25th OCT 2022 - Morning Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များ အမြန်ဆုံးရပ်တံ့နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရတိုက်တွန်းတောင်းဆို

📌 ၂။ ကချင်ပြည်နယ် လေကြောင်းတိုက်ခိုက်မှုလိုမျိုးအဖြစ်ဆိုးမျိုး နိုင်ငံတော်၏ မည်သည့်အစိတ်အပိုင်းတွင်မှ ထပ်မံမဖြစ်ပွားစေရန် မဟာမိတ်အဖွဲ့အစည်းများနှင့်လက်တွဲကာစစ်အာဏာရှင်ကို တိုက်ထုတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနဆို

📌 ၃။ ကချင်ပြည်နယ် ဖြစ်ရပ်ဟာ လူအခွင့်အရေးချိုးဖောက်ခံရပါတယ်ဆိုတာနဲ့ မလုံလောက်တော့ဘဲ အကြမ်းဖက်အဖွဲ့က ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်

📌 ၄။ အကြမ်းဖက် စစ်တပ်ဟာ သူရဲဘောကြောင်ပြီးလူမဆန်ဘူးလို့ဒုဝန်ကြီးဂျာထွန်ပန်ပြောကြား

📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ရွေးကောက်ပွဲစနစ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဖက်ဒရေးရှင်း၏ ဥက္ကဌ Mr Anthony Banbury နှင့် အဖွဲ့ဝင်တို့လာရောက်တွေ့ဆုံ

📌 ၆။ ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာရှိကျန်နေသောနေအိမ်များနှင့်ဆီစက် () လုံးကိုစစ်တပ်ကမီးထပ်ရှို့

📌 ၇။ ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားတစ်ဦးအသက်ရှုကြပ် သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များ အမြန်ဆုံးရပ်တံ့နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရတိုက်တွန်းတောင်းဆို


အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များ အမြန်ဆုံးရပ်တံ့နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။


အောက်တိုဘာလ (၂၃) ရက်နေ့ နာရီခွဲဝန်းကျင်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ() အနန့်ပါ (A Nang Pa) အောက်တိုဘာလ (၂၅) ရက်နေ့ တွင်ကျရောက်မည့် (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO) နေ့အထိမ်းအမှတ်ပွဲအကြို တေးဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဉ်()စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုခဲ့ရာ အနုပညာရှင်အချို့နှင့် ပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ရသည်ဟု ကနဦး သိရှိရပါတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့အာဏာကို မတရားလုယူခဲ့သည့် ကာလအတွင်း တိုင်းရင်းသား နယ်မြေများ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြည်သူလူထုကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၂၄၀) နီးပါးပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ(၂၀၀)ကျော် သေဆုံးခဲ့ရကာ ပြည်သူလူထု၏ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် ကလေးငယ်များစာသင်ကြားနေသော စာသင်ကျောင်းကို စစ်ရဟတ်ယာဉ်များ ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ကလေးငယ် () ဦးအပါအဝင် စုစုပေါင်း (၁၄) ဦးသေဆုံးခဲ့ရသည့် ဖြစ်ရပ်အပြီး တစ်လကျော်ကာလအတွင်း ပြည်သူအများအပြားရှိနေသော ဂီတဖျော်ဖြေပွဲ ကို ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှ ဗုံးကြဲကာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ထပ်မံကျူးလွန် လိုက်ခြင်းပင်ဖြစ်တယ်လို့ဆိုပါတယ်။


ဂျနီဗာသဘောတူစာချုပ်၏  ပြဌာန်းချက်တွင် စစ်ရေးစစ်ရာကိစ္စများ၏ အစိတ်အပိုင်း အဖြစ် ပါဝင်ပတ်သက်နေခြင်းမဟုတ်လျှင် အရပ်သားပြည်သူများသည် တိုက်ခိုက်ခံရခြင်းဘေးမှ အကာအကွယ်ရရှိစေရမည်ဟု ပြဌာန်းထားသောကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ပေါ်လွင်ထင်ရှားတယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွင်း ကျဆုံးခဲ့ကြရသော တိုင်းရင်းသားပြည်သူများအတွက် များစွာဝမ်းနည်းကြေကွဲ ရပါကြောင်းနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များ အမြန်ဆုံးရပ်တံ့နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ကြရန်နှင့် လူထုလူတန်းစားအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း နည်းလမ်းပေါင်းစုံဖြင့် အဆိုပါလုပ်ရပ်အား ဆန့်ကျင်ကြောင်း တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်ပေးကြရန် တိုက်တွန်းလိုက်ပါတယ်လို့ဆိုပါတယ်။ 


========================


📌📌 ၂။ ကချင်ပြည်နယ် လေကြောင်းတိုက်ခိုက်မှုလိုမျိုးအဖြစ်ဆိုးမျိုး နိုင်ငံတော်၏ မည်သည့်အစိတ်အပိုင်းတွင်မှ ထပ်မံမဖြစ်ပွားစေရန် မဟာမိတ်အဖွဲ့အစည်းများနှင့်လက်တွဲကာစစ်အာဏာရှင်ကို တိုက်ထုတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနဆို


ကချင်ပြည်နယ် လေကြောင်းတိုက်ခိုက်မှုလိုမျိုး အဖြစ်ဆိုးမျိုး နိုင်ငံတော်၏ မည်သည့်အစိတ်အပိုင်းတွင်မှ ထပ်မံမဖြစ်ပွားစေရန် မဟာမိတ်အဖွဲ့အစည်းများနှင့်လက်တွဲကာစစ်အာဏာရှင်ကို တိုက်ထုတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။ အောက်တိုဘာလ (၂၄)ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာမှာဖော်ပြပါရှိပါတယ်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ (:၃၀) အချိန်ခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါ တပ်စခန်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization) ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ် အကြိုအခမ်းအနားကျင်းပနေချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဥ် များဖြင့် လာရောက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ၊ အနုပညာရှင်များ၊ စစ်သည်တော်များ ကျဆုံးခဲ့ကြောင်း ကြားသိရသည့်အတွက် များစွာ ဝမ်းနည်းကြေကွဲရပါတယ်လို့ဆိုပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သော စစ်ရာဇဝတ်မှု ဖြစ်သည်ဟု ကျွန်ုပ်တို့ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ယူတယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျဆုံးသွားရသော အပြစ်မဲ့ပြည်သူများ၊ အနုပညာရှင်များ၊စစ်သည်တော်မိသားစုဝင်များ၏ကြေကွဲရမှုများကို များစွာစာနာပြီး ယခုကဲ့သို့ အဖြစ်ဆိုးမျိုး နိုင်ငံတော်၏ မည်သည့်အစိတ်အပိုင်းတွင်မှ ထပ်မံမဖြစ်ပွားစေရန် မဟာမိတ်အဖွဲ့အစည်းများနှင့်လက်တွဲညီစွာ ဖြင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကတိပြုရင်း ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါတယ်လို့ကာကွယ်ရေးဝန်ကြီးဌာန ကဆိုထားပါတယ်။


========================


📌📌 ၃။ ကချင်ပြည်နယ် ဖြစ်ရပ်ဟာ လူအခွင့်အရေးချိုးဖောက်ခံရပါတယ်ဆိုတာနဲ့ မလုံလောက်တော့ဘဲ အကြမ်းဖက်အဖွဲ့က ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်


ကချင်ပြည်နယ် ဖြစ်ရပ်ဟာ လူအခွင့်အရေးချိုးဖောက်ခံရပါတယ်ဆိုတာနဲ့ မလုံလောက်တော့ဘဲ အကြမ်းဖက်အဖွဲ့က ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။ အောက်တိုဘာ၂၄ ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


"ခေတ်တိုင်း စနစ်တိုင်းမှာ အကြမ်းဖက်မှုကို ရင်ဆိုင်ရလေ့ရှိတဲ့ ကချင်ပြည်သူများအတွက် အထူးစိတ်မကောင်းဖြစ်ရပါတယ်။လူအခွင့်အရေးချိုးဖောက်ခံရပါတယ်ဆိုတာနဲ့ မလုံလောက်တော့ပါဘူး။အကြမ်းဖက်အဖွဲ့က ရာဇဝတ်မှုတွေ ကျူးလွန်နေတာပါ"လို့လူ့အခွင့်ရေးရာဝန်ကြီး ကပြောပါတယ်။


ကချင်ပြည်နယ် ဖားကန့်မှာအောက်တိုဘာ၂၃ရက် နာရီခွဲအချိန်မှာ ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အဖြစ် ကျင်းပနေတုန်းအကြမ်းဖက် စစ်တပ်က ဂျက်လေယာဥ် ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်၍ အယောက်သုံးဆယ်ကျော်အထိ သေဆုံးခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက် စစ်တပ်ဟာ သူရဲဘောကြောင်ပြီးလူမဆန်ဘူးလို့ဒုဝန်ကြီးဂျာထွန်ပန်ပြောကြား


အကြမ်းဖက် စစ်တပ်ဟာ သူရဲဘောကြောင်ပြီးလူမဆန်ဘူးလို့ဒုဝန်ကြီးဂျာထွန်ပန်ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ၂၄ ရက် မှာ ဒုဝန်ကြီး ဂျာထွယ်ပန်က ဖားကန့် လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်နဲ့ပတ်သက်လို့ဆိုပါတယ်။


"မနေ့ညကတော့ ကချင်တွေအတွက် ၀မ်းနည်းကြေကွဲရတဲ့နေ့တနေ့ပါပဲ။ မြေပြင်ပေါ်မှာ မနိုင်နိုင်လို့ ဒီလို လေကြောင်းကနေ အလစ်သုတ်တိုက်ခိုက်လာတာဟာ သူရဲဘောကြောင်ပြီး လူမဆန်လွန်းပါတယ်။ ဒါပယ်မဲ့ ဒီလိုအဖြစ်အပျက်ကြောင့် ကချင်တွေ၊ တော်လှန်ရေးတပ်ပေါင်းစု တွေ နောက်ဆုတ်သွားမှာမဟုတ်သလို၊ အခုသွေးကြွေးကိုဆပ်ရမှာမို့  တော်လှန်ရေးကိုပိုလို့တောင်အင်အားကောင်းလာစေမှာပါ။ ဒီအဖြစ်အပျက်မှာကျဆုံးခဲ့တဲ့ သူရဲကောင်း အနုပညာရှင်များ၊ အရာရှိခေါင်းဆောင်များ၊ မိဘပြည်သူများအားလုံးရဲ့ ကျန်ရစ်သူမိသားစုများအားလုံး ဘုရားသခင်ဆီက နှစ်သိမ့်ခြင်းခွန်အားရရှိပါစေ"လို့ဆိုပါတယ်။


ကချင်ပြည်နယ် ဖားကန့်မှာ အထိမ်းအမှတ်ပွဲတစ်ခုကျင်းပနေစဥ် အကြမ်းဖက် စစ်တပ်က ဂျက်လေယာဥ် စီးနဲ့ဗုံးကြဲတိုက်ခိုက်၍ အယောက်သုံးဆယ်အထိ သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၃ ရက် နာရီခွဲအချိန်မှာ ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အဖြစ် ကျင်းပနေတုန်းမှာစကစတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ရွေးကောက်ပွဲစနစ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဖက်ဒရေးရှင်း၏ ဥက္ကဌ Mr Anthony Banbury နှင့် အဖွဲ့ဝင်တို့လာရောက်တွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ရွေးကောက်ပွဲစနစ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဖက်ဒရေးရှင်း၏ ဥက္ကဌ Mr Anthony Banbury နှင့် အဖွဲ့ဝင်တို့လာရောက်တွေ့ဆုံခဲ့ပါတယ်။ အောက်တိုဘာ၂၃ နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို လာရောက်တွေ့ဆုံခဲ့တယ်လို့ ကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။


"ရွေးကောက်ပွဲစနစ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဖက်ဒရေးရှင်း၏ ဥက္ကဌ Mr Anthony Banbury နှင့် အဖွဲ့ဝင် တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့လာရောက်ခဲ့ကြပြီး စစ်အုပ်စုက ၂၀၂၃ ခုနှစ်အတွင်း ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲအား ဆန့်ကျင်ဟန့်တားနိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး၊ အမြင်ခြင်း ဖလှယ်ခဲ့ကြတယ်"လို့ဆိုပါတယ်။ အဆိုပါတွေ့ဆုံမှုကို အမျိုးသားညီညွတ်ရေးအစိုးရ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဒေါက်တာထွန်းအောင် ရွှေကတွေ့ဆုံခဲ့ပါတယ်။


========================


📌📌 ၆။ ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာရှိကျန်နေသောနေအိမ်များနှင့်ဆီစက် () လုံးကိုစစ်တပ်ကမီးထပ်ရှို့


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာရှိကျန်နေသောနေအိမ်များနှင့်ဆီစက် () လုံးကိုစစ်တပ်ကမီးထပ်ရှို့ခဲ့ပါတယ်။ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ စကစတပ်များဟာ ကိုးတောင်ဘို့ကနေ ဇော်ချောင်းရွာကို ဝင်ရောက်ဖျက်ဆီးခဲ့တာလို့ ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုကဆိုပါတယ်။


"ကိုးတောင်ဘို့အထိုင်ကထွက်လာတဲ့စကစတပ် (၅၇) ဦးဟာမနက်၁၁နာရီ၃၀အချိန် ဇော်ချောင်းရွာရှိကျန်နေသောနေအိမ်များနှင်ဆီစက် () လုံးကိုမီးထပ်ရှို့ခဲ့ကြပါတယ်"လို့ဆိုပါတယ်။ မွန်းလွဲ တစ်နာရီအချိန်အလယ်ခုံရွာသို့ဝင်သွားကြကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၇။ ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားတစ်ဦးအသက်ရှုကြပ် သေဆုံး


ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားတစ်ဦးအသက်ရှုကြပ် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသား ဦးစန်းအေးသည် အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်း၌ အကျဉ်းထောင်တွင်း အသက်ရှူကြပ်ပြီး သေဆုံးခဲ့ကြောင်း AAPPကဖော်ပြပါတယ်။


ဦးစန်းအေး သည် ပုသိမ်မြို့၊ အမှတ် ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခြင်းခံခဲ့ရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။ မိသားဝင်များမှာ ဦးစန်းအေး၏ ရုပ်အလောင်း ကို သဂြိုဟ်ခွင့်မရခဲဘူးလို့သတင်းရရှိပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၇၄၆) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၅၉၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment