုဘူးလို့ ဆိုထားပါတယ်။


========================


📌📌 ၄။ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတို နိုဝင်ဘာလကုန်အထိ နိုင်ငံအစုံ ပွဲစဥ်များပြည့်နေ


ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတို နိုဝင်ဘာလကုန်အထိ နိုင်ငံအစုံ ပွဲစဥ်များပြည့်နေတယ်လို့ သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့ မှာ မိုးခါးရေ ရုပ်ရှင်ပြသရေးကော်မတီကအသိပေးဆိုပါတယ်။


"အိန္ဒိယ မီဇိုရမ်လက်မှတ် ၄၀၀ ကုန်ပါပြီ။နယ်သာလန် အမ်စတာဒမ်ရုံပြည့် လက်မှတ်  ၁၂၀ ကုန်သွားသဖြင့်ဒုတိယ ပွဲဆက်လက်ရောင်းချပေးနေပါပြီ။ထိုင်းနိုင်ငံ ဘန်ကောက်တွင် ပြသနိုင်ရေး ညှိနှိုင်း နေပါတယ်။အီတလီ  မီလန် မှလည်းဆက်သွယ်လာပါတယ်။ နိုဝင်ဘာလကုန်အထိနိုင်ငံအစုံ ပွဲစဥ်များပြည့်နေပါသော်လည်း ပြသရေး ကော်မတီမှအတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးလျှက်ရှိပါတယ်"လို့ဆိုပါတယ်။


ဒါရိုက်တာကိုပေါက်ရဲ့မသောက်မိသော မိုးခါးရေဇာတ်လမ်းတိုရုပ်ရှင်ကို ဇာတ်လမ်းဟာCDMဗိုလ်ကြီးတစ်ဦး၏အဖြစ်အပျက်တချို့ကို အခြေခံပြီးသရုပ်ဆောင်မဟုတ်သောလွတ်မြောက်နယ်မြေရောက်အာဏာရှင်ကိုဆန့်ကျင်သော တော်လှန်ရေးရဲဘော်များ တိုင်းရင်းသားများနှင့် ရိုက်ကူးထားတာဖြစ်ပါတယ်။ မသောက်မိသော မိုးခါးရေ မှရရှိမယ့်ဝင်ငွေများကိုသက်ဆိုင်ရာငွေစာရင်းစစ်ဆေးမှုများခံယူပြီးပြည်သူ့တော်လှန်ရေး၏ Drone တပ်များသို့ ၇၀%လှူဒါန်းပံ့ပိုးမည်ဖြစ်ပြီး ကျန်ရှိသော၃၀% ကို အရေးပေါ်လိုအပ်ချက်များသို့ ကူညီပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၅။ ဟားငါးကောင် လူရွှင်တော်အဖွဲ့မှ ကိုတိုင်းကျော် KNU ​​ကော်သူးလေနယ်​​မြေမှာ လက်ထပ်ပွဲအကျဥ်းရုံးကျင်းပ


ဟားငါးကောင် လူရွှင်တော်အဖွဲ့မှ ကိုတိုင်းကျော် KNU ​​ကော်သူးလေနယ်​​မြေမှာ လက်ထပ်ပွဲအကျဥ်းရုံးကျင်းပခဲ့ပါတယ်။ အောက်တိုဘာ ၁၇ ရက်မှာ AAC မှ ကိုရဲမင်းကအသိပေးဆိုထားပါတယ်။


"တိုင်းကျော်+သဲသုတတို့နှစ်ဦးအတွက် KNU ​​ကော်သူးလေနယ်​​မြေမှာ လက်ထပ်ပွဲလေးအကျဥ်းရုံးစီစဥ်ကျင်းပပေးခဲ့ရလို့ယနေ့ ကြည်နူးမိပါတယ်။ သက်ဆုံးတိုင်ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေ"လို့ ဆိုထားပါတယ်။ ဟားငါးကောင် လူရွှင်တော် အဖွဲ့မှ ကိုတိုင်းကျော်ဟာ နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်းအမတ် ဒေါ်သန့်ဝေကျော်ရဲ့ ကလေးမြို့က မိသားစုနေအိမ်ကို စကစတပ်နဲ့ရဲများကဖောက်ထွင်းဝင်ရောက်၍  ရှိသမျှ ပစ္စည်းများအကုန်ခိုးယူ


စစ်ကိုင်းတိုင်းအမတ် ဒေါ်သန့်ဝေကျော်ရဲ့ ကလေးမြို့က မိသားစုနေအိမ်ကို စကစတပ်နဲ့ရဲများကဖောက်ထွင်းဝင်ရောက်၍  ရှိသမျှ ပစ္စည်းများအကုန်ခိုးယူသွားခဲ့တယ်လို့ဆိုပါတယ်။ အောက်တိုဘာ ၁၇ ရက်မှာ စစ်ကိုင်းတိုင်းအမတ် ဒေါ်သန့်ဝေကျော်ကအတည်ပြုဆိုထားပါတယ်။


" ကလေးမြို့၊ဗိုလ်ချုပ်လမ်းက ချိတ်ပိတ်ခံထားရတဲ့ ကျွန်မမိဘများနဲ့ကျွန်မတို့မိသားစုအတူနေအိမ်ကို ရဲနဲ့စကစတပ်များ ရှိသမျှ ပစ္စည်းတွေအကုန် လာခိုးသယ်သွားကြတယ်။နောက်တနေ့မှာ အိမ်ရှေ့မှာထားထားတဲ့ ကုက္ကိုသားစားပွဲအသစ်ကို အရပ်ဝတ်နဲ့ သုံးဘီးနဲ့သီးသန့်လာသယ်သွားတယ်လို့သိရတယ်"လို့ဆိုထားပါတယ်။ စကစတပ်များဟာ ချိတ်ပိတ်ထားတဲ့နေအိမ်များက ပစ္စည်းများကိုလည်း မကြာခဏခိုးယူသယ်ဆောင်ကြောင်း သတင်းရရှိပါတယ်။


"တော်လှန်ရေးအောင်တဲ့နေ့မှာ အဲဒီ အိမ်နဲ့ပစ္စည်းတွေအတွက် အကုန်တရားမျှတမှုပြန်ယူမယ်။တော်လှန်ရေးမအောင်ခင်မှာလည်း ရတဲ့နည်းလမ်းနဲ့ လက်တုန့်ပြန်မယ်"လို့ ဒေါ်သန့်ဝေကျော်ကဆိုထားပါတယ်။ အကြမ်းဖက်စစ်အာဏာသိမ်းသည့်နေ့မှ စတင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများကို ဥပဒေမဲ့ ကျူးကျော်ဝင်ရောက် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများဆက်တိုက်ကျူးလွန်ခဲ့ကာ ရန်ကုန်မြို့ရှိ ပါတီဗဟိုဌာန ချုပ်ရုံးအပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ပါတီရုံးများကို စုစုပေါင်း (၉၈) ကြိမ် ကျူးကျော်ဝင်ရောက် အကြမ်းဖက်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများရှိခဲ့ပါတယ်။ ဒါ့အပြင်လွှတ်တော်ကိုယ်စားလှယ်(၉၃)ဦးအပါအဝင် စုစုပေါင်းပါတီဝင်(၁၅၅)ဦး၏ နေအိမ်များနှင့်အခြားပိုင်ဆိုင်မှုများ  ချိတ်ပိတ်ခံခဲ့ရပါတယ်။


========================


📌📌 ၇။ ရဲအရာရှိဘက်မှ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတစ်ဦးကို ဝမ်းတွင်း WTRF တပ်ဖွဲ့က ရှင်းလင်း


ရဲ အရာရှိဘက်မှ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတစ်ဦးကို ဝမ်းတွင်း WTRF တပ်ဖွဲ့က ရှင်းလင်းခဲ့ပါတယ်။ အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းမှာ မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့နယ် အကြမ်းဖက် စကစခန့်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းပါတစ်ဦးကိုရှင်းလင်းခဲ့တာလို့ WTRF ကအတည်ပြုပါတယ်။


"အောက်တိုဘာ၁၇ရက်(မွန်းလွဲပိုင်း) မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့နယ် အကြမ်းဖက် စကစ ဘက်တော်သား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ High Value Target ကျော်မိုးဦး (မြို့နယ်အုပ်ချုပ်ရေးမှူး) နှင့်အပေါင်းပါ () ဦးကို WTRF အဖွဲ့မှ ပြည်သူများ၏တာဝန်ပေးချက်အရ ရှင်းလင်းလိုက်တယ်"လို့ဆိုပါတယ်။ ၄င်းမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်မိုးဦးဟာရဲဘက်မှ အသွင်ပြောင်းလာသူလည်းဖြစ်ပါတယ်။


========================


📌📌 ၈။ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စကခ (၁၃) လက်အောက်ခံ ခမရ ၃၅၈ တပ်ရင်းနှင့် KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စကစတပ်က၆ဦးသေ ၁၆ ဦးအရှင်ဖမ်းဆီးရမိ


ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စကခ (၁၃) လက်အောက်ခံ ခမရ ၃၅၈ တပ်ရင်းနှင့် KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စကစတပ်က၆ဦးသေ ၁၆ ဦးအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ အောက်တိုဘာ ၁၇ ရက်မှာ စစ်ရေးသတင်းကို နဂါးနီစစ်ကြောင်းကအတည်ပြုဖော်ပြပါတယ်။


"ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တဂေးကျေးရွာအနီးတွင် ကျူးကျော်ရန်ကြိုးပမ်းလာသည့် စစ်ကောင်စီတပ်နှင့် KNLA နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ဟာအောက်တိုဘာ ၁၅ ရက်နေ့ ညနေ နာရီမှ နာရီတွင် တစ်ကြိမ်၊ ၁၆ ရက် နံနက် နာရီမှ နေ့လယ် ၁၂ နာရီထိ တစ်ကြိမ်ထိတွေ့တိုက်ပွဲ ကြိမ်ဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


ကြာအင်းဆိပ်ကြီးဘက်သို့ တိုက်ခိုက်ရေးပြင်လာသော ဘုတ်ပြင်အခြေစိုက် စကခ (၁၃) လက်အောက်ခံ ခမရ ၃၅၈ တပ်ရင်းမှ စကစတပ်က၆ဦးသေဆုံး၊၁၆ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး ၂၃ ဦးထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်တွင် ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းမှ ၁၂၀မမဖြင့် တရစပ်ပစ်ကူပေးနေသောကြောင့် ကာကွယ်ရေးဘက်မှရဲဘော်များအနေဖြင့် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။


ထိုသို့ တိုက်ခိုက်ပြီးချိန်တွင် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ စကစဘက်မှ MA1 လက်၊ MA2 လက်၊ MA3 လက်၊ MA4 ၂လက်၊ ၆၀မမ ကွန်မန်ဒိုပြောင်း လက်၊ 5.56 ကျည် ၁၃၀၀ ၊လက်ပစ်ဗုံး လုံး၊ ကပစထုတ် ၉မမ ပစ္စတို လက်၊ ၆၀မမ ကျည် လုံး၊ RPG 7 အသီး၂ လုံး၊ကျည် box အပို ၂၈ ခု၊စကားပြောစက် လုံး၊ ဆက်သွယ်ရေး အထိုင်စက် လုံးနှင့် အခြားစစ်ဘက်သုံးဆိုင်ရာ စပ်ဆက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment