29th OCT 2022 - Morning Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်အုပ်စုဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ဘုံရန်သူဖြစ်နေပြီဆိုတာ ထင်ရှားလွန်းနေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ

📌 ၃။ မီးပိတ်သပိတ်လူထုလှုပ်ရှားမှုတွင် ရဲရဲဝံ့ဝံ့ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ပြည်သူလူထုကိုပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအထူးကျေးဇူးတင်တယ်လို့ထုတ်ပြန်

📌 ၄။ လပေါင်း ( ၂၀ ) ကြာမြင့်တဲ့အထိ တိုးတက်မှု မရှိတဲ့ အာဆီယံဘုံသဘောတူညီချက် () ရပ် ကို  စွန့်လွှတ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ NUG စာပေးပို့ခဲ့

📌 ၅။ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလဘူရီ၌ကားမှောက်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများ အတွက် အာမခံအကျိုးခံစားခွင့်  ဘတ် (၁၅) သိန်း ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

📌 ၆။ကမ္ဘာလုံးဆိုင်ရာမြန်မာကျောင်းသားသပိတ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Times Square မှာ စုပေါင်းကျင်းပမယ်

📌 ၇။ မီးပိတ်သပိတ် ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးများမှာ ပြည်သူလူထု အများစုပါဝင်ဆင်နွှဲခဲ့ပြီး စစ်တပ်ရဲ့ တားဆီးချိန်းခြောက်မှုမအောင်မြင်

📌 ၈။ ပေ (၁၅၀၀) အကွာအဝေးထိ ပစ်ခတ်နိုင်သော တာဝေးပစ် ပုခုံးထမ်းလောင်ချာကို Myingyan Black Tiger (MBT) မှအောင်မြင်စွာထုတ်လုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်အုပ်စုဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ဘုံရန်သူဖြစ်နေပြီဆိုတာ ထင်ရှားလွန်းနေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


အကြမ်းဖက် စစ်အုပ်စုဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ဘုံရန်သူဖြစ်နေပြီဆိုတာ ထင်ရှားလွန်းနေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၂၈ ရက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ပြည်သူလူထုထံ ပြောကြားချက်မှာဝန်ကြီးချုပ်ကထည့်သွင်းပြောပါတယ်။


"အကြမ်းဖက် စစ်ကောင်စီဟာ သူတို့အာဏာတည်မြဲရေးနဲ့ သားစဥ်မြေးဆက် ကောင်းစားရေးအတွက် လူမျိုးမရွေး၊ဘာသာမရွေးကို နေရာဒေသမရွေးမှာ နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်ပစ်ဖို့ ဝန်မလေးဘူးဆိုတာ သူတို့ရဲ့လူမဆန်တဲ့လုပ်ရပ်တွေက သက်သေပြနေပါပြီ။အကြမ်းဖက် စစ်အုပ်စုဟာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ ဘုံရန်သူဖြစ်နေပြီဆိုတာ သိပ်ကိုထင်ရှားလွန်းနေပါပြီ"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ လက်ရှိမှာအရပ်သား နှစ်ထောင်ကျော်ကို စကစတပ်ဟာ သတ်ဖြတ်ထားပြီး တစ်သောင်း ကျော်ကိုဖမ်းဆီးချုပ်နှောင်ထားပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၂၈ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၃/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးမှ အဖွင့်အမှာစကားပြောကြားကာ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများမှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပါတယ်။


ဆက်လက်၍ တက်ရောက်လာတဲ့ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ မီးပိတ်သပိတ်လူထုလှုပ်ရှားမှုတွင် ရဲရဲဝံ့ဝံ့ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ပြည်သူလူထုကိုပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအထူးကျေးဇူးတင်တယ်လို့ထုတ်ပြန်


မီးပိတ်သပိတ်လူထုလှုပ်ရှားမှုတွင် ရဲရဲဝံ့ဝံ့ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ပြည်သူလူထုကိုပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအထူးကျေးဇူးတင်တယ်လို့ထုတ်ပြန်လိုက်ပါတယ်။ အောက်တိုဘာလ၂၈ ရက် ညပိုင်းမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်ဖော်ပြပါတယ်။


ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါတွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် လူမဆန်စွာ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျဆုံးခဲ့ရသူများအား အောက်မေ့သတိရသောအားဖြင့် ယနေ့ည (၀၈း၃၀) နာရီအချိန်တွင် ပြုလုပ်ခဲ့သည့်မီးပိတ်သပိတ်လူထုလှုပ်ရှားမှုတွင် ရဲရဲဝံ့ဝံ့ ပါဝင်ဆင်နွှဲခဲ့ကြသည့် နိုင်ငံတစ်ဝှမ်းနှင့် ကမ္ဘာအရပ်ရပ်တွင် ရောက်ရှိနေကြသည့် ပြည်သူလူထု အပေါင်းအား အထူးကျေးဇူးတင်ရှိပါတယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်၏ လူမဆန်သောသတ်ဖြတ်မှုများကြောင့် အသက်ပေးခဲ့ရသည့် တော်လှန်ရေးသူရဲကောင်းများအတွက် ဝမ်းနည်းနာကြည်းစိတ်ကို တော်လှန်ရေးခွန်အားအဖြစ် ပြောင်းလဲကာ မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီစံနှုန်းများ ပြည့်ဝသော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို အချိန်တိုတိုဖြင့် ကြိုးစားတည်ဆောက်နိုင်လိမ့်မည်ဟု ခိုင်ခိုင် မာမာ ယုံကြည်ပါတယ်လို့ဖော်ပြပါတယ်။


တိုင်းပြည်၏ လက်ရှိကာလနှင့် အနာဂတ်ကာလ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအားလုံး သည် တိုင်းပြည်၏ မူလအချုပ်အခြာအာဏာပိုင်များဖြစ်သည့် ပြည်သူတို့၏ ဆန္ဒ၊ သဘောထားတို့ အပေါ်တွင် အပြည့်အဝ တည်ရှိခြင်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်ခြင်းနှင့်အတူ ပြည်သူကို ဦးထိပ်ပန်ဆင်လျက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်တွင်းပြည်ပရှိ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများဖြင့် ပူးပေါင်းကာ ပြည်သူများက ပေးအပ်ထားသည့် တာဝန်များကို ဆထက်တိုး၍ ကြိုးပမ်းထမ်းရွက်သွားမည်ဖြစ်ပါကြောင်း လေးလေးနက်နက် ကတိသစ္စာပြုအပ်ပါတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုပါတယ်။


========================


📌📌 ၄။ လပေါင်း ( ၂၀ ) ကြာမြင့်တဲ့အထိ တိုးတက်မှု မရှိတဲ့ အာဆီယံဘုံသဘောတူညီချက် () ရပ် ကို  စွန့်လွှတ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ NUG စာပေးပို့ခဲ့


လပေါင်း ( ၂၀ ) ကြာမြင့်တဲ့အထိ တိုးတက်မှု မရှိတဲ့ အာဆီယံဘုံသဘောတူညီချက် () ရပ် ကို  စွန့်လွှတ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ NUG အစိုးရက စာပေးပို့ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဂျကာတာ၌ ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး နှင့်စပ်လျဥ်း၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များထံ အောက်တိုဘာလ (၂၆) ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စား စာရေးသားပေးပို့ခဲ့ပါတယ်။ 

    

အဆိုပါစာမှာ  မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရာမှာ  အာဆီယံ၏ မကြုံစဖူး ကြိုးပမ်းအား ထုတ်မှုများကို အသိအမှတ်ပြုကြောင်းဖေါ်ပြထားပြီး   လွန်ခဲ့သည့် လပေါင်း နှစ်ဆယ် အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေး အတွက် အာဆီယံနှင့် လက်တွဲလုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေး အစိုးရ၏ ကတိကဝတ်ကို အကြိမ်ကြိမ် ထပ်လောင်းဖေါ်ပြခဲ့ပြီး ဖြစ်ကြောင်း မိမိတို့အနေဖြင့် အာဆီယံသဘောတူညီချက် ()​ရပ်ကို ကြိုဆိုပြီး အခွင့်အလမ်းပေးခဲ့သော်လည်း လပေါင်း ( ၂၀ ) ကြာမြင့်လာသည်အထိ တိုးတက်မှု မရှိခဲ့သည့်အတွက် အာဆီယံဘုံသဘောတူညီချက် () ရပ် ကို ပြန်လည်သုံးသပ်ပြီး စွန့်လွှတ်ရန် လိုအပ် ကြောင်း ဖေါ်ပြပါရှိတယ်။


လွန်ခဲ့သည့် ဧပြီလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် တက်ရောက် သဘောတူခဲ့သော်လည်း ၎င်းတို့ကို အကောင် အထည် ဖော်ရန် ရည်ရွယ်ချက်မရှိခဲ့ကြောင်း   ပြီးခဲ့သည့်လ ၂၀ သည် အာဆီယံအပေါ် အကြမ်းဖက် စစ်အာဏာရှင် တို့၏ လျစ်လျူရှုမှုကို သက်သေပြခဲ့ခြင်းပင်ဖြစ်တယ်လို့ဆိုပါတယ်။


မြန်မာပြည်သူများ၏ ကြီးမားသောအတိဒုက္ခကို အသိအမှတ်ပြုရန် အာဆီယံသည် ရှေ့ခရီး အတွက် အလေးအနက် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊  ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (ERO) အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD) ပြည်သူများ၏ အာဏာဖီဆန်ရေးလှုပ်ရှား မှုများမှ ကိုယ်စား လှယ်များ၊ ကြားဖြတ် ပြည်နယ်/ဖက်ဒရယ် ယူနစ်များကို ကိုယ်စားပြုသည့်ကော်မတီများနှင့် အရပ် ဘက် အဖွဲ့အစည်းများမှ  ပြည်သူ့ကိုယ်စားလှယ်များကို အစုအဖွဲ့ဆိုင်ရာဆွေးနွေး ပွဲတစ်ခုကျင်း ပရန် လိုအပ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၅။ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလဘူရီ၌ကားမှောက်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများ အတွက် အာမခံအကျိုးခံစားခွင့်  ဘတ် (၁၅) သိန်း ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့


ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလဘူရီ၌ကားမှောက်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများ အတွက် အာမခံအကျိုးခံစားခွင့်  ဘတ် (၁၅) သိန်း ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတင်းရရှိပါတယ်။ အောက်တိုဘာ၂၈ ရက်မှာ ကူညီဆောင်ရွက်ပေးတဲ့ဖြစ်စဥ်ကို အလုပ်သမားဝန်ကြီးဌာနကဖော်ပြပါတယ်။


၂၀၂၂ ခုနှစ်သြဂုတ်လ၂၈ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလဘူရီ၌ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်သဖြင့် အလုပ်သမား () ဦး သေဆုံးခဲ့သည့် ကိစ္စနှင့် စပ်လျဥ်း၍ အာမခံ အကျိုးခံစားခွင့်များ အပြည့်အဝရရှိရန်အတွက်ကူညီဆောင်ရွက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ကိုရဲမင်း တာဝန်ခံဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့သို့ တာဝန်ပေးအပ်ခဲ့ရာ သေဆုံးသူတစ်ဦးလျှင် အာမခံ နစ်နာကြေးငွေ ဘတ် ၅၀၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၁၅၀၀၀၀၀ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရစ်သူ မိသားစုများထံသို့၂၀၂၂ ခုနှစ်အောက်တိုဘာ၁၇ရက်နေ့တွင် လွှဲပြောင်းပေးအပ်ပြီးဖြစ်တယ်လို့ဆိုပါတယ်။


ကားတိမ်းမှောက် သေဆုံးခဲ့တဲ့ အလုပ်သမား ဦးအတွက် အာမခံ အကျိုးခံစားခွင့်များအပြည့်အဝရရှိအောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာ ထိုင်းနိုင်ငံအစိုးရဌာနများနှင့် ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ကမ္ဘာလုံးဆိုင်ရာမြန်မာကျောင်းသားသပိတ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Times Square မှာ စုပေါင်းကျင်းပမယ်


ကမ္ဘာလုံးဆိုင်ရာမြန်မာကျောင်းသားသပိတ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Times Square မှာ စုပေါင်းကျင်းပမယ်လို့သတင်းရရှိပါတယ်။ GMSR မှကြီးမှူးကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာမြန်မာကျောင်းသားသပိတ်ကြီးကို၊ အောက်တိုဘာလ ၂၉ ရက် တွင် နယူးယောက်မြို့ရှိ Times Square တွင်နေ့လည် နာရီမှ :၃၀ထိ လှုပ်ရှားကျင်းပမှာဖြစ်ပါတယ်။


လူ့အခွင့်အရေးနဲ့မျိုးဆက်သစ်များအတွက်၊ စစ်အာဏာရှင်စနစ်အပြီးတိုင် အမိမြန်မာပြည်မှ ချုပ်ငြိမ်းစေရေးအတွက် ရည်ရွယ်လှုပ်ရှားဆောင်ရွက်တယ်လို့လည်းသတင်းရရှိပါတယ်။ လာရောက်မည့်တိုင်းရင်းသား ညီအကိုမောင်နှမများကို NYCBC အနေဖြင့် လာရောက်သူများအား အနီရောင် လက်ပါတ်/ နဖူးစည်းများ ဝေငှပေးသွားမယ်လို့လည်းသိရပါတယ်။


========================


📌📌 ၇။ မီးပိတ်သပိတ် ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးများမှာ ပြည်သူလူထု အများစုပါဝင်ဆင်နွှဲခဲ့ပြီး စစ်တပ်ရဲ့ တားဆီးချိန်းခြောက်မှုမအောင်မြင်


မီးပိတ်သပိတ် ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးများမှာ ပြည်သူလူထု အများစုပါဝင်ဆင်နွှဲခဲ့ပြီး စစ်တပ်ရဲ့ တားဆီးချိန်းခြောက်မှုမအောင်မြင်ခဲ့ဘူးလို့ သတင်းရရှိပါတယ်။ အောက်တိုဘာ၂၈ ရက် နာရီ ၃၀ အချိန်မှာကျင်းပတဲ့ မီးပိတ်သပိတ်ကို ပါဝင်ဆင်နွှဲသူတွေကို စစ်တပ်ဟာ မီတာပုံးအပါအဝင် လက်နက်နဲ့ပါ ချိန်းခြောက်မှုတွေ ရန်ကုန်မြို့ရဲ့အချို့နေရာတွေမှာ ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။


"မုံရွာဟာ မုံရွာဖြစ်ကြောင်းသွေးစည်းညီညွတ်ရေး လှုပ်ရှားမှု၊ မီးပိတ်သပိတ် တွင် မုံရွာသူ၊မုံရွာသား များရဲ့ ပူးပေါင်းပါဝင်မှုဖြစ်ပါတယ်"လို့ မုံရွာ လူထုသပိတ်ကော်မတီက မြို့တွင်း မည်းမှောင်နေတဲ့ မှတ်တမ်းဓာတ်ပုံများကိုဖော်ပြရင်းဆိုပါတယ်။ အောက်တိုဘာ၂၈ ရက် နာရီ ၃၀ အချိန်ကျင်းပတဲ့ မီးပိတ်သပိတ်ဟာ ကချင်ပြည်နယ် ဖားကန့် အနန့်ပါကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာ ကျဆုံးသွားတဲ့ ကချင်တိုင်းရင်းသားများအတွက် ဝမ်းနည်းကြေ ကွဲခြင်းအပါအဝင် တော်လှန်ရေးအတွက် ခွန်အားယူ အရှိန်မြင့်တင်တဲ့လုပ်ဆောင်မှုလည်းဖြစ်ပါတယ်။


========================


📌📌 ၈။ ပေ (၁၅၀၀) အကွာအဝေးထိ ပစ်ခတ်နိုင်သော တာဝေးပစ် ပုခုံးထမ်းလောင်ချာကို Myingyan Black Tiger (MBT) မှအောင်မြင်စွာထုတ်လုပ်


ပေ (၁၅၀၀) အကွာအဝေးထိ ပစ်ခတ်နိုင်သော တာဝေးပစ် ပုခုံးထမ်းလောင်ချာကို Myingyan Black Tiger (MBT) မှအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်းမှာ Myingyan Black Tiger (MBT) မှအသိပေးဆိုပါတယ်။


"Myingyan Black Tiger (MBT) မှ M-40 ပုခုံးထမ်းလောင်ချာအား နည်းပညာအဆင့်မြှင့်တင်၍ အသစ်တစ်ဖန် ပြန်လည်ထုတ်လုပ်ခဲ့ပြီး ယခုအခါ ပေ (၁၅၀၀) အဝေးထိ ပစ်ခတ်နိုင်သော တာဝေးပစ် ပုခုံးထမ်းလောင်ချာအဖြစ်သို့ အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ၎င်းတာဝေးပစ် ပုခုံးထမ်းလောင်ချာအား စခန်းသိမ်း Mission များနှင့် အခြားစစ်အာဏာရှင် တော်လှန်ခြင်းလုပ်ငန်းများတွင် ထည့်သွင်းအသုံးပြုသွားမယ်လို့ Myingyan Black Tiger (MBT) ကဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment