၂၀၂၂ အောက်တိုဘာလ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကူအညီမဲ့နေတဲ့ မြန်မာပြည်သူများ၏ အကူအညီ တောင်းခံမှုကို ဥပေက္ခာမပြုသင့်တော့ဘူးလို့ ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၂။ နွေဦးတော်လှန်ရေးမှာမတူတဲ့ပညာရပ်တွေအားလုံးပညာရေးဝန်ကြီးဌာနအောက်လာရောက်ပူးပေါင်းလာတယ်လို့ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို
📌 ၃။ ၂ နှစ်တာဝန်းကျင်နိုင်ငံတကာ သံတမာန်ရေးရာမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အအောင်မြင်ဆုံးလို့ လူ့အခွင့်ရေးရာ ဒုဝန်ကြီးဆို
📌 ၄။ ဖက်ဒရယ် ကျန်းမာရေးပညာရှင်များကောင်စီ ဆွေးနွေးမှုနဲ့ ECFMG မှ Verification လိုအပ်ချက်ကိုပယ်ဖျက်ပေးမယ်
📌 ၅။ (KPICT) က ဘွန်းဝယ်ယူထောက်ပို့ကြတဲ့ ပြည်သူများကိုအောက်တိုဘာလမှာ KPICT ရဲ့ ဥက္ကဌကြီးကိုယ်တိုင် လက်ရေးနဲ့ရေးသားထားတဲ့အမှတ်တရဂုဏ်ပြုပို့စကဒ်တွေပေးမယ်
📌 ၆။ ချက်သမ္မတနိုင်ငံ ဆိုင်ရာ အမျိုးသား ညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် ဦးလင်းသန့် Confederation of Industry of the Czech Republic ဒါရိုက်တာတို့နဲ့တွေ့ဆုံဆွေးနွေး
📌 ၇။ ပုန်နကျွန်းနှင့် ကျောက်တော် မြို့နယ် အစပ် ဒေးဝန်းချောင်းအနီးဝန်းကျင်ကို ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ၅၃၉ တပ်ရင်းမှ အတွဲလိုက် လက်နက်ကြီးကျည်များဖြင့်ယနေ့မနက် ပစ်ခတ်
📌 ၈။ ဝက်လက်တော်လှန်ရေးတပ်ဦးသို့ ပြည်သူလူထုမှ ကူညီထောက်ပံ့ပေးခဲ့သော ဘဏ္ဍာငွေများဖြင့် မှာယူထားသောလက်နက်ခဲယမ်းများရောက်ရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကူအညီမဲ့နေတဲ့ မြန်မာပြည်သူများ၏ အကူအညီ တောင်းခံမှုကို ဥပေက္ခာမပြုသင့်တော့ဘူးလို့ ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
စက်တက်ဘာ ၃၀ ရက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလိုပြောပါတယ်။
" ကမ္ဘာကြီးအနေဖြင့် မြန်မာစစ်တပ်၏ အဆိုးရွားဆုံးသော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသား မဆန်ခြင်းများကို ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ရပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်တပ်၏ တိုက်ခိုက်မှုများ၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုဆိုးရွားလျက်ရှိသောကြောင့် ပြည်သူများ ရင်ဆိုင်နေရသည့်အခြေအနေများမှာ နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလျက်ရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကူအညီမဲ့နေသည့် မြန်မာပြည်သူများ၏ အကူအညီ တောင်းခံမှုကို ဥပေက္ခာမပြုသင့်တော့ကြောင်း၊ အကူအညီတောင်းနေသည့် အကူအညီမဲ့နေသော မြန်မာ ပြည်သူများ၏ အသံသည်ကျယ်လောင်၍ ရှင်းလင်းပြတ်သားကြောင်း"ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သံအမတ်ကြီးကယခု မိန့်ခွန်းအား ပြောကြားနေချိန်တွင် မြန်မာနိုင်ငံ၌ လူပေါင်း (၂,၃၀၀) ကျော် သတ်ဖြတ်ခံထား ရကြောင်း၊ နေရပ်စွန့်ခွာသူ (၁.၃) သန်းကျော်ရှိပြီး၊ ပြည်သူ (၁၄) သန်း ကျော်အနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း နေအိမ် (၂၈,၀၀၀) ကျော် ဖျက်ဆီးခံရခြင်း၊ ကျေးရွာများ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရခြင်း၊ ကလေးငယ် (၃၈၀) ကျော် သတ်ဖြတ်ခံရခြင်းနှင့် ကလေးငယ် (၁,၄၀၀) ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းများရှိနေတယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးမှာမတူတဲ့ပညာရပ်တွေအားလုံးပညာရေးဝန်ကြီးဌာနအောက်လာရောက်ပူးပေါင်းလာတယ်လို့ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို
စက်တင်ဘာ ၃၀ ရက်နေ့ "အဆုံးသတ်တိုက်ပွဲ ငါတို့ဆင်နွှဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးရာမှာ ပညာရေးဒုဝန်ကြီးက အခုလိုပြောကြားခဲ့ပါတယ်။
"ပညာရေးဝန်ကြီးဌာနဟာ တော်လှန်ရေးကာလမှာ အုပ်ချုပ်ရေးရော ပညာရေးရော အမြင်နဲ့လုပ်ရပါတယ်။ ဒီလိုလုပ်ရာမှာ မြို့နယ် ပညာရေးဘုတ်အဖွဲ့တွေနဲ့ ကျောင်းကောင်စီတွေဖွဲ့ဖို့ အရင်ဆုံးတိုက်တွန်းပါတယ်။ အခုဆိုရင် မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၃၀၀ လောက်ရှိပါတယ်။အဆင့်မြင့် ပညာရေး တက္ကသိုလ်ကောလိပ် သိပ္ပံပေါင်းက ၂၅၀ ဝန်းကျင်ရှိပါပြီ။တော်လှန်ရေးမတိုင်ခင်က ကွဲပြားခြားနားတဲ့ဝန်ကြီးဌာန အောက်မှာရှိနေတဲ့ ပညာရေးနဲ့ မတူတဲ့ပညာရပ်အားလုံးဟာ အခုဆိုရင် ပညာရေးဝန်ကြီးဌာနအောက် အားလုံးလာရောက်ပူးပေါင်းလာပါတယ်"လို့ ဆိုပါတယ်။ အဆိုပါ ပညာရပ်များပူးပေါင်းလာ၍ အချင်းချင်းချိတ်ဆက်ဆောင်ရွက်မှုအားပိုမိုကောင်းမွန်လာပြီး တိုးတက်ကောင်းမွန်တဲ့ပညာရေးကို ရရှိလာတယ်လို့လည်းဆိုပါတယ်။
========================
📌📌 ၃။ ၂ နှစ်တာဝန်းကျင်နိုင်ငံတကာ သံတမာန်ရေးရာမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အအောင်မြင်ဆုံးလို့ လူ့အခွင့်ရေးရာ ဒုဝန်ကြီးဆို
စက်တင်ဘာ ၃၀ ရက်နေ့တွင် "အဆုံးသတ်တိုက်ပွဲ ငါတို့ဆင်နွှဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးရာမှာ လူ့အခွင့်ရေးရာ ဒုဝန်ကြီးကပြောကြားခဲ့ပါတယ်။
"တော်လှန်ရေးရေချိန်လို့ပြောရင် ဒီကာလမှာ အားလုံးသိတဲ့အတိုင်း နှစ်နှစ်တာကာလ ထဲရောက်လာပါပြီ။ပြန်ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ရဲ့ ပြည်သူလူထုပါဝင်မှုကြောင့် နိုင်ငံတကာရဲ့စာမျက်နှာမှာ သံတမာန်ရေးရာမှာ ဘယ်လောက်အထိအောင်မြင်သလဲဆိုတာ အားလုံးအသိအမြင်ပဲဖြစ်ပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ အစိုးရကိုယ်စားလှယ်ရုံးများကို သြစတြေးလျနိုင်ငံ၊ ချက်နိုင်ငံ၊ပြင်သစ်နိုင်ငံနဲ့စတဲ့နိုင်ငံများမှာဖွင့်လှစ်နိုင်ခဲ့ပါတယ်။
========================
📌📌 ၄။ ဖက်ဒရယ် ကျန်းမာရေးပညာရှင်များကောင်စီ ဆွေးနွေးမှုနဲ့ ECFMG မှ Verification လိုအပ်ချက်ကိုပယ်ဖျက်ပေးမယ်
စက်တင်ဘာနောက်ဆုံးပတ် FHPC members များနှင့် UK GMC members များ၏ ပထမအကြိမ် online meeting ကို ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို FHPC မှ ဥက္ကဌ နှင့် အဖွဲ့ဝင်ဆရာဝန်ကြီးများ ၊ UK Diaspora group မှ မြန်မာဆရာဝန်များ ၊ ၊UK GMC မှ တာဝန်ရှိသူ ( ၄ ) ဦီး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ပထမဦးစွာ FHPC ဥက္ကဌ ပါမောက္ခ ဒေါက်တာခင်မောင်လွင်မှ လက်ရှိမြန်မာနိုင်ငံအခြေအနေများ ၊ လိုအပ်ချက်အရ FHPC ဖွဲ့စည်းပေါ်ပေါက်လာပုံ နှင့်လုပ်ငန်းတာဝန်များကိုရှင်းပြပြီး ရှေ့ဆက်ပြီး International Medical Regulatory Bodies များနှင့် ရင်းနှီးပွင့်လင်းစွာလက်တွဲလုပ်ဆောင်သွားမည့်အကြောင်းများကို power point slides များဖြင့်တင်ပြဆွေးနွေးခဲ့ပါတယ်။
ဆက်လက် ၍ နှစ်ဖက်အဖွဲ့အစည်းမှ တက်ရောက်လာသော အဖွဲ့ဝင်များကရှေ့ ဆက်ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ်ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးသဘောတူချက်များတွင် PLAB ဖြေဆိုပြီး GMC registration လျှောက်ထားမည့်သူများ ၊ နိုင်ငံတကာအသိအမှတ်ပြု Postgraduate degree ရရှိပြီးသူများ၊ Royal colleges များမှ MTI sponsorship ဖြင့် လျှောက်ထားမည့်သူများအတွက် ECFMG မှ Verification လိုအပ်ချက်ကိုပယ်ဖျက်ပေးမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၅။ (KPICT) က ဘွန်းဝယ်ယူထောက်ပို့ကြတဲ့ ပြည်သူများကိုအောက်တိုဘာလမှာ KPICT ရဲ့ ဥက္ကဌကြီးကိုယ်တိုင် လက်ရေးနဲ့ရေးသားထားတဲ့အမှတ်တရဂုဏ်ပြုပို့စကဒ်တွေပေးမယ်
အောက်တိုဘာ ၁ ရက်နေ့မှာ ယူနိုက်တက်ဘွန်းကနေ အခုလိုအသိပေးဆိုပါတယ်။
"NUG ရဲ့ဘွန်းရောင်းရငွေတွေကို ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ NUG နဲ့အတူလက်တွဲဆောင်ရွက်နေကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့အတူခွဲဝေသုံးစွဲနေတယ်ဆိုတာ ပြည်သူကိုအစီရင်ခံပြီးသားဖြစ်ပါတယ်။ဒီလိုအားကိုးအားထားပြုရတဲ့ မဟာမိတ်အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ ကချင်အမျိုးသားကိုယ်စားပြု Kachin Political Interim Coordination Team (KPICT) က ဘွန်းဝယ်ယူထောက်ပို့ကြတဲ့ ပြည်သူများကို သတင်းစကားလေးတစ်ခုပါးလိုက်ပါတယ်။ အခုလာမယ့်အောက်တိုဘာလမှာ ဘွန်းဝယ်ယူထောက်ပို့
ရေးသားထားတဲ့ ပြည်သူသို့လိပ်မူထားတဲ့ ကျေးဇူးတင်ဂုဏ်ယူကြောင်းသတင်းစကားပါ ပို့စကဒ် တစ်ခုစီလက်ခံရရှိမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။
လက်ရှိမှာ NUG ငွေတိုက်စာချုပ်များကို တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ချိတ်ဆက်ကာ တိုင်းရင်းသားနယ်မြေများအတွက်လည်း ရောင်းချပေးလျက်ရှိပါတယ်။
========================
📌📌 ၆။ ချက်သမ္မတနိုင်ငံ ဆိုင်ရာ အမျိုးသား ညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် ဦးလင်းသန့် Confederation of Industry of the Czech Republic ဒါရိုက်တာတို့နဲ့တွေ့ဆုံဆွေးနွေး
စက်တင်ဘာလ ၃၀ ရက်နေ့ကချက်သမ္မတနိုင်ငံ ဆိုင်ရာ အမျိုးသား ညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် ဦးလင်းသန့်ကတွေ့ဆုံခဲ့တာလို့ သတင်းရရှိပါတယ်။
ချက်သမ္မတနိုင်ငံ ဆိုင်ရာ အမျိုးသား ညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် ဦးလင်းသန့်သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ချက်နိုင်ငံမှ အဓိက ကုမ္ပဏီကြီး ၁၄၀ ကျော် အပါအဝင် ချက်ကုမ္ပဏီပေါင်း ၁၁၀၀၀၀ ကျော်၊ အလုပ်သမားပေါင်း ၁.၃ သန်းနဲ့ ဖွဲ့စည်းထားတဲ့ Confederation of Industry of the Czech Republic ၏ ဒါရိုက်တာ မစ္စတာ လူကပ်စ် မာတင်နှင့် မစ္စ ဆာဗီးနား တို့အားတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ ထိုသို့တွေ့ဆုံရာတွင် NUG အစိုးရ၏ Early Partnership Program နှင့်ပတ်သက်၍ ၎င်းတို့၏ ဌာနချုပ်တွင် မိတ်ဆက်ရှင်းလင်း ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၇။ ပုန်နကျွန်းနှင့် ကျောက်တော် မြို့နယ် အစပ် ဒေးဝန်းချောင်းအနီးဝန်းကျင်ကို ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ၅၃၉ တပ်ရင်းမှ အတွဲလိုက် လက်နက်ကြီးကျည်များဖြင့်ယနေ့မနက် ပစ်ခတ်
အောက်တိုဘာ ၁ ရက်နေ့ မနက် ၈ နာရီ ၃၅ မိနစ်မှ စပြီး အတွဲလိုက် လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေတယ်လို့ ဒေသခံသတင်းအရင်းအမြစ်များထံကသတင်းရရှိပါတယ်။
ထို့သို့ပစ်ခတ်ရခြင်းမှာစစ်ကြောင်းသွားရန် လမ်းရှင်းသည့်အနေဖြင့် ကျောက်တော် ၅၃၉ တပ်ရင်းမှ ပစ်ခတ်သည့် လက်ကြီးကျည်များ ဖြစ်ကာ ဒေဝန်း၊ ဒေဝန်းချောင်း အနီးဝန်းကျင်၊ ဆောင်တုံရွာ အနီးဝန်းကျင်နှင့် လယ်ကွင်းများကို ကျရောက်ပေါက်ကွဲ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လွန်ခဲ့တဲ့ ရက်ကလည်း ဗုဒ္ဓေါကျေးရွာ၊ ကွမ်းအုံစု၊ ရွက်ညိုးတောင်(ဘုရားပေါ်) ကျေးရွာများမှ ရွာသားများလည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
========================
📌📌 ၈။ ဝက်လက်တော်လှန်ရေးတပ်ဦးသို့ ပြည်သူလူထုမှ ကူညီထောက်ပံ့ပေးခဲ့သော ဘဏ္ဍာငွေများဖြင့် မှာယူထားသောလက်နက်ခဲယမ်းများရောက်ရှိ
အောက်တိုဘာ (၁) ရက်နေ့ဝက်လက်တော်လှန်ရေးတပ်ဦးက အခုလို အသိပေးဆိုပါတယ်။
"ဝက်လက်တော်လှန်ရေးတပ်ဦးသို့ ပြည်သူလူထုမှ ကူညီထောက်ပံ့ပေးခဲ့သော ဘဏ္ဍာငွေများဖြင့် မှာယူထားသည့် ခါးချိုးကျည် (One Ball) များကို တပ်ဦးရဲဘော်လေးများလက်ဝယ်ထံ အရာက်ပို့ဆောင်နိုင်ခဲ့တယ်"လို့ ဆိုပါတယ်။ စစ်ဗျူဟာနှင့် စွမ်းရည်ထက်မြက်မှုအတွက် တပ်ဦးမှ အစဥ်တစိုက်လေ့ကျင့်ပျိုးထောင်နေပြီး လက်နက်ခဲယမ်းများဖြည့်တင်းမှုအတွက် ပြည်သူလူထု၏ အကူညီများလိုအပ်တယ်လို့ ဝက်လက်တော်လှန်ရေးတပ်ဦးကဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment