3rd OCT 2022 - Evening Daily News by Radio NUG

၂၀၂၂ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးကာလအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ဘက်ဆိုင်ရာ တရားရုံးတွေက တဆင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကိုမတရားစီရင်ချက်ချတာတွေ ဆောင်ရွက်လာတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၂။ ဒီမိုကရေစီနဲ့ လူအခွင့်အရေးကိုရှေးရှုပြီး ဖက်ဒရယ်စနစ်အတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေ အသီးအပွင့်တွေ မမြင်လိုက်ရပဲ ကြွေလွင့်ခဲ့ရသူများပြီလို့ဆို

📌 ၃။ ပေါက်မြို့နယ် ဇီးပြားရွာမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ပျူစောထီး ၅၃ ယောက်အရှင်ဖမ်းမိ

📌 ၄။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသခံ စစ်ဘေးရှောင်များ နေထိုင်တဲ့ တဲများကို အကြမ်းဖက် စစ်တပ်က မီးလိုက်လံရှို့၍ ဖျက်ဆီးနေ

📌 ၅။ BLACK ARMY DPY PDF ပထမဆုံး မောင်းပြန်သေနတ်တစ်လက်ပိုင်ဆိုင်ရရှိ

📌 ၆။ လက်ယက်ကုန်းရွာအတွက် အဆိုတော်ကျားပေါက်ရဲ့ Doodle Art ဂစ်တာကိုလေလံတင်ရာ အမေရိကန်ဒေါ်လာ ၆၅၀၀ ရရှိ

📌 ၇။ ဆန်ဖရန်ဘေးဧရိယာ နွေဦးလဘက်ရည်ဝိုင်း ထောက်ပို့ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၆၀၀၀) ကျော်ရရှိ

📌 ၈။ ခံဝန်ထိုးထားသော အနုပညာရှင်အချို့ကို ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားများ စစ်ကောင်စီကရိုက်ခိုင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးကာလအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ဘက်ဆိုင်ရာ တရားရုံးတွေက တဆင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကိုမတရားစီရင်ချက်ချတာတွေ ဆောင်ရွက်လာတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


လူ့အခွင့်အရေးစကားသံအစီအစဉ်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"စစ်ဖက်ဆိုင်ရာတရားရုံးတွေဟာ စစ်တပ်ရဲ့ စစ်သည်တော်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ စစ်စည်းကမ်း ဥပဒေတွေကို ချိုးဖောက်တဲ့အခါမှာ စစ်ဆေးကြားနာနိုင်ဖို့နဲ့ စစ်တပ်ဥပဒေများအတိုင်း အရေးယူဆောင်ရွက်နိုင်ဖို့ အတွက်အများအားဖြင့် ရည်ရွယ်လေ့ရှိပေမဲ့   အရေးပေါ်အခြေအနေတွေမှာတော့ စစ်တပ်ဥပဒေ ပြဋ္ဌာန်းပြီး စစ်ဖက်ဆိုင်ရာ တရားရုံးတွေကပဲ တည်ဆဲဥပဒေတွေနဲ့အညီ စီရင်ချက်ချရပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ဘက်ဆိုင်ရာ တရားရုံးတွေက တဆင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို မတရားအမိန့်ချမှတ်တာ၊ မတရားစီရင်ချက်ချတာတွေကို ဆောင်ရွက်လာပါတယ်"လို့ဆိုပါတယ်။


စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်ကာမျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရပါတယ်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၂၆) ဦးရှိပြီဖြစ်ကာ သေဒဏ်အများစုကို အကြမ်းဖက် စစ်တပ်ရဲ့"စစ်ဖက်ဆိုင်ရာတရားရုံးများ"ကချမှတ်ခဲ့ပါတယ်။


========================


📌📌 ၂။ ဒီမိုကရေစီနဲ့ လူအခွင့်အရေးကိုရှေးရှုပြီး ဖက်ဒရယ်စနစ်အတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေ အသီးအပွင့်တွေ မမြင်လိုက်ရပဲ ကြွေလွင့်ခဲ့ရသူများပြီလို့ဆို


အောက်တိုဘာ ရက်နေ့ လူမှုကွန်ရက်မှာ ဆက်သွယ်ရေး သတင်းအချက်အလက် နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က အခုလိုရေးသားပြောကြားခဲ့ပါတယ်။


"လွတ်လပ်ခြင်း တန်းတူညီမျှခြင်း ဒီမိုကရေစီနဲ့ လူအခွင့်အရေးကိုရှေးရှုပြီး ဖက်ဒရယ်စနစ်အတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေ အသီးအပွင့်ကို စောင့်မျှော်ရင်းနဲ့ လူငယ်တွေကို လက်ဆင့်ကမ်းခဲ့ရသူတွေ အသီးအပွင့်တွေကို မမြင်လိုက်ရပဲ မခံစားလိုက်ရပဲ ကြွေလွင့်ခဲရသူတွေများခဲ့ပြီ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စစ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအဖွဲ့ချုပ်ပါတီဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုတိယဥက္ကဌများဖြစ်ကြသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် (၆၄၅) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။


 မတရားဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၇) ဦးပါဝင်ပြီး၊ ၎င်းတို့အနက် ပြန်လည်လွတ်မြောက်လာသူ (၁၄) ဦးရှိကာ ကျန်လွှတ်တော်ကိုယ်စားလှယ် (၉၂) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ မတရားဖမ်းဆီးထိန်းသိမ်း ခံထားရစဉ်အတွင်း စစ်ကြောရေး ကာလ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုနှင့် အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် စုစုပေါင်း (၁၆) ဦး ကွယ်လွန်ခဲ့ပါတယ်။


========================


📌📌 ၃။ ပေါက်မြို့နယ် ဇီးပြားရွာမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ပျူစောထီး ၅၃ ယောက်အရှင်ဖမ်းမိ


မကွေးတိုင်း ပေါက်မြို့နယ် ဇီးပြားရွာ ဇီးပြားရဲစခန်းမှာ ပျူစောထီး ၉၃ ယောက်ခန့် သင်တန်းကို ယမန်နေ့ညက ကာကွယ်ရေးတပ်များဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ပျူစောထီး ၅၃ ယောက်အရှင်ဖမ်းမိခဲ့ပါတယ်။ အောက်တိုဘာ ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖက အတည်ပြုဆိုပါတယ်။


"ယမန်နေ့   ရက်နေ့ခင်း နာရီ ၂၈ မိနစ်မှ စတင်၍ နာရီခန့်အထိ ပေါက်မြို့နယ် ဇီးပြားရွာတွင် ပျူစောထီး၉၃ယောက်ခန့် သင်တန်း ပေးနေသော စခန်းအားစတင်တိုက်ခိုက်ခဲ့ပါတယ်။မြိုင်ပကဖ ရင်း အဖွဲ့နှင့်ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ မြိုင်ကျေးရွာကာကွယ်ရေးအဖွဲ့များပူးပေါင်းပြီးတိုက်ခိုက်ရာတွင်  အချို့ စကစတပ်နဲ့ရဲများပျူများထွက်ပြေးခဲ့ကြပြီး ပျူ  ၅၃ ဦးအရှင်ဖမ်းမိခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲမှာ စကစတပ်နဲ့ရဲများ၊ပျူများအနည်းဆုံး၁၇ဦးထိခိုက်ကျဆုံးနိုင်တယ်လို့ဆိုပါတယ်။ ရဲစခန်းသိမ်းပိုက်နိုင်တဲ့အထိ အခြေအနေတစ်ရပ်ရှိ သော်လည်း တိုက်ပွဲကြာချိန် နာရီ ၂၂ မိနစ်ကြာလာကာ  ခဲယမ်းအားနည်းသဖြင့် ပြည်သူဘက်တော်သားများမှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ပါတယ်။


========================


📌📌 ၄။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသခံ စစ်ဘေးရှောင်များ နေထိုင်တဲ့ တဲများကို အကြမ်းဖက် စစ်တပ်က မီးလိုက်လံရှို့၍ ဖျက်ဆီးနေ


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသခံ စစ်ဘေးရှောင်များ နေထိုင်တဲ့တဲများကို အကြမ်းဖက် စစ်တပ်က မီးလိုက်လံရှို့၍ ဖျက်ဆီးနေတယ်လို့ အောက်တိုဘာ၃ရက်နေ့ မှာ ကိုးတောင်ဘို့တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


"ကိုးတောင်ဘို့မှာ အကြမ်းဖက်စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်တပ်စွဲထားတာ ()လကျော် ကြာမြင်ခဲ့ပြီဖြစ်ပါတယ်။ဒေသခံပြည်သူအများစုဟာ ယခုအချိန်စစ်ဘေးရှာင်ရင်း ပြန်မဝင်ကြသေးပါဘူး။လက်ရှိလူအနည်းငယ်သာ ပြန်လည်ဝင်ရောက်နေထိုင်ကြပါတယ်။ကိုးတောင်ဘို့ဒေသအနီး တောထဲက တဲတွေမှာ စစ်ဘေးရှောင်နေတဲ့ တဲတိုက်တွေကို အကြမ်းဖက်စစ်ကောင်စီက လိုက်လံမီးရှို့နေတဲ့အတွက် နေစရာအခက်အခဲဖြစ်နေပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစတပ်များဟာ စစ်ဘေးရှောင် တဲ()လုံးကို မီးရှို့ထားပြီးဖြစ်ကြောင်းသိရပါတယ်။ "တောထဲမှာနေရင် သူပုန်လို့သတ်မှတ်မယ် မီးရှို့မယ် ရွာထဲပြန်ဝင်ရင်ဝင်ကြ" လို့ စကစတပ်များက ဆိုတယ်လို့ ဒေသခံများကဆိုပါတယ်။


========================


📌📌 ၅။ BLACK ARMY DPY PDF ပထမဆုံး မောင်းပြန်သေနတ်တစ်လက်ပိုင်ဆိုင်ရရှိ


BLACK ARMY DPY PDF ပထမဆုံး မောင်းပြန်သေနတ်တစ်လက်ပိုင်ဆိုင်ရရှိခဲ့ကြောင်းကိုအောက်တိုဘာလအတွင်းမှာ ရွှေဘိုခရိုင်တပ်ရင်း-၂၁ (ဒီပဲယင်း) ကအတည်ပြုဆိုပါတယ်။


"စစ်အာဏာရှင်စနစ်အမြတ်ပြတ်တော်လှန်ရေး ရရာလက်နက်စွဲ တိုက်ပွဲဝင်လျှက်ရှိရာ- အဓိကလိုအပ်ချက်သည် လက်နက်ခဲယမ်းဖြစ်သည့်အတွက်အများပြည်သူ ချွေးနည်းစာ ထောက်ပံ့ကူညီငွေများစုဆောင်းကာပထမဆုံး မောင်းပြန် (Second) တစ်လက်ကိုဝယ်ယူနိုင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ မောင်းပြန်သေနတ်များဆက်လက်ဝယ်ယူနိုင်ရေးကိုလည်းကြိုးစားလျှက်ရှိတယ်လို BLACK ARMY DPY PDF ကဆိုထားပါတယ်။


========================


📌📌 ၆။ လက်ယက်ကုန်းရွာအတွက် အဆိုတော်ကျားပေါက်ရဲ့ Doodle Art ဂစ်တာကိုလေလံတင်ရာ အမေရိကန်ဒေါ်လာ ၆၅၀၀ ရရှိ


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာအတွက် အဆိုတော်ကျားပေါက်ရဲ့ Doodle Art ဂစ်တာကိုလေလံတင်ရာ အမေရိကန်ဒေါ်လာ၆၅၀၀ရရှိခဲ့‌တယ်လို့ အောက်တိုဘာ ရက်နေ့မှာ ရန်ပုံငွေရှာဖွေသူမပန်ဆယ်လိုကဆိုပါတယ်။


"ဆရာကျားလက်ရာ Doodle Art ဂစ်တာလေးကတော့ အမေရိကန်ဒေါ်လာ 6500 (မြန်မာငွေ သိန်းတစ်ရာ့ခြောက်ဆယ်ကျော်)နဲ့ လေလံအောင်တဲ့အပြင် လေလံအောင်သူက အမေရိကန်ဒေါ်လာ 6500+ စိန်၊ကျောက်စိမ်းလက်စွပ်တစ်ကွင်းကိုပါ ထည့်သွင်းလှူဒါန်းပေးသွားပါတယ်"လို့ဆိုပါတယ်။


အဆိုပါ စိန်+ကျောက်စိမ်းလက်စွပ်လေးကိုပါ တပါတည်း ရောင်းပြီး လက်ယက်ကုန်းရွာဆီ ပို့ဆောင်ကူညီမယ်လို့လည်း သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ ဒီပဲယင်း လက်ယက်ကုန်းကျေးရွာရှိစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က Mi35 ရဟတ်ယာဥ်နှစ်စင်းနဲ့ပစ်ခတ်ခဲ့ရာ စာသင်ကြားနေတဲ့ကလေးငယ် ဦးသေဆုံးခဲ့ပြီး မြေပြင်စစ်ကြောင်းထိုးမှုကြောင့်အရပ်သား ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၇။ ဆန်ဖရန်ဘေးဧရိယာ နွေဦးလဘက်ရည်ဝိုင်း ထောက်ပို့ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၆၀၀၀) ကျော်ရရှိ


ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများက နွေဦးလဘက်ရည်ဝိုင်းအမည်နဲ့ မြန်မာဟင်းမျိုးစုံ ချက်ပြုတ်ပြီး ထုတ်ပိုးရောင်းချတဲ့ လစဉ်ထောက်ပို့ရန်ပုံငွေ လှုပ်ရှားမှုကနေ သည်လ အောက်တိုဘာလဆန်းစျေးရောင်းပွဲက အမေရိကန်ဒေါ်လာ (၁၆,၃၂၉ )  ဒေါ်လာ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ နွေဦးလက်ဘက်ရည်ဝိုင်း မြန်မာမိသားစု၏ လစဉ်ဟင်းချက်ပြုတ်ရောင်းချ ထောက်ပို့လုပ်ကိုင်ခဲ့တာ ၂၀၂၁ နှစ်ကုန်ပိုင်းက စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ လစဉ်ရရှိတဲ့ ထောက်ပို့ ရန်ပုံငွေတွေကို စစ်ကိုင်း၊ ကရင်နီ စတဲ့ ဒေသခံ ပီဒီအက်ဖ်အဖွဲ့များဆီသို့ သင့်တော်သလို ပေးပို့လျက် ရှိပါတယ်။ အဆိုပါ နွေဦးလက်ဘက်ရည်ဝိုင်းက မြန်မာမိသားစုများက မိတ်ဆွေအချို့ကလည်း Radio NUG အသံလွှင့်စာရိတ်များအတွက် တတ်အားသလောက် လစဉ်ကူညီပေးနေကြတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၈။ ခံဝန်ထိုးထားသော အနုပညာရှင်အချို့ကို ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားများ စစ်ကောင်စီကရိုက်ခိုင်း


ခံဝန်ထိုးထားသော အနုပညာရှင်အချို့ကို ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားများ စစ်ကောင်စီကရိုက်ခိုင်းနေတယ်လို့သတင်းရရှိပါတယ်။ အချို့ဇာတ်လမ်းတွဲများမှာ ရိုက်ကူးပြီးစီး၍ ရန်ကုန်တိုင်းသန်လျင်မြို့နယ်နဲ့အကြမ်းဖက် စစ်တပ်ရဲ့စစ်ဌာနချုပ်တည်ရှိရာများမှာရိုက်ကူးပြီးစီးခဲ့တယ်လို့ဆိုပါတယ်။


"နိုင်ငံရေးနဲ့မပတ်သက်ပါဘူး။အားပေးအားမြှောက်မလုပ်ပါဘူးလို့ ခံဝန်ထိုးထားတဲ့အုပ်စုရှိတယ်။ လက်သုံးချောင်းထောင်ခဲ့တဲ့သူရော၊ အကျဥ်းထောင်ကပြန်လွတ်လာတဲ့သူ အချို့ရောပါတယ်။ ဇာတ်လမ်းထဲမှာ သူတို့ စစ်တပ်ကနိုင်တယ်ပေါ့ဗျာ။PDF တွေကရှုံးတယ်။သူတို့ကိုအဖျက်အမှောင့်တွေလုပ်တယ်ပေါ့။ဒါတွေကို အရေးတကြီးကို ရိုက်ခိုင်းတာ။လုံခြုံရေးလည်းပေးတယ်"လို့ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့နီးစပ်သူတချို့ကဆိုပါတယ်။ စစ်ကောင်စီရဲ့ဝါဒဖြန့်ဇာတ်လမ်းတွဲမှာပါဝင်သူများကိုလည်း အနုပညာကြေးဟုဆိုကာ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့တယ်လို့လည်းသတင်းရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment