25th OCT 2022 - Evening Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံများအားလုံး စစ်ရာဇဝတ်မှုကြီးကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်လို့ NUG တရားရေးဝန်ကြီးဌာန ထုတ်ပြန်

📌 ၂။ NUGအစိုးရအနေနဲ့ မြန်မာအရေးနိုင်ငံတကာတိုးပေါက်အောင် အခက်အခဲ ကြားကလုပ်ဆောင်နေရတယ်လို့ လူ့အခွင့်ရေးရာဒုဝန်ကြီးဆို

📌 ၃။ စစ်လေယာဉ်များကိုအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုမှာ ကချင်လူမျိုးစုအပေါ် ရက်စက် ယုတ်မာသော ကျူးလွန်မှုဖြစ်ပြီး  စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၄။ မြိုင်မြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက် စစ်တပ်က ယနေ့မနက် မွှေနှောက်သောင်းကျန်း

📌 ၅။ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ရွာတွေကိုမီးပတ်ရှို့

📌 ၆။ မသောက်မိသောမိုးခါးရေ ကနေဒါနိုင်ငံမှာပြသခဲ့ပြသခဲ့ရာ စုစုပေါင်း ကနေဒါဒေါ်လာ ၆၀၀၀ ကျော်ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံများအားလုံး စစ်ရာဇဝတ်မှုကြီးကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်လို့ NUG တရားရေးဝန်ကြီးဌာန ထုတ်ပြန်


အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံများအားလုံးခွင့်လွှတ်နိုင်စရာ အကြောင်းလုံးဝမရှိတဲ့ စစ်ရာဇဝတ်မှုကြီးကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်လို့ NUG တရားရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်ပါတယ်။


ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ () အနန့်ပါ၌ ဖြစ်ပွားသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုအပေါ် တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။


၂၃.၁၀.၂၀၂၂ ရက်နေ့၊ (:၃၀) အချိန်ခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ () အနန့်ပါ၌  ၂၅.၁၀.၂၀၂၂ ရက်နေ့တွင် ကျရောက်မည့် (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အထိမ်းအမှတ်ပွဲ အကြိုအခမ်းအနား တေးဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အနုပညာရှင်အချို့နှင့် ပြည်သူအများ အပြား ထိခိုက်သေဆုံးခဲ့ရသည်ဟု ကြားသိရပါတယ်လို့ဆိုပါတယ်။


ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား (၁၀၀) ကျော်ကိုလည်း ဆေးကုသခွင့် မရအောင် ဂင်စီကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီက အဝင်အထွက်များကို ပိတ်ပင် နေသောကြောင့် အသက်အန္တရာယ် ရင်ဆိုင်နေရကြောင်း ကြားသိရသည့်အတွက် တရားရေးဝန်ကြီးဌာန အနေဖြင့် များစွာဝမ်းနည်းကြေကွဲ ရပါတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်သည် ဂျီနီဗာသဘောတူစာချုပ်၏ ပြဋ္ဌာန်းချက် Common Article 3, Protocol II တွင် ပါဝင်သည့်စစ်ရေးစစ်ရာကိစ္စများ၏ အစိတ်အပိုင်းအဖြစ် ပါဝင်ပတ်သက်နေခြင်း မဟုတ်လျှင် အရပ်သားပြည်သူများသည် တိုက်ခိုက်ခံရခြင်းဘေးမှ အကာအကွယ် ရရှိစေရမည်ဟူသော ပြဋ္ဌာန်းချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားတယ်လို့ဆိုပါတယ်။


အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက အပြင်းအထန် ရှုတ်ချလိုက်ပြီးအထက်ပါ အကြမ်းဖက် လုပ်ရပ်ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံများအားလုံးသည် ခွင့်လွှတ်နိုင်စရာ အကြောင်းလုံးဝမရှိသည့် စစ်ရာဇဝတ်မှုကြီးကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဖြစ်ပြီး ထိုက်သင့်သည့် ပြစ်ဒဏ်အသီးသီးကို မလွဲမသွေ ကျခံစေရမည်ဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာနကသဘောထား ထုတ်ပြန်ကြေညာလိုက်ပါတယ်။


========================


📌📌 ၂။ NUG အစိုးရအနေနဲ့ မြန်မာအရေးနိုင်ငံတကာတိုးပေါက်အောင် အခက်အခဲ ကြားကလုပ်ဆောင်နေရတယ်လို့ လူ့အခွင့်ရေးရာဒုဝန်ကြီးဆို


နိုင်ငံတကာက မြန်မာပြည်အရေးကို ပြည်တွင်းအရေးအဖြစ်သတ်မှတ်ထား၍ NUGအစိုးရအနေနဲ့ မြန်မာအရေးနိုင်ငံတကာတိုးပေါက်အောင် အခက်အခဲ ကြားကလုပ်ဆောင်နေရတယ်လို့ လူ့အခွင့်ရေးရာဒုဝန်ကြီးခွန်ဗဟန်းထန်က ပြောပါတယ်။ အောက်တိုဘာ၂၄ ရက် ညပိုင်းကျင်းပတဲ့ ကရင်နီပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်ခံရမှု ဆိုင်ရာဆွေးနွေးပွဲ (စကားဝိုင်း)မှာ ဒုဝန်ကြီးကဆိုပါတယ်။


"NUGအနေနဲ့ နိုင်ငံတကာကအသိအမှတ်ပြုမှုကို အခူချိန်မှာ ကြိုးစားနေဆဲ ကာလဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ထိတွေ့ဆက်ဆံမှုကို ကြိုးစားတဲ့နေရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။နိုင်ငံတကာက မြန်မာပြည်အရေးကို ပြည်တွင်းအရေးလို့သတ်မှတ်ထားတယ်။ ယူကရိန်းနဲ့ရုရှားကိုတော့ ဒါနိုင်ငံတကာအရေးလို့သူတို့သတ်မှတ်တယ်ပေါ့"လို့ဆိုပါတယ်။


ထို့အပြင် သတင်းမီဒီယာ ကဏ္ဍမှာ မြန်မာအရေးမှာ နိုင်ငံတကာမှာ ဖော်ပြမှုအားနည်းနေပြီး NUGအစိုးရအနေနဲ့ မြန်မာပြည်အရေးကို တိုးပေါက်အောင်လုပ်ဆောင်နေရတယ်လို့ ဒုဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ကိုရီးယား စတဲ့နိုင်ငံများမှာ NUGကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ရရှိထားပါတယ်။


========================


📌📌 ၃။ စစ်လေယာဉ်များကိုအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုမှာ ကချင်လူမျိုးစုအပေါ် ရက်စက် ယုတ်မာသော ကျူးလွန်မှုဖြစ်ပြီး  စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


အောက်တိုဘာ၂၄ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလိုဆိုလိုက်ပါတယ်။


" အောက်တိုဘာလ ၂၃ ရက်နေ့၊ ညနေပိုင်းတွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် လွတ်လပ်သော ကချင်အဖွဲ့အစည်း (Kachin Independent Organization – KIO) ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပရာနေရာအား စစ်လေယာဉ်များကိုအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသဖြင့် အနုပညာ ရှင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ပြည်သူအများအပြား သေဆုံးခဲ့ရသည်ဟု သိရှိရပါကြောင်း၊ အဆိုပါတိုက်ခိုက်မှုသည် ဖက်ဆစ်စစ်တပ်၏ တိုင်းရင်းသား ကချင်လူမျိုးစုအပေါ် ရက်စက် ယုတ်မာသော ကျူးလွန်မှုဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနှင့် စစ်ရာဇဝတ်မှု မြောက်ပါကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ လွန်ခဲ့သည့် လပေါင်း (၂ဝ) ခန့်အတွင်း နိုင်ငံအတွင်းရှိ ပြည်သူများအပေါ် အကြိမ် (၂၄ဝ) ထက်ပိုသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ မြိုင်မြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက် စစ်တပ်က ယနေ့မနက် မွှေနှောက်သောင်းကျန်း


မကွေးတိုင်းမြိုင်မြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက် စစ်တပ်က ယနေ့မနက် မွှေနှောက်သောင်းကျန်းခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ ကျေးရွာများကို စကစတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါတယ်။


"မြိုင်နယ်တောင်ပိုင်းဇီးတော၊မင်းကန်ရွာ များသို့ဝင်ရောက် မွှေနှောက်သွားသောစစ်ကြောင်းဟာ ယနေ့ မနက် နာရီဝန်းကျင်ခန့်တွင် မြေရင့်ရွာအနီးသို့ရောက်ရှိနေပြီဖြစ်ပါတယ်"လို့ ဒေသ သတင်းအရင်းအမြစ်များကဆိုပါတယ်။


မြိုင်နယ်တောင်ပိုင်း စိုတောရွာအတွင်းသို့ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေပြီးဝင်ရောက်နေတာလည်းရှိတယ်လို့ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)ကအတည်ပြုဆိုပါတယ်။


========================


📌📌 ၅။ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ရွာတွေကိုမီးပတ်ရှို့


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ရွာတွေကိုမီးပတ်ရှို့နေတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေကဆိုပါတယ်။ အောက်တိုဘာ၂၅ ရက်မနက်မှာ စကစတပ်များဟာ အလယ်ခုံရွာကို မီးရှို့ခဲ့တယ်လို့ ကိုးတောင်ဘို့တော်လှန်ရေးအင်အားစုကအတည်ပြုပါတယ်။


"မနေ့က ဇော်ချောင်းရွာကိုမီးရှို့ခဲ့တဲ့စကစတပ်ကအင်အား၅၀ ကျော်ဟာအလယ်ခုံရွာမှာညအိပ်ခဲ့ပြီး ပြန်အထွက်မှာအလယ်ခုံရွာကိုမီးရှို့ခဲ့ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း မုံရွာမှာ PDF ယူနီဖောင်း ဟန်ဆောင်၍ ရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့လည်း သတင်းရရှိပါတယ်။


အောက်တိုဘာ ၂၅ ရက်မုံရွာမြို့နယ် ညောင်ပင်သာ၊ လင်းပိုး၊ လင်းပင်ဝမှထွက်လာသော စကစတပ်စစ်ကြောင်းဟာ ဆူးလေကုန်း၊မင်းကုန်း၊ မြင်သာရွာတို့မှ တစ်ဆင့် မနက်၉နာရီခန့်တွင် နဂါးတွင်းကျေးရွာကိုရောက်ရှိနေတယ်လို့ ဒေသခံများကတဆင့်သတင်းရရှိပါတယ်။


ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းကြရန်နှင့် မုံရွာ-အမြင့်လမ်းအား  ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများကသတိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၆။ မသောက်မိသောမိုးခါးရေ ကနေဒါနိုင်ငံမှာပြသခဲ့ပြသခဲ့ရာ စုစုပေါင်း ကနေဒါဒေါ်လာ ၆၀၀၀ ကျော်ရရှိ


မသောက်မိသောမိုးခါးရေ ကနေဒါနိုင်ငံမှာပြသခဲ့ပြီး MEF Canada-Toronto မှ ရန်ပုံငွေရှာဖွေပေးရာ စုစုပေါင်း ကနေဒါဒေါ်လာ ၆၀၀၀ ကျော်ရရှိခဲ့တယ်လို့  အောက်တိုဘာ ၂၅ ရက်မှာ MEF Canada ကဖော်ပြအသိပေးဆိုပါတယ်။


 "မသောက်မိသော မိုးခါး‌ရေ" ကနေဒါနိုင်ငံသို့ ရောက်ရှိခဲ့ပြီး တာဝန်ယူဆောင်ရွက်ပေးခဲ့သော MEF Canada-Torontoမှ fundraising လုပ်ရာ လက်မှတ်ရောင်းရငွေ အပါအဝင် total CA $6051 ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


CDM ဗိုလ်ကြီးတစ်ဦးကို အခြေခံ၍ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးသော မသောက်မိသော မိုခါးရေး ရုပ်ရှင်ဇာတ်လမ်းတိုဟာ လက်ရှိ နိုင်ငံတကာမှာပြသလျက်ရှိပြီး ကြည့်ရှုသူအလွန်များပြား၍ ပွဲစဥ်များတိုးကာပြသလျက်ရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment