26th OCT 2022 - Morning Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကချင်ပြည်နယ် ဖားကန့်မှာအကြမ်းဖက်စစ်တပ်က ကျူးလွန်တဲ့လေကြောင်း တိုက်ခိုက်မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကနေ မြန်မာပြည်သူတွေကို ကာကွယ်ဖို့ အရေးယူဆောင်ရွက်ရမှာဖြစ်တယ်လို့ ယာယီသမ္မတ ပြောကြား

📌 ၂။ တော်လှန်ရေးအင်အားစု အားလုံးနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနဆို

📌 ၃။ နွေဦးတော်လှန်ရေး ခရီးတစ်ဝက်ရောက်ရှိပြီဖြစ်၍ ဘာအကြောင်းနဲ့မှ တွေဝေ နောက်ဆုတ်စရာမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၄။ ဝန်ကြီးဌာန ရန်ပုံငွေ ကျပ်သိန်းတစ်ရာကလွဲ၍ NUG အစိုးရအဖွဲ့မှ ဝန်ကြီး၊ဒုဝန်ကြီးများ လစာခံစားခွင့်မယူ

📌 ၅။ စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ အနန့်ပါဟာ KIA စခန်းမဟုတ်ဘူးလို့ဗိုလ်ချုပ်ဂွမ်မော် ဆို

📌 ၆။ ဆေးဗိုလ်မှူးတစ်ယောက် ကချင်ပြည်နယ်ကိစ္စကို ဝမ်းနည်းကြောင်း black profile change ဖမ်းဆီးခံရ

📌 ၇။ မကွေးတိုင်း မင်းဘူးမြို့နယ် မန်းသံပုရာကန် မှ မန္တလေးအထိသွယ်တန်းထားတဲ့ MOGE ဂက်(စ်)ပိုက်လိုင်းတစ်နေရာကို နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကချင်ပြည်နယ် ဖားကန့်မှာအကြမ်းဖက်စစ်တပ်က ကျူးလွန်တဲ့လေကြောင်း တိုက်ခိုက်မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကနေ မြန်မာပြည်သူတွေကို ကာကွယ်ဖို့ အရေးယူဆောင်ရွက်ရမှာဖြစ်တယ်လို့ ယာယီသမ္မတ ပြောကြား


ကချင်ပြည်နယ် ဖားကန့်မှာအကြမ်းဖက်စစ်တပ်က ကျူးလွန်တဲ့လေကြောင်း တိုက်ခိုက်မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကနေ မြန်မာပြည်သူတွေကို ကာကွယ်ဖို့ အရေးယူဆောင်ရွက်ရမှာဖြစ်တယ်လို့ ယာယီသမ္မတ ပြောကြားလိုက်ပါတယ်။ အောက်တိုဘာလ နောက်ဆုံးပတ်မှာ တွယ်တာမှာ ယာယီသမ္မတဒူဝါလရှီးလက ရေးသားပြောကြားလိုက်ပါတယ်။


"ကချင်ပြည်နယ် ဖားကန့်မှာ လက်နက်မဲ့ အရပ်သားတွေအပေါ် စစ်ကောင်စီကလေကြောင်းက တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါဟာ အကြမ်းဖက်စစ်တပ်က ကျူးလွန်တဲ့ နောက်ထပ် စစ်ရာဇ၀တ်မှုနဲ့  အကြမ်းဖက်လုပ်ရပ်ပါ။ UNSC နဲ့  ASEAN အပါအဝင် နိုင်ငံတကာက မြန်မာပြည်သူတွေကို ကာကွယ်ဖို့ အရေးတကြီး အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အောက်တိုဘာလ ၂၃ ရက်၊ည (၀၈း၃၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဖါးကန့်မြို့နယ် အနန့်ပါ ကျင်းပနေသည့်  “KIO နေ့ အထိမ်းအမှတ်တေးဂီတဖျော်ဖြေပွဲသို့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဥ် () စီးအသုံးပြုကာ လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းကြောင့် နာမည်ကျော် ကချင်တိုင်းရင်းသား အနုပညာရှင်များ အပါအဝင်၊ ပြည်သူ (၆၀) ဦးထက် မနည်း သေဆုံးခဲ့ကာထိခိုက်ဒါဏ်ရာရခဲ့ပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးအင်အားစု အားလုံးနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနဆို


တော်လှန်ရေးအင်အားစု အားလုံးနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဆိုလိုက်ပါတယ်။ အောက်တိုဘာ၂၅ ရက် (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာမှာဖော်ပြပါရှိပါတယ်။ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ကျရောက်သော (၆၂) မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ် နေ့ထူးနေ့မြတ်ကို လေးနက်စွာ ဂုဏ်ပြုကြိုဆိုပါတယ်လို့ဆိုပါတယ်။

 

ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) သည် ကချင်လူမျိုးများ အပါအဝင် တိုင်းရင်းသားလူမျိုး ပြည်သူလူထုတရပ်လုံး၏ ဘုံလွတ်မြောက်ရေးကို ဦးထိပ်ထားလျက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာရင်းနှီးပေးဆပ် အားထုတ် ကြိုးပမ်းခဲ့သည်ကို အလေးအမြတ်ပြုပါတယ်လို့ဖော်ပြပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ () ရက်နေ့ အကြမ်းဖက်စစ်တပ်မှ မတရားအာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) သည် ပြည်သူလူထုတစ်ရပ်လုံးနှင့် အတူတကွ တသားတည်း ရပ်တည်လျက် စစ်အာဏာရှင်စနစ်ဆိုးကို ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်လျက်ရှိတယ်လို့ဆိုပါတယ်။

 

ကချင်တော်လှန်ရေးခရီး နှစ်ပေါင်း (၆၀) ကျော်အတွင်း အသက်၊ သွေး၊ ချွေး၊ စည်းစိမ်များစွာ စွန့်လွှတ်ပေးဆပ်ခဲ့ကြသော ကချင်အမျိုးသား ခေါင်းဆောင်ကြီးများနှင့်တကွ ရဲဘော်များ၊ ကချင်ပြည်သူ များအားလုံးကိုလည်း လေးနက်ဂုဏ်ယူစွာ ဦးညွှတ်အလေးအမြတ်ပြုပါတယ်လို့ဖော်ပြပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) အပါအဝင် တော်လှန်ရေးအင်အားစု အားလုံးနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အဝအာမခံသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်း ကတိသစ္စာပြုရင်း ဤသဝဏ်လွှာကို လေးစားစွာဖြင့် ပေးပို့အပ်ပါတယ်လို့​​ကာကွယ်ရေးဝန်ကြီးဌာနကကြေညာပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေး ခရီးတစ်ဝက်ရောက်ရှိပြီဖြစ်၍ ဘာအကြောင်းနဲ့မှ တွေဝေ နောက်ဆုတ်စရာမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


နွေဦးတော်လှန်ရေး ခရီးတစ်ဝက်ရောက်ရှိပြီဖြစ်၍ ဘာအကြောင်းနဲ့မှ တွေဝေ နောက်ဆုတ်စရာမရှိဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ အောက်တိုဘာ ၂၅ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရေးသားပြောဆိုခဲ့ပါတယ်။


"ကချင်သွေးချင်းတို့အတွက် ၊နွေဦးတော်လှန်ရေးရဲဘော် တို့အတွက် ကျဆုံးခဲ့ရသော ပြည်သူတို့အတွက်။ ဒို့ ပြည်သူတွေနဲ့ ဒို့ရဲဘော်တွေ အသက်စတေးခဲ့ကြရပြီးပြီ။ဘာအကြောင်းနဲ့မှ နောက်ဆုတ်စရာမရှိ။တော်လှန်ရေးခရီး တစ်ဝက်ရောက်ခဲ့ပြီးပြီ။ဘာအကြောင်းနဲ့မှ တွေဝေစရာမရှိ။လက်မြဲမြဲ တွဲလို့ ဒို့အားလုံး ရှေ့တိုးတော်လှန်ကြစို့။ဒို့အသက်ရှုနေသမျှ တိုက်ပွဲဝင်ကြ။ဒို့အောင်ပွဲ ရရမယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်တစ်နှစ်တာကာလအတွင်း စကစတပ်ဘက်က နှစ်သောင်းကျော် သေဆုံးခဲ့ပါတယ်။


========================


📌📌 ၄။ ဝန်ကြီးဌာန ရန်ပုံငွေ ကျပ်သိန်းတစ်ရာကလွဲ၍ NUG အစိုးရအဖွဲ့မှ ဝန်ကြီး၊ဒုဝန်ကြီးများ လစာခံစားခွင့်မယူ


ဝန်ကြီးဌာန ရန်ပုံငွေ ကျပ်သိန်းတစ်ရာကလွဲ၍ NUGအစိုးရအဖွဲ့မှ ဝန်ကြီး၊ဒုဝန်ကြီးများ လစာခံစားခွင့်မယူဘူးလို့သတင်းရရှိပါတယ်။ အောက်တိုဘာလအတွင်း CDM ကျောင်းဆရာတစ်ဦးမှ NUGဒုဝန်ကြီးတစ်ဦး လစာ ဘတ်၆၀၀၀၀ ရယူခံစားတယ်လို့ စွပ်စွဲရေးသားခဲ့ပါတယ်။ NUG စီမံဘဏ္ဍာက ပြောရေးဆိုခွင့်ရှိသူကမရွှေမိုးကိုရီယားသို့ ပြန်လည်ဖြေကြားချက်အရ ဝန်ကြီးဌာနတိုင်းအတွက် ရန်ပုံငွေ မြန်မာ သိန်း ၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း ရုံးအသုံးစရိတ်သာဖြစ်ပြီးတော့ ဝန်ကြီး၊ ဒုဝန်ကြီးများ လစာခံစားခွင့်မရှိဘူးလို့ သတင်းရရှိပါတယ်။


"ဝန်ကြီးဌာနတွေကို ရုံးအသုံးစရိတ်ပေးတာတော့ရှိပါတယ်။အချို့ ဝန်ကြီးဌာန တွေက အဲ့ အသုံးစရိတ်ကို CDM တွေကိုပံ့ပိုးပေးတယ်"လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ပြည်သူ့ရေးရာကော်မတီမှ အတွင်းရေးမှူး ဒေါ်အိအိပြုံးကဆိုပါတယ်။ လတ်တလောမှာ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ဝင်များကို လူမှုကွန်ရက်စာမျက်နှာမှာ စွပ်စွဲပြောဆိုရေးသားမှုတို့ရှိသော်လည်း အခြေအမြစ် အထောက်အထားမရှိတဲ့ပြောဆိုမှုများသာဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးကလည်းဆိုပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ အနန့်ပါဟာ KIA စခန်းမဟုတ်ဘူးလို့ဗိုလ်ချုပ်ဂွမ်မော် ဆို


စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ အနန့်ပါဟာ KIA စခန်းမဟုတ်ဘူးလို့ဗိုလ်ချုပ်ဂွမ်မော်ကဆိုလိုက်ပါတယ်။ အောက်တိုဘာ ၂၅ ရက်မှာ လူမှုကွန်ရက်ကတဆင့် ဗိုလ်ချုပ်ဂွမ်မော်ကရေးသားဆိုခဲ့ပါတယ်။


"အနန်ပါဆိုတာ KIA စခန်းမဟုတ်ပါ။ခရီးသွားများ ခေတ္တ နားကြသော စျေးဆိုင်တန်း စခန်းငယ်လေးသာဖြစ်ပါတယ်"လို့ဆိုပါတယ်။ အနန့်ပါတွင် အသက်ဆုံးရှုံးခဲ့သူများအားလုံး‌ ကောင်းရာဘုံသို့ ရောက်ရှိကြပါစေ၊ ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆုတောင်းမေတ္တာပို့ပါတယ်။ မိသားစုများအားလုံးနဲ့ ထပ်တူကြေကွဲဝမ်းနည်းရတယ်လို့လည်းဆိုထားပါတယ်။ ဒါ့အပြင် ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါလို့ဆိုကာ မိတ္တူကို အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလိပ်မူထားပါတယ်။


========================


📌📌 ၆။ ဆေးဗိုလ်မှူးတစ်ယောက် ကချင်ပြည်နယ်ကိစ္စကို ဝမ်းနည်းကြောင်း black profile change ဖမ်းဆီးခံရ


ဆေးဗိုလ်မှူးတစ်ယောက် ကချင်ပြည်နယ်ကိစ္စကို ဝမ်းနည်းကြောင်း black profile change ဖမ်းဆီးခံရတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၂၅ ရက်မှာ captainzero ကအသိပေးဆိုထားပါတယ်။


"ဆေးဗိုလ်မှူးတစ်ယောက် ကချင်ပြည်နယ်ကိစ္စကို ဝမ်းနည်းကြောင်း black profile changeတဲ့ case နဲ့ အဖမ်းခံလိုက်ရတယ် အခုချိန်ရောက်တဲ့အထိ အကြောင်းအမျိုးမျိုးကြောင့် CDM လုပ်လို့မရတဲ့အဆုံး မထူးဇာတ်ခင်းသွားတာလည်း ဖြစ်နိုင်ပေမယ့် တပ်ထဲကနေထွက်ခွင့်မရလို့ လုပ်လိုက်တဲ့ နည်းသစ်တစ်ခုလည်း ဖြစ်ဖို့များပါတယ် ဘာကြောင့်လည်းဆိုတော့ စစ်သားအများစုဟာ တရားဝင်ထွက်ခွင့်ဆိုတာကို အင်မတန်လိုချင်ကြပါတယ် CDM သာမလုပ်ချင်ကြပေမယ့် တရားဝင်ထွက်ချင်ကြတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစတပ်က တပ်တွင်းထွက်ပြေးပါက  ပြန်လည်ဖမ်းဆီးမိလျင် အနည်းဆုံးထောင်၅နှစ်ချမှတ် နိုင်ကြောင်းသိရပါတယ်။


========================


📌📌 ၇။ မကွေးတိုင်း မင်းဘူးမြို့နယ် မန်းသံပုရာကန် မှ မန္တလေးအထိသွယ်တန်းထားတဲ့ MOGE ဂက်(စ်)ပိုက်လိုင်းတစ်နေရာကို နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်


မကွေးတိုင်း မင်းဘူးမြို့နယ် မန်းသံပုရာကန် မှ မန္တလေးအထိသွယ်တန်းထားတဲ့ MOGE ဂက်(စ်)ပိုက်လိုင်းတစ်နေရာကို နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ၂၅ ရက်မှာ စစ်ရေးသတင်းကို ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ကအသိပေးဖော်ပြပါတယ်။


"ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ဟာ အကြမ်းဖက် စစ်ကောင်စီအတွက် အကြီးမားဆုံးဒေါက်တိုင်တွေကို ဖြိုချဖို့ အမြဲကြိုးစားနေစဉ် မကွေးတိုင်း မင်းဘူးမြို့နယ် မန်းသံပုရာကန် မှ မန္တလေးအထိသွယ်တန်းထားတဲ့ MOGE ဂက်(စ်)ပိုက်လိုင်းတစ်နေရာကို အောက်တိုဘာလ ၂၂ ရက် ည၈နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် နှင့် ၂၃ ရက် မွန်းလွဲ နာရီ မိနစ်တွင် တစ်ကြိမ် ဖောက်ခွဲမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ စစ်ဆင်ရေးကိုဗိုလ်စားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့အတူ ညီနောင်မဟာမိတ်အဖွဲ့ဖြစ်တဲ့ MGN 35 နဲ့အတူပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။


"စကစအတွက် အကြီးမားဆုံးဒေါက်တိုင်တစ်ခုဖြစ်နေလို့ ကျွန်တော်တို့ ဖောက်ခွဲ လိုက်ရခြင်းဖြစ်သလို စကစ ကိုအထောက်ကူပြုနေတဲ့ မည်သည့် ဒေါက်တိုင် ကိုမဆို သတိပေးနေမှာမဟုတ်ဘဲ လုပ်စရာရှိတာ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်ပါတယ်"လို့ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment